ဒါနူရီကောလ်စင်တာ : 1577-1366
가족상담전화 : 1644-6621
ဆိုးလ် ဂျွန်းဂူ ထွယ်ဂရဲရို 173၊ 21လွှာ၊ 24လွှာ(ချွန်းမူရို 3ဂါ၊ NAMSAN SQUARE building)
Copyright ⓒ KOREA INSTITUTE FOR HEALTHY FAMILY. All Rights Reserved
ဆေးကုသစရိတ်ခံစားခွင့်စနစ်သည် စီးပွားရေးကြပ်တည်းမှုကြောင့် ဆေးကုသစရိတ် မတတ်နိုင်သော ပြည်သူများကိုယ်စား နိုင်ငံတော်မှ ဆေးကုသစရိတ် ရှင်းပေးသော စနစ်ဖြစ်ပါသည်။ အခြေခံအားဖြင့် နိုင်ငံခြားသားများသည် ဆေးကုသစရိတ်ခံစားခွင့် မရှိသော်လည်း ခြွင်းချက်အနေနှင့် ပြည်သူ့အခြေခံနေထိုင်မှု အာမခံချက်ဥပဒေပြဌာန်းချက်အရ နိုင်ငံခြားသားများလည်း ဆေးကုသစရိတ်ခံစားခွင့်အား ရယူခွင့် ရှိပါသည်။ ဆေးကုသစရိတ်ခံစားခွင့် ရနိုင်သည့် သူများမှ ရောဂါဖြစ်ခြင်း၊ ဒဏ်ရာရခြင်း၊ ကလေးမွေးဖွားခြင်း စသည်တို့ကြောင့် ဆေးရုံ၊ ဆေးခန်း စသည်တို့တွင် ဆေးကုသမှု ခံယူသည့်အခါ နိုင်ငံတော်မှ ထိုဆေးကုသစရိတ်အား ပေးချေပေးပါသည်။
ပြည်သူ့အခြေခံနေထိုင်မှု အာမခံချက်ဥပဒေတွင် ပြဌာန်းထားသော ဆေးကုသစရိတ်ခံစားခွင့် ရနိုင်သည့်သူများ(နိုင်ငံခြားသားအပါအဝင်)ဖြစ်ပါက မည်သူမဆို ဆေးကုသစရိတ်ခံစားခွင့်စနစ်၏ အကျိုးခံစားခွင့်ကို ရယူနိုင်ပါသည်။
အမျိုးအစား 1 ခံစားခွင့်ရှိသူ | အမျိုးအစား 2 ခံစားခွင့်ရှိသူ |
---|---|
- ပြည်သူ့အခြေခံနေထိုင်မှုအာမခံချက် ခံစားခွင့်ရှိသူများထဲမှ အလုပ်လုပ်နိုင်စွမ်း မရှိသော အိမ်ထောင်စု - အိမ်ခြေရာမဲ့ လူနာ - အခြားဥပဒေ သက်ရောက်မှုရှိသောသူ(ဘေးဒုက္ခသည်၊ အများအား ကူညီကယ်ဆယ်ရာမှ ထိခိုက်ဒဏ်ရာရသူ၊ နိုင်ငံတော်အကျိုးပြုသူ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပိုင်ဆိုင်ထားသူ၊ မြောက်ကိုရီးယားမှ ပြောင်းရွှေ့လာသူများ၊ 5·18 ဒီမိုကရေးစီအရေးအခင်းနှင့် ဆက်နွယ်မှုရှိသူများ၊ မွေးစားကလေးများ(အသက် 18နှစ်အောက်)၊ ခြေသလုံးအိမ်တိုင်နေရသူများ စသည်)များထဲမှ အလုပ်လုပ်နိုင်စွမ်း မရှိသော အိမ်ထောင်စု | - ပြည်သူ့အခြေခံနေထိုင်မှုအာမခံချက် ခံစားခွင့်ရှိသူများထဲမှ အလုပ်လုပ်နိုင်စွမ်း ရှိသော အိမ်ထောင်စု - အခြားဥပဒေဖြင့် သက်ရောက်မှုရှိသောသူများထဲမှ အလုပ်လုပ်နိုင်စွမ်းရှိသော အိမ်ထောင်စု |
ဆေးကုသစရိတ်ခံစားခွင့်ရှိသူဖြစ်သော်ငြားလည်း ဆေးကုသစရိတ်၏ တချို့တစ်ဝက်ကိုမူ ကာယကံရှင်မှ ပေးရမည် ဖြစ်ပါသည်။
အကြောင်းအရာ | အမျိုးအစား 1 ခံစားခွင့်ရှိသူ | အမျိုးအစား 2 ခံစားခွင့်ရှိသူ |
---|---|---|
ဆေးရုံတက်ခြင်း | အာမခံအကျုံးဝင်သည့် ကုန်ကျစရိတ် ကင်းလွတ်ခွင့် | အာမခံအကျုံးဝင်သည့် ကုန်ကျစရိတ်၏ 10% |
ပြင်ပလူနာ | ဆေးခန်း(ဝမ် 1,000) ဆေးရုံနှင့် အထွေထွေရောဂါကုဆေးရုံ(ဝမ် 1,500) အထွေထွေရောဂါကု အဆင့်မြင့်ဆေးရုံ(ဝမ် 2,000) | ဆေးခန်း(ဝမ် 1,000) ဆေးရုံနှင့် အထွေထွေဆေးရုံ(အာမခံအကျုံးဝင်သည့် ကုန်ကျစရိတ်၏ 15%) အထွေထွေရောဂါကု အဆင့်မြင့်ဆေးရုံ(အာမခံအကျုံးဝင်သည့် ကုန်ကျစရိတ်၏ 15%) |
ဆေးဆိုင် | ဝမ် 500(ဆေးစာ 1ရွက်အတွက်) | ဝမ် 500(ဆေးစာ 1ရွက်အတွက်) |
ဆေးကုသစရိတ်ခံစားခွင့် ရယူသူသည် ပထမအဆင့် ဆေးကုသစရိတ်ခံစားခွင့်ဌာနတွင် အရင်ဆုံး ဆေးကုသစရိတ်ခံစားခွင့်အား လျှောက်ထားရမည် ဖြစ်ပြီး၊ ဒုတိယအဆင့် ဆေးကုသစရိတ်ခံစားခွင့်ဌာန၊ တတိယအဆင့် ဆေးကုသစရိတ်ခံစားခွင့်ဌာနတို့ကို အစဉ်လိုက် အသုံးပြုနိုင်ပါသည်။(ခြွင်းချက်များ ရှိပါသည်။)