လူငယ်များ ဖလှယ်မှုမှတစ်ဆင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား ချစ်ကြည်ရေး တိုးမြှင့်ခြင်းနှင့် ဂလိုဘယ် ခေါင်းဆောင် ပျိုးထောင်ခြင်းအတွက် လူငယ်များအား အမျိုးမျိုးသော နိုင်ငံတကာ လှုပ်ရှားမှုဆိုင်ရာ အခွင့်အရေးများ ပေးလျက် ရှိပြီး၊ နိုင်ငံခြားသွေးနှောမိသားစုများ၏ ပါဝင်မှုကို အားပေးလျက် ရှိပါသည်။
အစီအစဥ် | ပါဝင်နိုင်သူများ | ကာလ | အကြောင်းအရာ |
---|---|---|---|
နှစ်နိုင်ငံကြား ဆယ်ကျော်သက်လူငယ်များ ဖလှယ်မှု | အသက် 16နှစ် ~ 24နှစ် လူငယ်များ | 10ရက် | သဘောတူညီချက် လက်မှတ်ရေးထိုးထားသည့် နိုင်ငံများမှ လူငယ်များနှင့် ဖလှယ်ခြင်း၊ လူငယ်အဖွဲ့အစည်းများသို့ သွားရောက်လေ့လာခြင်း၊ ယဉ်ကျေးမှု အတွေ့အကြုံယူခြင်း လှုပ်ရှားမှု စသည်တို့မှတစ်ဆင့် ကိုရီးယား လူငယ်များ၏ သူတစ်ပါးယဉ်ကျေးမှုများအား နားလည်လက်ခံနိုင်စွမ်း မြှင့်တင်ခြင်း |
‘အိပ်မက်နှင့် လူများအကြားသို့ ' လူငယ် ပြည်ပပရဟိတအဖွဲ့ | အသက် 15နှစ် ~ 24နှစ် လူငယ်များ | 9 ရက်အတွင်း
| ပြည်ပပရဟိတ လှုပ်ရှားမှုများမှတစ်ဆင့် ဆယ်ကျော်သက်လူငယ်များ၏ မိမိကိုယ်ကို လက်တွေ့အကောင်ထည်ဖော်ခြင်းနှင့် နိုင်ငံတကာစွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ လူ့အဖွဲ့အစည်းတွင် စာနာထောက်ထားရမည့် အလွှာနှင့် နိုင်ငံခြားသွေးနှောမိသားစု ဆယ်ကျော်သက်လူငယ်များကို အဓိကရည်ရွယ်သော အထူးပရိုဂရမ်များ စီစဉ်ဆောင်ရွက်ပေးခြင်း |
‘လူငယ်များကို ကမ္ဘာ့အရေးပါသော လူများအဖြစ်သို့’ နိုင်ငံတကာအစည်းအဝေး တက်ရောက်မှုအဖွဲ့ | အသက် 15နှစ် ~ 24နှစ် လူငယ်များ | 3 ရက်ဝန်းကျင်
| ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ စသည့် နိုင်ငံတကာ အစည်းအဝေးနှင့် အခမ်းအနားများတွင် ကိုရီးယားသမ္မတနိုင်ငံ ကိုယ်စားပြုအနေဖြင့် ပါဝင်လှုပ်ရှားပြီး တင်ပြချက်များနှင့် နိုင်ငံအသီးသီးမှ ဆယ်ကျော်သက်လူငယ် ကိုယ်စားပြုများနှင့် ဆွေးနွေးဖလှယ်ခြင်း |
နိုင်ငံခြားသွေးနှောမိသားစု သားသမီးများ ကြီးထွားဖွံ့ဖြိုးမှု ပံ့ပိုးရေး အစီအစဥ်သည် နိုင်ငံခြားသွေးနှောမိသားစု၏ သားသမီးများ ကြီးပြင်းချိန် မိမိတို့ ဖြစ်တည်မှုအား ပြန်လည်ရှာဖွေခြင်း၊ လူမှုဆက်ဆံရေး ကောင်းမွန်စေရန်နှင့် ခေါင်းဆောင်မှုစွမ်းရည် တိုးတက်ကောင်းမွန်ရေး၊ အသက်မွေး လမ်းကြောင်းဆိုင်ရာ အတွေ့အကြုံများ စသဖြင့် အမျိုးမျိုးသော ပရိုဂရမ်များကို စီစဉ်ပေးကာ ကျန်းမာကောင်းမွန်စွာ ကြီးပြင်းလာစေရန် အကူအညီပေးခြင်းနှင့် မိဘနှင့် သားသမီးကြား ဆက်ဆံရေး ကောင်းမွန်စေရန် အထောက်အကူပြုလျက် ရှိပါသည်။ ထို့အပြင် ဒေသတွင်းရှိ ဆက်စပ်ဌာနများအကြား ချိတ်ဆက်ပြီး နိုင်ငံခြားသွေးနှောမိသားစု သားသမီးများနှင့် မိဘများအတွက် စနစ်တကျ စုစည်းထားသော ဝန်ဆောင်မှုများကို ပေးလျက်ရှိပါသည်။ ထိုမှတစ်ဆင့် နိုင်ငံခြားသွေးနှောမိသားစု၏ သားသမီးများသည် နိုင်ငံအတွက် ယှဉ်ပြိုင်အားရှိအောင် အထောက်အကူပြုသော လူရည်ချွန်များအဖြစ် ကြီးပြင်းလာနိုင်စေရန် တစ်နိုင်ငံလုံးရှိ ကျန်းမာပျော်ရွှင်မိသားစုကမ္ဘာ၊ နိုင်ငံခြားသွေးနှောမိသားစုအထောက်အကူပြုစင်တာများမှ အမျိုးမျိုးသော ဝန်ဆောင်မှုများ ပေးလျက် ရှိပါသည်။
ကျန်းမာပျော်ရွှင်မိသားစုကမ္ဘာ၊ နိုင်ငံခြားသွေးနှောမိသားစု အထောက်အကူပြုစင်တာ