အောက်ပါအချက်များနှင့် ကိုက်ညီသော သူအနေနှင့် အချက်အလက်များ ပြည့်စုံပါက နေထိုင်ရာဒေသဆိုင်ရာ 19ခုသော နိုင်ငံသားခံယူမှု လုပ်ငန်းတာဝန်များ အဓိကဆောင်ရွက်ပေးနေသော လဝက၊ နိုင်ငံခြားသားရေးရာဌာနများတွင် နိုင်ငံသားခံယူခွင့် လျှောက်ထားနိုင်ပါသည်။ နိုင်ငံခြားသားများအတွက် e-government ဟုမ်းပေ့ချ်(www.hikorea.go.kr) information sharing corner(nationality/naturalization guide)ကို ကိုးကားပြီး လဝက၊ နိုင်ငံခြားသားရေးရာဌာနနှင့် လျှောက်ထားရာတွင် လိုအပ်သော အချက်အလက်များကို သေချာစေ့စပ်စွာ ပြင်ဆင်ရန် လိုအပ်ပါသည်။
01လျှောက်ထားခွင့် ရှိသူများ
- 1「တရားမဥပဒေ」အရ အရွယ်ရောက်ပြီးသူအနေနှင့် ကိုရီးယားသမ္မတနိုင်ငံတွင် 5နှစ်အထက် ဆက်တိုက် လိပ်စာရှိပြီး ရာသက်ပန်နေထိုင်ခွင့် ဗီဇာကို ရရှိထားသူ
- 2ဖခင် သို့မဟုတ် မိခင်သည် ကိုရီးယားနိုင်ငံသားဖြစ်ခဲ့ဖူးသူ၊ ကိုရီးယားနိုင်ငံတွင် မွေးသော သူအနေနှင့် ဖခင် သို့မဟုတ် မိခင်သည် ကိုရီးယားနိုင်ငံတွင် မွေးဖွားသောသူ၊ အရွယ်ရောက်ပြီးနောက် ကိုရီးယားနိုင်ငံသား၏ မွေးစားသားသမီးအဖြစ် မွေးစားခံရသော နိုင်ငံခြားသားဖြစ်ပါက 3နှစ်အထက် ဆက်တိုက် နေထိုင်နေသောသူ
- 3ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံသားနှင့် လက်ထပ်ထားသောသူ သို့မဟုတ် လက်ထပ်ခဲ့ဖူးသော သူ(အသေးစိတ် အကြောင်းအရာကိုတော့ အောက်ပါ ကိုရီးယားလူမျိုးနှင့် လက်ထပ်ထားသူ ရိုးရိုး(လက်ထပ်)နိုင်ငံသားခံယူခွင့် ရှိသူများတွင် ကိုးကားရန်)
- 4ဖခင် သို့မဟုတ် မိခင်သည် ကိုရီးယားသမ္မတနိုင်ငံ၏ နိုင်ငံသားဖြစ်ပါက
- ဖခင် သို့မဟုတ် မိခင်သည် ကိုရီးယားနိုင်ငံသား ခံယူထားသူ ဖြစ်ပါက ၎င်း၏ သားသမီးများ၏ အသက်၊ အိမ်ထောင်ရှိမရှိ၊ ကိုရီးယားနိုင်ငံတွင်း နေထိုင်ခဲ့သည့် အချိန်ကာလ စသည်တို့ကို ကြည့်စရာမလိုအပ်ဘဲ အထူးနိုင်ငံသားခံယူခွင့်ကို လျှောက်ထားနိုင်ပါသည်။ (သို့သော်၊ အရွယ်ရောက်ပြီးနောက် မွေးစားခံရသူများ မပါဝင်ပါ။)
- 5ကိုရီးယားသမ္မတနိုင်ငံအတွက် ထူးခြားသော အကျိုးပြုမှုများ ရှိသောသူ
- 6ထူးချွန်သော အရည်အချင်းများ ပိုင်ဆိုင်ထားသော သူအနေနှင့် ကိုရီးယားသမ္မတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုနိုင်သည်ဟု အသိအမှတ်ပြုခံရသူ
ကိုရီးယားလူမျိုးနှင့် လက်ထပ်ထားသူ ရိုးရိုး(လက်ထပ်)နိုင်ငံသားခံယူခွင့် ရှိသူများ
- 1ကိုရီးယား နိုင်ငံသားတစ်ဦးနှင့် လက်ထပ်ထားစဉ်အတွင်း ကိုရီးယားသမ္မတနိုင်ငံတွင် နှစ်နှစ်ဆက်တိုက်နှင့်အထက် နေထိုင်သော နိုင်ငံခြားသားများ
- 2သုံးနှစ်ကျော်ကြာအောင် ကိုရီးယား နိုင်ငံသားတစ်ဦးနှင့် လက်ထပ်ထားပြီး လက်ထပ်ထားစဉ်အတွင်း ကိုရီးယားသမ္မတနိုင်ငံတွင် တစ်နှစ်နှင့်အထက် နေထိုင်သော နိုင်ငံခြားသားများ
- 3ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ထားပြီး ကိုရီးယားနိုင်ငံသား အိမ်ထောင်ဖက်မှ ကွယ်လွန်ခြင်း၊ ပျောက်ဆုံးခြင်း သို့မဟုတ် မိမိဘက်မှ အခြားသော အပြစ်မရှိဘဲ ဆက်လက်ပေါင်းသင်းနေထိုင်၍ မရသော သူအနေနှင့် အထက်ပါ နံပါတ် ① သို့မဟုတ် နံပါတ် ②ပါ နေထိုင်ခဲ့သည့် ကာလအတိုင်း ပြည့်မှီသောသူ
- 4ကိုရီးယားနိုင်ငံသား အိမ်ထောင်ဖက်နှင့် အိမ်ထောင်ပြုပြီး သားသမီးငယ်ကို ကျွေးမွေးစောင့်ရှောက်နေသူ သို့မဟုတ် ကျွေးမွေးစောင့်ရှောက်ရမည့်သူအနေနှင့် အထက်ပါ နံပါတ် ① သို့မဟုတ် နံပါတ် ②ပါ နေထိုင်ခဲ့သည့် ကာလအတိုင်း ပြည့်မှီသောသူ
02လိုအပ်သော အချက်များ
- 1ဥပဒေအမိန့်များကို လိုက်နာခြင်း စသည့် တရားရေးဝန်ကြီးဌာနအမိန့်ဖြင့် သတ်မှတ်ထားသော အကျင့်စာရိတ္တကောင်းမွန်ခြင်း အချက်များနှင့် ပြည့်စုံသောသူရပါမည်။
- 2မိမိ ပိုင်ဆိုင်မှုနှင့် အရည်အချင်းကို အားကိုးပြီး သို့မဟုတ် အတူနေ မိသားစုအား အမှီပြုပြီး ရပ်တည်နေထိုင်နိုင်စွမ်း ရှိသောသူ
- 3ကိုရီးယားဘာသာစကားအရည်အချင်းနှင့် ကိုရီးယားသမ္မတနိုင်ငံ၏ ဓလေ့ ဗဟုသုတများ စသည့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံသားအနေနှင့် သိရှိထားရမည့် အခြေခံယဥ်ကျေးမှုဆိုင်ရာ အချက်အလက်များနှင့် ပြည့်စုံရပါမည်။
- 4နိုင်ငံသားခံယူခွင့် ပြုခြင်းသည် နိုင်ငံတော်လုံခြုံရေးအာမခံချက်နှင့် စည်းမျဉ်းများလိုက်နာခြင်း သို့မဟုတ် အများပြည်သူအကျိုးကို ထိခိုက်မည် မဟုတ်ဟု တရားရေးဝန်ကြီးဌာန ဝန်ကြီးမှ အသိအမှတ်ပြုရပါမည်။
03ရိုးရိုး(လက်ထပ်)နိုင်ငံသားခံယူခွင့် လျှောက်ထားသည့်အခါ တင်ပြရမည့် စာရွက်စာတမ်းများ
- ရိုးရိုး(လက်ထပ်)နိုင်ငံသားခံယူခွင့်အပြင် နိုင်ငံသားခံယူခွင့်များ လျှောက်ထားသည့်အခါ လိုအပ်သည့် စာရွက်စာတမ်းများကို e-government ဟုမ်းပေ့ချ်(www.hikorea.go.kr) information sharing corner(nationality/naturalization guide) တွင် ကိုးကားရန်
နိုင်ငံသားခံယူခွင့် လျှောက်လွှာ(ကာလာဓာတ်ပုံ 3.5cm×4.5cm 1ပုံ ကပ်ရန်၊ ဟုမ်းပေ့ချ်တွင် ဒေါင်းလုတ်ဆွဲယူနိုင်သည်။)
ပတ်စ်ပို့ မိတ္တူ၊ မိခင်နိုင်ငံမှ မှတ်ပုံတင် မိတ္တူ(တရုတ်နိုင်ငံသားဖြစ်ပါက နေထိုင်ခွင့်ကတ်နှင့် အိမ်ထောင်စုစာရင်း)
- လျှောက်ထားသည့်အခါ မူရင်း တင်ပြရန်
လူတစ်ဦး၏ နေထိုင်ခွင့်ကတ် (ရှေ့ဘက်နှင့်နောက်ဘက်) သို့မဟုတ် အမြဲတမ်း နေထိုင်ခွင့်ကတ် (ရှေ့ဘက်နှင့်နောက်ဘက်) မိတ္တူ
- လျှောက်ထားသောအခါတွင် မူရင်းကတ်ကို ပြသရပါမည်
လူတစ်ဦး၏ မိခင်နိုင်ငံထံမှ ရာဇဝတ်မှုမှတ်တမ်း အသိအမှတ်ပြုလက်မှတ်တစ်ခု (ဘာသာပြန်ဆိုမှု ပူးတွဲပါရှိရပါမည် - ဘာသာပြန်သူ၏ ကိုယ်ရေးအချက်အလက်နှင့် ဆက်သွယ်ရန် အသေးစိတ်များကို ထည့်သွင်းပါ။ ဘာသာပြန်သူ၏ အိုင်ဒီမိတ္တူကို ပူးတွဲထည့်ပါ)
- အပိုစတေးလ် ညီလာခံ (Apostille Convention) အဖွဲ့ဝင်နိုင်ငံများ - ရာဇဝတ်မှုမှတ်တမ်း အသိအမှတ်ပြုလက်မှတ်ကို ထုတ်ပေးသည့် အစိုးရထံမှ အပိုစတေးလ် လက်မှတ်တစ်ခုကို ရယူပါ။
- အပိုစတေးလ် ညီလာခံ အဖွဲ့ဝင်မဟုတ်သော နိုင်ငံများ - ရာဇဝတ်မှုမှတ်တမ်း အသိအမှတ်ပြုလက်မှတ်ကို ထုတ်ပေးသည့် နိုင်ငံရှိ ကိုရီးယား သံတမန်ဌာနတစ်ခုရှိ ကောင်စစ်ဝန်ထံမှ အတည်ပြုချက်ကို ရယူပါ။
ကိုရီးယားနိုင်ငံသား အိမ်ထောင်ဖက်၏ သန်းခေါင်စာရင်း၊ အခြေခံကိုယ်ရေးအချက်အလက်ပါ အထောက်အထားစာရွက်၊ လက်ထပ်မှတ်ပုံတင်(အသေးစိတ်)၊ နိုင်ငံသားမှတ်ပုံတင်စာရွက် 1ရွက်စီ
- အိမ်ထောင်ကျပြီးနောက် သားသမီး ရှိပါက သားသမီးအမည်ပေါက်(အမည်)ဖြင့် သန်းခေါင်စာရင်းပါ ထပ်တိုး တင်ပြရန်
မိမိ သို့မဟုတ် အတူနေမိသားစု၏ အသက်မွေးဝမ်းကျောင်းနိုင်စွမ်း ရှိကြောင်း အထောက်အထားများ(အောက်ပါ ဥပမာများထဲမှ တစ်ခု တင်ပြရန်)
- ဝမ် သိန်း 300နှင့်အထက် ငွေကြေးပိုင်ဆိုင်မှု(အပ်ငွေ၊ စုငွေ၊ အစုရှယ်ယာ စသည်) အထောက်အထားများ
- အမှန်တကယ် ဝယ်ရောင်းစျေး သို့မဟုတ် ဘဏ်များမှ ကြေညာထားသော စျေးကွက်ပေါက်စျေးဖြင့် အကဲဖြတ်ထားသော ရာဖြတ်တန်ဖိုး ပမာဏနှင့်အထက် ရှိသော အိမ်ခြံမြေပိုင်ဆိုင်မှု စာရွက်စာတမ်းများ သို့မဟုတ် ဝမ် သိန်း 300နှင့်အထက်ရှိသော အိမ်အငှား စပေါ်ငွေ စသည့် အငှားစာချုပ် မိတ္တူ
- အလုပ်ခန့်အပ်မှု၊ လစာအသေးစိတ်များ အစရှိသည်တို့၏ အသိအမှတ်ပြုလက်မှတ်။
- ၎င်းအပြင် အထက်ပါ စာရွက်စာတမ်းများနှင့် တူညီသည်ဟု တရားရေးဝန်ကြီးဌာန ဝန်ကြီးမှ အသိအမှတ်ပြုထားသော စာရွက်စာတမ်းများ
တရားရုံးသို့ အကြောင်းကြားမည့် အိမ်ထောင်စုစာရင်း အကြောင်းကြားစာ(www.hikorea.go.kr ဟုမ်းပေ့ချ်မှ ဒေါင်းလုတ်ဆွဲနိုင်ပါသည်)နှင့် မိခင်နိုင်ငံမှ သန်းခေါင်စာရင်း/အိမ်ထောင်စုစာရင်း စာရွက်(ကိုရီးယားဘာသာစကားသို့ ဘာသာပြန်ဆိုပြီး ပူးတွဲတင်ပြရန်)
- လျှောက်ထားသူ၏ မိဘများ၊ အိမ်ထောင်ဖက်၊ ကလေးများ၊ လက်ထပ်မှုအခြေအနေ (အိမ်ထောင်ရှိ သို့မဟုတ် လူလွတ်)၊ မွေးစားမှု အခြေအနေ အစရှိသည်တို့ကို ရှင်းပြသည့် မိသားစုတော်စပ်ပုံ ရည်ညွှန်းချက်များကို ပြသသော စာရွက်စာတမ်းများ။
- တရုတ်နိုင်ငံအတွက် - ဟူကူး (Hukou) စာရွက်စာတမ်းများနှင့် နိုတြီပြုလုပ်ထားသော မိသားစုတော်စပ်ပုံ အသိအမှတ်ပြုလက်မှတ်တို့ကို တင်သွင်းပါ (တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန (Chinese Ministry of Foreign Affairs) ၏ စစ်ဆေးအတည်ပြုချက် လိုအပ်ပါသည်)
- တရုတ်နိုင်ငံမဟုတ်သော နိုင်ငံများအတွက် - မိခင်နိုင်ငံတွင် မိသားစုတော်စပ်ပုံများနှင့် သက်ဆိုင်သော မွေးစာရင်းနှင့် အများပြည်သူ စာရွက်စာတမ်းများကို တင်သွင်းပါ။
နိုင်ငံသားခံယူခွင့် စသည့် လျှောက်ထားသူသည် ဂျိုဆောင်းလူမျိုးဖြစ်ပါက(မိဘ သို့မဟုတ် အိမ်ထောင်ဖက်က ဂျိုဆောင်းလူမျိုး ဖြစ်သူများလည်း ပါဝင်သည်) တရုတ်ပြည်ဖွားကိုရီးယားလူမျိုး(ဂျိုဆောင်းလူမျိုး)ဖြစ်ကြောင်း အထောက်အထား မှတ်ပုံတင်(နေထိုင်ခွင့်ကတ်၊ အိမ်ထောင်စုစာရင်း စသည်)
ဝန်ဆောင်ခ : ဝမ် 300,000(အစိုးရဝင်ငွေတံဆိပ်ခေါင်း)
ကိုရီးယားနိုင်ငံသား အိမ်ထောင်ဖက်နှင့် ပေါင်းသင်းနေထိုင်မှု မရှိတော့ပါက ၎င်းနှင့် သက်ဆိုင်သော အထောက်အထားများ
현황 : 명칭, 주소, 운영시간, 상담언어 및 상담내용을 포함한 표입니다. အိမ်ထောင်ဖက် ပျောက်ဆုံးခြင်း၊ သေဆုံးခြင်း၊ ကွာရှင်းခြင်း စသည့် အခြေအနေများ | ကိုရီးယားနိုင်ငံသား အိမ်ထောင်ဖက်က ပျောက်ဆုံးနေပါက ပျောက်ဆုံးမှု မှန်ကန်ကြောင်း စီရင်ချက်၊ သေဆုံးသွားပါက သေစာရင်း၊ ကိုရီးယားနိုင်ငံသား အိမ်ထောင်ဖက်နှင့် ကွာရှင်းပြတ်စဲခြင်း သို့မဟုတ် အိမ်ခွဲနေပါက ကိုရီးယားနိုင်ငံသား အိမ်ထောင်ဖက်၏ အမှားဖြစ်ကြောင်း တရားရုံး စီရင်ချက် စသည် |
သားသမီးအား ကျွေးမွေးစောင့်ရှောက်နေရပါက | ကိုရီးယားနိုင်ငံသား သားသမီး အမည်ပေါက် သန်းခေါင်စာရင်းနှင့် သားသမီးအား ကျွေးမွေးစောင့်ရှောက်နေသော အမှန်တရားအား အတည်ပြုနိုင်သော စာရွက်စာတမ်းများ |
ကွာရှင်းပြတ်စဲခြင်း သို့မဟုတ် အိမ်ခွဲနေရသည့် အကြောင်းရင်းသည် ကိုရီးယားလူမျိုးနှင့် လက်ထပ်ထားသူကြောင့် မဟုတ်ပါက နေထိုင်ခွင့်ကာလ သက်တမ်းတိုးခြင်း၊ ရာသက်ပန်နေထိုင်ခွင့်ဗီဇာ လျှောက်ထားခြင်း၊ နိုင်ငံသားခံယူခွင့် လျှောက်ထားခြင်းအတွက် လိုအပ်သော စာရွက်စာတမ်းများ(အောက်ပါ အချက်များထဲမှ 1ခုနှင့် အထက်)
- ပြစ်မှုစီရင်ချက် သို့မဟုတ် ကွာရှင်းပြတ်စဲမှု စီရင်ချက်(ကွာရှင်းပြတ်စဲမှု စီရင်ချက်ဖြစ်ပါက အိမ်ထောင်ဖက်၏ အမှားဖြစ်ကြောင်း ပါရှိရမည်။)
- အိမ်ထောင်ဖက်၏ အကြမ်းဖက်မှု စသည်ကို တရားစွဲဆိုပါက : အမှုစစ်ဌာန၏ ပြစ်မှုမမြောက်ဟူသော ဆုံးဖြတ်ချက်(စွဲချက်မတင်ခြင်း သို့မဟုတ် တရားစွဲခွင့် မရှိ)
- အိမ်ထောင်ဖက်မှ ရိုက်နှက်ပါက : ဆေးရုံ ဆေးစစ်ချက်(တစ်ဖက်သား၏ ရိုက်နှက်မှု ခံရသော အကြောင်းအရာများ ပါရှိရမည်။)၊ ဒဏ်ရာ ဓာတ်ပုံ
- အိမ်ထောင်ဖက်မှ စီးပွားရှာနိုင်သော အရည်အချင်း မရှိပါက : အိမ်ထောင်ဖက်၏ စီးပွားပျက်ကြောင်း အဆုံးအဖြတ်သက်သေလွှာ စသည်
- အိမ်ထောင်ဖက်က မည်သည့်နေရာတွင် ရှိသည်ကို မသိပါက : ပျောက်ဆုံးကြောင်း ကြေညာချက် ဖော်ပြထားသည့် အိမ်ထောင်ဖက်အား အပယ်စာရင်း ထုတ်ထားသည့်စာရွက်
- အိမ်ထောင်ဖက်၏ သွေးအဝေးဆုံး 4 ဝမ်းကွဲအတွင်း ဆွေမျိုးမှ ရေးသားဖြည့်စွက်ထားသည့် အတူပေါင်းသင်းနေထိုင်မှု မရှိတော့သည့် အကြောင်းရင်းကို ရှင်းလင်းဖော်ပြထားသည့် အတည်ပြုလွှာ
- အတူပေါင်းသင်းနေထိုင်မှု မရှိတော့သည့် အချိန်တွင် နေခဲ့သည့် ဒေသ၏ ရာ(ဆယ်)အိမ်မှူးမှ ရေးသားထားသည့် အတူပေါင်းသင်းနေထိုင်မှု မရှိတော့သည့် အကြောင်းအရင်းသည် အိမ်ထောင်ဖက်ပေါ်မှာ ရှိကြောင်း ရှင်းလင်းအတည်ပြုလွှာ(အတူပေါင်းသင်းနေထိုင်မှု မရှိတော့သည့် အသေးစိတ် အကြောင်းရင်းနှင့် အခြေအနေများကို ရှင်းပြထားခြင်းမျိုး ဖြစ်ရပါမည်။)
- အထက်ပါ အချက်များနှင့် အလားတူဖြစ်သော အခြားစာရွက်စာတမ်းများ - အသိအမှတ်ပြုထားသော အမျိုးသမီးများ အဖွဲ့အစည်း အစရှိသည်က ထုတ်ပေးသည့် 'လက်ထပ်မှု အသိအမှတ်ပြုလက်မှတ် ပျက်ပြယ်ခြင်း'။
(1)နိုင်ငံသားခံယူခြင်း အဆင့်ဆင့်
-
1နိုင်ငံသားခံယူခွင့် လျှောက်ခြင်း
- နိုင်ငံသားဖြစ်ခွင့် လျှောက်ထားရန်အတွက် လျှောက်ထားသူသည် အထက်ဖော်ပြပါ စာရွက်စာတမ်းများ စုစည်းထားခြင်း၊ နိုင်ငံသားဖြစ်မှုရေးရာ ကိစ္စရပ်များအတွက် သတ်မှတ်ထားသော နိုင်ငံသားဖြစ်ခွင့်ရေးရာ/လူဝင်မှုကြီးကြပ်ရေး ရုံးပေါင်း 19 ခုအနက် မည်သည်က လျှောက်ထားသူ၏ လိပ်စာအတွက် စီရင်ပိုင်ခွင့်ရှိကြောင်း စစ်ဆေးခြင်း၊ Hi Korea (နိုင်ငံသားဖြစ်ခွင့် ခွင့်ပြုမိန့် လျှောက်ထားခြင်း) မှတစ်ဆင့် ရုံးသို့လာရောက်ရန်အတွက် ကြိုတင်စာရင်းသွင်းခြင်းနှင့် ကြိုတင်စာရင်းသွင်းထားသည့် နေ့စွဲတွင် နိုင်ငံသားဖြစ်ခွင့်အတွက် လူကိုယ်တိုင် လာရောက်လျှောက်ထားခြင်းတို့ ပြုလုပ်ရမည်ဖြစ်ပါသည်။
-
2နိုင်ငံသားခံယူခွင့် စစ်ဆေးခြင်း
- လျှောက်ထားပြီးလျှင် စာရွက်စာတမ်း စစ်ဆေးခြင်း၊ KIIP အရည်အချင်းစစ်စာမေးပွဲ၊ လူတွေ့စစ်ဆေးခြင်း၊ အခြေအနေမှန် အကဲဖြတ်ခြင်း စသည့် အဆင့်များ ရှိပါသည်။
- လူတွေ့ စစ်ဆေးမည့် ရက်ကို 2~4ပတ် ကြိုပြီး အကြောင်းကြားပေးသည့်အတွက် လျှောက်ထားပြီးနောက် ဖုန်းနံပါတ်၊ လိပ်စာများ အပြောင်းအလဲ ရှိပါက သက်ဆိုင်ရာ လဝက၊နိုင်ငံခြားသားရေးရာဌာနသို့ ဖုန်းနံပါတ်၊ လိပ်စာ ပြောင်းသွားကြောင်း အကြောင်းကြားထားရပါမည်။
- ပုံမှန် လက်ထပ်ပြီး ပေါင်းသင်းနေထိုင်နေသော ကိုရီးယားလူမျိုးနှင့် လက်ထပ်ထားသူသည် KIIP နောက်ဆုံးအဆင့်စာမေးပွဲဖြေရန် မလိုဘဲ၊ လူတွေ့စစ်ဆေးခြင်းဖြင့် ကိုရီးယားဘာသာစကား အရည်အချင်းနှင့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံသားတစ်ယောက်အနေနှင့် ရှိသင့်သော အခြေခံကျင့်ဝတ်များကို အကဲဖြတ်စစ်ဆေးပါသည်။
- အတူပေါင်းသင်းနေထိုင်မှု မရှိတော့ပါက KIIP နောက်ဆုံးအဆင့်စာမေးပွဲ ကင်းလွတ်ခွင့် မရပါ။
- ပထမ1ကြိမ် လူတွေ့စစ်ဆေးခြင်းတွင် ကျရှုံးပါက နောက် 1ကြိမ် ထပ်ဖြေနိုင်ပါသည်။ (စုစုပေါင်း 2ကြိမ် အခွင့်အရေး ရှိပါသည်။)
-
3နိုင်ငံသားအဖြစ် ကျမ်းကျိန်ဆိုခြင်းနှင့် နိုင်ငံသားလက်မှတ်ပေးအပ်ပွဲ
- နိုင်ငံသားခံယူခွင့် စစ်ဆေးခြင်း ရလဒ်အရ ခွင့်ပြုချက် ထွက်လာပါက နိုင်ငံသားလက်မှတ်ပေးအပ်ပွဲ(နေထိုင်ရာ ဒေသဆိုင်ရာ လဝက၊ နိုင်ငံခြားသားရေးရာဌာနမှ ရက်ကို ကြိုအကြောင်းကြားပေးသည်)သို့ တက်ရောက်ရပါမည်။ နိုင်ငံသားလက်မှတ်ပေးအပ်ပွဲတွင် နိုင်ငံသားအဖြစ် ကျမ်းကျိန်ဆိုပြီးနောက် နိုင်ငံသားလက်မှတ်ကို လက်ခံရရှိခြင်းဖြင့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံသားဖြစ်သွားပါသည်။ နိုင်ငံသားခံယူခွင့် စစ်ဆေးခြင်းအတွက် ကြာချိန်ကို လစဉ် e-government ဟုမ်းပေ့ချ်(www.hikorea.go.kr)၊ လဝက၊နိုင်ငံခြားသားမူဝါဒဌာနချုပ် ဟုမ်းပေ့ချ်ရှိ သတင်း-ကြေညာချက်- လုပ်ငန်းတာဝန်ကြေညာချက်များ သို့မဟုတ် KakaoTalk+Friendထဲရှိ ‘နိုင်ငံသားဆိုင်ရာ အထွေထွေအချက်အလက်များ’တွင် ကြေညာထားပါသည်။
- နိုင်ငံသားလက်မှတ်ကို ရရှိပြီးသည့်အခါတွင် နိုင်ငံသားလက်မှတ်ပေါ်ရှိ အမည်၊ မွေးသက္ကရာဇ် စသည့် ဖော်ပြပါ အချက်အလက်များ မှန်ကန်မှု ရှိမရှိ စစ်ဆေးရပါမည်။
-
4အမိနိုင်ငံ နိုင်ငံသားအဖြစ်မှ စွန့်လွှတ်ခြင်း(အမိနိုင်ငံသံရုံး) သို့မဟုတ် နိုင်ငံခြားသားတစ်ယောက်ကဲ့သို့ နေထိုင်ပြုမှုခြင်း မလုပ်ပါကြောင်း ကတိပြုခြင်း(လဝက၊နိုင်ငံခြားသားရေးရာဌာန(ရုံး)
နိုင်ငံသားခံယူပြီး 1နှစ်အတွင်း အမိနိုင်ငံ နိုင်ငံသားအဖြစ်မှ စွန့်လွှတ်ခြင်း သို့မဟုတ် ကိုရီးယားသမ္မတနိုင်ငံတွင် နိုင်ငံခြားသားတစ်ယောက်ကဲ့သို့ ပြုမူနေထိုင်မှု မပြုပါကြောင်း တရားရေးဝန်ကြီးဌာန ဝန်ကြီးရှေ့တွင် ကတိပြုရမည် ဖြစ်သည်။
- နိုင်ငံသားခံယူပြီး 1နှစ်အတွင်း အမိနိုင်ငံ နိုင်ငံသားအဖြစ်မှ မစွန့်လွှတ်ခြင်း သို့မဟုတ် ကိုရီးယားသမ္မတနိုင်ငံတွင် နိုင်ငံခြားသားတစ်ယောက်ကဲ့သို့ ပြုမူနေထိုင်မှု မပြုပါကြောင်း ကတိပြုလွှာကို မတင်ပြပါက ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းသည် ပျက်ပြယ်သွားပါမည်။ ပြန်လည်ပြီး ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံသားလျှောက်လိုပါက နိုင်ငံသားခံယူခြင်း ပျက်ပြယ်မှုအား အကြောင်းကြားပြီးနောက် နိုင်ငံသားပြန်လည်လျှောက်ထားခြင်း သို့မဟုတ် နိုင်ငံသားအဖြစ် ပြန်လည်အသိအမှတ်ပြုပေးရန် လျှောက်ထားရမည်ဖြစ်သည်။
အမိနိုင်ငံ သံရုံး(ကောင်စစ်ဝန်ရုံး) စသည်တို့မှ ထုတ်ယူထားသည့် အမိနိုင်ငံ နိုင်ငံသားအဖြစ်မှ စွန့်လွှတ်ခြင်း စာရွက်ကို လဝက၊နိုင်ငံခြားသားရေးရာဌာနသို့ တင်ပြပြီး နိုင်ငံသားအဖြစ်မှ စွန့်လွှတ်မှု အတည်ပြုလွှာကို ထုတ်ယူရမည်။
- နိုင်ငံသားအဖြစ် စွန့်လွှတ်သည့်အခါ လိုအပ်သည့် စာရွက်စာတမ်း စသည်တို့ကို သံရုံးသို့ မေးမြန်းရန်။
နိုင်ငံခြားသားကဲ့သို့ ပြုမူနေထိုင်ခြင်း မပြုကြောင်း ကတိပြုခြင်းသည် အိမ်ထောင်ဖက်နှင့် ပေါင်းသင်းနေထိုင်နေစဉ်အချိန်၌သာ ပြုလုပ်နိုင်ပြီး၊ ကတိပြုပြီးနောက် နိုင်ငံခြားသားကဲ့သို့ ပြုမူနေထိုင်ခြင်း မပြုကြောင်း ကတိပြုလွှာကို ထုတ်ယူရမည်။
- နိုင်ငံခြားသားအဖြစ် ပြုမူနေထိုင်ခြင်း မပြုကြောင်း ကတိပြုလွှာကို တင်ပြလျှင် အမိနိုင်ငံ နိုင်ငံသားအဖြစ် ဆက်လက်ရပ်တည်နိုင်သော်လည်း ကိုရီးယားနိုင်ငံတွင်းတွင် ကိုရီးယားနိုင်ငံသားအဖြစ်သာ ယူဆပါမည်။ ဥပမာအားဖြင့် ပြည်ဝင်ပြည်ထွက် လုပ်သည့်အခါ ကိုရီးယားပြည်တွင်း လေဆိပ်၊ သင်္ဘောဆိပ်တွင် ကိုရီးယား ပတ်စ်ပို့ပကိုသာ အသုံးပြုရန်။
- နှစ်နိုင်ငံသား ခံယူခွင့် မပြုသော နိုင်ငံ(တရုတ်နိုင်ငံ စသည်) ဖြစ်လျှင် ၎င်းနိုင်ငံ၏ ဥပဒေအရ အမိနိုင်ငံ နိုင်ငံသားအဖြစ်က ပျက်ပြယ်သွားနိုင်ပါသည်။(မိမိနိုင်ငံ၏ နှစ်နိုင်ငံသား ခံယူခွင့် ရှိမရှိကိုမူ မိမိနိုင်ငံ သံရုံးသို့ မေးမြန်းရန်)
-
5နိုင်ငံသားမှတ်ပုံတင်ခြင်း
- နိုင်ငံသားအဖြစ်မှစွန့်လွှတ်ခြင်း အတည်ပြုလွှာ သို့မဟုတ် နိုင်ငံခြားသားကဲ့သို့ ပြုမူနေထိုင်ခြင်း မပြုကြောင်း ကတိပြုလွှာနှင့် ဓာတ်ပုံ(3×4)2ပုံ ယူပြီး နေထိုင်ရာဒေသ မြို့နယ်၊ ရပ်ကွက်ရုံး သို့မဟုတ် ပြည်သူ့စင်တာသို့ သွားရောက်ပြီး နိုင်ငံသားမှတ်ပုံတင်ခြင်း ဆောင်ရွက်ပြီး နိုင်ငံသားမှတ်ပုံတင်ကတ်ကို ထုတ်ယူနိုင်ပါသည်။
-
6နိုင်ငံခြားသားမှတ်ပုံတင်ကတ် ပြန်အပ်ခြင်း(လဝက၊နိုင်ငံခြားသားရေးရာဌာန(ရုံး)-စာတိုက်မှလည်း ပေးပို့နိုင်)
- နိုင်ငံသားမှတ်ပုံတင်ခြင်း ဆောင်ရွက်ပြီး ရက် 30အတွင်း နိုင်ငံခြားသားမှတ်ပုံတင်ကတ်အား ပြန်အပ်ရန်(ရက် 30 ကျော်သွားပါက ဒဏ်ကြေး ပေးဆောင်ရမည်)
- မိမိ ဆန္ဒရှိလျှင် နိုင်ငံသားအဖြစ်မှစွန့်လွှတ်ခြင်း အတည်ပြုလွှာ သို့မဟုတ် နိုင်ငံခြားသားကဲ့သို့ ပြုမူနေထိုင်ခြင်း မပြုကြောင်း ကတိပြုလွှာ ထုတ်ယူစဉ် နိုင်ငံခြားသားမှတ်ပုံတင်ကတ်ကို ကြိုပြီး ပြန်အပ်ခဲ့နိုင်ပါသည်။
(2)နိုင်ငံသားမှတ်ပုံတင်ကတ် ထုတ်ယူခြင်း
နိုင်ငံသားအဖြစ် ခံယူပြီး နိုင်ငံသားမှတ်ပုံတင်ခြင်း ဆောင်ရွက်ပြီးစီးပါက နိုင်ငံသားမှတ်ပုံတင်ကတ် ရရှိပါသည်။ နိုင်ငံသားမှတ်ပုံတင်ကတ်သည် မိမိအား ကိုရီးယားနိုင်ငံသားတစ်ယောက်အဖြစ် သက်သေပြပေးသော အိုင်ဒီကတ်ဖြစ်ပါသည်။ ရုံးဌာနဆိုင်ရာ အမျိုးမျိုးသော အကြောင်းကြားမှုများ၊ စာရွက်စာတမ်းများ ထုတ်ခြင်း၊ ရုံးဌာနဝန်ဆောင်မှုများကို အသုံးပြုသည့်အခါ မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးအတည်ပြုရာတွင် အသုံးလိုပါသည်။
နိုင်ငံသားမှတ်ပုံတင်ကတ်အား တခြားသူထံ ငှားရမ်းပေးခြင်း၊ မှတ်ပုံတင်နံပါတ်အား တခြားသူကို ပြောပြမိပါက ရာဇဝတ်မှုများတွင် အသုံးချခံရနိုင်သော အန္တရာယ် ရှိသည့်အတွက် သတိထားရန် လိုအပ်ပါသည်။
- နိုင်ငံသားမှတ်ပုံတင်ကတ် ပြန်လျှောက်ခြင်း : နိုင်ငံသားမှတ်ပုံတင်ကတ် ပျောက်သွားပါက ဓာတ်ပုံ 1ပုံ(လတ်တလော 6လအတွင်း ရိုက်ကူးထားသော ဓာတ်ပုံ 3cm × 4cm) ကို ယူပြီး နေထိုင်ရာဒေသဆိုင်ရာ မြို့နယ်၊ ရပ်ကွက်ရုံး သို့မဟုတ် ပြည်သူ့စင်တာသို့ သွားရောက် လျှောက်ထားနိုင်ပါသည်။
- အိမ်ပြောင်းရွှေ့လျှင် : အိမ်ပြောင်းပြီး 14ရက်အတွင်း ပြောင်းသွားသည့် လိပ်စာနှင့် နီးစပ်ရာ မြို့နယ်၊ ရပ်ကွက်ရုံး သို့မဟုတ် ပြည်သူ့စင်တာတွင် ပြောင်းရွှေ့နေထိုင်မှုအား အကြောင်းကြားရပါမည်။
နေထိုင်လျက်ရှိသော နေရာတွင် အကြောင်းကြားမှု မရှိပါက အမှန်တကယ်နေထိုင်မှု ရှိမရှိစစ်ဆေးခြင်းမှတစ်ဆင့် နိုင်ငံသားမှတ်ပုံတင်ခြင်းအား ပယ်ဖျက်ခံရနိုင်သည့်အတွက် သတိပြုရမည် ဖြစ်သည်။