ဒါနူရီကောလ်စင်တာ
1577-1366
မိသားစုဆွေးနွေးမှုဖုန်းနံပါတ်
1644-6621
한국생활안내 정보더하기 사이트로 이동

မီးဖွားခွင့်နှင့် ကလေးပြုစုစောင့်ရှောက်ခွင့်

  • ပင်မစာမျက်နှာ
  • လုပ်ငန်းခွင်ဝင်ခြင်းနှင့် အလုပ်လုပ်ခြင်း
  • မီးဖွားခွင့်နှင့် ကလေးပြုစုစောင့်ရှောက်ခွင့်

မီးဖွားခွင့်နှင့် ကလေးပြုစုစောင့်ရှောက်ခွင့်

အလုပ်သမားသည် ကိုယ်ဝန်ရှိပါက ကလေး မီးမဖွားမီနှင့် မီးဖွားပြီးနောက်တွင် မီးဖွားခွင့်ကို အသုံးပြုနိုင်ပါသည်။ ထို့အပြင် အသက် 8နှစ်အောက် သို့မဟုတ် မူလတန်းကျောင်း Grade 2တန်းထက် ငယ်သော သားသမီးအား ပြုစုစောင့်ရှောက်ရန်အတွက် ကလေးပြုစုစောင့်ရှောက်ခွင့်(ကလေးငယ်သေးသည့် အချိန်၌ အလုပ်ချိန် လျှော့ပေါ့ခြင်း)စနစ်ကို အသုံးပြုနိုင်ပါသည်။

  • ကလေးပြုစုစောင့်ရှောက်ခွင့်သည် ကိုယ်ဝန်ဆောင် အမျိုးသမီး အလုပ်သမားများအတွက်လည်း အကျုံးဝင်ပါသည်။

01မီးဖွားခွင့်

(1)ခံစားခွင့် ရှိသူများ

  • အလုပ်သမားဥပဒေအရ အလုပ်သမား 1ဦးနှင့်အထက် ခန့်ထားသော လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသော အမျိုးသမီး အလုပ်သမားများသည် အလုပ်စာချုပ်ပုံစံ(အမြဲတမ်းဝန်ထမ်း၊ အမြဲတမ်းဝန်ထမ်း မဟုတ်သူ စသည်)နှင့် မသက်ဆိုင်ဘဲ မည်သူမဆို အသုံးပြုနိုင်ပါသည်။

(2)မီးဖွားခွင့်ကာလ

အဆင်ပြေချောမွေ့စွာ ကလေးမီးဖွားဖြစ်ပါက မီးဖွားသည့်နေ့ ‌ရှေ့နောက်ပေါင်း ရက် 90ကြာ ခွင့်ခံစားနိုင်ပါသည်။
မီးဖွားခွင့်ကာလအနေဖြင့် မီးဖွားပြီးနောက် ခွင့်ရက်မှာ မဖြစ်မနေ 45ရက်နှင့် အထက် ဖြစ်ရပါမည်။
  • ① အလုပ်သမားသည် ကလေးပျက်ကျဖူးခြင်း၊ အသေမွေးဖူးခြင်း စသည့် အတွေ့အကြုံ ရှိဖူးပါက၊ ② အလုပ်သမား၏ အသက်သည် 40နှင့် အထက်ဖြစ်ပါက၊ ③ အလုပ်သမားတွင် ကလေးပျက်ကျမည့်၊ အသေမွေးမည့် အန္တရာယ်ရှိသည်ဟု ဆေးရုံဆေးခန်းမှ ဆေးစစ်ချက်ထောက်ခံစာ တင်ပြနိုင်ပါက မီးမဖွားမီ အသုံးပြုနိုင်သော ခွင့်ရက် 44ရက်ကို ကိုယ်ဝန်အစောပိုင်း၌ ကြိုပြီး အသုံးပြုနိုင်ပါသည်။
မီးဖွားခွင့်သည် သက်ဆိုင်ရာ လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသော အလုပ်သမားများအတွက် ခံစားခွင့်ပေးထားသော စနစ်ဖြစ်သည့်အတွက် ခွင့်ကာလအတွင်း အလုပ်စာချုပ် သက်တမ်းပြည့်သွားပါက စာချုပ်သက်တမ်းပြီးသွားသည့် အချိန်တွင် မီးဖွားခွင့်သည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။
  • တစ်ကြိမ်တည်း ကလေး နှစ်ယောက်နှင့်အထက်(အမွှာပူး စသည်) မွေးပါက မီးဖွားခွင့်ကို ရက်ပေါင်း 120 ခံစားနိုင်ပါသည်။ ဤအချိန်မျိုးတွင် မီးဖွားပြီးနောက် အသုံးပြုသည့် ခွင့်ကာလသည် ရက်ပေါင်း 60နှင့်အထက် ဖြစ်ရပါမည်။

(3)မီးဖွားခွင့်လစာခံစားခွင့်

  • မီးဖွားခွင့်ကာလအတွင်း မီးဖွားခွင့်လစာခံစားခွင့် ရရှိပါသည်။
  • ကုမ္ပဏီကြီးများဖြစ်ပါက ရက် 60စာကို ကုမ္ပဏီမှ ပုံမှန်လစာ၏ 100%အတိုင်း ပေးပြီး၊ ကျန် ရက် 30အတွက်ကိုမူ အလုပ်အကိုင်အာမခံမှ ပေးမည် ဖြစ်ပါသည်။(တစ်လလျှင် ဝမ် 2,100,000 အကန့်အသတ်ဖြင့်)
  • ဦးစားပေးထောက်ပံ့မှုတွင် အကျုံးဝင်သည့် ကုမ္ပဏီလုပ်ငန်း(အသေးစားအလတ်စားလုပ်ငန်း)များ ဖြစ်ပါက၊ ရက် 90စာ အတွက် ခွင့်ခံစားခွင့်လစာကို အလုပ်အကိုင်အာမခံမှ ပေးပြီး(တစ်လလျှင် ဝမ် 2,100,000 အကန့်အသတ်ဖြင့်) ပထမဆုံး ရက် 60စာကိုမူ ကုမ္ပဏီမှ ပုံမှန်လစာထဲမှ မီးဖွားခွင့်လစာခံစားခွင့်ကို နုတ်ပြီး ကျန်ငွေပမာဏကို ပေးပါသည်။
  • ယာယီအလုပ်သမား၊စေလွှတ်ထားသော အလုပ်သမားသည် မီးဖွားခွင့် ကာလအတွင်း စာချုပ်သက်တမ်းပြည့်သွားပါက ကျန်ရှိနေသော ခွင့်ကာလနှင့် ပတ်သက်သည့် ဥပဒေအရ ခွင့်ခံစားခွင့်လစာကို အလုပ်အကိုင်အာမခံထံမှ ရယူနိုင်ပါသည်။
  • တစ်ကြိမ်တည်း ကလေးနှစ်ယောက်နှင့်အထက်(အမွှာပူး စသည်) မွေးသည့်အခါ ကုမ္ပဏီကြီးဆိုပါက 75ရက်စာကို ကုမ္ပဏီမှ ပုံမှန်လစာ၏ 100%အတိုင်း ပေးပြီး၊ ကျန်သည့် 45ရက်စာကိုမူ အလုပ်အကိုင်အာမခံမှ ပေးပါသည်(တစ်လလျှင် ဝမ် 2,100,000 အကန့်အသတ်ဖြင့်)။ အသေးစားအလတ်စားလုပ်ငန်းများ ဖြစ်ပါက၊ ရက် 120 အတွက် မီးဖွားခွင့် ခံစားခွင့်လစာကို အလုပ်အကိုင်အာမခံမှ ပေးပါသည်။(တစ်လလျှင် ဝမ် 2,100,000 အကန့်အသတ်ဖြင့်)။

(4)မီးဖွားခွင့်လစာခံစားခွင့် လျှောက်ထားနည်း

မီးဖွားခွင့်လစာခံစားခွင့်ကို ရယူလိုသည့် အလုပ်သမားသည် အလုပ်ရှင်ထံမှ မီးဖွားခွင့် အတည်ပြုလွှာကို ယူဆောင်ပြီး မီးဖွားခွင့်လစာခံစားခွင့် လျှောက်လွှာနှင့်အတူ လျှောက်ထားသူ နေထိုင်သည့် နေရာ သို့မဟုတ် လုပ်ငန်းခွင် တည်ရှိသည့် နေရာအပိုင် ဂိုယုံးစင်တာတို့တွင် တင်ပြလျှောက်ထားနိုင်ပါသည်။
လိုအပ်သည့် စာရွက်စာတမ်းများ
  • ကုမ္ပဏီမှ ပြင်ဆင်ရမည့် စာရွက်စာတမ်း : မီးဖွားခွင့် အတည်ပြုလွှာ၊ လစာရှင်းတမ်း၊ အလုပ်စာချုပ်မိတ္တူ စသည့် လုပ်ခလစာအား စစ်ဆေးနိုင်သော စာရွက်စာတမ်းများ
  • အလုပ်ခန့်ထားရေးနှင့် အလုပ်သမားဝန်ကြီးဌာန ဟုမ်းပေ့ချ် သို့မဟုတ် ဂိုယုံးစင်တာမှ ထုတ်ယူရမည့် စာရွက်စာတမ်း : မီးဖွားခွင့်လစာခံစားခွင့် လျှောက်လွှာ

02ကလေးပျက်ကျခြင်း၊ အသေမွေးခြင်းဆိုင်ရာခွင့်

(1)ခံစားခွင့် ရှိသူများ

  • ကလေးပျက်ကျခြင်း၊အသေမွေးခြင်းဆိုင်ရာခွင့်သည် အခြေခံအားဖြင့် သဘာဝအတိုင်း ပျက်ကျသည့် အခြေအနေတွင်သာ ခံစားခွင့်ရှိပြီး(တမင်တကာ ကိုယ်ဝန်ဖျက်ရန် ခွဲစိတ်မှုလုပ်ခြင်း ဖြစ်ပါက 「မိခင်နှင့်ကလေးကျန်းမာရေးဥပဒေ」 ပုဒ်မ14အပိုဒ်1ပါ အကြောင်းရင်းများဖြစ်မှသာ ခံစားခွင့် ရရှိနိုင်ပြီး)၊ ခွင့်ကာလမှာ ကိုယ်ဝန်အပတ်ရေပေါ် မူတည်ပြီး ခွဲခြား၍ ခံစားခွင့်ပေးပါသည်။
  • အလုပ်သမားဥပဒေအရ 1ဦးနှင့်အထက် ခန့်ထားသော လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသော အမျိုးသမီးအလုပ်သမားသည် အလုပ်စာချုပ်ပုံစံ(အမြဲတမ်းဝန်ထမ်း၊ အမြဲတမ်းဝန်ထမ်း မဟုတ်သူ စသည်)နှင့် မသက်ဆိုင်ဘဲ မည်သူမဆို အသုံးပြုနိုင်ပါသည်။

(2)ကိုယ်ဝန်ပျက်ကျခြင်းနှင့် အသေမွေးခြင်းဆိုင်ရာခွင့်ကာလ

ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် အသေမွေးခြင်း မဖြစ်ပွားမီ ကိုယ်ဝန်အပတ်ရေအပေါ် မူတည်ပြီး အဆင့်ခွဲ၍ အနားယူရန် ခွင့်ခံစားခွင့်ပေးပါသည်။
  • ကိုယ်ဝန် ~11ပတ်အောက် : ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် အသေမွေးခြင်း ဖြစ်ပွားသည့်နေ့မှစပြီး 5ရက်အထိ အနားယူရန် ခွင့်ခံစားခွင့်ပေးပါသည်။
  • ကိုယ်ဝန် 12~15ပတ်အတွင်း : ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် အသေမွေးခြင်း ဖြစ်ပွားသည့်နေ့မှစပြီး 10ရက်အထိ အနားယူရန် ခွင့်ခံစားခွင့်ပေးပါသည်။
  • ကိုယ်ဝန် 16~21ပတ်အတွင်း : ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် အသေမွေးခြင်း ဖြစ်ပွားသည့်နေ့မှစပြီး ရက်30အထိ အနားယူရန် ခွင့်ခံစားခွင့်ပေးပါသည်။
  • ကိုယ်ဝန် 22~27ပတ်အတွင်း: ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် အသေမွေးခြင်း ဖြစ်ပွားသည့်နေ့မှစပြီး ရက်60အထိ အနားယူရန် ခွင့်ခံစားခွင့်ပေးပါသည်။
  • ကိုယ်ဝန် 28ပတ်နှင့်အထက် : ကိုယ်ဝန်ပျက်ကျခြင်း၊အသေမွေးခြင်း ဖြစ်ပွားသည့်နေ့မှစပြီး ရက်90အထိဖြစ်ပါသည်။

(3)ကိုယ်ဝန်ပျက်ကျခြင်းနှင့် အသေမွေးခြင်းဆိုင်ရာခွင့် လစာခံစားခွင့်

  • ကိုယ်ဝန်ပျက်ကျခြင်းနှင့် အသေမွေးခြင်းကြောင့် ခွင့်ယူသည့်အခါ လစာခံစားခွင့်အနေဖြင့် မီးဖွားခွင့်နှင့် တူညီသော စံနှုန်းအတိုင်း ရရှိနိုင်ပါသည်။
  • ကုမ္ပဏီကြီးများသည် ခွင့်ကာလအတွင်း ပထမဆုံး ရက် 60ကို ကုမ္ပဏီမှ၊ ရက် 60ကျော်သွားပြီးနောက် ကျန်သည့် ရက် 30ကိုမူ အလုပ်အကိုင်အာမခံမှ ထုတ်ပေးပါသည်။(တစ်လလျှင် ဝမ် 2,100,000 အကန့်အသတ်ဖြင့်)
  • ဦးစားပေးထောက်ပံ့မှုတွင် အကျုံးဝင်သည့် ကုမ္ပဏီများတွင် ခွင့်ကာလ ရက် 90 လုံးကို အလုပ်အကိုင်အာမခံမှ ခံစားခွင့်လစာအား ထုတ်ပေးပါသည်။(တစ်လလျှင် ဝမ် 2,100,000 အကန့်အသတ်ဖြင့်)

(4)ကိုယ်ဝန်ပျက်ကျခြင်းနှင့် အသေမွေးခြင်းဆိုင်ရာခွင့် လစာခံစားခွင့် လျှောက်ထားနည်း

  • ကိုယ်ဝန်ပျက်ကျခြင်းနှင့် အသေမွေးခြင်းဆိုင်ရာခွင့် လစာခံစားခွင့်ကို ရယူလိုသည့် အလုပ်သမားသည် လုပ်ငန်းရှင်ထံမှ ကိုယ်ဝန်ပျက်ကျခြင်းနှင့် အသေမွေးခြင်းဆိုင်ရာခွင့် အတည်ပြုလွှာ ထုတ်ယူပြီး ကိုယ်ဝန်ပျက်ကျခြင်းနှင့် အသေမွေးခြင်းခွင့် လစာခံစားခွင့် လျှောက်လွှာနှင့် ကိုယ်ဝန်ပျက်ကျခြင်းနှင့် အသေမွေးခြင်း အမှန်တရားအား သိရှိနိုင်သော ဆေးရုံဆေးခန်းမှ ဆေးစစ်ချက်ထောက်ခံစာတို့ကို လျှောက်ထားသူ နေထိုင်ရာဒေသ သို့မဟုတ် လုပ်ငန်းခွင် တည်ရှိရာ ဒေသအပိုင် ဂိုယုံးစင်တာသို့ တင်ပြလျှောက်ထားနိုင်ပါသည်။

03ကလေးပြုစုစောင့်ရှောက်ခွင့်

ကိုယ်ဝန်ဆောင်နေသော အမျိုးသမီးအလုပ်သမား သို့မဟုတ် အသက် 8နှစ်အောက် သို့မဟုတ် မူလတန်းကျောင်း Grade 2တန်းထက် ငယ်သော သားသမီးရှိသည့် အလုပ်သမားများသည် သားသမီး ပြုစုစောင့်ရှောက်ရန် 1နှစ်တာ ခွင့်ရယူနိုင်ပါသည်။

(1)ခံစားခွင့် ရှိသူများ

  • ကလေးပြုစုစောင့်ရှောက်ခွင့်သည် လုပ်ငန်းခွင် တစ်ခုတွင် 6လနှင့်အထက် ဆက်တိုက် အလုပ်လုပ်နေပြီး၊ ကိုယ်ဝန်ဆောင် အမျိုးသမီးအလုပ်သမား သို့မဟုတ် အသက် 8နှစ်အောက် သို့မဟုတ် မူလတန်းကျောင်း Grade 2တန်းထက် ငယ်သော သားသမီးရှိသည့် အလုပ်သမားဖြစ်ပါက ကျား၊မ မရွေး အားလုံး လျှောက်ထားခွင့် ရှိပါသည်။
  • အမျိုးသမီး၊ အမျိုးသားအလုပ်သမားများ ကလေးပြုစုစောင့်ရှောက်မှု ပြဿနာကြောင့် အလုပ်ထွက်ခြင်းကို တားဆီးနိုင်ပြီး၊ အလုပ်နှင့် မိသားစု နှစ်မျိုးလုံး သဟဇာတဖြစ်အောင် ဆောင်ရွက်နိုင်စေရန် အလုပ်ထွက်စရာလည်း မလိုဘဲ အလုပ် ခဏနားနိုင်သော ကလေးပြုစုစောင့်ရှောက်ခွင့်အား အာမခံချက်ပေးထားပါသည်။

(2)ကလေးပြုစောင့်ရှောက်ခွင့်ကာလ

  • ကလေးပြုစုစောင့်ရှောက်ရန် ခွင့်ယူခြင်းကို တစ်နှစ်ကြာ (တစ်နှစ်နှင့် ခြောက်လအထိ*) အာမခံထားပါသည်။
    • မိဘနှစ်ဦးစလုံးက ကလေးပြုစုစောင့်ရှောက်ရန် ခွင့်ယူခြင်းကို သုံးလနှင့်အထက် အသုံးပြုပါသည်။ တစ်ကိုယ်တည်း မိဘများ၊ မသန်စွမ်းသော ကလေးများ၏ မိဘများ

(3)ကလေးပြုစုစောင့်ရှောက်ခွင့် လစာခံစားခွင့်

  • ကလေးပြုစုစောင့်ရှောက်ခွင့်ကာလသည် လစာမဲ့ခွင့်ဖြစ်သော်လည်း၊ လစာမရရှိခြင်းကြောင့် နေထိုင်မှုစရိတ် ဝန်ထုပ်ဝန်ပိုး မရှိဘဲ ကလေးငယ်အား ပြုစုစောင့်ရှောက်နိုင်စေရန် ကလေးပြုစုစောင့်ရှောက်ခွင့်ကို ရက် 30နှင့်အထက် အသုံးပြုသော အလုပ်သမားများအတွက် အလုပ်အကိုင်အာမခံမှ ကလေးပြုစုစောင့်ရှောက်ခွင့် လစာခံစားခွင့်*ကို ထုတ်ပေးလျက် ရှိပါသည်။
    • ကလေးပြုစုစောင့်ရှောက်ရန် ခွင့်ယူခြင်း - (1 လမှ 3 လ) ပုံမှန်လစာများ၏ 100%၊ လစဉ် အများဆုံး KRW 2.5 သန်း၊ (4 လမှ 6 လ) ပုံမှန်လစာများ၏ 100%၊ လစဉ် အများဆုံး KRW 2 သန်းနှင့် (7 လနှင့်အထက်) ပုံမှန်လစာများ၏ 80%၊ လစဉ် အများဆုံး KRW 1.6 သန်း
  • အသက် 18 လအောက် ကလေးတစ်ဦးအတွက် မိဘနှစ်ဦးစလုံးက ကလေးပြုစုစောင့်ရှောက်ရန် ခွင့်ယူသောအခါတွင် မိဘတစ်ဦးစီအတွက် ကလေးပြုစုစောင့်ရှောက်ရန် ခွင့်ယူခြင်း ခွင့်ပြုငွေသည် ပထမဆုံး ခြောက်လအတွက် ၎င်းတို့၏ ပုံမှန်လစာများ၏ 100% ဖြစ်ပါမည် (အများဆုံးမှာ KRW 2.5 သန်းမှ 4.5 သန်းအထိ*)။
    • ပထမလအတွက် KRW 2.5 သန်း၊ ဒုတိယလအတွက် KRW 2.5 သန်း၊ တတိယလအတွက် KRW 3 သန်း အများဆုံး၊ စတုတ္ထလအတွက် KRW 3.5 သန်း၊ ပဉ္စမလအတွက် KRW 4 သန်းနှင့် ခြောက်လမြောက်အတွက် KRW 4.5 သန်း အများဆုံး
  • တစ်ကိုယ်တည်းမိဘ အလုပ်သမား ကလေးပြုစုစောင့်ရှောက်ရန် ခွင့်ယူခြင်း ခွင့်ပြုငွေ - (ပထမ 3 လ) ပုံမှန်လစာများ၏ 100% (KRW 3 သန်းအထိ)၊ (4 လမှ 6 လ) ပုံမှန်လစာများ၏ 100% (KRW 2 သန်းအထိ)၊ (7 လနှင့်အထက်) ပုံမှန်လစာများ၏ 80% (KRW 1.6 သန်းအထိ)
  • မွေးပြီး 12လအောက် သားသမီးများကို အဓိကထားပြီး မိဘ နှစ်ပါးလုံး တစ်ပြိုင်တည်း သို့မဟုတ် တစ်လှည့်စီ ကလေးပြုစုစောင့်ရှောက်ခွင့်ကို အသုံးပြုပါက မိဘနှစ်ဦး အသီးသီးအား ပထမ 3လတာ ကလေးထိန်းခွင့် ခံစားခွင့်လစာကို ပုံမှန်လုပ်ခလစာ၏ 100%(အများဆုံး ဝမ် 2,000,000~3,000,000) ထုတ်ပေး (3+3 မိဘ ကလေးပြုစုစောင့်ရှောက်ခွင့်စနစ်)ပါသည်။
    • မိခင် 3လ + ဖခင် 3လ : အသီးသီး တစ်လလျှင် အများဆုံး ဝမ် သိန်း 30 ထောက်ပံ့ခြင်း(ပုံမှန်လုပ်ခလစာ၏ 100%) မိခင် 2လ + ဖခင် 2လ : အသီးသီး တစ်လလျှင် အများဆုံး ဝမ် 25သိန်း ထောက်ပံ့ခြင်း(ပုံမှန်လုပ်ခလစာ၏ 100%) မိခင် 1လ + ဖခင် 1လ : အသီးသီး တစ်လလျှင် အများဆုံး ဝမ် သိန်း 20 ထောက်ပံ့ခြင်း (ပုံမှန်လုပ်ခလစာ၏ 100%) → မိဘ နှစ်ဦးလုံး အသီးသီးအား အများဆုံး ဝမ် 75သိန်းအထိ ထောက်ပံ့ကြေးရနိုင်ပါသည်။
  • ကလေးပြုစုစောင့်ရှောက်ခွင့် လစာခံစားခွင့်အပြင် ဦးစားပေးထောက်ပံ့မှုတွင် အကျုံးဝင်သည့် လုပ်ငန်း၏ လုပ်ငန်းရှင်များထံလည်း မီးဖွားခြင်းနှင့် ပြုစုစောင့်ရှောက်သည့်ကာလအတွက် အလုပ်ခန့်ထားမှုတည်ငြိမ်ရေး အားပေးနှစ်သိမ့်ကြေးအဖြစ် ကလေးပြုစုစောင့်ရှောက်ခွင့် ထောက်ပံ့ကြေး(ထူးခြားဖြစ်စဥ်* အကျုံးဝင်ပါက တစ်လလျှင် ဝမ် သိန်း 20၊ သို့မဟုတ်ပါက တစ်လလျှင် ဝမ် 3သိန်း)ပေးပါသည်။
    • (ထူးခြားဖြစ်စဥ်) အသက် 12လအောက် သားသမီးရှိသူ မိဘများအား 3လနှင့်အထက် ကလေးပြုစုစောင့်ရှောက်ခွင့်ယူခြင်းကို ခွင့်ပြုပေးသော လုပ်ငန်းရှင်အတွက် ပထမ 3လတာ တစ်လလျှင် ဝမ် သိန်း 20 ထောက်ပံ့ခြင်း

(4)ကလေးပြုစုစောင့်ရှောက်ခွင့် ခံစားခွင့်လစာ လျှောက်ထားနည်း

အလုပ်မနားမီ ရက် 30 အလို၌ လုပ်ငန်းရှင်ထံ ကလေးပြုစုစောင့်ရှောက်ခွင့် လျှောက်လွှာ တင်ပါ။
ကလေးပြုစုစောင့်ရှောက်ခွင့် ခံစားခွင့်လစာ ရယူလိုသော အလုပ်သမားသည် လုပ်ငန်းရှင်ထံမှ ကလေးပြုစုစောင့်ရှောက်ခွင့် အတည်ပြုလွှာကို ထုတ်ယူပြီး ကလေးပြုစုစောင့်ရှောက်ခွင့် လစာခံစားခွင့် လျှောက်လွှာနှင့်အတူ လျှောက်ထားသူ နေထိုင်ရာဒေသ သို့မဟုတ် လုပ်ငန်းခွင် တည်ရှိရာ ဒေသအပိုင် ဂိုယုံးစင်တာတို့တွင် တင်ပြလျှောက်ထားနိုင်ပါသည်။
စာရွက်စာတမ်း
  • ကုမ္ပဏီမှ ပြင်ဆင်ရမည့် စာရွက်စာတမ်း : ကလေးပြုစုစောင့်ရှောက်ခွင့် အတည်ပြုလွှာ၊ လစာရှင်းတမ်း၊ အလုပ်စာချုပ်မိတ္တူ စသည့် လုပ်ခလစာအား စစ်ဆေးနိုင်သော စာရွက်စာတမ်းများ
  • အလုပ်ခန့်ထားရေးနှင့် အလုပ်သမားဝန်ကြီးဌာန ဟုမ်းပေ့ချ် သို့မဟုတ် ဂိုယုံးစင်တာမှ ထုတ်ယူရမည့် စာရွက်စာတမ်း : ကလေးပြုစုစောင့်ရှောက်ခွင့် လစာခံစားခွင့် လျှောက်လွှာ

04ကလေးငယ်စဉ် အလုပ်ချိန် လျှေ့ာပေါ့ခြင်း

  • အသက် 8နှစ်အောက် သို့မဟုတ် မူလတန်းကျောင်း Grade 2တန်းထက် ငယ်သော သားသမီးရှိသည့် အလုပ်သမားများမှ သားသမီး ပြုစုစောင့်ရှောက်ရန် တစ်ပတ်လျှင် အလုပ်ချိန် 15~35နာရီဖြင့် ကလေးငယ်စဉ်ကာလ၌ အလုပ်ချိန်လျှေ့ာပြီး လုပ်နိုင်ပါသည်။

(1)ခံစားခွင့် ရှိသူများ

  • ကလေးငယ်စဉ် အလုပ်ချိန် လျှေ့ာပေါ့ခြင်းသည် လုပ်ငန်းခွင် တစ်ခု၌ 6လနှင့်အထက် ဆက်တိုက် အလုပ်လုပ်နေပြီး၊ အသက် 8နှစ်အောက် သို့မဟုတ် မူလတန်းကျောင်း Grade 2တန်းထက် ငယ်သော သားသမီးရှိသည့် အလုပ်သမားဖြစ်ပါက ကျား၊မ မရွေး အားလုံး လျှောက်ထားခွင့် ရှိပါသည်။
  • ကလေးငယ်စဉ် အလုပ်ချိန် လျှေ့ာပေါ့ခြင်းစနစ်သည် အလုပ်လည်း မပျက်စေဘဲ ကလေးလည်း ပြုစုစောင့်ရှောက်နိုင်သည့်အတွက် အလုပ်သမားများ၏ အတွေ့အကြုံ ပြတ်တောက်မှုအား ကာကွယ်ပေးခြင်း၊ လုပ်ငန်းဆိုင်ရာ အရည်အချင်း ကျဆင်းမှုကိုလည်း တားဆီးနိုင်ခြင်း၊ အလုပ် ဆက်လုပ်နိုင်ရန် အာမခံချက်ရှိခြင်း စသည့် အားသာချက်များ ရှိပါသည်။

(2)အသုံးပြုကာလ

  • ကလေးပြုစုစောင့်ရှောက်မှု ကာလအတွင်း အလုပ်ချိန် လျှော့ချမှုကို တစ်နှစ်ကြာအထိ အာမခံထားပါသည်။ သို့ရာတွင် အသုံးမပြုထားသော ကလေးပြုစုစောင့်ရှောက်ရန် ခွင့်ယူခြင်း ရှိပါက ၎င်းကို အများဆုံး သုံးနှစ်အထိ အသုံးပြုရန် လျှောက်ထားနိုင်ပါသည်။

(3)ကလေးငယ်စဉ် အလုပ်ချိန် လျှေ့ာပေါ့ခြင်းဆိုင်ရာ ခံစားခွင့်လစာ

  • လျှော့ချထားသော အလုပ်ချိန်ကာလအတွင်း အလုပ်လုပ်သော နာရီများအတွက် လစာများကို အလုပ်ရှင်က ပေးချေပါသည်။ လျှော့ချထားသော အလုပ်ချိန်များအတွက် အလုပ်ချိန်လျှော့ချမှု ခွင့်ပြုငွေကို အလုပ်ခန့်အပ်မှု အာမခံက ပေးချေပါသည် (လျှော့ချထားသော အလုပ်ချိန်များ၏ အချိုးအလိုက် ပေးချေပါသည်။ တစ်ပတ်လျှင် ပထမဆုံး 10 နာရီအတွက် ပုံမှန်လစာများ၏ 100% (တစ်လလျှင် KRW 2,000,000 အများဆုံး) နှင့် မည်သည့်ထပ်တိုး လျှော့ချချိန်မဆိုအတွက် ပုံမှန်လစာများ၏ 80% (တစ်လလျှင် KRW 1,500,000 အများဆုံး)။
  • ကလေးငယ်စဉ် အလုပ်ချိန် လျှေ့ာပေါ့ခြင်းဆိုင်ရာ လစာခံစားခွင့်အပြင် ဦးစားပေးထောက်ပံ့မှုတွင် အကျုံးဝင်သည့် လုပ်ငန်း၏ လုပ်ငန်းရှင်များထံလည်း မီးဖွားခြင်းနှင့် ပြုစုစောင့်ရှောက်သည့်ကာလအတွက် အလုပ်ခန့်ထားမှုတည်ငြိမ်ရေး အားပေးနှစ်သိမ့်ကြေးအဖြစ် ကလေးငယ်စဉ် အလုပ်ချိန် လျှေ့ာပေါ့ခြင်းဆိုင်ရာ ထောက်ပံ့ကြေး(တစ်လလျှင် ဝမ် 3သိန်း၊ incentive*အကျုံးဝင်ပါက တစ်လလျှင် ဝမ် 4သိန်း)နှင့် အစားထိုး ဝန်ထမ်းအတွက် ထောက်ပံ့ကြေး(တစ်လလျှင် ဝမ် 8သိန်း၊ တာဝန်လွှဲပြောင်းကာလတွင် တစ်လလျှင် ဝမ် 12သိန်း)ပေးပါသည်။
    • (နံပါတ် 1∼3 incentive) လုပ်ငန်းခွင်တွင် ကလေးငယ်စဉ် အလုပ်ချိန် လျှေ့ာပေါ့ခြင်းစနစ်အား အသုံးပြုသူ ပထမဆုံး 3ဦးအထိ တစ်လလျှင် ဝမ် 1သိန်း ထပ်ပေါင်း ထောက်ပံ့ခြင်း

(4)ကလေးငယ်စဉ် အလုပ်ချိန် လျှေ့ာပေါ့ခြင်းဆိုင်ရာ လစာခံစားခွင့် လျှောက်ထားနည်း

အလုပ်ချိန် လျှေ့ာပြီးလုပ်ရန် ရက် 30အလိုတွင် လုပ်ငန်းရှင်ထံ ကလေးငယ်စဉ် အလုပ်ချိန် လျှေ့ာပေါ့ပေးရန် လျှောက်ထားပါ။
ကလေးငယ်စဉ် အလုပ်ချိန် လျှေ့ာပေါ့ခြင်းဆိုင်ရာ လစာခံစားခွင့် ရယူလိုသည့် အလုပ်သမားသည် လုပ်ငန်းရှင်ထံမှ ကလေးငယ်စဉ် အလုပ်ချိန် လျှေ့ာပေါ့ခြင်း အတည်ပြုလွှာ ယူပြီး ကလေးငယ်စဉ် အလုပ်ချိန် လျှေ့ာပေါ့ခြင်း လစာခံစားခွင့် လျှောက်လွှာနှင့်အတူ လျှောက်ထားသူ နေထိုင်ရာဒေသ သို့မဟုတ် လုပ်ငန်းခွင် တည်ရှိရာ ဒေသအပိုင် ဂိုယုံးစင်တာတို့တွင် တင်ပြလျှောက်ထားနိုင်ပါသည်။
စာရွက်စာတမ်း
  • ကုမ္ပဏီမှ ပြင်ဆင်ရမည့် စာရွက်စာတမ်း : ကလေးငယ်စဉ် အလုပ်ချိန် လျှေ့ာပေါ့ခြင်း အတည်ပြုလွှာ၊ လစာရှင်းတမ်း၊ အလုပ်စာချုပ်မိတ္တူ စသည့် လုပ်ခလစာအား စစ်ဆေးနိုင်သော စာရွက်စာတမ်းများ
  • အလုပ်ခန့်ထားရေးနှင့် အလုပ်သမားဝန်ကြီးဌာန ဟုမ်းပေ့ချ် သို့မဟုတ် ဂိုယုံးစင်တာမှ ထုတ်ယူရမည့် စာရွက်စာတမ်း : ကလေးငယ်စဉ် အလုပ်ချိန် လျှေ့ာပေါ့ခြင်းဆိုင်ရာ လစာခံစားခွင့် လျှောက်လွှာ
    • အလုပ်သမားသည်ကိုယ်ဝန်ရှိနေပါက၊ ကလေး မမွေးမီ သို့မဟုတ် မွေးပြီးနောက်တွင် မီးဖွားခွင့် ရနိုင်ပါသည်။ ထို့အပြင် အသက် 8နှစ်အောက် သို့မဟုတ် မူလတန်းကျောင်း Grade 2တန်းထက် ငယ်သော သားသမီးအား ပြုစုစောင့်ရှောက်ရန်အတွက် ကလေးပြစုစောင့်ရှောက်ခွင့်(ကလေးငယ်စဉ် အလုပ်ချိန် လျှေ့ာပေါ့ခြင်း) စနစ်ကို အသုံးပြုနိုင်ပါသည်(ကလေးပြုစုစောင့်ရှောက်ခွင့်သည် ကိုယ်ဝန်ဆောင် အမျိုးသမီး အလုပ်သမားများအတွက်လည်း အကျုံးဝင်ပါသည်။)

05အလုပ်အကိုင်အာမခံတွင် အကျုံးမဝင်သူများ မီးဖွားမှုအတွက် လစာခံစားခွင့်

(1)လုပ်ငန်း ရည်ရွယ်ချက်

  • ဝင်ငွေရှိသော ‘အလုပ်အကိုင်အာမခံ အကျုံးမဝင်သူ’၏ မီးဖွားပြီးနောက် ဝင်ငွေ လျော့နည်းသွားခြင်းအတွက် မိခင်စောင့်ရှောက်ရေးနှင့် နေထိုင်စရိတ်ထောက်ပံ့ရန် ရည်ရွယ်ချက်ဖြင့် မီးဖွားမှုအတွက် လစာခံစားခွင့် ထောက်ပံ့ခြင်း(’19.7.1ကျင့်သုံးခြင်း)

(2)ထောက်ပံ့မှု ရနိုင်သည့်သူများ

ဝင်ငွေရှိနေသော 1 ဦးတည်း လုပ်ငန်းရှင်၊ အထူးခန့်ထားမှု ခံရသူ၊ အလွတ်တန်းစာချုပ်ဖြင့် လုပ်ကိုင်သူ(freelancer)၊ အလုပ်အကိုင်အာမခံရရန် သတ်မှတ်ချက်(ရက် 180)နှင့် မညီသောသူများ ထောက်ပံ့ကြေး ရယူနိုင်ပါသည်။
  • အလုပ်ရှင် မရှိသော တစ်ကိုယ်တည်း၊ စပ်တူ လုပ်ငန်းရှင်(အိမ်ခြံမြေ အငှားလုပ်ငန်း မပါဝင်ပါ)
  • မီးမဖွားမီ 18လအတွင်း 3လနှင့်အထက် ဝင်ငွေရသည့်အလုပ် လုပ်ခဲ့သော အထူးပုံစံ အလုပ်သမားများ၊ freelancerများ
  • အလုပ်အကိုင်အာမခံ သက်ရောက်မှု မရှိသော အလုပ်သမား
အလုပ်အကိုင်အာမခံ ဝင်ခဲ့သော်လည်း မီးဖွားခွင့် လစာခံစားခွင့် သတ်မှတ်ချက်ထဲမှ ‘အာမခံသွင်းထားသည့်ကာလ ရက်ပေါင်း 180’ အချက်နှင့် မညီသော အလုပ်သမားများ
အလုပ်အကိုင်အာမခံဥပဒေအရ ချန်လှပ်ထားသော လုပ်ငန်းမှ အလုပ်သမား သို့မဟုတ် အလုပ်အကိုင်အာမခံဥပဒေတွင် ချန်လှပ်ထားသောသူများ
အလုပ်အကိုင်အာမခံ မဝင်ရသေးသည့် လုပ်ငန်းခွင်မှ အာမခံ မဝင်ထားသော အလုပ်သမားများ

(3)ထောက်ပံ့ကြေးပမာဏနှင့် လျှောက်ရမည့် အချိန်

  • စုစုပေါင်း ဝမ် 15သိန်း ဖြစ်ပြီး မီးဖွားသည့် ရက်မှစပြီး 1နှစ်အတွင်း လျှောက်ထားနိုင်ပါသည်။ သတ်မှတ်ချိန်အတွင်း မလျှောက်ထားပါက ပျက်ပြယ်သွားမည် ဖြစ်ပါသည်။

(4)အလုပ်အကိုင်အာမခံတွင် အကျုံးမဝင်သူ မီးဖွားမှုအတွက် လစာခံစားခွင့် လျှောက်ထားနည်း

  • မီးဖွားမှုအတွက် လစာခံစားခွင့် ရယူလိုသည့် သူသည် အလုပ်အကိုင်အာမခံ ဟုမ်းပေ့ချ်(www.ei.go.kr)တွင် မန်ဘာဝင်ပြီး လျှောက်ထားခြင်း သို့မဟုတ် လျှောက်ထားသူ နေထိုင်ရာဒေသ သို့မဟုတ် လုပ်ငန်းခွင် တည်ရှိရာ ဒေသအပိုင် ဂိုယုံးစင်တာသို့ လူကိုယ်တိုင် သွားရောက်ပြီး သို့မဟုတ် စာတိုက်မှတစ်ဆင့် လျှောက်ထားနိုင်ပါသည်။
  • လိုအပ်သည့် စာရွက်စာတမ်းများ : မီးဖွားခြင်းဆိုင်ရာ အထောက်အထား(အိမ်ထောင်စုစာရင်း/သန်းခေါင်စာရင်း)၊ ဝင်ငွေရသော အလုပ်လုပ်နေကြောင်း အထောက်အထားများ၊ လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် စသည်
    • ဂိုယုံးစင်တာ တာဝန်ခံမှ လိုအပ်သည့် စာရွက်စာတမ်းများအပြင် မီးဖွားမှုအတွက် လစာခံစားခွင့် ထုတ်ပေးရန်အတွက် အခြားသော အထောက်အထားများကိုလည်း ထပ်တိုးပြီး တောင်းနိုင်ပါသည်။

06အိမ်ထောင်ဖက် မီးဖွားခွင့်

အမျိုးသမီးမှ မီးဖွားလျှင် အိမ်ထောင်ဖက် အမျိုးသားလုပ်သားသည် 20ရက်တာ လစာပြည့်ခွင့်ကို အသုံးပြုနိုင်ပါသည်။

(1)ခံစားခွင့် ရှိသူများ

  • မီးဖွားထားသည့် အိမ်ထောင်ဖက်ရှိသော အမျိုးသားအလုပ်သမား
  • အိမ်ထောင်ဖက် ကလေးမီးဖွားခြင်းအတွက် ခွင့်ပေးခြင်းဖြင့် အိမ်ထောင်ဖက်နှင့် သန္ဓေသားအား ကျန်းမာရေးကို စောင့်ရှောက်ပေးပြီး အမျိုးသား၏ ကလေးပြုစုခြင်းတွင် ပါဝင်မှုကို မြှင့်တင်နိုင်ပါသည်။

(2)အိမ်ထောင်ဖက် မီးဖွားခွင့်ကာလ

  • လစာပြည့်ခွင့် 20ရက်(သို့သော်၊ မီးဖွားသည့် ရက်မှစပြီး ရက် 120အတွင်း အသုံးပြုရပါမည်။)

(3)အိမ်ထောင်ဖက် မီးဖွားခွင့် လစာခံစားခွင့်

  • ဦးစားပေးထောက်ပံ့မှုတွင် အကျုံးဝင်သည့် လုပ်ငန်းမှ အလုပ်သမားသည် ခွင့်ကာလအတွင်း ပထမဆုံး 5ရက်အတွက် ပုံမှန်လုပ်ခလစာ၏ 100%(အများဆုံး ဝမ် 401,910)ကို အလုပ်အကိုင်အာမခံထံမှ ရနိုင်ပါသည်။
    • ပထမဆုံး ငါးရက်အတွင်းနှင့် အမြင့်ဆုံးသတ်မှတ်ချက်ကို ကျော်လွန်သော ပုံမှန်လစာနှင့် ကျန်ရှိသော ငါးရက်အတွက် ပုံမှန်လစာတို့ကို အလုပ်ရှင်က ပေးချေရပါမည်။

(4)အိမ်ထောင်ဖက် မီးဖွားခွင့် လစာခံစားခွင့် လျှောက်ထားနည်း

အိမ်ထောင်ဖက် မီးဖွားခွင့် လစာခံစားခွင့်ကို ရယူလိုသည့် အလုပ်သမားသည် လုပ်ငန်းရှင်ထံမှ အိမ်ထောင်ဖက် မီးဖွားခွင့် အတည်ပြုလွှာယူပြီး အိမ်ထောင်ဖက် မီးဖွားခွင့် လစာခံစားခွင့် လျှောက်လွှာနှင့်အတူ လျှောက်ထားသူ နေထိုင်ရာဒေသ သို့မဟုတ် လုပ်ငန်းခွင် တည်ရှိရာ ဒေသအပိုင် ဂိုယုံးစင်တာသို့ တင်ပြလျှောက်ထားနိုင်ပါသည်။
လိုအပ်သည့် စာရွက်စာတမ်းများ
  • ကုမ္ပဏီမှ ပြင်ဆင်ရမည့် စာရွက်စာတမ်း : အိမ်ထောင်ဖက် မီးဖွားခွင့် အတည်ပြုလွှာ၊ လစာရှင်းတမ်း၊ အလုပ်စာချုပ်မိတ္တူ စသည့် လုပ်ခလစာအား စစ်ဆေးနိုင်သော စာရွက်စာတမ်းများ
  • အလုပ်ခန့်ထားရေးနှင့် အလုပ်သမားဝန်ကြီးဌာန ဟုမ်းပေ့ချ် သို့မဟုတ် ဂိုယုံးစင်တာမှ ထုတ်ယူရမည့် စာရွက်စာတမ်း : အိမ်ထောင်ဖက် မီးဖွားခွင့် လစာခံစားခွင့်လျှောက်လွှာ
အရင်းအမြစ်
အဆိုပါ လမ်းညွှန်စာအုပ်သည် “ဂုံးဂုံးနူရီ ပုံစံ 4 : အရင်းအမြစ်ဖော်ပြရန်+ကိုယ်ကျိုးအတွက် အသုံးပြုခြင်း မပြုရ+ပြောင်းလဲဖော်ပြခြင်း မပြုရ” သတ်မှတ်ချက်များပေါ် မူတည်ပြီး အသုံးပြုနိုင်ပါသည်။