01လုပ်ငန်းခွင်ထိခိုက်မှု လျော်ကြေးအာမခံ
လုပ်ငန်းခွင်ထိခိုက်မှု လျော်ကြေးအာမခံသည် နိုင်ငံတော်က လုပ်ငန်းရှင်ထံမှ အာမခံကြေး ကောက်ခံပြီး ၎င်း ရန်ပုံငွေဖြင့် လုပ်ငန်းရှင်ကိုယ်စား လုပ်ငန်းခွင်ထိခိုက်မှု ကြုံရသော အလုပ်သမားထံ လျော်ကြေးပေးသည့် စနစ်ဖြစ်ပြီး၊ အခြေခံအားဖြင့် အလုပ်သမားခန့်ထားသော လုပ်ငန်း သို့မဟုတ် လုပ်ငန်းခွင် အားလုံးတွင် အကျုံးဝင်ပါသည်။ အလုပ်သမားမှ လုပ်ငန်းခွင်ထိခိုက်မှု ကြုံရသည့်အခါ အလုပ်သမားဖူလုံရေး ကော်ပိုရေးရှင်းသို့ လုပ်ငန်းခွင်ထိခိုက်မှုဆိုင်ရာ လျော်ကြေးအား လျှောက်ထားလျှင် ကော်ပိုရေးရှင်းမှ စစ်ဆေးမှုအပြီးတွင် လုပ်ငန်းခွင်ထိခိုက်မှုအာမခံ ခံစားခွင့်ကို ထုတ်ပေးပါသည်။
- ကော်ပိုရေးရှင်း ဟုမ်းပေ့ချ် – ပရိုမိုးရှင်းဒေတာ – ထုတ်ဝေပြီး စာစောင်များ – Brochure(လက်ကမ်းစာစောင်များ) – for foreigners – 2020 English Brochure ကိုးကားရန်
(1)လုပ်ငန်းခွင်ထိခိုက်မှုဆိုင်ရာ အခြေခံသိမှတ်ဖွယ်ရာများ
- လုပ်ငန်းခွင်ထိခိုက်မှုဆိုင်ရာ လျော်ကြေးလျှောက်ထားမှုကို ကာယကံရှင် သို့မဟုတ် မိသားစုမှ အလုပ်သမားဖူလုံရေးကော်ပိုရေးရှင်း(☎1588-0075)သို့ တိုက်ရိုက် လျှောက်ထားနိုင်ပါသည်။
- လုပ်ငန်းခွင်ထိခိုက်မှု ဖြစ်ပေါ်ပါက အစပိုင်း ဆေးကုသမှု(အရေးပေါ် ဆေးကုသမှု)သည် အရေးကြီးပြီး၊ မဖြစ်မနေ ဆရာဝန်၏ စမ်းသပ်မှုနှင့် ဆေးကုသမှုကို ခံယူရပါမည်။ အထူးသဖြင့် လက်ချောင်း စသည်တို့ ပြတ်ရှသော မတော်တဆမှုများ ဖြစ်ပါက ပြန်ဆက်ပေးနိုင်သည့် ဆေးရုံသို့ သွားရပါမည်။
- လုပ်ငန်းခွင်ထိခိုက်မှုဆိုင်ရာ ဆေးကုသမှုခံယူနေစဉ်တွင် အလုပ်သမားအား အလုပ်ဖြုတ်ခြင်း သို့မဟုတ် အတင်းအကြပ် မိခင်နိုင်ငံသို့ ပြန်ပို့ခြင်းများ လုပ်ခွင့်မရှိဘဲ၊ အလုပ်လုပ်ရင်းမှ ထိခိုက်မိခြင်းဖြစ်ပါက မိမိ၏ အမှားကြောင့် ဖြစ်ပွားသည့် မတော်တဆမှုသည်လည်း လုပ်ငန်းခွင်ထိခိုက်မှု လျော်ကြေး ရပိုင်ခွင့် ရှိပါသည်။
- ထို့အပြင် လုပ်ငန်းခွင်ထိခိုက်မှုအာမခံ ခံစားခွင့်ကို ကာယကံရှင် အမည်ပေါက်ဘဏ်စာအုပ်ဖြင့်သာ လက်ခံနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါသည်။
(2)လျှောက်ထားနိုင်သည့်သူများ
လုပ်ငန်းခွင်ထိခိုက်မှု လျော်ကြေးအာမခံဥပဒေတွင် အကျုံးဝင်သည့် လုပ်ငန်း သို့မဟုတ် လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသော အလုပ်သမားသည် အလုပ်ကြောင့် ထိခိုက်မိခြင်း၊ ရောဂါရခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ သေဆုံးခြင်းများ ဖြစ်ပွားပါက အလုပ်သမား သို့မဟုတ် ၎င်း၏ မိသားစုမှ လျော်ကြေးခံစားခွင့်ကို လျှောက်ထားနိုင်ပါသည်။
(3)စာရွက်စာတမ်း ဖြည့်စွက်ပြင်ဆင်ခြင်း
ဆေးကုသမှုခံစားခွင့်လျှောက်လွှာ ဖြည့်သည့်အခါ ဖြစ်နိုင်ပါက ထိခိုက်မှု အကြောင်းအရာနှင့် နေ့ရက်အချိန် စသည်တို့ကို အသေးစိတ် တိကျစွာ ဖြည့်ရပါမည်။ အကယ်၍ မိမိ ဆေးကုသမှု ခံယူနေသည့် ဆေးရုံသည် လုပ်ငန်းခွင်ထိခိုက်မှုအာမခံ ဆေးရုံဆေးခန်းဖြစ်ပါက အာမခံလျှောက်ပေးရန် အကူအညီတောင်းခံနိုင်ပါသည်။
(4)လျော်ကြေးပေးပုံ အဆင့်ဆင့်
- ထိခိုက်မှု ဖြစ်ပွားခြင်း
- ဆေးရုံသို့ ပို့ဆောင်ခြင်း
- ဆရာဝန် ဆေးစစ်ချက်(ထောက်ခံစာ) ယူခြင်း
- ပထမဆုံးသော ဆေးကုသမှု လျှောက်လွှာ ဖြည့်ခြင်း
- အာမခံဌာနသို့ တင်ခြင်း
- လုပ်ငန်းခွင်ထိခိုက်ပုံနှင့် ထိခိုက်ဒဏ်ရာ စစ်ဆေးအတည်ပြုခြင်း
- ဆေးဘက်ဆိုင်ရာ အကြံပေးခြင်း (လိုအပ်ပါက)
- စစ်ဆေးအကဲဖြတ်ခြင်းနှင့် ဆုံးဖြတ်ခြင်း
- ဆုံးဖြတ်ချက် အကြောင်းကြားခြင်း(လျှောက်ထားသူ၊ လုပ်ငန်းခွင်၊ ဆေးရုံဆေးခန်း)
(5)လုပ်ငန်းခွင်ထိခိုက်မှုအာမခံ ခံစားခွင့် အမျိုးအစား
산업재해 보험급여의 종류: 구분, 내용을 포함한 표입니다. အမျိုးအစား | အကြောင်းအရာ | လက်ခံသူ |
ဆေးကုသမှုခံစားခွင့် | အလုပ်ကြောင့် ဒဏ်ရာ သို့မဟုတ် ရောဂါရလျှင် ဆေးရုံဆေးခန်းတွင် ထိခိုက်ဒဏ်ရာ ဆေးကုသမှုအတွက် ကုန်ကျသော စရိတ်များကို ကုသပျောက်ကင်းသည်အထိ ထုတ်ပေးသော ခံစားခွင့် - ဆေးကုသစရိတ်: ဆေးကုသမှုအတွက် ကုန်ကျသော ဆေးရုံစရိတ်
- လူနာပြုစုစရိတ်: လူနာပြုစုစောင့်ရှောက်မှုအတွက် ကုန်ကျစရိတ်
- ပို့ဆောင်စရိတ်: ဆေးရုံ အသွားအပြန် စသည့် ပို့ဆောင်စရိတ်
- အခြား: အကူပစ္စည်း၊ ကာယကံရှင်မှ ကိုယ်တိုင် ကုန်ကျခဲ့သည့် ဆေးကုသစရိတ်
| ထိခိုက်မိသူ |
အလုပ်နားနေစဉ် ခံစားခွင့် | ဆေးကုသမှုကြောင့် အလုပ်မဝင်နိုင်သည့် ကာလအတွက်၊ ထိခိုက်မှု ကြုံခဲ့သည့် အလုပ်သမားနှင့် ၎င်း၏ မိသားစု နေထိုင်စားသောက်မှုအတွက် 1ဦးလျှင် ပျမ်းမျှလုပ်ခလစာ၏ 70% ခံစားခွင့် | ထိခိုက်မိသူ |
ထိခိုက်ဒဏ်ရာလျော်ကြေးပင်စင် | ဆေးကုသမှုခံစားခွင့် ရယူနေသော အလုပ်သမားသည် ဆေးကုသမှု စတင်ပြီး 2နှစ်နှင့်အထက် ကုသမှုခံယူနေသည့် သူများထဲမှ ပြင်းထန်မှုအဆင့် 1~3ဆင့်တွင် ပါဝင်သော သူများဖြစ်ပါက အလုပ်နားနေစဉ် ခံစားခွင့်အစား ပေးသော ပင်စင်ကြေး | ထိခိုက်မိသူ |
မသန်စွမ်းခံစားခွင့် | အလုပ်ကြောင့်ရသော ထိခိုက်ဒဏ်ရာအား ဆေးကုသပြီးနောက် ၎င်း ထိခိုက်မှုနှင့် ဆက်စပ်မှုရှိသော မသန်စွမ်းမှု ကျန်ခဲ့ပါက ၎င်း မသန်စွမ်းမှုအဆင့်(1~14အဆင့်)အပေါ် မူတည်ပြီး ပေးသော ခံစားခွင့် | ထိခိုက်မိသူ |
လူနာပြုစုစောင့်ရှောက်မှု ခံစားခွင့် | ဆေးကုသမှုခံစားခွင့် ရယူနေသော သူများထဲမှ ဆေးကုသပြီးနောက် ဆေးပညာအရ ပုံမှန် သို့မဟုတ် မကြာခဏ ပြုစုစောင့်ရှောက်ရန် လိုအပ်ပြီး၊ အမှန်တကယ် ပြုစုစောင့်ရှောက်မှု ခံယူခဲ့သော သူအတွက်ပေးသော ခံစားခွင့် | ထိခိုက်မိသူ |
အလုပ်အကိုင်ပြန်လည်လုပ်ကိုင်မှုဆိုင်ရာခံစားခွင့် | - လုပ်ငန်ခွင်ထိခိုက်မှုကြောင့် မသန်စွမ်းဖြစ်သူ(1~12အဆင့်)အား နဂိုအလုပ်တွင် ပြန်ဝင်စေပြီး အလုပ် ဆက်လက်ခန့်ထားပေးသော လုပ်ငန်းရှင်ထံ အလုပ်ပြန်ဝင်ခွင့်ပေးခြင်းအတွက် ထောက်ပံ့ကြေး ပေးခြင်း
- အလုပ်လက်မဲ့ အနေအထား၌ လုပ်ငန်ခွင်ထိခိုက်မှုကြောင့် မသန်စွမ်းဖြစ်သူ(1~12အဆင့်)သည် အသက်မွေးဝမ်းကျောင်းသင်တန်း တက်ရောက်သည့်အခါ သင်တန်းကြေးနှင့် လေ့ကျင့်ရေး ခံစားခွင့် ပေးခြင်း
| - အလုပ်ပြန်ဝင်ခွင့်ပေးခြင်းအတွက်ထောက်ပံ့ကြေး: လုပ်ငန်းရှင်
- သင်တန်းကြေး: အသက်မွေးဝမ်းကျောင်းသင်တန်း ဌာန
- လေ့ကျင့်ရေး ခံစားခွင့်: ထိခိုက်မိသူ
|
ကျန်ရစ်သူမိသားစုခံစားခွင့်နှင့် နာရေးကုန်ကျစရိတ် | အသက်ဆုံးရှုံးမှု ဖြစ်ပွားသည့်အခါ ၎င်း၏ ကျန်ရစ်သူမိသားစု၏ နေထိုင်မှုအာမခံချက်အတွက် ပေးသော ကျန်ရစ်သူမိသားစုခံစားခွင့်နှင့် နာရေးအတွက် ကုန်ကျသော စရိတ် | - ကျန်ရစ်သူမိသားစုခံစားခွင့်: ကျန်ရစ်သူ မိသားစု
- နာရေးကုန်ကျစရိတ်: နာရေးကိစ္စ စီစဉ်ပေးသည့် သူ(ကျန်ရစ်သူမိသားစု စသည်)
|
02အခြေခံ ဘေးကင်းလုံခြုံရေးစည်းကမ်းများ
မတော်တဆမှု ကြိုတင်ကာကွယ်ရေးတွင် ပထမ အရေးကြီးဆုံးအချက်မှာ လုပ်ငန်းခွင်နှင့် အနီးအနားရှိ လူသွားစင်္ကြံလမ်းအား မကြာခဏ သန့်ရှင်းရေးလုပ်ခြင်း၊ ပစ္စည်းများ သေသပ်စွာ ထားသိုခြင်းတို့ ဖြစ်ပါသည်။ လူသွားစင်္ကြံလမ်းရှိ အနှောင့်အယှက်ဖြစ်စေသည့် ပစ္စည်းများ အားလုံးကို ရှင်းလင်းပြီး သွားရေးလာရေးတွင် အခက်အခဲမဖြစ်စေရန် လုပ်ဆောင်ရမည် ဖြစ်ကာ၊ ချောနေသည့် နေရာ ရှိမရှိကို အမြဲတစေ စစ်ဆေးရပါမည်။ အောက်ပါတို့မှာ လုပ်ငန်းခွင် အားလုံးတွင် မဖြစ်မနေ လိုက်နာရမည့် ဘေးကင်းလုံခြုံရေးစည်းကမ်းများ ဖြစ်ပါသည်။
- လုပ်ငန်းမစခင်မှာ အမြဲတမ်း ၎င်း လုပ်ငန်းဆိုင်ရာ ဘေးအန္တရာယ် ဖြစ်စေမည့်အရာများအား စဉ်းစားကာ အကာအကွယ်လုပ်ပြီးနောက် အလုပ်လုပ်ပါ။
- သန့်ရှင်းရေး လုပ်ခြင်း၊ စက်ပြင်ခြင်း၊ ထိန်းသိမ်းမှု လုပ်ခြင်းများ လုပ်သည့်အခါ ၎င်း စက်၏ လျှပ်စစ်ပါဝါကို မဖြစ်မနေ ပိတ်ပါ။
- အလုပ်လုပ်သည့်အခါ အလုပ်ဝတ်စုံ ဝတ်ပြီး၊ လုပ်ငန်းခွင်ထဲတွင် ဆေးလိပ်သောက်ခြင်း၊ အစားအသောက် စားခြင်းများ မလုပ်ပါနှင့်။
- လည်နေသော စက်များတွင် အလုပ်လုပ်သည့်အခါ ချည်သားလက်အိတ်ကို မသုံးပါနှင့်။
- လုံခြုံရေးဦးထုပ်၊ လုံခြုံရေးဖိနပ် စသည့် လုံခြုံရေးပစ္စည်းများကို မဖြစ်မနေ ဝတ်ဆင်ပါ။
- ဖြတ်တောက်ခြင်း၊ အမှုန့်ကြိတ်ခြင်း၊ စက်ပစ္စည်း စသည့် သေးမွှားသော ဖုန်မှုန့်များ သို့မဟုတ် အဖက်များ လွင့်စင်သည့် အလုပ်ကို လုပ်သည့်အခါ၌ လုံခြုံရေးမျက်မှန် တပ်ပါ။
- အန္တရာယ်ရှိ ပစ္စည်းများကို အမျိုးအစားအလိုက် သတ်မှတ်ထားသည့် နေရာနှင့် အသုံးပြုမည့် နေရာအလိုက် ခွဲခြားပြီး သိမ်းဆည်းပါ။
- သန့်ရှင်းရေးသုံးဆေးရည်၊ (ကပ်သည့်)ကော် စသည့် အော်ဂဲနစ်ပျော်ရည်များ အသုံးပြုသော အလုပ်ကို လုပ်သည့်အခါများတွင် အကာအကွယ်(အဆိပ်ငွေ့ကာကွယ်သည့်) maskကို တပ်ဆင်ပါ။
- အရေးပေါ်ထွက်ပေါက် မည်သည့်နေရာ၌ ရှိသည်ကို အမြဲတမ်း စစ်ဆေးကြည့်ထားပါ။
- အရေးပေါ်ဆေးသေတ္တာနှင့် မီးသတ်ဆေးဗူး ထားရှိသည့် နေရာကို သိအောင် လုပ်ထားပါ။
- တားမြစ်ချက်၊ သတိပေးချက်၊ ညွှန်ကြားချက်၊ လမ်းညွှန်ချက် စသည့် ဘေးအန္တရာယ်လုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ သင်္ကေတ ဖော်ပြချက်များကို သေချာ သိအောင် လုပ်ထားပါ။
- အစား စားသည့်အခါ လက်ကို သန့်ရှင်းစင်ကြယ်စွာ ဆေးကြောပြီး စားပါ။
03သိထားရမည့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သင်္ကေတ ဖော်ပြချက်များ
(1)တားမြစ်ချက် သင်္ကေတများ
- < ဝင်ထွက်သွားလာခြင်း မပြုရ >
- < ဖြတ်သွားဖြတ်လာခြင်း မပြုရ >
- < ယာဉ် အဝင်အထွက် မလုပ်ရ >
- < အသုံးမပြုရ >
- < စီးနင်းခြင်းမပြုရ >
- < ဆေးလိပ်မသောက်ရ >
- < မီးအသုံးမပြုရ >
- < ပစ္စည်းများ ရွှေ့ပြောင်းခြင်းမပြုရ >
(2)သတိပေးချက် သင်္ကေတများ
- < သတိ မီးလောင်လွယ်သောပစ္စည်းဖြစ်သည် >
- < သတိ အောက်ဆီဂျင်နှင့်ဓာတ်ပြုလွယ်သောပစ္စည်းဖြစ်သည် >
- < သတိ ပေါက်ကွဲစေနိုင်သောပစ္စည်းဖြစ်သည် >
- < သတိ စူးရှအဆိပ်သင့်စေသောပစ္စည်းဖြစ်သည် >
- < သတိ ဓာတ်ပြုလွယ်သောပစ္စည်းဖြစ်သည် >
- < သတိ ရေဒီယိုသတ္တိကြွပစ္စည်းဖြစ်သည် >
- < သတိ ဓာတ်လိုက်တတ်သည် >
- < သတိ တွဲလောင်းချိတ်ဆွဲ ပစ္စည်းရှိသည် >
- < သတိ ပစ္စည်းများ ပြုတ်ကျတတ်သည် >
- < သတိ အပူချိန်မြင့်သည် >
- < သတိ အပူချိန်နိမ့်သည် >
- < သတိ ခန္ဓာကိုယ်ဟန်ချက်ပျက်တတ်သည် >
- < လေဆာရောင်ခြည် သတိ >
- < သတိ ကင်ဆာဖြစ်စေသော၊ ဗီဇပြောင်းသော၊ မျိုးပွားခြင်းဆိုင်ရာအဆိပ်သင့်ခြင်း၊ ခန္ဓာကိုယ်အဆိပ်သင့်ခြင်း၊ အသက်ရှူလမ်းကြောင်း ထိရှလွယ်ခြင်းများ ဖြစ်စေသော ပစ္စည်းဖြစ်သည် >
- < သတိ အန္တရာယ်ရှိသော နေရာဖြစ်သည် >
-
(3)ညွှန်ကြားချက် သင်္ကေတများ
- < လုပ်ငန်းသုံးမျက်မှန် တပ်ရန် >
- < အဆိပ်ငွေ့ ကာ mask တပ်ရန် >
- < ဖုန်ကာ mask တပ်ရန် >
- < Face Shield တပ်ရန် >
- < လုပ်ငန်းခွင်သုံးဦးထုပ် ဆောင်းရန် >
- < နားအုပ် တပ်ရန် >
- < လုပ်ငန်းခွင်သုံးဖိနပ် စီးရန် >
- < လုပ်ငန်းခွင်သုံးလက်အိတ် စွပ်ရန် >
- < safety ဝတ်စုံ ဝတ်ဆင်ရန် >
(4)လမ်းညွှန်ချက် သင်္ကေတများ
- < ကြက်ခြေစိမ်းသင်္ကေတ >
- < အရေးပေါ်ကယ်ဆယ်ရေးသင်္ကေတ >
- < လူနာထမ်းစင် >
- < မျက်လုံးဆေးကြောသည့် စက် >
- < အရေးပေါ်သုံးကိရိယာ >
- < အရေးပေါ်ထွက်ပေါက် >
- < ဘယ်ဘက် အရေးပေါ်ထွက်ပေါက် >
- < ညာဘက် အရေးပေါ်ထွက်ပေါက် >
အဆိုပါ လမ်းညွှန်စာအုပ်သည် “ဂုံးဂုံးနူရီ ပုံစံ 4 : အရင်းအမြစ်ဖော်ပြရန်+ကိုယ်ကျိုးအတွက် အသုံးပြုခြင်း မပြုရ+ပြောင်းလဲဖော်ပြခြင်း မပြုရ” သတ်မှတ်ချက်များပေါ် မူတည်ပြီး အသုံးပြုနိုင်ပါသည်။