ဒါနူရီကောလ်စင်တာ : 1577-1366
가족상담전화 : 1644-6621
ဆိုးလ် ဂျွန်းဂူ ထွယ်ဂရဲရို 173၊ 21လွှာ၊ 24လွှာ(ချွန်းမူရို 3ဂါ၊ NAMSAN SQUARE building)
Copyright ⓒ KOREA INSTITUTE FOR HEALTHY FAMILY. All Rights Reserved
နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း ဥတု4ပါး အထင်အရှားရှိသော သမပိုင်းရာသီဥတုဖြစ်ပါသည်။
3~5လပိုင်း။ မနက်ပိုင်းနှင့် ညနေပိုင်းတွင် အေးပြီး နေ့ခင်းပိုင်းတွင်မူ နွေးပါသည်။ ပန်းများ လှပစွာ ပွင့်လန်းသော ရာသီဖြစ်ပါသည်။ ၃လပိုင်းတွင် နွေးထွေးသော ဆောင်းတွင်းဝတ်များ လိုအပ်ပြီး 4လပိုင်းတွင်မူ ပေါ့ပေါ့ပါးပါး ဝတ်စားဆင်ယင်ရန် သင့်တော်ပါသည်။ 5လပိုင်းတွင် နွေရာသီသကဲ့သို့ ပူသောနေ့ရက်များလည်း များပါသည်။
6~8လပိုင်း။ အပူချိန် 25~35°Cခန့်ရှိသည့် ပူပြင်းသောရာသီဖြစ်ပါသည်။ 6လပိုင်းကုန်မှစပြီး 7လပိုင်းကုန်လောက်ထိ မိုးရာသီ(မိုးသည်းထန်စွာ ရွာသည့်ကာလ) ဖြစ်ပါသည်။ မိုးရာသီဆိုသော်ငြား မိုးက နေ့တိုင်း ရွာခြင်း မဟုတ်ပါ။ 8လပိုင်းမှ စတင်ကာ 9လပိုင်းအထိ မိုးများပြီး လေပြင်းမုန်တိုင်းများလည်း အကြိမ်ကြိမ် ဝင်ရောက်တတ်ပါသည်။
9~11လပိုင်း။ အပူချိန် 10~25°Cခန့်ရှိကာ ကောင်းကင်မှာ ကြည်လင်ပြီး၊ ခြောက်သွေ့ပါသည်။ 11လပိုင်းတွင်မူ ဆောင်းရာသီအလား အေးသည့် နေ့များလည်း ရှိပါသည်။ ကြိုတင်ပြီး ဆောင်းရာသီ အဝတ်အစားများ ပြင်ဆင်ကာ အပူပေးစက်များလည်း ပြင်ဆင်ထားရပါသည်။ မေပယ်လ်ရွက်များသည် အင်မတန် လှပပါသည်။
12~2လပိုင်း။ အပူချိန် -10~10°Cခန့်ရှိပြီး အရမ်း အေးပါသည်။ 3ရက်ခန့် ဆက်တိုက် အေးတတ်ပြီး၊ 4ရက်ခန့် အအေးပြန်ပေါ့သွားတတ်ပါသည်။ နှင်းကျပြီး လေအေးများ တိုက်သည့် ရက်က များပါသည်။ နွေးထွေးသော အဝတ်အစားများနှင့် အပူပေးစက်များ မဖြစ်မနေ လိုအပ်သော ရာသီဖြစ်ပါသည်။ 2လပိုင်း လကုန်တွင် ရာသီဥတုက အအေး စတင် ပေါ့သွားပါသည်။