စားဝတ်နေရေး ခက်ခဲသော သူများအတွက် နိုင်ငံတော်မှ နေထိုင်စရိတ်နှင့် အိမ်ရာစရိတ်(မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန)၊ ပညာသင်စရိတ်(ပညာရေးဝန်ကြီးဌာန)၊ ဆေးကုသစရိတ် စသည့် ခံစားခွင့်များ ပေးကာ အခြေခံနေစားဝတ်နေရေးကို နိုင်ငံတော်မှ အာမခံချက်ပေးပြီး၊ အလုပ်လုပ်နိုင်စွမ်း ရှိသူများအတွက်ကိုမူ ကိုယ့်အားကိုယ်ကိုးနိုင်ရေး အထောက်အပံ့ ဝန်ဆောင်မှုများ စနစ်တကျ ပံ့ပိုးပေးခြင်းဖြင့် ကိုယ့်အားကိုယ်ကိုးရန်နှင့် လွတ်လပ်စွာရပ်တည်နိုင်စေရန် ပံ့ပိုးပေးသော စနစ်ဖြစ်ပြီး၊ ဥပဒေဖြင့် ပြဋ္ဌာန်းချက်အပေါ် မူတည်ကာ နိုင်ငံခြားသားများလည်း အကျိုးခံစားခွင့် ရရှိနိုင်ပါသည်။
01ခံစားခွင့် ရှိသူများ
အောက်ပါ အခြေအနေများနှင့် ကိုက်ညီသည့် နိုင်ငံခြားသားဖြစ်ပြီး ① ဝင်ငွေ အသိအမှတ်ပြုပမာဏ သတ်မှတ်စံနှုန်း ② ကြည့်ရှုစောင့်ရှောက်ရန် တာဝန်ရှိသူ သတ်မှတ်စံနှုန်းများနှင့် ပြည့်စုံပါက ပြည်သူ့အခြေခံနေထိုင်မှုအာမခံချက် ခံစားခွင့်ကို ရရှိနိုင်ပါသည်။
- ကိုရီးယားနိုင်ငံတွင်း၌ မှတ်ပုံတင်ပြီး နေထိုင်လျက်ရှိသော နိုင်ငံခြားသားများထဲမှ ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ထားပြီး ကာယကံရှင် သို့မဟုတ် အိမ်ထောင်ဖက်သည် လက်ရှိ ကိုယ်ဝန်ဆောင်နေသော၊ သို့မဟုတ် ကိုရီးယားနိုင်ငံသား အရွယ်မရောက်သေးသော သားသမီးများကို ပြုစုစောင့်ရှောက်နေသည့် အခြေအနေ(ကွာရှင်းခြင်း၊ အိမ်ထောင်ဖက် သေဆုံးခြင်း အခြေအနေများ အပါအဝင်)
- အိမ်ထောင်ဖက်၏ ကိုရီးယားနိုင်ငံသား သွေးရင်း(မိဘ၊ ဘိုးဘွား စသည်)နှင့် အတူတကွ နေထိုင်လျက်ရှိပါက၊ အဆိုပါ အခြေအနေမှလွဲသည့် နိုင်ငံခြားသားများသည် ပြည်သူ့အခြေခံနေထိုင်မှုအာမခံချက် ခံစားခွင့် မရရှိနိုင်သော်လည်း၊ မိသားစုထဲတွင် ကိုရီးယားနိုင်ငံသား ရှိလျှင် ထိုကိုရီးယားနိုင်ငံသားသည် ခံစားခွင့်ရှိပါသည်။ ဤအခြေအနေတွင်လည်း ဝင်ငွေအသိအမှတ်ပြုပမာဏ သတ်မှတ်စံနှုန်း၊ ကြည့်ရှုစောင့်ရှောက်ရန် တာဝန်ရှိသူ စသည့် သတ်မှတ်စံနှုန်း အားလုံးနှင့် ပြည့်စုံရမည် ဖြစ်ပါသည်။
- 「ဒုက္ခသည်ဥပဒေ」ပုဒ်မ 2 နံပါတ် 2အရ တရားရေးဝန်ကြီးမှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားသော သူဖြစ်ပြီး ကိုရီးယားနိုင်ငံတွင် နေထိုင်လျက်ရှိသော နိုင်ငံခြားသားများ
- 「ကိုရီးယားနိုင်ငံတွင်း နိုင်ငံခြားသားဆက်ဆံမှုအခြေခံဥပဒေ 」ပုဒ်မ 14 ၏ 2အရ တရားရေးဝန်ကြီးမှ အာဖဂန် အထူးအကျိုးပြုသူအဖြစ် အသိအမှတ်ပြုထားသူဖြစ်ပြီး ကိုရီးယားနိုင်ငံတွင် နေထိုင်လျက် ရှိသော နိုင်ငံခြားသားများ
- 1အိမ်ထောင်စု ဝင်ငွေအသိအမှတ်ပြုပမာဏ(ဝင်ငွေအကဲဖြတ်ပမာဏ+ပိုင်ဆိုင်မှုအား ဝင်ငွေ ပြောင်းလဲတွက်ထားသည့်ပမာဏ)သည် လစာခံစားခွင့်အလိုက် ရရှိသူ သတ်မှတ်သည့်စံနှုန်း(သတ်မှတ်ပျမ်းမျှဝင်ငွေ၏ သတ်မှတ်အချိုး*)အောက် လျော့နည်းသူ
- (’2025ခုနှစ်) နေထိုင်စရိတ်ခံစားခွင့် 32%၊ ဆေးကုသစရိတ်ခံစားခွင့် 40%, အိမ်ရာစရိတ်ခံစားခွင့် 48%၊ ပညာသင်စရိတ်ခံစားခွင့် 50%
- 2ကြည့်ရှုစောင့်ရှောက်ရန် တာဝန်ရှိသူ(သွေးသားရင်းချာနှင့် သူတို့၏ အိမ်ထောင်ဖက်)မရှိသောသူ၊ ကြည့်ရှုစောင့်ရှောက်မည့်သူ ရှိသော်လည်း ကြည့်ရှုစောင့်ရှောက်နိုင်စွမ်း မရှိခြင်း သို့မဟုတ် ကြည့်ရှုစောင့်ရှောက်မှု ခံယူ၍ မရနိုင်သောသူ
- အိမ်ရာနှင့် ပညာရေးစရိတ် ခံစားခွင့်ကို ကြည့်ရှုစောင့်ရှောက်ရန် တာဝန်ရှိသူ သတ်မှတ်စံနှုန်းအဖြစ် ထည့်မတွက်ပါ။ နေထိုင်စရိတ်ခံစားခွင့်မှာ ကြည့်ရှုစောင့်ရှောက်ရန် တာဝန်ရှိသူ၏ နှစ်စဉ် ဝင်ငွေသည် သိန်း 1ထောင် သို့မဟုတ် ရိုးရိုးပိုင်ဆိုင်မှုသည် သိန်း 9ထောင် ကျော်ပါက ခံစားခွင့် မရှိပါ။
အကိုးအကား
2025ခုနှစ် သတ်မှတ်ပျမ်းမျှဝင်ငွေ
소득 : 구분, 1인, 2인, 3인, 4인, 5인, 6인 및 7인을 포함한 표입니다. အမျိုးအစား | 1ဦး အိမ်ထောင်စု | 2ဦး အိမ်ထောင်စု | 3ဦး အိမ်ထောင်စု | 4ဦး အိမ်ထောင်စု | 5ဦး အိမ်ထောင်စု | 6ဦး အိမ်ထောင်စု | 7ဦး အိမ်ထောင်စု |
ငွေပမာဏ | 2,392,013 | 3,932,658 | 5,025,353 | 6,097,773 | 7,108,192 | 8,064,805 | 8,988,428 |
- 8ဦးနှင့်အထက် သတ်မှတ်ပျမ်းမျှဝင်ငွေသည် 1ဦး တိုးသွားတိုင်း ဝမ် 896,625စီ တိုးလာပါသည်။
2025ခုနှစ် အိမ်ထောင်စုဝင်အရေအတွက်အလိုက်၊ခံစားခွင့်အမျိုးအစားအလိုက် ခံစားခွင့်ရှိသူ သတ်မှတ်သည့် စံနှုန်း
소득 : 가구규모, 1인, 2인, 3인, 4인, 5인, 6인 및 7인을 포함한 표입니다. အိမ်ထောင်စုဝင်အရေအတွက် | 1ဦး အိမ်ထောင်စု | 2ဦး အိမ်ထောင်စု | 3ဦး အိမ်ထောင်စု | 4ဦး အိမ်ထောင်စု | 5ဦး အိမ်ထောင်စု | 6ဦး အိမ်ထောင်စု | 7ဦး အိမ်ထောင်စု |
နေထိုင်စရိတ်ခံစားခွင့် သတ်မှတ်သည့် စံနှုန်း (သတ်မှတ်ပျမ်းမျှဝင်ငွေ၏ 32% အောက်) | 765,444 | 1,258,451 | 1,608,113 | 1,951,287 | 2,274,621 | 2,580,738 | 2,876,297 |
ဆေးကုသစရိတ်ခံစားခွင့် သတ်မှတ်သည့် စံနှုန်း (သတ်မှတ်ပျမ်းမျှဝင်ငွေ 40%အောက်) | 956,805 | 1,573,063 | 2,010,141 | 2,439,109 | 2,843,277 | 3,225,922 | 3,595,371 |
အိမ်ရာစရိတ်ခံစားခွင့် သတ်မှတသည့် စံနှုန်း (သတ်မှတ်ပျမ်းမျှဝင်ငွေ 48%အောက်) | 1,148,166 | 1,887,676 | 2,412,169 | 2,926,931 | 3,411,932 | 3,871,106 | 4,314,445 |
ပညာသင်စရိတ်ခံစားခွင့် သတ်မှတ်သည့် စံနှုန်း (သတ်မှတ်ပျမ်းမျှဝင်ငွေ 50%အောက်) | 1,196,007 | 1,966,329 | 2,512,677 | 3,048,887 | 3,554,096 | 4,032,403 | 4,494,214 |
02ခံစားခွင့် အမျိုးအစား
(1)နေထိုင်စရိတ်ခံစားခွင့်
- ခံစားခွင့် အကြောင်းအရာ : အဝတ်အစား၊ အစားအသောက်နှင့် လောင်စာဆီကုန်ကျစရိတ်၊ အခြားသော နေ့စဉ်ဘဝတွင် အခြေခံအားဖြင့် လိုအပ်သော ပစ္စည်းများ ပေးခြင်း
- ခံစားခွင့်ပမာဏ : နေထိုင်စရိတ်ခံစားခွင့် အနိမ့်ဆုံးထောက်ပံ့မှုအဆင့်(သတ်မှတ်ပျမ်းမျှဝင်ငွေ၏ 32%)ထဲမှ အိမ်ထောင်စု၏ ဝင်ငွေအသိအမှတ်ပြုပမာဏကို နုတ်ပြီး ပမာဏ
- နေထိုင်စရိတ်ခံစားခွင့်ပမာဏ = နေထိုင်စရိတ်ခံစားခွင့် အနိမ့်ဆုံးထောက်ပံ့မှုအဆင့်(ခံစားခွင့်ရှိသူ သတ်မှတ်သည့် စံနှုန်း) - ဝင်ငွေအသိအမှတ်ပြုပမာဏ
(2)အိမ်ရာစရိတ်ခံစားခွင့်
- ခံစားခွင့် အကြောင်းအရာ : နေထိုင်ရာနေရာ၊ အိမ်အမျိုးအစား၊ အိမ်ထောင်စုဝင်အရေအတွက် စသည့် အချက်များကို ထည့်သွင်းစဉ်းစားပြီး၊ နေထိုင်ရာနေရာ အတည်တကျဖြစ်စေရန် လိုအပ်သည့် အိမ်ငှားခ၊ အိမ်ပြင်စရိတ်များ ပေးခြင်း
- ခံစားခွင့်ပမာဏ : အိမ်ငှား အိမ်ထောင်စုများအတွက် ခံစားခွင့်ရှိသူ၏ အမှန်တကယ် အိမ်ငှားခကို အခြေခံပြီး ဒေသအလိုက် သတ်မှတ်အိမ်ငှားခ၊ အိမ်ထောင်စုဝင်အရေအတွက်၊ ဝင်ငွေအသိအမှတ်ပြုပမာဏအပေါ် မူတည်ပြီး ခွဲခြားထောက်ပံ့ခြင်း၊ ကိုယ်ပိုင်အိမ်ရှိသော အိမ်ထောင်စုများအတွက် အိမ်၏ ဟောင်းနွမ်းမှုပေါ် မူတည်ပြီး ပြင်ဆင်ရမည့် အနေအထားကို အသေးစား၊ အလတ်စား၊ အကြီးစား ပြင်ဆင်မှုဟူ၍ ခွဲကာ ခံစားခွင့်ရှိသူ၏ ဝင်ငွေအသိအမှတ်ပြုပမာဏပေါ် မူတည်ပြီး အိမ်ပြင်ဆင်စရိတ် ထောက်ပံ့ကြေးအား ခွဲခြား ထောက်ပံ့ခြင်း
အကိုးအကား
အိမ်ငှား အိမ်ထောင်စု၏ အနိမ့်ဆုံးထောက်ပံ့မှုအဆင့်(2024 ခုနှစ်စံနှုန်း)
소득 : 구분, 1급지(서울), 2급지(경기·인천), 3급지(광역·세종·수도권 외 특례시) 및 4급지(그 외 지역)을 포함한 표입니다. အမျိုးအစား | 1 အဆင့် ဒေသ(ဆိုးလ်) | 2 အဆင့် ဒေသ(ဂယောင်ဂီ၊ အင်ချွန်း) | 3 အဆင့် ဒေသ(မြို့ကြီးများ၊ ဆယ်ဂျုံးမြို့၊ မြို့နီးတဝိုက် အပြင် အထူးမြို့များ) | 4 အဆင့် ဒေသ(၎င်းဒေသမှလွဲ၍ အခြားဒေသများ) |
1ဦး အိမ်ထောင်စု | 34.1 | 26.8 | 21.6 | 17.8 |
2ဦး အိမ်ထောင်စု | 38.2 | 30.0 | 24.0 | 20.1 |
3ဦး အိမ်ထောင်စု | 45.5 | 35.8 | 28.7 | 23.9 |
4ဦး အိမ်ထောင်စု | 52.7 | 41.4 | 33.3 | 27.8 |
5ဦး အိမ်ထောင်စု | 54.5 | 42.8 | 34.4 | 28.7 |
6ဦး အိမ်ထောင်စု | 64.6 | 50.7 | 40.6 | 34.0 |
- အိမ်ထောင်စုဝင်အရေအတွက် 7ဦးဖြစ်ပါက 6ဦး သတ်မှတ်အိမ်ငှားခနှင့် တူညီပြီး၊ အိမ်ထောင်စုဝင်အရေအတွက် 8·9ဦး ဖြစ်ပါက 6 ဦး သတ်မှတ်အိမ်ငှားခ၏ 10%ကို ထပ်ပေါင်းတွက်ချက်ပါသည်။
(10 ဦးနှင့်အထက် အိမ်ထောင်စုများမှာ တူညီသော တွက်ချက်နည်း(2ဦး တိုးသွားတိုင်း 10% တိုးခြင်း)အတိုင်း သက်ရောက်စေပါသည်။)
ကိုယ်ပိုင်အိမ်ရှိသော အိမ်ထောင်စု၏ အနိမ့်ဆုံးထောက်ပံ့မှုအဆင့် : မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ခံရုံး
소득 : 구분, 경보수, 중보수 및 대보수를 포함한 표입니다. အမျိုးအစား | အသေးစားပြင်ဆင်မှု | အလတ်စားပြင်ဆင်မှု | အကြီးစားပြင်ဆင်မှု |
ပြင်ဆင်စရိတ်(ကာလ) | ဝမ် 4,570,000(3နှစ်) | ဝမ် 8,490,000(5နှစ်) | ဝမ် 12,410,000(7နှစ်) |
- ဝင်ငွေအသိအမှတ်ပြုပမာဏသည် နေထိုင်စရိတ်ခံစားခွင့် သတ်မှတ်သည့်စံနှုန်းအောက်ဖြစ်ပါက ပြင်ဆင်စရိတ်၏ 100%၊ နေထိုင်စရိတ်ခံစားခွင့် သတ်မှတ်သည့်စံနှုန်းထက် ကျော်လွန်နေသော်လည်း သတ်မှတ်ပျမ်းမျှဝင်ငွေ၏ 35% အောက်ဖြစ်ပါက ပြင်ဆင်စရိတ်၏ 90%၊ သတ်မှတ်ပျမ်းမျှဝင်ငွေ 35%အထက် 45%အောက် ဖြစ်ပါက ပြင်ဆင်စရိတ်၏ 60%ကို ထောက်ပံ့ပေးပါသည်။
(3)ပညာသင်စရိတ်ခံစားခွင့် : ပညာရေးဝန်ကြီးဌာနလက်အောက်ခံရုံး
- ခံစားခွင့် အကြောင်းအရာ :
- ကျောင်းဝင်ကြေး၊ ကျောင်းလခ၊ ဖတ်စာအုပ်ဖိုး၊ သင်ထောက်ကူပစ္စည်းဖိုး၊ ကျောင်းသုံးပစ္စည်းဖိုး စသည်
급여의 내용 : 지원항목 및 지원금액과 용도를 포함한 표입니다. 2025 |
ထောက်ပံ့ပေးသည့် အမျိုးအစားများ | ထောက်ပံ့မှုပမာဏနှင့် ရည်ရွယ်ချက် |
ပညာရေးဆိုင်ရာလှုပ်ရှားမှု ထောက်ပံ့ကြေး | မူလတန်း | 487,000ဝမ် | ကျောင်းသားတစ်ဦးချင်းအလိုက် ပညာရေးလိုအပ်ချက်ပေါ် မူတည်ပြီး ထောက်ပံ့ပေးခြင်း |
အလယ်တန်း | 679,000ဝမ် |
အထက်တန်း | 768,000ဝမ် |
ဖတ်စာအုပ်ဖိုး | အထက်တန်း | သက်ဆိုင်ရာ အတန်း၏ ပုံမှန်သင်ရိုးတွင် အသုံးပြုသည့် ဖတ်စာအုပ်ဖိုး အားလုံး |
ကျောင်းဝင်ကြေးနှင့် ကျောင်းလခ | အထက်တန်း | နှစ်အလိုက်၊ ဒေသအလိုက် ကျောင်းအုပ်မှ ကောက်ခံသည့် အခကြေးငွေ အားလုံး |
(4)မီးဖွားစရိတ်ခံစားခွင့်
- ခံစားခွင့် ရှိသူမှ မီးဖွားသည့်(မီးဖွားမည့် သူအပါအဝင်)အချိန် မွေးဖွားလာသည့် ကလေး 1ဦးလျှင် ဝမ် 700,000(အမွှာပူး မွေးပါက ဝမ် 14သိန်း)အား ငွေသားဖြင့် ခံစားခွင့် ပေးပါသည်။
(5)နာရေးစရိတ်ခံစားခွင့်
- ခံစားခွင့် ရှိသူမှ သေဆုံးသွားသည့်အခါ သေဆုံးသူ 1ဦးလျှင် ဝမ် 800,000 ခံစားခွင့်ပေးခြင်း
03လျှောက်ထားနည်း
- ပြည်သူ့အခြေခံနေထိုင်မှုအာမခံချက် ခံစားခွင့် လျှောက်ထားသည့်အခါ ခရိုင်၊ မြို့နယ်ရုံး သို့မဟုတ် ရပ်ကွက်ပြည်သူ့စင်တာသို့ သွားရောက်ပြီး ‘လူမှုဖူလုံရေးဝန်ဆောင်မှုနှင့် ခံစားခွင့်(ပြောင်းလဲ)လျှောက်လွှာ’ကို တင်ပြရမည် ဖြစ်ပါသည်။
- လျှောက်လွှာ တင်ပြီးနောက် တာဝန်ခံ အစိုးရဝန်ထမ်းမှ ခံစားခွင့် ရှိမရှိကို စစ်ဆေးပါသည်။
- လျှောက်ထားသည့် နေ့မှစပြီး ရက် 30အတွင်း၊ နောက်အကျဆုံး ရက် 60အတွင်း ခံစားခွင့် ရှိမရှိကို အကြောင်းကြားပေးပါသည်။
- လျှောက်လွှာတင်ခြင်း
(ခရိုင်၊ မြို့နယ်ရုံး သို့မဟုတ် ရပ်ကွက်ပြည်သူ့စင်တာ) - ဝင်ငွေပိုင်ဆိုင်မှုစစ်ဆေးခြင်း
(တာဝန်ခံအစိုးရဝန်ထမ်း) - ခံစားခွင့်ရှိသူ ဖြစ်ကြောင်း အကြောင်းကြားခြင်း
သိရှိထားရန်!
- မိမိနှင့် မိမိ မိသားစုအတွက် လိုအပ်သော လူမှုဖူလုံရေးအချက်အလက်များနှင့် ဆွေးနွေးမှုများကို ဆန္ဒရှိပါက နေရာမရွေး၊ ကုဒ်နံပါတ် မလိုဘဲ ☎129သို့ ဖုန်းဆက်မေးမြန်းနိုင်ပါသည်။
- ဆွေးနွေးမှုအကြောင်းအရာ : ဝင်ငွေအာမခံချက်၊ ပြည်သူ့နေထိုင်မှုဘဝတည်ငြိမ်ရေး အထောက်အပံ့များ၊ ဖူလုံရေးဝန်ဆောင်မှု၊ ကျန်းမာစွာနေထိုင်ရေးဆွေးနွေးခြင်း
- ဆွေးနွေးပေးသည့် အချိန် : ကြားရက် 09:00~18:00နာရီ၊ အရေးပေါ်ဆွေးနွေးမှုအတွက် 365ရက် 24နာရီပတ်လုံး
အဆိုပါ လမ်းညွှန်စာအုပ်သည် “ဂုံးဂုံးနူရီ ပုံစံ 4 : အရင်းအမြစ်ဖော်ပြရန်+ကိုယ်ကျိုးအတွက် အသုံးပြုခြင်း မပြုရ+ပြောင်းလဲဖော်ပြခြင်း မပြုရ” သတ်မှတ်ချက်များပေါ် မူတည်ပြီး အသုံးပြုနိုင်ပါသည်။