ဒါနူရီကောလ်စင်တာ
1577-1366
မိသားစုဆွေးနွေးမှုဖုန်းနံပါတ်
1644-6621
한국생활안내 정보더하기 사이트로 이동

နိုင်ငံသားပင်စင်

  • ပင်မစာမျက်နှာ
  • လူမှုရေးအာမခံချက်စနစ်
  • နိုင်ငံသားပင်စင်

နိုင်ငံသားပင်စင်

အသက်ကြီးလာပြီး အလုပ် မလုပ်နိုင်တော့သည့်အခါ၊ မျှော်လင့်မထားသော မသန်စွမ်းမှု ကြုံရခြင်း သို့မဟုတ် သေဆုံးခြင်းတို့အတွက် ကြိုတင်ပြင်ဆင်နိုင်ရန် မဖြစ်မနေ တာဝန်အရ အာမခံကြေး သွင်းရပြီး၊ အသက်ကြီးရင့်ခြင်း၊ မသန်စွမ်းခြင်း၊ သေဆုံးသည့်အခါ မိမိ သို့မဟုတ် ကျန်ရစ်သူ မိသားစုထံ ပင်စင်ကြေးပေးပြီး နေထိုင်မှုဘဝတည်ငြိမ်မှုရှိစေရန် အထောက်အကူပြုလိုသည့် နိုင်ငံတော်မှ ဆောင်ရွက်လျက် ရှိသော လူမှုရေးအာမခံစနစ်ဖြစ်ပါသည်။

01ခံစားခွင့် ရှိသူများ

ကိုရီးယားနိုင်ငံတွင် နေထိုင်လျက်ရှိသော နိုင်ငံခြားသားများသည်လည်း ကိုရီးယားနိုင်ငံသားများ နည်းတူ နိုင်ငံသားပင်စင် ဝင်ရမည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် အသက် 18နှစ်အထက် 60နှစ်အောက် နိုင်ငံခြားသားသည် လုပ်ငန်းခွင်ထဲတွင် အလုပ်သမားအဖြစ် အလုပ်လုပ်နေပါက လုပ်ငန်းခွင်မှတစ်ဆင့် အာမခံစာရင်းသွင်းသူ ဖြစ်ပြီး၊ ကိုယ်ပိုင်လုပ်ငန်း သို့မဟုတ် အခြားသော အခြေအနေများမှာ ဒေသခံစာရင်းသွင်းသူ ဖြစ်ပါသည်။ သို့သော်၊ နိုင်ငံခြားသား၏ အမိနိုင်ငံမှ ကိုရီးယားနိုင်ငံသားများကို ၎င်းနိုင်ငံဆိုင်ရာ ပင်စင်အာမခံအား ဝင်ခွင့်မပေးလျှင် ၎င်းနိုင်ငံမှ လာသည့် နိုင်ငံခြားသားများသည်လည်း ကိုရီးယားနိုင်ငံ နိုင်ငံသားပင်စင်အာမခံ ဝင်၍မရဘဲ၊ ကိုရီးယားနိုင်ငံမှ နိုင်ငံခြားသား၏ နိုင်ငံနှင့် ချုပ်ဆိုထားသည့် ‘လူမှုရေးအာမခံချက်နှင့် စပ်လျဉ်းသည့် သဘောတူညီချက်’တွင် နိုင်ငံသားပင်စင်အာမခံဝင်ခြင်းနှင့် ပတ်သက်ပြီး သီးခြား သတ်မှတ်ထားသည့် အခြေအနေတွင် ထို သတ်မှတ်ချက်အတိုင်း လိုက်နာရပါမည်။

  • အသက် 18နှစ်အောက်ဖြစ်သော်လည်း လုပ်ငန်းခွင်ထဲတွင် အလုပ်သမားအဖြစ် အလုပ်လုပ်ပြီး အာမခံ ဝင်လိုပါက လုပ်ငန်းခွင်မှတစ်ဆင့်အာမခံစာရင်းသွင်းသူအဖြစ် ဝင်နိုင်ပါသည်။
နိုင်ငံသားပင်စင် ဝင်ခွင့်မရှိသော နိုင်ငံများ(23နိုင်ငံ)

ဂျော်ဂျီယာ၊ နိုင်ဂျီးရီးယား၊ တောင်အာဖရိက၊ နီပေါ၊ အရှေ့တီမော၊ မလေးရှား၊ မော်လ်ဒိဗ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ဘီလာရုဇ်၊ ဘရူနိုင်း၊ ဆော်ဒီအာရေဗျ၊ ဆွာဇီလန်(အဲ့စ်ဝါတီနီ)၊ စင်ကာပူ၊ အာမေးနီးယား၊ အီသီယိုးပီးယား၊ အီရန်၊ အီဂျစ်၊ ကမ္ဘောဒီးယား၊ တုံဂါ၊ ပါကစ္စတန်၊ ဖီဂျီ

02အာမခံကြေး ကျခံမှု

  • လုပ်ငန်းခွင်မှ အလုပ်သမားသည် လုပ်ခလစာဝင်ငွေကို အခြေခံပြီး အလုပ်သမားနှင့် အလုပ်ရှင်တို့မှ အသီးသီး ပျမ်းမျှလစဉ်ဝင်ငွေ၏ 4.5% နှင့် ညီမျှသော ပမာဏအား လစဉ် ကျခံရပါသည်။
  • ဒေသခံစာရင်းသွင်းသူ(ကိုယ်ပိုင်လုပ်ငန်း လုပ်သူ စသူ)များမှာ ပျမ်းမျှလစဉ်ဝင်ငွေ၏ 9%နှင့် ညီမျှသော ပမာဏကို လစဉ် ကာယကံရှင်မှ ကျခံရပါသည်။

03အကျိုးခံစားခွင့်

အာမခံဝင်ထားသည့် နိုင်ငံခြားသားသည် ပင်စင်လစာ(အသက်ကြီးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ ကျန်ရစ်သူမိသားစု) ရနိုင်သော အချက်များနှင့် ကိုက်ညီပါက သက်ကြီးပင်စင်၊ မသန်စွမ်းပင်စင်၊ ကျန်ရစ်သူမိသားစုပင်စင်များကို ခံစားခွင့် ရနိုင်ပါသည်။

သက်ကြီးပင်စင်

10နှစ်အထက် အာမခံကြေးသွင်းထားပြီး ပင်စင်ခံစားခွင့် အသက်ပြည့်ပါက သက်ကြီးပင်စင် ခံစားခွင့် ရှိပါသည်။

မွေးဖွားသည့် ခုနှစ်အလိုက် သက်ကြီးပင်စင် ခံစားခွင့် ရနိုင်သော အသက်အရွယ်များ
출생연도별 노령연금 지급연령 : 구분, ~52년생, 53~56년생, 57~60년생, 61~64년생, 65~68년생, 69년생~ 포함한 표입니다.
အမျိုးအစား ~52ခုနှစ်ဖွား 53~56 ခုနှစ်ဖွား 57~60 ခုနှစ်ဖွား 61~64 ခုနှစ်ဖွား 65~68 ခုနှစ်ဖွား 69ခုနှစ်ဖွား~
အသက်အရွယ် 60နှစ် 61နှစ် 62နှစ် 63နှစ် 64နှစ် 65နှစ်
မသန်စွမ်းပင်စင်

သတ်မှတ်ထားသည့် ပင်စင်အာမခံကြေး သွင်းခြင်းအချက်နှင့် ပြည့်စုံသောသူသည် အာမခံဝင်နိုင်သည့်ကာလ(အသက် 18နှစ်∼သက်ကြီးပင်စင် ခံစားခွင့် အသက်အရွယ် မ‌ရောက်မီ)တွင် ဖြစ်ပွားသော ရောဂါ သို့မဟုတ် ဒဏ်ရာသည် ကုသပျောက်ကင်းသွားသော်လည်း (ကုသနေစဉ်ကာလတွင် စတင်စမ်းသပ်မှု လုပ်ခဲ့သည့်နေ့မှစပြီး 1နှစ် 6လ ကြာပြီးနောက်) မသန်စွမ်းမှုသည် ကျန်ရှိနေပါက မသန်စွမ်းမှု အနေအထားပေါ် မူတည်ပြီး 1~3 အဆင့်သည် ပင်စင်ကြေးဖြင့်၊ 4 အဆင့်သည် တစ်ခါတည်း လျော်ကြေးအဖြစ် ခံစားခွင့် ရနိုင်ပါသည်။

ကျန်ရစ်သူမိသားစုပင်စင်

သတ်မှတ်ထားသည့် ပင်စင်အာမခံကြေး သွင်းခြင်းအချက်နှင့် ပြည့်စုံသောသူ သို့မဟုတ် ပင်စင်ကြေး(သက်ကြီး၊ မသန်စွမ်း1~2အဆင့်) ရယူနေသောသူမှ သေဆုံးသွားသည့်အခါတွင်မူ ထိုပုဂ္ဂိုလ်နှင့် အတူနေထိုင်လျက်ရှိသော ကျန်ရစ်သူမိသားစုထံ လစဉ် ကျန်ရစ်သူမိသားစုပင်စင်ကြေး ခံစားခွင့်ကို ပေးပါသည်။

တစ်လုံးတစ်ခဲတည်းပြန်အမ်းငွေ

နိုင်ငံခြားသားများနှင့် ပတ်သက်၍ စည်းမျဥ်းအရ တစ်လုံးတစ်ခဲတည်း ပြန်အမ်းငွေ ပေးခြင်းမျိုး မရှိသော်လည်း၊ အောက်ပါ အချက်များနှင့် ကိုက်ညီပါက အမိနိုင်ငံသို့ ပြန်သည့်အခါ၊ သေဆုံးသည့်ခါ၊ အသက် 60 ပြည့်သွားသည့်အခါများတွင် မိမိသွင်းခဲ့သည့် အာမခံကြေးအပေါ် အတိုးနှုန်းတစ်ခုဖြင့် ထပ်ပေါင်းတွက်ထားသည့် ပမာဏကို တစ်လုံးတည်း ပြန်အမ်းပေးပါသည်။

  1. 1၎င်း နိုင်ငံခြားသား၏ အမိနိုင်ငံသည် ကိုရီးယားနိုင်ငံသားများအား နိုင်ငံသားပင်စင် တစ်လုံးတစ်ခဲတည်းပြန်အမ်းငွေနှင့် ညီမျှသော ပမာဏကို ပေးသည့်အခါ
  2. 2ကိုရီးယားနိုင်ငံနှင့် နိုင်ငံခြားသား၏ အမိနိုင်ငံတို့အကြား ချုပ်ဆိုထားသော လူမှုရေးအာမခံချက်သဘောတူညီမှုတွင် တစ်လုံးတစ်ခဲတည်းပြန်အမ်းငွေ ပေးခြင်းနှင့် သက်ဆိုင်သော အချက် ပါရှိသည့်အခါ
  3. 3ကိုရီးယားနိုင်ငံတွင်း နေထိုင်ခွင့်ဗီဇာ E-8(သင်တန်းတက်အလုပ်ဝင်သည့်ဗီဇာ)၊ E-9(ကျွမ်းကျင်လုပ်သားမဟုတ်သောဗီဇာ)၊ H-2(လာရောက်အလုပ်လုပ်ကိုင်သည့်ဗီဇာ)တို့တွင် အကျုံးဝင်သော နိုင်ငံခြားသားအလုပ်သမားများ ဖြစ်သည့်အခါ
နိုင်ငံသားပင်စင် တစ်လုံးတစ်ခဲတည်းပြန်အမ်းငွေ ရနိုင်သော နိုင်ငံများ(46နိုင်ငံ)

ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ကာဇက်စတန်၊ ဟောင်ကောင်၊ ဘလိဇ်နိုင်ငံ၊ ဂရီနေဒါနိုင်ငံ၊ စိန့်ဗင်းဆင့်နှင့် ဂရိနေဒိုင်နိုင်ငံ၊ ဇင်ဘာဘွေ၊ ကင်မရွန်း၊ ဂါနာ၊ ဗန်နူအာတူ၊ ဘာမြူဒါ၊ ဆူဒန်၊ အယ်လ်ဆာဗေးဒေါ၊ ဂျော်ဒန်၊ ကင်ညာ၊ ထရီနီဒက်နှင့် တိုဘာဂို၊ ဘူတန်၊ ကိုလံဘီယာ၊ ယူဂန်ဒါ၊ တူနီးရှား (ဖော်ပြပါ 24နိုင်ငံသည် အပြန်အလှန်သဘောတူညီချက်အရ တစ်လုံးတစ်ခဲတည်းပြန်အမ်းငွေ ရနိုင်ပါသည်။)

ဂျာမနီ၊ အမေရိကန်၊ ကနေဒါ၊ ဟန်ဂေရီ၊ ပြင်သစ်၊ သြစတြေးလျ၊ ချက်သမ္မတနိုင်ငံ၊ ဘယ်လ်ဂျီယံ၊ ပိုလန်၊ စလိုဗက်ကီးယား၊ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယား၊ သြစတြီးယား၊ ဘရာဇီး၊ ပီရူး၊ ဆွစ်ဇာလန်၊ တူရကီ၊ အိန္ဒိယ၊ လူဇင်ဘတ်၊ စလိုဗေးနီးယား၊ ခရိုအေးရှား၊ ဥရုဂွေး (ဖော်ပြပါ 22နိုင်ငံသည် လူမှုရေးအာမခံချက်သဘောတူညီမှုအရ တစ်လုံးတစ်ခဲတည်းပြန်အမ်းငွေ ရနိုင်ပါသည်။)

  • E-8, E-9, H-2 နေထိုင်ခွင့်ဗီဇာများ ဖြစ်ပါက နိုင်ငံ ထည့်တွက်စရာ မလိုဘဲ အသေးစိတ်အချက်များကို နိုင်ငံသားပင်စင်ဌာန ဌာနခွဲသို့ သွားရောက်မေးမြန်းခြင်း သို့မဟုတ် ကုဒ်နံပါတ် မလိုဘဲ ☎1355သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
    အကိုးအကား : နိုင်ငံသားပင်စင်ဌာန ဟုမ်းပေ့ချ်(www.nps.or.kr)
အရင်းအမြစ်
အဆိုပါ လမ်းညွှန်စာအုပ်သည် “ဂုံးဂုံးနူရီ ပုံစံ 4 : အရင်းအမြစ်ဖော်ပြရန်+ကိုယ်ကျိုးအတွက် အသုံးပြုခြင်း မပြုရ+ပြောင်းလဲဖော်ပြခြင်း မပြုရ” သတ်မှတ်ချက်များပေါ် မူတည်ပြီး အသုံးပြုနိုင်ပါသည်။