ဒါနူရီကောလ်စင်တာ
1577-1366
မိသားစုဆွေးနွေးမှုဖုန်းနံပါတ်
1644-6621
한국생활안내 정보더하기 사이트로 이동

အထက်တန်းကျောင်း ပညာ

  • ပင်မစာမျက်နှာ
  • သားသမီးပညာရေး
  • အထက်တန်းကျောင်း ပညာ

အထက်တန်းကျောင်း ပညာ

အထက်တန်းကျောင်း သင်ရိုးညွှန်းတမ်းသည် 3နှစ် သင်ရိုးဖြစ်ပါသည်။။ အလယ်တန်းကျောင်း တက်ရောက်ပြီးဆုံးသူ သို့မဟုတ် အရည်အချင်းစစ်စာမေးပွဲ စသည့် အလယ်တန်းကျောင်း ပြီးဆုံးသူများနှင့် တန်းတူပညာအရည်အချင်းရှိသည်ဟု အသိအမှတ်ပြုနိုင်သော စာမေးပွဲများ အောင်ထားသောသူ စသူတို့သည် အထက်တန်းကျောင်းသို့ ဝင်ရောက်နိုင်ပါသည်။။ ကျောင်းအမျိုးအစားများကို ရိုးရိုးအထက်တန်းကျောင်း၊ အထူးရည်ရွယ်ချက်ရှိ အထက်တန်းကျောင်း၊ အထူးပြုလေ့ကျင့်ရေးအထက်တန်းကျောင်း၊ ကိုယ်ပိုင်ဦးစီးခွင့်ရ အထက်တန်းကျောင်း ဟူ၍ 4မျိုး ခွဲနိုင်ပါသည်။။ ကျောင်းသား ရွေးချယ်မှု နည်းလမ်းသည် မြို့၊ ကျွန်းဒေသ သို့မဟုတ် ကျောင်းအမျိုးအစားအလိုက် ကွာခြားချက် ရှိပါသည်။ ပညာသင်စရိတ် ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးရန်အတွက် အထက်တန်းကျောင်း ကျောင်းအပ်ခ၊ အတန်းကြေး၊ ကျောင်းအထွေထွေစရိတ်၊ ဖတ်စာအုပ်ဖိုးကို အခမဲ့ သတ်မှတ်ပေးသည့် အထက်တန်းကျောင်း အခမဲ့ပညာရေးသည် 2020ခုနှစ် အထက်တန်းကျောင်း ဒုတိယတန်းနှင့် တတိယတန်းအတွက် အသက်ဝင်နေပြီဖြစ်ပြီး၊ 2021ခုနှစ်မတိုင်ခင် အတန်းများအထိ ဆောင်ရွက်ပေးလျက် ရှိပါသည်။ သို့သော် ကျောင်းအုပ်မှ ကျောင်းအပ်ခ၊ အတန်းကြေးကို သတ်မှတ်သော အချို့သော ပုဂ္ဂလိကကျောင်း(ကိုယ်ပိုင်ဦးစီးခွင့်ရပုံစံ ပုဂ္ဂလိကကျောင်း၊ အထူးရည်ရွယ်ချက်ရှိ အထက်တန်းကျောင်း အချို့ စသည်)တို့သည် အခမဲ့ပညာရေးတွင် ခြွင်းချက်ထားထားသော်လည်း ၊ မိသားစုစီးပွားရေးအခြေအနေ ကြပ်တည်းသော ကျောင်းသားများဖြစ်ပါက ကျောင်းစရိတ် ထောက်ပံ့မှုယူခြင်း သို့မဟုတ် လျှော့ပေါ့မှုများ ရယူနိုင်ပါသည်။။

01သင်ကြားပို့ချသည့် အကြောင်းအရာ

အခြားကျောင်းအဆင့်များ (မူလတန်းနှင့် အလယ်တန်းကျောင်းများ) ကဲ့သို့ပင် အထက်တန်းကျောင်း ပညာရေးတွင် ဘာသာရပ်သင်ယူမှုနှင့် တီထွင်ဖန်တီးမှု အတွေ့အကြုံဆိုင်ရာ လုပ်ဆောင်မှုများ ပါဝင်ပါသည်။ အလယ်တန်းကျောင်း ပညာရေး အောင်မြင်မှုများအပေါ် အခြေခံ၍ ၎င်းသည် ကျောင်းသားကျောင်းသူများ၏ ပင်ကိုယ်စွမ်းရည်များနှင့် ကိုယ်ရည်ကိုယ်သွေးများနှင့်အညီ အသက်မွေးဝမ်းကျောင်းမှု လမ်းကြောင်းများ ဖွံ့ဖြိုးစေရန်နှင့် ကမ္ဘာနှင့် ပြောဆိုဆက်ဆံကြမည့် ဒီမိုကရေစီနည်းလမ်းကျ နိုင်ငံသား အရည်အသွေးများကို ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ပါသည်။ 2025 ခုနှစ်တွင် အထက်တန်းကျောင်း ပထမနှစ်တက်မည့် ကျောင်းသားကျောင်းသူမှ စတင်၍ အထက်တန်းကျောင်း ခရက်ဒစ်စနစ် တစ်ခုကို အပြည့်အဝ အကောင်အထည်ဖော်မည် ဖြစ်ပါသည်။ ယင်းမှတစ်ဆင့် ကျောင်းသားကျောင်းသူများသည် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှု လမ်းကြောင်းနှင့် ပင်ကိုယ်စွမ်းရည်များအလိုက် ဘာသာရပ်များကို ရွေးချယ်နိုင်မည် ဖြစ်ပါသည်။ အတန်းပြီးဆုံးရေး စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ဘာသာရပ်များအတွက် ခရက်ဒစ်များကို ရယူစုဆောင်းခြင်းဖြင့် ၎င်းတို့သည် ခရက်ဒစ် 192 နှင့်အထက် ရရှိသည်နှင့် သုံးနှစ်ပြည့်ပြီးနောက်တွင် အောင်လက်မှတ်ရနိုင်မည် ဖြစ်ပါသည်။
အထက်တန်းကျောင်း ဘာသာရပ်များတွင် အထွေထွေ ဘာသာရပ်များနှင့် အထူးပြု ဘာသာရပ်များ ပါဝင်ပါသည်။ အထွေထွေဘာသာရပ်များ ဆိုသည်မှာ အခြေခံအားဖြင့် ကျောင်းသားကျောင်းသူအားလုံး သင်ယူရသော အရာများဖြစ်ပြီး အထူးပြုဘာသာရပ်များ ဆိုသည်မှာ အသက်မွေးဝမ်းကျောင်းမှု လမ်းကြောင်းများနှင့် ပင်ကိုယ်စွမ်းရည်များအပေါ် မူတည်၍ ကျောင်းသားကျောင်းသူများ ရွေးချယ်နိုင်သောအရာများ ဖြစ်ပါသည်။ ကျောင်းသားကျောင်းသူများသည် ကိုရီးယား ဘာသာစကား၊ သင်္ချာ၊ အင်္ဂလိပ်ဘာသာ၊ (သမိုင်းနှင့် ကိုယ်ကျင့်တရား ပညာပေးမှု အပါအဝင်) လူမှုရေး လေ့လာမှုများ၊ သိပ္ပံ၊ ကာယပညာရေး၊ အနုပညာ၊ နည်းပညာနှင့် အိမ်တွင်းဘောဂဗေဒ/အချက်အလက်ဗေဒ/ဒုတိယ နိုင်ငံခြား ဘာသာစကား/သမားရိုးကျ တရုတ်ဘာသာ/လစ်ဘရယ် အနုပညာတို့ ကဲ့သို့သော ဘာသာရပ်များကို သင်ယူကြပါသည်။ ထို့အပြင် တီထွင်ဖန်တီးမှု အတွေ့အကြုံဆိုင်ရာ လုပ်ဆောင်မှုများကို မူလတန်းနှင့် အလယ်တန်းကျောင်းများတွင် ကဲ့သို့ပင် ဖွဲ့စည်းထားပြီး ကိုယ်တိုင်ဆုံးဖြတ်ရသောနှင့် ကိုယ်တိုင်ကြီးကြပ်ရသော လုပ်ဆောင်မှုများ၊ ကလပ်လုပ်ဆောင်မှုများနှင့် အသက်မွေးဝမ်းကျောင်းမှု လုပ်ဆောင်မှုများ (အထက်တန်းကျောင်း၏ နှစ်တန်းနှင့် သုံးတန်းအတွက် ကိုယ်တိုင်ဆုံးဖြတ်ရသော လုပ်ဆောင်မှုများ၊ ကလပ်လုပ်ဆောင်မှုများ၊ လုပ်အားပေး လုပ်ဆောင်မှုများနှင့် အသက်မွေးဝမ်းကျောင်းမှု လုပ်ဆောင်မှုများ) ပါဝင်ပါသည်။ ဤလုပ်ဆောင်မှုများသည် ရပ်ရွာဟူသော အသိတစ်ခုအပေါ် အခြေခံ၍ မျှဝေခြင်းနှင့် ဂရုပြုခြင်းတို့ကို လုပ်ဆောင်နိုင်စွမ်းကို လေ့ကျင့်ပေးရန်နှင့် လူတစ်ဦး၏ အသက်မွေးဝမ်းကျောင်းမှု လမ်းကြောင်းအတွက် ကြိုတင်ပြင်ဆင် စီစဉ်နိုင်ရန် ရည်ရွယ်ပါသည်။ အထက်တန်းကျောင်းရှိ အတန်းများသည် 50 မိနစ်ကြာရှည်ပြီး ပုံမှန်အားဖြင့် ကျောင်းများတွင် တစ်နေ့လျှင် စာသင်ချိန် ခြောက်ခု သို့မဟုတ် ခုနစ်ခု ရှိပါသည်။

02အထက်တန်းကျောင်း အမျိုးအစားများ

고등학교 유형: 고등학교 유형을 포함한 표입니다.
(1)
ရိုးရိုး အထက်တန်းကျောင်း
ကဏ္ဍအစုံအလင်ပါသည့် အထွေထွေပညာရေးကို လေ့ကျင့်သင်ကြားပေးသော အထက်တန်းကျောင်းကို ဆိုလိုပါသည်။ အထက်တန်းကျောင်း အမျိုးအစားများထဲတွင် အချိုးအများဆုံးဖြစ်ပြီး၊ ကျောင်းသားများကို ဒေသအလိုက် ကွန်ပျူတာဖြင့် မဲနှိုက်၊ ခွဲတမ်းချပေးခြင်း သို့မဟုတ် အမှတ်စာရင်း စသည်တို့ဖြင့် ကျောင်းအုပ်မှ ရွေးချယ်ပါသည်။
(2)
အထူးရည်ရွယ်ချက်ရှိ အထက်တန်းကျောင်း
အထူး နယ်ပယ်များတွင် ပရော်ဖက်ရှင်နယ်ဆန်သော ပညာရေးကို ရည်ရွယ်သင်ကြားပေးသည့် အထက်တန်း​ကျောင်းကို ဆိုလိုပါသည်။​ အထူးရည်ရွယ်ချက်ရှိ အထက်တန်း​ကျောင်းတွင် သိပ္ပံကဏ္ဍ လူရည်ချွန်များ မွေးထုတ်နိုင်ရေးအတွက် သိပ္ပံလိုင်း အထက်တန်း​ကျောင်း(သိပ္ပံအထက်တန်းကျောင်း)၊ နိုင်ငံခြားဘာသာစကားတွင် ထူးချွန်သော နိုင်ငံတကာအဆင့်မှီ လူရည်ချွန်များ မွေးထုတ်နိုင်ရေးအတွက် နိုင်ငံခြားဘာသာနှင့် နိုင်ငံတကာလေ့လာရေး အထက်တန်း​ကျောင်း (နိုင်ငံခြားဘာသာအထက်တန်းကျောင်း၊ နိုင်ငံတကာအထက်တန်းကျောင်း၊ နိုင်ငံတကာနိုင်ငံခြားဘာသာအထက်တန်းကျောင်း၊ နိုင်ငံခြားဘာသာစကားကျွမ်းကျင်သည့် နိုင်ငံတကာအဆင့်မှီ လူရည်ချွန်များ မွေးထုတ်နိုင်ရေးအတွက် နိုင်ငံခြားဘာသာစကားနှင့် အပြည်ပြည်ဆိုင်ရာ နှီးနွယ် အထက်တန်း​ကျောင်း(နိုင်ငံခြားဘာသာအထက်တန်းကျောင်း၊ အပြည်ပြည်ဆိုင်ရာအထက်တန်းကျောင်း၊ အပြည်ပြည်ဆိုင်ရာနိုင်ငံခြားဘာသာအထက်တန်းကျောင်း)၊ အားကစားသမားများ မွေးထုတ်နိုင်ရေးအတွက် အားကစားကဏ္ဍဆိုင်ရာ အထက်တန်း​ကျောင်း(အားကစားအထက်တန်းကျောင်း)၊ စက်မှုလုပ်ငန်း လိုအပ်ချက်များနှင့် ကိုက်ညီသော သင်ရိုးများဖြင့် သင်ကြားပေးနေသော အထက်တန်း​ကျောင်း(လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီသော အထက်တန်း​ကျောင်း)များ ရှိပါသည်။ ကျောင်းသားသည် ​ကျောင်းနေမှုဆိုင်ရာ မှတ်တမ်း၊ ဆရာ၊ ဆရာမ ထောက်ခံစာ၊ အင်တာဗျူး၊ လက်တွေ့စာမေးပွဲ ရမှတ် စသည့် ကျောင်းသား၏ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုစွမ်းရည်ကို အကဲဖြတ်နိုင်သော အချက်များကို ထည့်သွင်းစဉ်းစားပြီး ရွေးချယ်ပါသည်။ အထူးသဖြင့် သိပ္ပံအထက်တန်းကျောင်း၊ နိုင်ငံခြားဘာသာအထက်တန်းကျောင်း၊ နိုင်ငံတကာအထက်တန်းကျောင်း၊ နိုင်ငံတကာနိုင်ငံခြားဘာသာအထက်တန်းကျောင်းများသည် ကျောင်းအပ်လက်ခံမည့် သတ်မှတ်ကျောင်းသားအရေအတွက်၏ 20%နှင့် အထက်ကို လူ့အဖွဲ့အစည်း၏ စာနာထောက်ထားမှု လိုအပ်သော ကျောင်းသားများအတွက် လူမှုပေါင်းစည်းရေးဆိုင်ရာဝင်ခွင့်ပုံစံဖြင့် ရွေးချယ်လျက် ရှိပါသည်။​
(3)
အထူးပြုလေ့ကျင့်ရေး အထက်တန်းကျောင်း
ပါရမီနှင့် အကျင့်စရိုက်၊ အရည်အချင်းများ တူညီသော ကျောင်းသားများအတွက် အထူးသတ်မှတ်ထားသော နယ်ပယ်များအတွက် လူရည်ချွန်များ ပြုစုပျိုးထောင်ရန် ရည်ရွယ်ချက်ဖြင့် သင်ကြားပေးသော ပညာရေး သို့မဟုတ် မြေပြင်လက်တွေ့ကွင်းဆင်းခြင်း စသဖြင့် လက်တွေ့ကို အဓိကထားသော ပညာရေးကို ပရော်ဖက်ရှင်နယ်ကျကျ သင်ကြားပေးနေသော အထက်တန်းကျောင်းကို ဆိုလိုပါသည်။ ကိုရီးယားစာ၊ သင်္ချာ၊ အင်္ဂလိပ်စာ၊ လူမှုရေး စသည်တို့ကဲ့သို့သော ပုံမှန် သင်ရိုးများအပြင် စိုက်ပျိုး-မွေးမြူရေးလုပ်ငန်း၊ အင်ဂျင်နီယာနှင့် စက်မှုနည်းပညာ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အချက်အလက်များ၊ ရေလုပ်ငန်းနှင့် ရေကြောင်းသယ်ယူပို့ဆောင်ရေး၊ အိမ်တွင်းမှုရေးရာနှင့် လက်တွ့လုပ်ငန်း စသဖြင့် ကျောင်း၏ အထူးပြုပေါ်မူတည်ပြီး အမျိုးမျိုးသော အသက်မွေးဝမ်းကြောင်းပညာများကို သင်ယူနိုင်ပါသည်။။ ကျောင်းသား၏ ကျောင်းတွင်း အမှတ်စာရင်း၊ အင်တာဗျူး၊ လက်တွေ့ စသည်တို့ဖြင့် ရွေးချယ်ပါသည်။
(4)
ကိုယ်ပိုင်ဦးစီးခွင့်ရ အထက်တန်းကျောင်း
အခြားသော အထက်တန်းကျောင်းများနှင့် ယှဉ်ပါက ကျောင်း သို့မဟုတ် ကျောင်းသင်ရိုးကို ပိုမို လွတ်လပ်စွာ သင်ကြားနိုင်သော အထက်တန်းကျောင်းကို ဆိုလိုပါသည်။ ကျောင်းဦးစီးမှုအပိုင်းတွင် လွတ်လပ်မှုနှင့် တာဝန်ယူတတ်မှုကို အသားပေးထားပြီး ကျောင်းအလိုက် အမျိုးမျိုးသော တမူထူးခြားသည့် သင်ကြားရေးပရိုဂရမ်များဖြင့် သင်ကြားလျက် ရှိပါသည်။ ‘ကိုယ်ပိုင်ဦးစီးခွင့်ရ အစိုးရအထက်တန်းကျောင်း’ ၊ ‘ကိုယ်ပိုင်ဦးစီးခွင့်ရ ပုဂ္ဂလိကအထက်တန်းကျောင်း’များ ရှိပါသည်။ ကျောင်းသားရွေးချယ်မှုမှာ ကိုယ်ပိုင်ဦးစီးခွင့်ရ အစိုးရအထက်တန်းကျောင်းဖြစ်ပါက ဒေသပေါ်မူတည်ပြီး ကွန်ပျူတာဖြင့် မဲနှိုက်၊ ခွဲတမ်းချပေးခြင်း သို့မဟုတ် အမှတ်စာရင်း စသည်တို့ဖြင့် ရွေးချယ်ပြီး၊ ကိုယ်ပိုင်ဦးစီးခွင့်ရ ပုဂ္ဂလိကအထက်တန်းကျောင်းမှာ ကျောင်းနေမှုဆိုင်ရာ မှတ်တမ်း၊ ဆရာ၊ ဆရာမ ထောက်ခံစာ၊ အင်တာဗျူး စသည်တို့ဖြင့် ကျောင်းသား၏ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုစွမ်းရည်ကို အကဲဖြတ်နိုင်သော အချက်များကို ထည့်သွင်းစဉ်းစားပြီး ရွေးချယ်ပါသည်။
အထူးသဖြင့် ကိုယ်ပိုင်ဦးစီးခွင့်ရ ပုဂ္ဂလိကအထက်တန်းကျောင်းဖြစ်ပါက ကျောင်းအပ်လက်ခံမည့် သတ်မှတ်ကျောင်းသား အရေအတွက်၏ 20%နှင့် အထက်ကို လူ့အဖွဲ့အစည်း၏ စာနာထောက်ထားမှု လိုအပ်သော ကျောင်းသားများအတွက် လူမှုပေါင်းစည်းရေးဆိုင်ရာ ဝင်ခွင့်ပုံစံဖြင့် ရွေးချယ်ပြီး၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသားခေါ်ယူသော ကိုယ်ပိုင်ဦးစီးခွင့်ရ ပုဂ္ဂလိကအထက်တန်းကျောင်းဖြစ်ပါက 2025ခုနှစ် စာသင်နှစ်မှစပြီး ကျောင်းအပ်လက်ခံမည့် သတ်မှတ်ကျောင်းသားအရေအတွက်၏ 20%နှင့် အထက်ကို အဆိုပါ အထက်တန်းကျောင်း တည်ရှိရာ ဒေသတွင်းရှိ အလယ်တန်းကျောင်းများတွင် ကျောင်းတက်နေသော သူများကို အဓိကထား ရွေးချယ်ရမည် ဖြစ်ပါသည်။။

03ကျောင်းသားဖူလုံရေး

  • ထောက်ပံ့မှုဆိုင်ရာ စံနှုန်းသည် ဒေသအလိုက်၊ အကြောင်းအရာအလိုက် ကွာခြားမှု ရှိနိုင်ပါသည်။

(1)ဝင်ငွေနည်းပါးသည့် အလွှာမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားများအတွက် ပညာသင်စရိတ် ထောက်ပံ့မှု

ထောက်ပံ့မှု ရနိုင်သည့်သူများ
  • ခရိုင်၊ မြို့နယ်ရုံး သို့မဟုတ် ရပ်ကွက်ပြည်သူ့စင်တာမှ ပညာရေးခံစားခွင့် ရယူနေသူ၊ မိဘ တစ်ဦးတည်းရှိသော မိသားစု စောင့်ရှောက်မှု ခံယူခွင့်ရှိသူအဖြစ် စာရင်းသွင်းထားပြီး ပညာရေး လှုပ်ရှားမှုဆိုင်ရာ ထောက်ပံ့ကြေး၊ ကျောင်းအပ်ခ၊ အတန်းကြေး စသည့် အထောက်အပံ့များ ယူနေသော ကျောင်းသား(အခြေခံနေထိုင်မှုစောင့်ရှောက်မှု လိုအပ်သူ၊ ဥပဒေအရ မိဘတစ်ဦးတည်းရှိသော မိသားစု စသည်)
  • ခရိုင်၊ မြို့နယ်ရုံး သို့မဟုတ် ရပ်ကွက်ပြည်သူ့စင်တာမှ သတ်မှတ်ပျမ်းမျှဝင်ငွေ 50%အောက် အတန်းလွှာအဖြစ် အသိအမှတ်ပြုထားသော ကျောင်းသား (ကိုယ်တိုင် ရပ်တည်နိုင်ရေးအတွက် အစိုးရအကူအညီယူနေသော သူ စသည်)
  • ဝင်ငွေ၊ ပိုင်ဆိုင်မှု စစ်ဆေးမှု ရလဒ်အရ သတ်မှတ်ပျမ်းမျှဝင်ငွေ 50~80% ဝန်းကျင်ခန့် ရှိသော ကျောင်းသား(မြို့၊ ကျွန်းဒေသအလိုက်၊ ပညာသင်စရိတ် အကြောင်းအရာအလိုက် ခြားနားမှု ရှိနိုင်)
  • ပညာသင်စရိတ် ထောက်ပံ့မှု လျှောက်ထားသည့်အခါ ဝင်ငွေ၊ ပိုင်ဆိုင်မှု စစ်ဆေးပြီးနောက် အပယ်ခံရသော်လည်း သက်သေပြရန် ခဲယဉ်းသော စီးပွားရေး အကြပ်အတည်းကြောင့် ပညာသင်စရိတ် ထောက်ပံ့မှု လိုအပ်သည်ဟု ကျောင်းအုပ်မှ ထောက်ခံပေးသော ဝင်ငွေနည်းပါးသည့် အလွှာမှ ကျောင်းသားများ
ထောက်ပံ့မှု အကြောင်းအရာများ
  • (အထက်တန်းကျောင်း ကျောင်းစရိတ်) အထက်တန်းကျောင်း ကျောင်းအပ်ခ၊ အတန်းကြေး၊ ကျောင်းအထွေထွေစရိတ် ထောက်ပံ့ခြင်း
  • (ကျောင်းထမင်းစရိတ်) မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း နေ့လည်စာစရိတ် အလုံးစုံ ထောက်ပံ့မှု(တစ်နှစ်စာ အနပ် 180၊ အခမဲ့ကျွေးသည့် ဒေသ မပါဝင်)
  • (ပုံမှန်အတန်းချိန်ပြီးဆုံးပြီးနောက် ကျောင်းအချိန်ပို အတန်းနားထောင်ခွင့်) မူလတန်း၊ အလယ်တန်း၊ အထက်တန်း ပုံမှန်အတန်းချိန်ပြီးဆုံးပြီးနောက် အတန်းနားထောင်ခွင့် တစ်နှစ်လျှင် ဝမ် 600,000 ဝန်းကျင် ထောက်ပံ့ခြင်း
  • (အိုင်စီတီအခြေပြု ပညာရေး) အင်တာနက် အသုံးပြုခ လစဉ် ဝမ် 17,600အောက် ထောက်ပံ့ခြင်း၊ ဝင်ငွေးနည်းပါးသည့် အလွှာမှ တစ်မိသားစုလျှင် PC 1လုံး ထောက်ပံ့ခြင်း
지원항목 표 : 대상자, 기초수급자, 법정 한부모, 법정 차상위, 소득·재산조회자, 학교장 추천 별 학비 지원여부를 포함한 표입니다.
ထောက်ပံ့မှု ရနိုင်သည့် သူများ အခြေခံခံစားခွင့် ရယူနေသောသူ ဥပဒေအရ မိဘ တစ်ဦးတည်းရှိသူ ဥပဒေအရ သတ်မှတ်ပျမ်းမျှဝင်ငွေ 50%အောက်အလွှာဖြစ်သူ ဝင်ငွေ၊ ပိုင်ဆိုင်မှု စစ်ဆေးပြီးသူ ကျောင်းအုပ် ထောက်ခံချက်
အထက်တန်းကျောင်း ကျောင်းစရိတ်
ကျောင်းထမင်းစရိတ်
အချိန်ပိုအတန်းနားထောင်ခွင့်
အင်တာနက်·PC
  • ○ : လျှောက်ထားသည့်အခါ 100% ထောက်ပံ့ခြင်း၊ △ : လျှောက်ထားသည့်အခါ ရွေးချယ်သည့် စံနှုန်းပေါ်မူတည်ပြီး အကဲဖြတ်စစ်ဆေးပြီးနောက် ထောက်ပံ့ကြေး ရနိုင် မရနိုင် ဆုံးဖြတ်ခြင်း
  • ပညာသင်စရိတ် ထောက်ပံ့မှုဆိုင်ရာ အသေးစိတ် အကြောင်းအရာများကို ဒေသဆိုင်ရာ ရပ်ကွက်ရုံး သို့မဟုတ် ပြည်သူ့စင်တာ သို့မဟုတ် ပညာသင်စရိတ် one click လျှောက်ထားခြင်း စနစ်မှတစ်ဆင့် စစ်ကြည့်နိုင်ပါသည်။
    (☎ စုံစမ်းရန် ဖုန်း : ပညာသင်စရိတ် ထောက်ပံ့မှုဆိုင်ရာ ဗဟိုဆွေးနွေးမှုစင်တာ 1544-9654)
တင်ပြရမည့် စာရွက်စာတမ်းများ
제출서류 표 : 대상자, 제출서류를 포함한 표입니다.
ထောက်ပံ့မှု ရနိုင်သည့်သူများ တင်ပြရမည့် စာရွက်စာတမ်းများ
ပြည်သူ့အခြေခံလူနေမှုဘဝ အာမခံချက်ခံစားခွင့် ရယူနေသူ၊
မိဘ တစ်ဦးတည်းရှိသောမိသားစု စောင့်ရှောက်မှု လိုအပ်သူ(ဥပဒေအရ)၊
ပျမ်းမျှဝင်ငွေ 50%အောက် စောင့်ရှောက်မှု လိုအပ်သူ(ဥပဒေအရ)၊
ဝင်ငွေ၊ ပိုင်ဆိုင်မှု စစ်ဆေးပြီးသူ
  1. 1လူမှုအာမခံ ခံစားခွင့် လျှောက်လွှာ
  2. 2ဝင်ငွေ၊ ပိုင်ဆိုင်မှု အကြောင်းကြားစာ
  3. 3ငွေကြေးပိုင်ဆိုင်မှု အချက်အလက် စသဖြင့် စစ်ဆေးခွင့် ပြုကြောင်း သဘောတူလွှာ
  4. 4ဝင်ငွေ၊ ပိုင်ဆိုင်မှု သက်သေ အထောက်အထား စသဖြင့်
ကျောင်းအုပ် ထောက်ခံချက်
  1. 1အတန်းပိုင်ဆရာ၊ ဆရာမ(ကျောင်းလုပ်ငန်း တာဝန်ခံ) အကြံပြုလွှာ(ထောက်ခံစာ)
  2. 2အခြား ကိုးကားရန် စာရွက်စာတမ်းများ(အကြွေး/သေဆုံး/အလုပ်လက်မဲ့/ဒေဝါလီခံ/ကွာရှင်းခြင်း စသည်)
  • အကြံပြုလွှာကိုမူ အတန်းပိုင်ဆရာ၊ ဆရာမ သို့မဟုတ် ကျောင်းလုပ်ငန်းတာဝန်ခံမှ ရေးသားရန်
လျှောက်ထားပုံ အဆင့်ဆင့်
  • နှစ်စဉ် 3လပိုင်း အစပိုင်းသည် အဓိက လျှောက်ထားချိန်ကာလ ဖြစ်ပါသည်။(တစ်နှစ်ပတ်လုံး ပုံမှန် လျှောက်ထားနိုင်ပြီး၊ ကျောင်းမှ လျှောက်ထားပုံအဆင့်ဆင့် သီးသန့် ညွှန်ကြားခြင်း(အိမ်သို့အသိပေးစာပို့ခြင်း စသည်))
  • ကျောင်းသားမိဘများသည် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ပြည်သူ့စင်တာ သို့မဟုတ် အွန်လိုင်း(bokjiro၊ ပညာသင်စရိတ် one click လျှောက်ထားမှုစနစ်)မှတစ်ဆင့် ပညာသင်စရိတ် လျှောက်ထားပြီး၊ ဝင်ငွေ၊ ပိုင်ဆိုင်မှု စစ်ဆေးမှု ရလဒ်ပေါ်မူတည်ကာ ကျောင်းမှ ထောက်ပံ့မှု ရနိုင်မည့်သူအား ရွေးချယ်သော စနစ်
    • ထောက်ပံ့မှု ရသည့်သူအား ကျောင်းမှ ငွေသွင်းရန် ကင်းလွတ်ခွင့် ဆောင်ရွက်ပေးပါသည်။။
  • လျှောက်ထားခြင်း
    ကျောင်းသားမိဘ
  • ဖောင်တင်ခြင်း
    ခရိုင်၊ မြို့နယ်၊ ရပ်ကွက်
    သို့မဟုတ် အင်တာနက်
    (လူမှုဖူလုံရေးဝန်ကြီးဌာန Happiness e-um)
  • ဝင်ငွေ၊ ပိုင်ဆိုင်မှု စစ်ဆေးခြင်း
    မြို့၊ ခရိုင်၊ မြို့နယ်
    (လူမှုဖူလုံရေးဝန်ကြီးဌာန Happiness e-um)
  • ထောက်ပံ့မှု ရနိုင်သူ ရွေးချယ်ဆုံးဖြတ်ခြင်း
    ကျောင်း(nice)
အရင်းအမြစ်
အဆိုပါ လမ်းညွှန်စာအုပ်သည် “ဂုံးဂုံးနူရီ ပုံစံ 4 : အရင်းအမြစ်ဖော်ပြရန်+ကိုယ်ကျိုးအတွက် အသုံးပြုခြင်း မပြုရ+ပြောင်းလဲဖော်ပြခြင်း မပြုရ” သတ်မှတ်ချက်များပေါ် မူတည်ပြီး အသုံးပြုနိုင်ပါသည်။