01ကလေးအတွက် ပြင်ဆင်မှု
ကလေး ယူရန် ပြင်ဆင်နေသော ဇနီးမောင်နှံလောင်းများအတွက် လိုအပ်သော စစ်ဆေးမှုများ
- ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသား၏ ကျန်းမာရေးအတွက် ကိုယ်ဝန်မဆောင်မီ စစ်ဆေးမှုနှင့် ကာကွယ်ဆေးထိုးခြင်းများ လိုအပ်ပါသည်။
임신 전 검사 표 : 구분, 검사 필요성, 예방처치를 포함한 표입니다. အမျိုးအစား | စစ်ဆေးမှု၏ အရေးကြီးပုံ | ကြိုတင်ကာကွယ်ခြင်း |
ဂျာမန်ဝက်သက်(ဂျိုက်သိုး) | ကိုယ်ဝန်အစောပိုင်းတွင် ရောဂါ ကူးစက်ခံရပါက သန္ဓေသားတွင် မျိုးရိုးဗီဇ ပုံစံပျက်ယွင်းမှုများ ဖြစ်ပေါ်စေနိုင်ခြင်း | ကိုယ်ခံအား မကောင်းလျှင် ဂျာမန်ဝက်သက်(ဂျိုက်သိုး)(MMR*) ကာကွယ်ဆေး အနည်းဆုံး 1ကြိမ် ထိုးရန် - ဆေးထိုးပြီး 3လ ကြာပြီးနောက်မှ ကိုယ်ဝန်ဆောင်သင့်ပါသည်။
|
အသည်းရောင်အသားဝါ Bပိုး | ကိုယ်ဝန်ဆောင်မိခင်သည် အသည်းရောင်အသားဝါ Bပိုး ကူးစက်ခံထားရပါက မီးဖွားသည့်အခါ မွေးကင်းစကလေးကိုပါ ကူးစက်ခံရနိုင်ချေ မြင့်ခြင်း | - ကိုယ်ခံအား မကောင်းလျှင် ကိုယ်ဝန်မဆောင်ခင် အသည်းရောင်အသားဝါ Bပိုး ကာကွယ်ဆေး(0လ, 1လ, 6 လ ခြားပြီး စုစုပေါင်း 3ကြိမ်) ထိုးရန်
- ကိုယ်ဝန်ဆောင်မိခင်သည် အသည်းရောင်အသားဝါ Bပိုး ရှိသူ ဖြစ်ပါက မွေးပြီးပြီးချင်းတွင် ကလေး(မွေးကင်းစကလေး)အား မကူးစက်စေရန် ကြိုတင် ဆောင်ရွက်ချက်များ လိုအပ်ပါသည်။
- 2. နို့စို့ကလေးနှင့် ကလေးငယ်များ ကျန်းမာရေးစောင့်ရှောက်မှု → မမွေးမီနှင့် မွေးပြီးကာလ အသည်းရောင်အသားဝါBပိုး ကူးစက်မှု ကာကွယ်ရေးလုပ်ငန်းများတွင် ကိုးကားရန်
|
- MMR: ဝက်သက်၊ ပါးချိတ်ရောင်နာနှင့် ဂျာမန်ဝက်သက်(ဂျိုက်သိုး) ပေါင်းစပ်ကာကွယ်ဆေး
- ယခင်က ကာကွယ်ဆေးထိုးဖူးသော်လည်း ဂျာမန်ဝက်သက်(ဂျိုက်သိုး)အတွက် ပဋိပစ္စည်းစမ်းသပ်စစ်ဆေးခြင်း ရလဒ်အရ positive မဟုတ်လျှင် 1ကြိမ် ထပ်ပြီး ထိုးရမည် ဖြစ်ပြီး၊ စုစုပေါင်း အကြိမ်ရေ 3ကြိမ် မကျော်ရပါ။
မွေးရာပါ ဇီကာဗိုင်းရပ်စ် လက္ခဏာစုများ
- ကိုယ်ဝန်ဆောင်မိခင်သည် မီးမဖွားမီ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရပါက သန္ဓေသားပါ ကူးစက်ခံရပြီး ဦးခေါင်းသေးငယ်ခြင်း အစရှိသည့် ဆိုးရွားသော ဦးနှောက်မူမမှန်ခြင်းကဲ့သို့သော ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ချို့ယွင်းမှုများ ဖြစ်ပေါ်စေနိုင်ပါသည်။
- အရှေ့တောင်အာရှ အစရှိသည့် ဇီကာဗိုင်းရပ်စ် ဖြစ်ပွားမှုရှိသည့် နိုင်ငံမှ ပြန်လာသူ(ကျား၊ မ အကုန်)များသည် လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ခြင်း သို့မဟုတ် ကွန်ဒုံးအသုံးပြုခြင်းဖြင့် 6လခန့် ကိုယ်ဝန်ဆောင်ခြင်းအား ရွှေ့ဆိုင်းပါ။
02ကိုယ်ဝန်ဆောင်မိခင်များ လုပ်ရမည့် စစ်ဆေးမှုများ
ကိုယ်ဝန်ဆောင်မိခင်၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆောင်ရွက်ပေးနေသော အထွေထွေ စစ်ဆေးမှုအမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ၎င်းအပြင် ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသား ကျန်းမာရေးအခြေအနေပေါ် မူတည်၍ တစ်ဆင့်ပိုပြီး အသေးစိတ် စစ်ဆေးမှုများကို လုပ်နိုင်ပါသည်။
ကိုယ်ဝန်ဆောင်မိခင်မှ စစ်ဆေးမှု ခံယူရမည့် အထွေထွေ စစ်ဆေးမှုအမျိုးအစားများနှင့် အကြောင်းအရာများ
임산부가 받아야 하는 일반적인 검사항목과 검사 내용 표 : 검사별 설명을 포함한 표입니다. သွေး စစ်ခြင်း | ရိုးရိုး သွေးစစ်ခြင်း | ကိုယ်ဝန်ဆောင်မိခင်၏ ကျန်းမာရေးကို စစ်ဆေးအကဲဖြတ်ပြီး ကိုယ်ဝန်တည်မြဲမှုတွင် ပြဿနာရှိမရှိ သိနိုင်ရန်အတွက် သွေးစစ်ခြင်း (ဟေမိုဂလိုဘင်၊ သွေးဥမွှား၊ သွေးနီဥ စသဖြင့်)နှင့် အေအိုင်ဒီအက်စ်၊ ဂျာမန်ဝက်သက်(ဂျိုက်သိုး) စသည့် ရောဂါများ ရှိမရှိကို စစ်ဆေးရပါသည်။ |
သွေးအမျိုးအစားစစ်ခြင်း | ABO သွေးအမျိုးအစားနှင့် Rh(+)အပေါင်း၊ (-)အနှုတ်ကို စစ်ဆေးခြင်း ဖြစ်ပါသည်။ Rh(-)အနှုတ်သွေး ကိုယ်ဝန်ဆောင်မိခင်ဖြစ်ပါက ကိုယ်ဝန် 28ပတ်တွင် Rh immunoglobulin ထိုးရပါသည်။ |
ဆစ်ဖလစ်စစ်ဆေးခြင်း | သန္ဓေသား သေဆုံးခြင်း၏ အဓိက အကြောင်းရင်းဖြစ်ပြီး သန္ဓေသားထံ ကူးစက်စေနိုင်သော ဆစ်ဖလစ် ရှိမရှိကို စစ်ဆေးရပါသည်။ |
အသည်းရောင်ရောဂါစစ်ဆေးခြင်း | အသည်းရောင်ရောဂါ ရှိမရှိ စစ်ဆေးရပါသည်။ အထူးသဖြင့် အသည်းရောင်အသားဝါ Bပိုးသည် ကိုယ်ဝန်ဆောင်စဉ်ကာလတွင် ပိုမို ဆိုးရွားလာတတ်ပြီး အချင်းမှ တစ်ဆင့် မီးဖွားစဉ် သို့မဟုတ် ကလေးနို့တိုက်ချိန်တွင် သန္ဓေသားဆီ ကူးစက်နိုင်ပါသည်။ |
ဆီးစစ်ခြင်း | သကြားနှင့် ပရိုတင်းဓာတ် စစ်ဆေးခြင်းဖြင့် ကိုယ်ဝန်ဆိပ်တက်ရောဂါ သို့မဟုတ် ဆီးချိုသွေးချို စသည်တို့ကို စစ်ဆေးနိုင်ပြီး၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ရှိမရှိကိုလည်း စစ်ဆေးပါသည်။ |
အာထရာဆောင်းရိုက်ပြီး စစ်ဆေးခြင်း | သားအိမ် အတွင်းပိုင်းကို ကြည့်ခြင်းဖြင့် သန္ဓေသား ကြီးထွားမှု၊ သန္ဓေသား တည်နေရာနှင့် ပုံစံ၊ မွေးရာပါချို့ယွင်းချက် ရှိမရှိ စသည်တို့ကို သိရှိနိုင်ပါသည်။ |
03ကျန်းမာသော ကလေးအား မွေးဖွားနိုင်ရန် သတိထားရမည့် အချက်များ
- ကျန်းမာသော မိခင်သည် ကျန်းမာသော ကလေးကို မွေးဖွားပေးပါသည်။
ကိုယ်ဝန်ဆောင်ရန် အစီအစဉ် ရှိပါက မိခင်သည် ကျန်းမာရေးကောင်းမွန်ရပါမည်။ အကယ်၍ နဂို ရောဂါခံရှိနေပါက ဆရာဝန်နှင့် တိုင်ပင်ပြီး ဆေးကုသမှုခံယူပါ။ - ဆေးဝါးများ မဆင်မခြင် သောက်သုံးခြင်း မပြုပါနှင့်။
ကိုယ်ဝန်ဆောင်စဉ်အတွင်း ဖြစ်နိုင်ပါက ဆေးသောက်ခြင်းကို ရှောင်ကြဉ်ပါ။ ဆေးဝါးများသည် သန္ဓေသားအပေါ် ဆိုးရွားသော သက်ရောက်မှုများ ရှိနိုင်ပါသည်။ အထူးသဖြင့် ကိုယ်ဝန်အစောပိုင်းကာလတွင် သန္ဓေသား၏ လက်၊ ခြေထောက်၊ နှလုံး၊ ဗဟိုအာရုံကြောစနစ် စသည်တို့ ဖွံ့ဖြိုးနေသော ကာလဖြစ်ပါသည်။ ထို့အတွက်ကြောင့် အထူးသတိထားရပါသည်။ ဆီးချိုသွေးချို သို့မဟုတ် သွေးတိုးကဲ့သို့သော နာတာရှည်ရောဂါများ သို့မဟုတ် ကူးစက်ရောဂါများကြောင့် အချိန်ကြာမြင့်စွာ ကိုယ်ပူခြင်း စသည်တို့ကို ဒီအတိုင်းထားလျှင် ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသားအပေါ် ဆိုးရွားသော သက်ရောက်မှုများ ရှိလာနိုင်သည့်အတွက် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး ဆေးသောက်ခြင်းအပါအဝင် သင့်လျော်သော ဆေးကုသမှုများ မဖြစ်မနေ လိုအပ်ပါသည်။ - အရက်နှင့် ဆေးလိပ်ကို လုံးဝ ရှောင်ကြဉ်ရပါမည်။
အရက်သည် ပြင်းထန်သော မျိုးရိုးဗီဇ ပုံစံပျက်ယွင်းမှုကို ဖြစ်ပေါ်စေသည့်အတွက် သန္ဓေသားတွင် အရက်ဆိုင်ရာလက္ခဏာစုများ ဖြစ်ပေါ်စေနိုင်ပါသည်။ ကိုယ်ဝန်ဆောင်စဉ်ကာလတွင် အရက်ဘီယာ လုံးဝ မသောက်ပါနှင့်။ ဆေးလိပ်သည် သန္ဓေသား ကြီးထွားမှုကို အနှောင့်အယှက်ဖြစ်စေပြီး ပေါင်မပြည့်သော ကလေး မွေးလာနိုင်ပါသည်။ ထို့အတွက်ကြောင့် ကိုယ်ဝန်မဆောင်မီ ဆေးလိပ် ဖြတ်ထားခြင်းက ကောင်းပါသည်။ - လုံလောက်သော ကယ်လိုရီနှင့် ပရိုတင်း၊ သတ္ထုဓာတ်နှင့် ဗီတာမင်တို့ကို အပြည့်အဝစားသုံးပေးရပါမည်။
နေ့စဉ် ထမင်းကို သေချာ ပုံမှန်စားပေးပါက အာဟာရဖြည့်စွက်ဆေးများ သီးသန့်သောက်သုံးပေးရန် မလိုပါ။ အာဟာရ စားသုံးမှုတွင် ပြဿနာမရှိပါက ကိုယ်ဝန်အစောပိုင်းကာလ 4လတာအတွင် တစ်လလျှင် 1kg၊ နောက်ပိုင်းကာလ 6လတွင်မူ တစ်လလျှင် 2kgခန့် စုစုပေါင်း 13kgခန့် ကိုယ်အလေးချိန် တိုးတတ်ပါသည်။ သို့သော်၊ သံဓာတ်အားဆေးကိုမူ ကိုယ်ဝန် 5လမြောက်လမှစပြီး သီးသန့် ဖြည့်စွက်သောက်သုံးပေးရမည် ဖြစ်ပါသည်။ သံဓာတ်အားဆေးကို ဗိုက်ထဲ အစာမရှိသည့်အချိန်တွင် သောက်ပေးမှသာ သံဓာတ်စုပ်ယူမှုအား ကောင်းစေမည် ဖြစ်ပါသည်။ အရွယ်ရောက်ပြီးသော အမျိုးသမီးများသည် အာရုံကြောပြွန်ချို့ယွင်းမှုကို ကာကွယ်နိုင်ရန် နေ့စဉ် သတ်မှတ် ပမာဏရှိသည့် ဖောလစ်အက်စစ်များ သောက်သုံးပေးရမည် ဖြစ်ပါသည်။ - ကိုယ်ဝန်ဆောင်စဉ် ဇီဝကမ္မဗေဒအရ အူလမ်းကြောင်း လှုပ်ရှားမှု လျော့နည်းလာပြီး ဝမ်း မာတောင့်လာကာ၊ ကြီးထွားလာသည့် သားအိမ်ကြောင့် အူကို ဖိထားသဖြင့် ဝမ်းချုပ်တတ်ပါသည်။ လတ်ဆတ်သော အသီးအရွက်များကို စားပေးခြင်းဖြင့် ဝမ်းပမာဏကို တိုးစေပြီး ရေကို လုံလောက်စွာ သောက်သုံးပေးခြင်း၊ ပုံမှန် အားကစားလုပ်ပေးခြင်းသည် ဝမ်းချုပ်ခြင်းကို ကာကွယ်ရာတွင် အထောက်အကူပြုပါသည်။
- အလွန်အကျွံ လှုပ်ရှားခြင်းကို ရှောင်ကြဉ်ပါ။
ကိုယ်ဝန်ဆောင်နေသည့် အမျိုးသမီးဟုဆိုကာ အားကစား မလုပ်ဘဲ နေရန်မလိုပါ။ နေ့စဉ်လှုပ်ရှားမှုများကို လုပ်ဆောင်ရင်း ပေါ့ပေါ့ပါးပါး လုပ်ရသော အားကစားကို ပုံမှန် လုပ်ပေးခြင်းသည် ကောင်းပါသည်။ သို့သော် မလုပ်ဖူးသော အားကစားကို စလုပ်ခြင်း သို့မဟုတ် အားကစား ပြင်းပြင်းထန်ထန် လုပ်ခြင်းကိုမူ သတိထားရပါမည်။ အလုပ်ကြမ်းကြမ်းတမ်းတမ်း လုပ်ခြင်း သို့မဟုတ် အမြင့်တက်ရသည့် အန္တရာယ်များသော အလုပ်မျိုးကို ရှောင်ကြဉ်ပါ။ - ကိုယ်ဝန်ဆောင်ကာလ နောက်ဆုံး 4ပတ် မတိုင်ခင်အထိ လိင်ဆက်ဆံခြင်းကို ရှောင်ရန် မလိုအပ်ပါ။ ကလေး ပျက်ကျမည့်၊ စောမွေးမည့် အန္တရာယ် ရှိပါက ရှောင်ပါ။ သို့မဟုတ်ပါက ကွန်ဒုံး အသုံးပြုပါ။
- တုပ်ကွေး ကာကွယ်ဆေးကို ကိုယ်ဝန်ဆောင် အပတ်ရေ ကြည့်စရာ မလိုဘဲ ထိုးနိုင်ပါသည်။
ကိုယ်ဝန်ဆောင်မိခင်သည် တုပ်ကွေးမိပါက၊ အဆုပ်ရောင်ခြင်း စသည့် နောက်ဆက်တွဲရောဂါများ ဖြစ်လာနိုင်သော အန္တရာယ်သည် သာမန်လူများထက် ပိုမြင့်သည့်အတွက် ကြိုတင် ကာကွယ်ရန် လိုအပ်သောကြောင့် ကာကွယ်ဆေးထိုးရန် တိုက်တွန်းပါသည်။ - ကိုယ်ဝန်ဆောင်မိခင်သည် အချိန်ကြာမြင့်စွာ ထိုင်ပြီး ခရီးသွားသည့်အခါ အနည်းဆုံး 1နာရီလျှင် တစ်ခါ ခန္ဓာကိုယ် အောက်ပိုင်းကို ပုံမှန် လှုပ်ရှားပေးခြင်းဖြင့် သွေးပြန်ကြောလည်ပတ်မှု ကောင်းအောင် လုပ်ပေးရပါမည်။
- ကိုယ်ဝန်ဆောင်စဉ် ခြေထောက်ဖောလာခြင်းသည် အောက်ပိုင်းသွေးပြန်ကြော သို့မဟုတ် တင်ပါးဆုံအတွင်းမှ သွေးပြန်ကြောအား ဖိထားသကဲ့သို့ဖြစ်ပြီး ခန္ဓာကိုယ်အောက်ပိုင်း၌ အဖြစ်များလာပါသည်။ ခြေထောက်အား အမြင့်တွင် တင်ထားပေးခြင်းသည် အထောက်အကူဖြစ်သော်လည်း ကိုယ်ဝန်ကြောင့် ဖြစ်သည့် သွေးတိုးရောဂါကြောင့်လည်း ဖြစ်တတ်သည့်အတွက် ကိုယ်ဝန်ဆောင် နောက်ပိုင်းကာလတွင် ခြေထောက်ဖောရောင်ခြင်းများ ရှိပါက သွေးပေါင် ချိန်ကြည့်ပါ။
- ကိုယ်ဝန်ဆောင်စဉ်တွင် မိန်းမကိုယ်တွင် အရည်များ တိုးလာပါသည်။
အဘယ်ကြောင့်ဆိုသော် တိုးလာသည့် အမျိုးသမီးဟော်မုန်း၏ သက်ရောက်မှုကြောင့် သားအိမ်ခေါင်းဂလင်းမှ အချွဲရည်များ ထွက်ပေါ်မှု တိုးလာသည့်အတွက်ကြောင့် ဖြစ်ပြီး ရောဂါဖြစ်ခြင်းမျိုး မဟုတ်ပါ။ - ပုံမှန် စစ်ဆေးမှုများ ခံယူပါ။
ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ပုံမှန် စစ်ဆေးမှုများ ခံယူပါ။ ကိုယ်ဝန်ဆောင်ကာလအတွင်း ဆေးရုံဆေးခန်းများကို အသုံးပြုပြီး မမွေးခင် စောင့်ရှောက်မှုများ လုပ်ခြင်းဖြင့် မိခင် သို့မဟုတ် ကလေးတွင် ရှိလာနိုင်သည့် ဘေးအန္တရာယ်များကို ကြိုတင် သိရှိပြီး ကာကွယ်နိုင်ပါသည်။
သိရှိထားရန်!
ကိုရီးယားနိုင်ငံ၏ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု
ကိုရီးယားနိုင်ငံတွင် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း မိခင်၏ ကိုယ်စိတ်နှလုံးသည် သန္ဓေသားအပေါ် ဖွံ့ဖြိုးမှုပိုင်း၊ စိတ်ပညာပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုများ ရှိသည်ဟု ယူဆလာခဲ့ကြပါသည်။ ကျန်းမာပြီး ကောင်းမွန်သော မျိုးဆက် ဖြစ်ရန်အတွက် ကိုယ်ဝန်ဆောင်မိခင်သည် အရာအားလုံးကို သတိထားပြီး၊ မကောင်းသော အတွေးများ၊ ကြမ်းတမ်းသော အပြုအမူများကို ရှောင်ကာ၊ စိတ်အေးချမ်းစွာဖြင့် ပြောဆိုနေထိုင်နိုင်အောင် ကြိုးစားသည့် ဓလေ့ရှိပြီး ၎င်းကို ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုဟု ခေါ်ပါသည်။ ထို့ကြောင့် အစားအသောက်နှင့် အပြုအမူကို သတိထားရသည့်အပြင် အတွေးအခေါ်ပိုင်းပါ ပိတ်ပင်ထားသည့် အရာများ ရှိပါသည်။ ကိုရီးယားလူမျိုး မိသားစုဝင်များမှ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုအတွက် အကြံပြုသည့်အခါ ကိုယ်ရေးကိုယ်တာကို ထိပါးသည်ဟု ထင်ခြင်း၊ စိတ်ဖိစီးမှုများ ခံစားရနိုင်ပါသည်။ သို့သော် ယဉ်ကျေးမှု ခြားနားခြင်းကြောင့် ဖြစ်နိုင်သည့်အတွက် စကားဖြင့် ပဋိပက္ခများကို ဖြေရှင်းရန် လိုအပ်ပါသည်။ အိမ်ထောင်ဖက်သည်လည်း ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုတွင် စိတ်အားထက်သန်စွာ ပါဝင်ပေးခြင်းဖြင့် ပျော်ရွှင်စရာကောင်းသော ကိုယ်ဝန်ဆောင်ခြင်းနှင့် မီးဖွားခြင်းကို ရရှိစေရန် အထောက်အကူဖြစ်စေပါသည်။
04ကိုယ်ဝန်ဆောင်မိခင်များအတွက် ဒေသန္တရကျန်းမာရေးဌာန ဝန်ဆောင်မှု
ကိုယ်ဝန်ဆောင်မိခင်(ကိုရီးယားလူမျိုးနှင့် လက်ထပ်ထားသော ရွှေ့ပြောင်းနေထိုင်သူ အပါအဝင်)များသည် ဒေသန္တရကျန်းမာရေးဌာနတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူနိုင်ပါသည်။
အထူးသဖြင့် အန္တရာယ်ဖြစ်နိုင်ချေများသော ကိုယ်ဝန်ဆောင်မိခင်*သည် မဖြစ်မနေ ဒေသန္တရကျန်းမာရေးဌာန သို့မဟုတ် ဆေးရုံဆေးခန်းများ၏ စောင့်ရှောက်မှုများ လိုအပ်ပါသည်။
- အန္တရာယ်များသော ကိုယ်ဝန်ဆောင်မိခင် :
အသက် အရမ်းငယ်သော သို့မဟုတ် အရမ်းကြီးသော ကိုယ်ဝန်ဆောင်မိခင်(အသက် 20အောက်နှင့် အသက် 35နှစ်အထက်)၊ ဗိုက်စောပြီး နာခြင်း၊ မီးဖွားခြင်းဆိုင်ရာ သွေးဆင်းခြင်း၊ ပြင်းထန်သော ကိုယ်ဝန်အဆိပ်တက်ခြင်း စသည့် ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ ရောဂါများ ရှိသောသူ၊ ပေါင်မပြည့်သော ကလေးနှင့် မွေးရာပါ မူမမှန်သော ကလေးအား မွေးဖူးသည့် ကိုယ်ဝန်ဆောင်မိခင်များကို ဆိုလိုခြင်းဖြစ်ပြီး အထူး စောင့်ရှောက်ရန် လိုအပ်ပါသည်။
(1)ကိုယ်ဝန် အစောပိုင်းကာလ စစ်ဆေးမှုများ
ကိုယ်ဝန်ဆောင်မိခင်သည် ဒေသန္တရကျန်းမာရေးဌာနတွင် ကိုယ်ဝန်စစ်ဆေးခြင်း၊ ဆီးစစ်ခြင်း(ဆီးချိုသွေးချို၊ ပရိုတင်းဓာတ်စစ်ခြင်း)၊ သွေးစစ်ခြင်း(ဟေမိုဂလိုဘင်၊ သွေးနီဥ၊ သွေးဖြူဥ၊ သွေးရည်ကြည်ဆစ်ဖလစ်၊ အသည်းရောင်ရောဂါ၊ သွေးအမျိုးအစား စစ်ခြင်း)များ လုပ်နိုင်ပါသည်။ ကိုယ်ဝန် အစောပိုင်းကာလ စစ်ဆေးမှုများကို ဒေသန္တရကျန်းမာရေးဌာနတွင် စာရင်းသွင်းရုံဖြင့် စောင့်ရှောက်မှုများ ရနိုင်ပါသည်။(ဒေသန္တရကျန်းမာရေးဌာနအလိုက် စစ်ဆေးနိုင်သည့် အကြောင်းအရာစာရင်းမှာ ကွာခြားနိုင်ပါသည်။)
(2)မီးဖွားရန် ပြင်ဆင်ခြင်း သင်တန်းများ စီစဉ်ပေးခြင်း
- မိခင်နို့ တိုက်ကျွေးခြင်းဆိုင်ရာသင်တန်း၊ ကိုယ်ဝန်ဆောင်မိခင် သွေးပူလေ့ကျင့်ခန်းသင်တန်း၊ မီးဖွားရန် ပြင်ဆင်ခြင်း သင်တန်း၊ ကလေးနှိပ်နယ်မှုသင်တန်း စသည်တို့ ဖွင့်လှစ်သင်ကြားပေးပါသည်။
- ကိုယ်ဝန်ဆောင်ခြင်း၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်း၊ မီးဖွားခြင်းဆိုင်ရာ စာအုပ်များနှင့် CD၊ ဗွီဒီယို စသည်တို့ကို ငှားပေးသော ဒေသများလည်း ရှိပါသည်။
- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင်လည်း သီးသန့် ဆောင်ရွက်ပေးပြီး၊ ဒေသအလိုက် အထောက်အပံ့များ ကွာခြားနိုင်ပါသည်။
(3)သံဓာတ်အားဆေး ထုတ်ပေးခြင်း
ဒေသန္တရကျန်းမာရေးဌာနတွင် စာရင်းသွင်းထားသော ကိုယ်ဝန် 16ပတ်နှင့်အထက် ကိုယ်ဝန်ဆောင်မိခင်အတွက် သံဓာတ်အားဆေး 5လစာ ထုတ်ပေးပါသည်။
(4)ဖောလစ်အက်စစ် ထုတ်ပေးခြင်း
ဒေသန္တရကျန်းမာရေးဌာနတွင် စာရင်းသွင်းထားသည့် ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် ကလေးယူရန် ပြင်ဆင်နေသော အမျိုးသမီးများအား ကိုယ်ဝန်မရခင် 3လ၊ ကိုယ်ဝန်ရပြီး 3လစာ ဖောလစ်အက်စစ်များ ထုတ်ပေးပါသည်။
(5)အန္တရာယ်များသော ကိုယ်ဝန်ဆောင်မိခင်အား ဆေးကုသစရိတ် ထောက်ပံ့ခြင်း
အန္တရာယ်များသော ကိုယ်ဝန်ဆောင်ရောဂါ 19မျိုးဖြင့် ဆေးရုံတက်ပြီး ဆေးကုသမှု ခံယူခဲ့သော ကိုယ်ဝန်ဆောင်မိခင်အတွက် ကျန်းမာရေးအာမခံတွင် အကျုံးမဝင်သော ဆေးကုသစရိတ်ကို ဝမ် သိန်း 30 သတ်မှတ်ပမာဏအတွင်းမှ ထောက်ပံ့ပေးသော လုပ်ငန်းဖြစ်ပါသည်။
- ထောက်ပံ့မှု ရနိုင်သော သူများ: အန္တရာယ်များသော ကိုယ်ဝန်ဆောင်ရောဂါ19မျိုး *ဟူသော ဆေးစစ်ချက်ဖြင့် ဆေးရုံတက် ဆေးကုသမှု ခံယူနေသော ကိုယ်ဝန်ဆောင်မိခင်
- ဗိုက် စောပြီ နာခြင်း၊ မီးဖွားခြင်းဆိုင်ရာ သွေးဆင်းခြင်း၊ ပြင်းထန်သော ကိုယ်ဝန်အဆိပ်တက်ခြင်း၊ ရေမွှာ စောပြီး ပေါက်ခြင်း၊ အချင်းစောပြီး ကွာခြင်း၊ အချင်းရှေ့ရောက်ခြင်း၊ မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ ရေမွှာရည်များခြင်း၊ ရေမွှာရည်နည်းခြင်း၊ မမွေးမီ သွေးဆင်းခြင်း၊ သားအိမ်စောပြီး ပွင့်ခြင်း၊ သွေးတိုး၊ အမွှာကိုယ်ဝန်၊ ဆီးချိုသွေးချိုရောဂါ၊ ဇီဝကမ္မဖြစ်စဉ် ချို့ယွင်းမှုကြောင့် ကိုယ်ဝန်သည် အလွန်အမင်း ပျို့အန်ခြင်း၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ သားအိမ်တွင်း ကြီးထွားမှု အဟန့်အတားဖြစ်ခြင်း၊ သားအိမ်နှင့် သားအိမ် ဆက်စပ်အင်္ဂါဆိုင်ရာ ရောဂါ
- ထောက်ပံ့မှု အကြောင်းအရာ : အန္တရာယ်များသော ကိုယ်ဝန်ဆောင်မိခင်များ ဆေးရုံတက် ဆေးကုသစရိတ်၏ အာမခံ အကျုံးဝင်သည့်ထဲမှ လူနာဖက်မှ ရာနှုန်းပြည့် ကျခံရသော စရိတ်နှင့် အာမခံ အကျုံးမဝင်သည့် ဆေးကုသစရိတ်(ဆေးရုံခန်းခ၊ လူနာ အထူးထမင်း မပါဝင်)၏ 90%(ဝမ် သိန်း 30 အတွင်း)
- လျှောက်ထားပုံအဆင့်ဆင့် : ပြင်ဆင်ရမည့် စာရွက်စာတမ်းများဖြင့် မွေးဖွားသည့်နေ့မှ 6လအတွင်း ကိုယ်ဝန်ဆောင်မိခင်၏ နေထိုင်ရာ ဒေသဆိုင်ရာ ဒေသန္တရကျန်းမာရေးဌာနသို့မဟုတ် e-ဒေသန္တရကျန်းမာရေးဌာန အစိုးရကျန်းမာရေး portal၊ အာအီမာဂျွန်း အက်ပလီကေးရှင်း စသဖြင့် အွန်လိုင်းမှ လျှောက်ထားနိုင်ခြင်း။
- ပြင်ဆင်ရမည့် စာရွက်စာတမ်းများ : လျှောက်လွှာ 1စောင်၊ ဆေးစစ်ချက် 1စောင်(ရောဂါအမည်နှင့် ရောဂါကုဒ်နံပါတ် ပါဝင်ရမည်)၊ ဆေးရုံ အတက်အဆင်း အတည်ပြုလွှာ၊ ဆေးကုသမှု ကုန်ကျစရိတ် ပြေစာ၊ ဆေးကုသစရိတ် အသေးစိပ်စာရွက်စာတမ်း အသီးသီး 1စောင်စီ၊ နိုင်ငံသားမှတ်ပုံတင်စာရွက် 1စောင်၊ ထောက်ပံ့ငွေ လက်ခံမည့် ဘဏ်စာအုပ် မိတ္တူ 1စောင်(လျှောက်ထားသူ အမည်ပေါက်)၊ လျှောက်ထားသူ မှတ်ပုံတင် စသည်
(6)Nutrition Plus အစီအစဥ်
အာဟာရပိုင်း ပြဿနာရှိနေသော ကိုယ်ဝန်ဆောင်မိခင်နှင့် နို့စို့ကလေး၊ ကလေးငယ်များအတွက် အာဟာရဆိုင်ရာ ပညာပေးခြင်းနှင့် ဆွေးနွေးမှုများ လုပ်ပေးပြီး၊ ဖြည့်စွက်စားသောက်ကုန် packageများပေးကာ ၎င်းတို့၏ အာဟာရပိုင်း ပြဿနာရှိမှုကို ပြန်လည်ကောင်းမွန်လာစေရေး၊ ကိုယ်တိုင် စားသောက်မှုပုံစံ ထိန်းသိမ်းနိုင်စွမ်း မြှင့်တင်ပေးရန်အတွက် ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသော အစီအစဥ်ဖြစ်ပါသည်။
영양플러스 사업 표 : 구분, 지원내용을 포함한 표입니다. အမျိုးအစား | ထောက်ပံ့မှုအကြောင်းအရာ |
ထောက်ပံ့မှု ရနိုင်သော သူများ | - ထောက်ပံ့မှု ရနိုင်သော သူများ :
- နို့စို့ကလေးနှင့် ကလေးငယ်များ(အသက် 6နှစ်၊ မွေးပြီး 72လအထိ)၊ ကိုယ်ဝန်ဆောင်မိခင်နှင့် မီးဖွားပြီး နို့တိုက်မိခင်
- ဒေသတွင်းနေထိုင်မှု သတ်မှတ်ချက် :
- ပရိုဂရမ်အား ဦးစီးဆောင်ရွက်နေသော ဒေသန္တရကျန်းမာရေးအလိုက် ၎င်း အပိုင်ဒေသတွင် နေထိုင်သူ
- လူမျိုး(နိုင်ငံ)ခြားနှင့် လက်ထပ်ထားသူ ဖြစ်ပါက ဇနီးမောင်နှံ2ယောက်ထဲမှ အနည်းဆုံး 1ယောက်သည် ကိုရီးယားနိုင်ငံသား ဖြစ်ရပါမည်။
- ဝင်ငွေ သတ်မှတ်ချက် :
- မိသားစုဝင် အနည်းအများအလိုက် သတ်မှတ်ပျမ်းမျှ ဝင်ငွေ၏ 80% အောက်
- အာဟာရပိုင်း ပြဿနာရှိခြင်း :
- သွေးအားနည်းခြင်း၊ ကိုယ်အလေးချိန်နည်းခြင်း၊ ကြီးထွားဖွံ့ဖြိုးမှုနောက်ကျခြင်း၊ အာဟာရစားသုံးမှုအခြေအနေ မကောင်းမွန်ခြင်းတို့ထဲမှ တစ်ခုနှင့်အထက် အာဟာရပိုင်း ပြဿနာရှိနေသောသူ
|
ထောက်ပံ့မှုအကြောင်းအရာ | - ဖြည့်စွက်အာဟာရစားသောက်ကုန်package ပေးခြင်း:
ဆန်၊ အာလူး၊ ကြက်ဥ၊ မုန်လာဥနီ၊ နွားနို့၊ ပဲနက်၊ ရေညှိကြော်၊ ရေညှိ(ဟင်းချိုချက်)၊ ကြက်ရင်အုံသား အငန်ချက်၊ ပျားလိမ္မော် စသည့် ဘဝစက်ဝန်းအလိုက် စားသောက်ကုန်package 6မျိုး ခွဲပြီး သင့်တော်သော စားသောက်ကုန်များကို အခမဲ့ ထောက်ပံ့ပေးခြင်း(လစဉ် 1~2ကြိမ် အိမ်သို့ ပို့ပေးခြင်း) အာဟာရဆိုင်ရာ ပညာပေးခြင်းနှင့် ဆွေးနွေးမှုများ လုပ်ပေးခြင်း - ကာယကံရှင်၏ အာဟာရပိုင်း ပြဿနာရှိမှုကို ထည့်သွင်းစဉ်းစားကာ တစ်ဦးချင်း ဆွေးနွေးမှုနှင့် အဖွဲ့လိုက် ပညာပေးခြင်း၊ အွန်လိုင်း သင်တန်းများပါ တစ်ပြိုင်တည်း ဆောင်ရွက်ပေးခြင်း
- အနည်းဆုံး တစ်လကို 1ကြိမ်နှင့် အထက် လုပ်ပေးခြင်း
|
လျှောက်ထားနည်း | - လက်ခံဌာန :
- နေထိုင်ရာဒေသဆိုင်ရာ ဒေသန္တရကျန်းမာရေးဌာန သို့မဟုတ် အွန်လိုင်း(ဘိုဂျိုဂွန်း24)မှ လျှောက်ထားရန်(အမှတ်တကယ် နေထိုင်သည့် နေရာသည် မှတ်ပုံတင်ပေါ်က လိပ်စာနှင့် မတူသည့်အခါ၊ အဖိုးအဖွားနှင့် အခြား တော်စပ်သူများမှ လျှောက်ထားပေးသည့်အခါတွင်မူ လူကိုယ်တိုင် သွားရောက် လျှောက်ထားရမည် ဖြစ်ပါသည်။)
လိုအပ်သော စာရွက်စာတမ်းများ - မိသားစုဝင် လူဦးရေ စစ်ဆေးရန် စာရွက်စာတမ်း : နိုင်ငံသားမှတ်ပုံတင်စာရွက်၊ မိသားစုသန်းခေါင်စာရင်း
- ဝင်ငွေ စစ်ဆေးရန်အတွက် စာရွက်စာတမ်း : ကျန်းမာရေးအာမခံ ဆောင်ထားသည့် ပြေစာ၊ ကျန်းမာရေးအာမခံလက်မှတ်၊ အခြေခံလူနေမှုအာမခံချက် ထောက်ပံ့ကြေး ယူနေသောသူ သို့မဟုတ် သတ်မှတ်ပျမ်းမျှဝင်ငွေ 50%အောက် အတန်းအလွှာဖြစ်ကြောင်း အထောက်အထား စာရွက်စာတမ်း(သက်ဆိုင်သူများသာ)
- အခြားသော စာရွက်စာတမ်းများ : ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်း ရှိမရှိ အထောက်အထားဖြစ်သည့် ကိုယ်ဝန်ဆောင်မှတ်တမ်းစာအုပ်၊ ဆရာဝန်ဆေးစစ်ချက်၊ ထောက်ခံစာ(မီးမဖွားမီ)၊ မွေးစာရင်း(မီးဖွားပြီးနောက်)ထဲမှ 1ခုနှင့် အထက်
|
တစ်နိုင်ငံလုံးရှိ ဒေသန္တရကျန်းမာရေးဌာနများတွင် ဆောင်ရွက်ပေးလျက် ရှိပြီး(သို့သော်၊ အင်ချွန်း အုန်းဂျင်းဂွန်း၊ ဂယောင်းဘု အူးလွန်းဒို မပါ) နေထိုင်ရာ ဒေသဆိုင်ရာ ဒေသန္တရကျန်းမာရေးသို့ လူကိုယ်တိုင် သွားရောက်ပြီးဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ မေးမြန်းစုံစမ်းနိုင်ပါသည်။
(7)နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်မိခင်များအတွက် တုပ်ကွေးကာကွယ်ဆေး ထိုးပေးသည့် အစီအစဥ်
ကိုယ်ဝန်ဆောင်မိခင်များအား တုပ်ကွေးကာကွယ်ဆေး ထိုးပေးခြင်းများ လုပ်ပေးပြီး ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသား တုပ်ကွေး ကူးစက်မှုအား ကာကွယ်နိုင်ရန် ဆောင်ရွက်လျက် ရှိသော လုပ်ငန်းဖြစ်ပါသည်။
- ထောက်ပံ့မှု ရနိုင်သော သူများ : ကိုယ်ဝန်ဆောင်မိခင်(ကိုယ်ဝန် အပတ်ရေ ထည့်သွင်းစဉ်းစားစရာ မလိုဘဲ ထိုးနိုင်ပါသည်။)
- ကိုယ်ဝန်ဆောင်မိခင် ဖြစ်ကြောင်း အတည်ပြုနိုင်သော စာရွက်စာတမ်း(ကိုယ်ဝန်ဆောင်မှတ်တမ်းစာအုပ် စသည်)ကို တင်ပြနိုင်ရပါမည်။
- ထောက်ပံ့မှုအကြောင်းအရာ : တုပ်ကွေးကာကွယ်ဆေး 1ကြိမ်
- ကာကွယ်ဆေး ထိုးပေးသောဌာန: တစ်နိုင်ငံလုံးရှိ ဒေသန္တရကျန်းမာရေးဌာနနှင့် သတ်မှတ် ဆေးရုံဆေးခန်းများ
- နေထိုင်ရာလိပ်စာနှင့် မဆိုင်ဘဲ ဒေသန္တရကျန်းမာရေးဌာနနှင့် သတ်မှတ်ဆေးရုံဆေးခန်းတိုင်းတွင် ထိုးနိုင်ပြီး၊ သတ်မှတ်ဆေးရုံဆေးခန်းများကို အင်တာနက် ကာကွယ်ဆေးထိုးခြင်းဆိုင်ရာအကူ ဝက်ဘ်ဆိုက်(https://nip.cdc.go.kr) → တို့ကလေးအတွက် ကာကွယ်ဆေးဆိုင်ရာ အချက်အလက်များ → ဆေးရုံဆေးခန်းများ ရှာဖွေခြင်းတွင် ရှာကြည့်နိုင်ပါသည်။(မိုဘိုင်း အက်ပလီကေးရှင်းတွင်လည်း ရှာကြည့်နိုင်ပါသည်)
05မီးဖွားခြင်း
မီးဖွားသည့်အခါ သားဖွားမီးယပ်ဌာနကို အသုံးပြုပါ။ ဒေသန္တရကျန်းမာရေးဌာနတွင် မီးမဖွားမီ စောင့်ရှောက်မှုများ ခံယူခဲ့သော ကိုယ်ဝန်ဆောင်မိခင်ဖြစ်သော်လည်း မီးဖွားခြင်းကိုမူ ရိုးရိုး ဆေးရုံ၊ ဆေးခန်းများတွင် လုပ်ရပါမည်။ မီးမဖွားမီ ပြင်ဆင်စရာများကို တစ်ခုချင်း သေသေချာချာ ပြင်ဆင်ထားမှသာ မီးဖွားသည့်အခါ စိတ်အေးလက်အေးဖြင့် ဖွားမြင်နိုင်မည်ဖြစ်ပါသည်။ ကလေးမွေးဖွားနည်းများ အမျိုးမျိုး ရှိသော်လည်း အဓိကအားဖြင့် ရိုးရိုးမွေးခြင်းနှင့် ဗိုက်ခွဲမွေးခြင်းတို့ ရှိပါသည်။
(1)ရိုးရိုးမွေးခြင်း
- ဆေးဝါး သို့မဟုတ် စက်၏ အင်အားကို ယူမသုံးဘဲ၊ သဘာဝအတိုင်း ဗိုက်နာလာပြီး မွေးလမ်းကြောင်းမှတစ်ဆင့် ကလေးကို မွေးဖွားသော နည်းလမ်းကို ဆိုလိုပါသည်။ မွေးရ လွယ်ကူစေရန် မိန်းမကိုယ်ကို ခွဲပြီး မွေးလမ်းကြောင်း ချဲ့ရပါသည်။
- အချိန် အတော်ကြာသည့်တိုင်အောင် မီးဖွား၍ မရပါက သားအိမ်ပွင့်ဆေးကို အသုံးပြုခြင်းများလည်း ရှိပါသည်။ သားဦး ဖြစ်ပါက 10နာရီနှင့်အထက်၊ ဒုတိယမြောက် ကလေးဖြစ်ပါက 5နာရီလောက် ကြာတတ်ပါသည်။
- မီးဖွားသည့်အခါတွင် ဆိုးရွားစွာ နာကျင်သော်လည်း ကလေးထွက်လာပြီးပါက နာကျင်မှုများ ပျောက်သွားသော အကောင်းဆုံး မီးဖွားနည်းဖြစ်ပါသည်။ ထို့အပြင် ဆေးရုံတက်ရက်သည်လည်း 2ညအိပ် 3ရက်ခန့်သာ ရှိသည့်အတွက် ကုန်ကျစရိတ်လည်း သက်သာပါသည်။
(2)ဗိုက်ခွဲမွေးခြင်း
- ရိုးရိုးမွေးရန် ခက်ခဲသည့်အခါတွင် ခွဲပြီး မွေးရပါသည်။ အသက်ကြီးသောမိခင် မီးဖွားခြင်း၊ တင်ပါးဆုံရိုးကျဉ်းခြင်း၊ သန္ဓေသား ပြောင်းပြန်ဖြစ်နေခြင်း စသည့် အခြေအနေမျိုးတွင် ရိုးရိုး မွေးပါက အန္တရာယ်ရှိသည့်အတွက် အဆိုပါ အခြေအနေများတွင်မူ ဗိုက်ခွဲမွေးသည့် နည်းလမ်းကို အသုံးပြုပါသည်။
- ဗိုက်ခွဲမွေးခြင်းသည် ခွဲစိတ်ရခြင်း ဖြစ်သည့်အတွက် အမျိုးမျိုးသော နောက်ဆက်တွဲပြဿနာများလည်း ဖြစ်ပေါ်လာနိုင်ပါသည်။ ထို့အတွက်ကြောင့် မလွှဲသာသည့် အခြေအနေမှ လွဲပြီး ရိုးရိုးမွေးခြင်းသည် ပိုမို ကောင်းမွန်ပါသည်။
- ဗိုက်ခွဲမွေးသည့်အခါတွင် တစ်ပတ်ခန့် ဆေးရုံတက်ရသည့်အတွက် ကုန်ကျစရိတ် အများကြီး ကုန်ကျပါသည်။
ဒါနူရီကောလ်စင်တာ(☎1577-1366) သို့မဟုတ် နီးစပ်ရာ နိုင်ငံခြားသွေးနှောမိသားစု အထောက်အကူပြုစင်တာ သို့မဟုတ် ဒေသန္တရကျန်းမာရေးဌာန၊ နိုင်ငံခြားသားအလုပ်သမား အထောက်အကူပြုစင်တာ စသည့် အကူအညီပေးနေသော ဌာနများသို့ ဆက်သွယ်ပါက စကားပြန်၊ ဘာသာပြန် ဝန်ဆောင်မှုကို အသုံးပြုနိုင်ပါသည်။
06မွေးဖွားလာသော ကလေးအတွက် ကြိုဆိုဂုဏ်ပြုငွေ
မွေးဖွားလာသော ကလေးအတွက် ဝမ် သိန်း 20အား ကြိုဆိုဂုဏ်ပြုငွေအဖြစ် ပေးပြီး မွေးကင်းစကလေး ပြုစုပျိုးထောင်ခြင်းအတွက် ကုန်ကျစရိတ်ပိုင်း ဝန်ထုပ်ဝန်ပိုးကို လျှော့ပေးရန်အတွက် ဖြစ်ပါသည်။
- လျှောက်ထားခွင့် ရှိသူများ :
- ’22.1.1ရက် နောက်ပိုင်း မွေးဖွားပြီး မွေးစာရင်းသွင်းထားသည့် နိုင်ငံသားမှတ်ပုံတင်နံပါတ် ရရှိထားသော ကလေး
- ကိုရီးယားနိုင်ငံ၏ နိုင်ငံသားအဖြစ်ရရှိထားသူ*(「နိုင်ငံသားဥပဒေ」အရ နှစ်နိုင်ငံသားခံယူခွင့် ရှိသူများနှင့် 「ဒုက္ခသည်ဥပဒေ」အရ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရသူ**အပါအဝင်)
- မိဘ 2ဦးလုံး နိုင်ငံခြားသားဖြစ်နေသော်လည်း မွေးဖွားလာသည့် ကလေးသည် ကိုရီးယားနိုင်ငံသားဖြစ်ပါက သတ်မှတ်ချက်များနှင့် ပြည့်စုံပါသည်။
- ဒုက္ခသည်အသိအမှတ်ပြုမှု လျှောက်ထားခြင်းဆိုင်ရာ အကဲဖြတ်စစ်ဆေးမှု ဆောင်ရွက်နေသည့် ကာလအတွင်းတွင်မူ မရပါ။
- ပြည်ပတွင် မွေးသော ကလေးများ ဖြစ်ပါက၊ နိုင်ငံသားမှတ်ပုံတင်နံပါတ် ထုတ်ပေးရန်အတွက် ပြည်တွင်းတွင် နေထိုင်မှု ရှိမရှိ စစ်ဆေးအတည်ပြုနေဆဲဖြစ်ပါသည်။(2020ခုနှစ် နိုင်ငံသားမှတ်ပုံတင်ရုံးကြေညာချက်)
- 「ကိုရီးယားနိုင်ငံရှိ နိုင်ငံခြားသားများအား ဆက်ဆံရေး အခြေခံဥပဒေ」အရ ‘အထူးအကျိုးပြုမှု ရှိသူ’
- 「ကလေးသူငယ်ဖူလုံရေးဥပဒေ」 ပုဒ်မ52 အပိုဒ်1 နံပါတ်1ပါ ကလေးပြုစုပျိုးထောင်ရေးစင်တာဖြစ်စေ ၎င်း အပိုဒ် နံပါတ်4ပါ စုပေါင်းနေထိုင်သောမိသားစုတွင် စောင့်ရှောက်လျက်ရှိပြီး၊ မွေးစာရင်းမသွင်းရသေးမီ လူမှုဖူလုံရေးကြီးကြပ်မှုနံပါတ် ရရှိထားသော ကလေးများ
- ထောက်ပံ့ကြေးပမာဏ :
- မွေးလာသည့် ကလေး တစ်ယောက်လျှင် ဝမ် သိန်း 20ရှိသော ဂုမင်းဟိန်းဘို့ကတ်(National Happiness Card) အသုံးပြုခွင့်လက်မှတ်(ပွိုင့်)ပေးပြီး၊ မလွှဲသာသည့် အခြေအနေများကို ခြွင်းချက်အနေနှင့်(ငွေသား)ပေးပါသည်။
- လျှောက်ထားနည်း :
- (လူကိုယ်တိုင်)ခရိုင်၊မြို့နယ်၊ရပ်ကွက် အုပ်ချုပ်ရေးဆိုင်ရာဖူလုံရေးစင်တာ၊ (အွန်လိုင်း) GOV24၊ bokjiro ဟုမ်းပေ့ချ်
- အသုံးပြုကာလ :
- ကလေး မွေးဖွားသည့် ရက်(နိုင်ငံသားမှတ်ပုံတင်ရက်)မှ စပြီး 1နှစ်
- အသုံးပြုကာလအတွင်း အသုံးမပြု၍ ကျန်ရှိနေသော ပွိုင့်များသည် သတ်မှတ်ကာလ ကျော်လွန်ပါက အလိုအလျောက် ပျက်ပြယ်သွားမည် ဖြစ်ပါသည်။
- (ဥပမာ) 2022ခုနှစ် 4လပိုင်း 27ရက် မွေးသော ကလေးဖြစ်ပါက 2023ခုနှစ် 4လပိုင်း 26ရက်နေ့အထိ အသုံးပြုနိုင်ပြီး၊ 2023ခုနှစ် 4လပိုင်း 27ရက် 0နာရီမှ စပြီး ကူပွန်မှာ အလိုအလျောက် ပျက်ပြယ်သွားမည် ဖြစ်ပါသည်။
- သို့သော်၊ စင်တာသို့ဝင်လာသောကလေး စသည်တို့သည် ကလေးများဖွံ့ဖြိုးတိုးတက်ရေးဘဏ်အကောင့်(ဒီဒင်းရှီအက်)ဖြင့် ငွေသားလက်ခံ ရရှိနေသော အခြေအနေဖြစ်ပါက မပါဝင်ပါ။
- ထောက်ပံ့ကြေး စတင်သည့် အချိန်သည် 2022ခုနှစ် 4လပိုင်း 1ရက်ဖြစ်သည့်အတွက် ခြွင်းချက်အနေနှင့် 2022ခုနှစ် 1လပိုင်း∼ 3လပိုင်းတွင် မွေးပါက 2022ခုနှစ် 4လပိုင်း 1ရက်မှစပြီး 2023ခုနှစ် 3လပိုင်း 31ရက်အထိ အသုံးပြုနိုင်ပါသည်။
- အသုံးပြုနိုင်သော နေရာများ :
- Duty-freeဆိုင်များနှင့် ဖျော်ဖြေရေးလုပ်ငန်း၊ လောင်းကစားလုပ်ငန်း စသည်တို့မှ* လွဲ၍ အခြားနေရာ အားလုံးတွင်(အွန်လိုင်း စျေးဝယ်ခြင်း အပါအဝင်) အသုံးပြုနိုင်ပါသည်။
- မီးဖွားထားသည့် အိမ်၏ စီးပွားရေးအရ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးရန် ရည်ရွယ်ချက်ရှိသည့်အတွက် အထက်ပါ လုပ်ငန်းအမျိုးအစားများမှ လွဲပြီး နေရာမျိုးစုံတွင် အသုံးပြုနိုင်ပါသည်။
- (သုံးခွင့်မရှိသော လုပ်ငန်းအမျိုးအစားများ) ဖျော်ဖြေရေးဆိုင်များ(ရိုးရိုး အရက်ဆိုင်များ၊ ကခုန်ပျော်ပါးသောက်စားနိုင်သော အရက်ဆိုင်များ၊ စည်ဘီယာဆိုင်များ၊ အခြားသော အရက်ဘီယာဆိုင်များ)၊ လောင်းကစားလုပ်ငန်းများ(ကာစီနို၊ ထီဆိုင်၊ ဂိမ်းဆိုင်)၊ တစ်ကိုယ်ရည် သန့်ရှင်းကျန်းမာရေးလုပ်ငန်းများ(အနှိပ်ခန်း၊ မာဆတ်၊ ဆာအူနာ)၊ စိတ်အပန်းဖြေရေးလုပ်ငန်းများ(ဗွီဒီယိုဆိုင်၊ ကာရာအိုကေဆိုင် စသည်)၊ အခြား(လူကြီးသုံးပစ္စည်း၊ စျေးဝယ်လက်မှတ် စသည်)၊ Duty-freeဆိုင်၊ အွန်လိုင်းရှော့ပင်းစျေးဝယ်လက်မှတ် စသည်
- အစိုးရရုံးဌာနများ clean card အသုံးပြုခွင့် ရှိသည့် နေရာအပေါ်မူတည်၍ ကိုရီးယားနိုင်ငံ စံသတ်မှတ်ထားသော လုပ်ငန်း အမျိုးအစားများ(KSIC)ရှိ အသေးစိတ် အချက်အလက်များအတိုင်း လိုက်နာရန်။