ဆံပင်ကောက်ခြင်း၊ ညှပ်ခြင်း၊ ဆေးဆိုးခြင်း၊ လက်သည်းအလှဆင်ခြင်း၊ အလှပြင်ခြင်း ဝန်ဆောင်မှုများကို အသုံပြုနိုင်ပါသည်။ အသုံးပြုခမှာ ဝန်ဆောင်မှု အသုံးပြုခြင်းအပေါ် မူတည်၍ ကွာခြားပြီး၊ ရိုးရိုး ဆံပင်ညှပ်ရုံဆိုလျှင် များသောအားဖြင့် ဝမ် 10,000~30,000ဝန်းကျင်၊ ဆံပင်ကောက်ခြင်းအတွက် ဝမ် 20,000မှ 100,000အထက်အထိ အမျိုးအစားများ အင်မတန် စုံလင်ပါသည်။
ကိုရီးယားနိုင်ငံ၏ အများသုံး ရေချိုးခန်းများမှာ ‘ရေချိုးခန်း’ ၊ ‘ဆာအူနာ’, ‘ချွေးထုတ်ခန်း’ စသဖြင့် ခွဲထားပါသည်။
ကိုရီးယားနိုင်ငံ၏ ရေချိုးခန်း ယဉ်ကျေးမှုမှာ အထူးသဖြင့် ဖွံ့ဖြိုးလျက် ရှိပါသည်။ လူအများစုသည် 1~2ပတ်ခြား တစ်ခါစီ အများသုံးရေချိုးခန်းသို့ သွားကာ ရေနွေးပူထဲ၌ ခန္ဓာကိုယ်ကို စိမ်ပြီး ချေးချွတ်ကြပါသည်။
ရေချိုးသည့်အခါတွင် အဝတ်အစားအားလုံးကို ချွတ်ပြီး ရေချိုးကြပါသည်။ ကိုရီးယားနိုင်ငံတွင် အတူ ရေချိုးရန် သွားခြင်းသည် ဤမျှ ရင်းနှီးသော ဆက်ဆံရေးဆိုသည့် အဓိပ္ပါယ် ဖြစ်ပါသည်။ မရင်းနှီးပါက အဝတ်မပါဘဲ အတူတူ ရေချိုးရန် လွယ်ကူသော ကိစ္စမဟုတ်သည့်အတွက် ဖြစ်ပါသည်။ ထိုကဲ့သို့သော ယဉ်ကျေးမှုမျိုး မရှိသည့် နိုင်ငံမှ လာသည့် လူများအတွက် အရမ်း အမြင်စိမ်းပြီး ကျင့်သားရရန်မှာ မလွယ်ကူပါ။ ရံဖန်ရံခါ ရေချိုးခန်းသို့ သွားကြသော နိုင်ငံခြားသားများသည် အတွင်းခံအဝတ်များ ဝတ်ပြီး ရေချိုးကန်ထဲ ဆင်းသဖြင့် ကိုရီးယားလူမျိုးများကို အံ့အားသင့်စေသည့် အခြေအနေမျိုးလည်း ရှိပါသည်။ ကိုယ်လုံးတည်းဖြင့် လူအများနှင့် အတူတူ ရေချိုးခြင်းကို အသားမကျသေးသော်လည်း ကိုရီးယားတွင် အများသုံးရေချိုးခန်းများ အသုံးပြုလိုပါက လိုက်နာရမည်ဖြစ်ပါသည်။
ကျန်းမာရေးတွင် အထူးအထွေ ချို့ယွင်းမှု မရှိသော သူသည်လည်း ရေနွေးပူထဲမှာ အကြာကြီး စိမ်နေခြင်းသည် မကောင်းပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်သည်များ၊ နှလုံးရောဂါသည်များသည် အန္တရာယ်ရှိနိုင်သည့်အတွက် မသွားသင့်ပါ။ ချွေး အများကြီး ထွက်သည့်အတွက် မိနစ် 30ခြား တစ်ခါ ရေ တစ်ခွက်စီ သောက်ပေးပြီး ရေဓာတ် ဖြည့်တင်းပေးရပါမည်။ သောက်ရေကို အများအားဖြင့် အခမဲ့ ပေးထားပြီး ဂတ်စ်ပါသည့် အချိုရည်များ စသည်ကိုလည်း ရောင်းချပေးပါသည်။ ညပိုင်း အရက် အများကြီး သောက်ပြီးနောက် ချွေးထုတ်ခန်း သို့မဟုတ် ဆာအူနာတွင် ညအိပ်ပြီး နောက်နေ့ တန်းပြီး အလုပ်သွားသူများလည်း ရှိပါသည်။ သို့ရာတွင် အရက် သောက်ထားလျှင် ခန္ဓာကိုယ်၏ ရေဓာတ်များ မလုံလောက်တော့သည့်အတွက် ချွေးထုတ်ခန်း၌ ချွေး အများကြီး ထွက်သွားပါက ကျန်းမာရေးအတွက် အင်မတန် မကောင်းပါ။ ထို့အပြင် အရေပြားရောဂါ သို့မဟုတ် ကူးစက်ရောဂါ ရှိပါက လုံးဝ အများသုံးရေချိုးခန်းသို့ သွားဖို့ မသင့်ပါ။
အတွင်းခံ မချွတ်ဘဲ ရေချိုးကန်ထဲ ဆင်းခြင်း သို့မဟုတ် ရေချိုးကန်ထဲတွင် ချေးတွန်းခြင်း မပြုလုပ်ရန်။ ရေနွေးနှင့် ဆပ်ပြာ ရှိသည်ဆိုပြီး အဝတ်လျှော်ခြင်း မပြုလုပ်ရန်။
ဆေးရုံ၊ ဆေးခန်းများသည် လူနာကို စမ်းသပ်ကုသပေးရန် နေရာဖြစ်ပြီး၊ ရောဂါများ ကာကွယ်ခြင်း၊ ပြန်လည်ကောင်းမွန်ရေး ဝန်ဆောင်မှုများကို ပေးနိုင်သော facilitiesများ ရှိပါသည်။ ရောဂါအမျိုးအစားအလိုက် ကုသမှုဌာနပေါ် မူတည်ပြီး ရိုးရိုး ဆေးရုံ၊ ရောဂါ အားလုံးကို ကုသပေးသည့် အထွေထွေရောဂါကုဆေးရုံ၊ တိုင်းရင်းဆေးပညာဖြင့် ကုသပေးသော တိုင်းရင်းဆေးရုံ စသည်တို့ ရှိပါသည်။ ရောဂါ၏ အခြေအနေနှင့် ကုသနည်းပေါ် မူတည်ပြီး ဆေးကုသစရိတ်မှာ ကွာခြားပါသည်။
ဆေးမှူးသည် ကုသမှုအတွက် ဆေးဝါးများ စပ်ပေးနိုင်ပြီး၊ ကျန်းမာရေးအထောက်အကူနှင့် ကျန်းမာရေးပြုစုမှုအတွက် လိုအပ်သည့် ဆေးဝါးများလည်း ရောင်းချပေးသော နေရာဖြစ်ပါသည်။ ဆေးဆိုင်များသည် နိုင်ငံတော်မှ အသိအမှတ်ပြုထားသော ဆေးမှူး သို့မဟုတ် တိုင်းရင်းဆေးမှူး မဟုတ်ပါက ဆိုင်ဖွင့်ခွင့် မရှိအောင် အထူးကြပ်မတ်ထားပြီး ဆေးစပ်ပေးခြင်း တာဝန်အပြင် ဆေးပေးခြင်းနှင့် ဆေးသောက်နည်းများကိုလည်း ညွှန်ကြားပေးပါသည်။ ဆေးရုံမှ ဆေးစာ ယူပြီးနောက် ဆေးဆိုင်တွင် ဝယ်ယူနိုင်ပါသည်။
အမျိုးမျိုးသော စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို အမျိုးအစားအလိုက် စုံလင်စွာ ရောင်းချပါသည်။ အကျယ်အဝန်းပေါ် မူတည်ပြီး အသေးစား martမှစပြီး အကြီးစား martဟူ၍ ခွဲထားပါသည်။ ကျယ်ဝန်းပြီး သေသပ်သော ပတ်ဝန်းကျင်ကို ဖန်တီးထားကာ ကာစတန်မာ ဝန်ဆောင်မှုများနှင့် ပစ္စည်းအရည်အသွေးများ ကောင်းမွန်သည့်အတွက် အသုံးပြုသူ များပြားပါသည်။ အချိန်ပေါ် မူတည်ပြီး လျှော့စျေးဖြင့် ပစ္စည်းများကို ဝယ်ယူနိုင်သည့်အတွက် တွက်ခြေကိုက်သော စျေးဝယ်ခြင်းမျိုးလည်း လုပ်နိုင်ပါသည်။
ရုပ်ရှင် ရုံတင်ပြသသော ယဉ်ကျေးမှုနေရာအဖြစ် ၎င်း၏ အကျယ်အဝန်းသည် အမျိုးမျိုးရှိပါသည်။ လတ်တလော ပြသသည့် ရုံအလိုက် ထူးခြားချက်များကို သီးခြားထားရှိပြီး 3D, 4Dရုပ်ရှင် စသည့် facilitiesများ စီမံထားရှိပြီး အသုံးပြုသူများ အဆင်ပြေစေရန် အမျိုးမျိုးသော ဝန်ဆောင်မှုများကို ပေးလျက် ရှိပါသည်။ မနက် စောစောမှ စပြီး ညနက်သည်အထိ ကြည့်ရှုသူ ပရိသတ်များ လာရောက် ကြည့်ရှုနိုင်စေရန် များပြားသော ရုပ်ရှင်ပြသချိန်များကို စီမံဆောင်ရွက်ပေးပါသည်။
ရပ်ကွက်နေ ပြည်သူများ လွတ်လပ်စွာ အသုံးပြုနိုင်စေရန် ဆောက်လုပ်ထားသော ပန်းခြံဖြစ်ပါသည်။ ဒေသအလိုက် အကျယ်အဝန်း ကွာခြားချက်များရှိပြီး ကလေးများအတွက် ကစားကွင်းနှင့် လူကြီးများအတွက် အားကစားပစ္စည်းများ ထားရှိပေးပါသည်။ အနီးအနားတွင် နေထိုင်သူများ၏ ကိုယ်ကျန်းမာရေးနှင့် စိတ်ကျန်းမာရေးအတွက် အထောက်အကူပြုလျက် ရှိပါသည်။