ကွာရှင်းခြင်း၊ သေကွဲကွဲခြင်းနှင့် စီးပွားရေးကြပ်တည်းခြင်းတို့ကြောင့် မိဘတစ်ဦးတည်းရှိသော မိသားစုများ များပြားလာပါသည်။ ထို့ကြောင့် မိဘတစ်ဦးတည်းရှိသော မိသားစု၏ နေထိုင်မှုဘဝ တည်ငြိမ်စေရန်နှင့် ကိုယ်ထူကိုယ်ထ ရပ်တည်နိုင်စေရန် အမျိုးမျိုးသော ထောက်ပံ့မှုစနစ်များကို စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါသည်။
01ဝန်ဆောင်မှုအမျိုးအစား
(1)မိဘတစ်ဦးတည်းရှိသော မိသားစုအတွက် ကလေးပြုစုစောင့်ရှောက်စရိတ် စသည် ထောက်ပံ့ခြင်း
한부모가족 아동양육비 등 지원 : 구분 및 내용을 포함한 표입니다. အမျိုးအစား | အကြောင်းအရာ |
ထောက်ပံ့မှု ရနိုင်သည့် သူများ | - ဝင်ငွေနည်းပါးသည့် မိဘတစ်ဦးတည်းရှိသော မိသားစု(ဝင်ငွေ အသိအမှတ်ပြုပမာဏ သတ်မှတ်ပျမ်းမျှဝင်ငွေ 63% အောက်)ဖြစ်ပြီး မိခင် သို့မဟုတ် ဖခင်နှင့် ၎င်းက ပြုစုစောင့်ရှောက်နေသော အသက် 18နှစ်အောက် သားသမီးကို အဓိကရည်ရွယ်သူအဖြစ် သတ်မှတ်ခြင်း။ သို့သော် ကျောင်းတက်နေဆဲဖြစ်ပါက အသက် 22အောက်ကို ဆိုလိုပြီး၊ 「စစ်မှုထမ်းဥပဒေ」အရ စစ်မှုထမ်းပြီး ကျောင်းဆက်တက်နေ(ကျောင်းပြန်ဝင်မှသာ အကျုံးဝင်ပါသည်)သည့် အခြေအနေတွင် စစ်မှုထမ်းဆောင်ခဲ့သည့် ကာလကို ထပ်ပေါင်းထားသည့် အသက်အရွယ်အောက်ကို ဆိုလိုပါသည်။
- မိဘတစ်ဦးတည်းရှိသော မိသားစုလက်မှတ် ထုတ်ပေးသည့် သတ်မှတ်စံနှုန်း : သတ်မှတ်ပျမ်းမျှဝင်ငွေ 63% အောက်
|
ထောက်ပံ့မှု အကြောင်းအရာ | - ကလေးပြုစုစောင့်ရှောက်စရိတ် : အသက် 18နှစ်အောက် ကလေး၊ လစဥ် ဝမ် 210,000 ထောက်ပံ့ခြင်း
- သို့သော်၊ အထက်တန်းကျောင်းနှင့်အောက် အတန်းများတွင် ကျောင်းတက်(12လပိုင်းအထိ အထက်တန်း Grade 3) နေဆဲဖြစ်ပါက အသက် 22အထိ ထောက်ပံ့ပေးပါသည်။
- ထပ်တိုး ကလေးပြုစုစောင့်ရှောက်စရိတ်
- မြေးအဖိုးအဖွားမိသားစုနှင့် မိခင် သို့မဟုတ် ဖခင်၏ အသက်သည် 35နှစ်အရွယ်အထက် အိမ်ထောင်မရှိသည့် မိဘတစ်ဦးတည်းရှိသော မိသားစုမှ အသက် 5နှစ်အောက် ကလေး၊ 1 ဦးလျှင် လစဥ် ဝမ် 50,000 ထပ်တိုးထောက်ပံ့ခြင်း
- အသက် 25နှစ်နှင့်အထက် 34နှစ်အောက် လူလတ်ပိုင်းအရွယ် မိဘ တစ်ဦးတည်းရှိသော မိသားစု၏ အသက် 5နှစ်အောက် ကလေး၊ 1 ဦးလျှင် လစဥ် ဝမ် 100,000 ထပ်တိုးထောက်ပံ့ခြင်း
- အသက် 25နှစ်နှင့်အထက် 34နှစ်အောက် လူလတ်ပိုင်းအရွယ် မိဘတစ်ဦးတည်းရှိသော မိသားစု၏ အသက် 6နှစ်အထက် 18နှစ်အောက် ကလေး၊ 1 ဦးလျှင် လစဥ် ဝမ် 50,000 ထပ်တိုးထောက်ပံ့ခြင်း
- ကလေးပညာသင်ထောက်ပံ့စရိတ်(ကျောင်းသုံးပစ္စည်းစရိတ်) : အလယ်တန်းကျောင်းသားနှင့် အထက်တန်းကျောင်းသား သားသမီး 1 ဦးအား တစ်နှစ်လျှင် ဝမ် 93,000 ထောက်ပံ့ခြင်း
- နေထိုင်စရိတ် ထောက်ပံ့ကြေး : မိဘတစ်ဦးတည်းရှိသော မိသားစုများ ဖူလုံရေးစင်တာသို့ ဝင်ရောက်လာသော မိသားစုများ၊ တစ်အိမ်ထောင်လျှင် လစဥ် ဝမ် 50,000 ထောက်ပံ့ခြင်း
|
ထောက်ပံ့မှု မရနိုင်သော အိမ်ထောင်စုများ | - ကလေး ပြုစုစောင့်ရှောက်စရိတ်၊ ထပ်တိုး ကလေးပြုစုစောင့်ရှောက်စရိတ်
- ကလေးသူငယ်ဖူလုံရေးဥပဒေအရ အိမ်တွင်းအပ်နှံပြုစုစောင့်ရှောက်မှုဆိုင်ရာ ထောက်ပံ့ကြေး ယူနေသည့်အခါ
- နေထိုင်စရိတ်(နေထိုင်စရိတ်ထောက်ပံ့ကြေး)
- ပြည်သူ့အခြေခံနေထိုင်မှုအာမခံချက်ဥပဒေအရ နေထိုင်စရိတ်ခံစားခွင့် အထောက်အပံ့ ယူနေသည့်အခါ
- အရေးပေါ်ဖူလုံရေးအထောက်အပံ့ဥပဒေအရ နေထိုင်စရိတ် အထောက်အပံ့ယူနေသည့်အခါ
- ကလေးသူငယ်ဖူလုံရေးဥပဒေအရ အိမ်တွင်းအပ်နှံပြုစုစောင့်ရှောက်မှုဆိုင်ရာ ထောက်ပံ့ကြေး ယူနေသည့်အခါ
- ကလေးပညာသင်ထောက်ပံ့စရိတ်(ကျောင်းသုံးပစ္စည်းစရိတ်)
- ပြည်သူ့အခြေခံနေထိုင်မှုအာမခံချက်ဥပဒေအရ ပညာသင်စရိတ်ခံစားခွင့်
- မသန်စွမ်းဖူလုံရေးဥပဒေအရ ပညာသင်စရိတ် အထောက်အပံ့
- အရေးပေါ်ဖူလုံရေးအထောက်အပံ့ဥပဒေအရ ပညာရေးဆိုင်ရာ အထောက်အပံ့
|
2025ခုနှစ် မိဘတစ်ဦးတည်းရှိသော မိသားစု အထောက်အကူပြုဥပဒေအရ ထောက်ပံ့မှု ရနိုင်သည့် အိမ်ထောင်စု ဝင်ငွေအသိအမှတ်ပြုပမာဏ သတ်မှတ်စံနှုန်း
2024년도 한부모가족지원법 지원대상 가구 소득인정액 기준 : 구분, 2인, 3인, 4인, 5인, 6인 및 비고를 포함한 표입니다. အမျိုးအစား | 2ဦး | 3ဦး | 4ဦး | 5ဦး | 6ဦး |
မိဘတစ်ဦးတည်းရှိသော မိသားစုနှင့် မြေးအဖိုးအဖွား မိသားစု | သတ်မှတ်ပျမ်းမျှဝင်ငွေ 63% | 2,477,575 | 3,165,972 | 3,841,597 | 4,478,161 | 5,080,827 |
(2)လူငယ်အရွယ် တစ်ဦးတည်းသောမိဘများ ကိုယ်ထူကိုယ်ထနိုင်ရေး ထောက်ပံ့ပေးခြင်း
청소년 한부모 자립지원 : 구분 및 내용을 포함한 표입니다. အမျိုးအစား | အကြောင်းအရာ |
ထောက်ပံ့မှု ရနိုင်သည့်သူများ | - မိဘတစ်ဦးတည်းရှိသော မိသားစုများထဲမှ မိခင် သို့မဟုတ် ဖခင်၏ အသက်သည် 24နှစ်အောက်ဖြစ်ပြီး၊ ဝင်ငွေအသိအမှတ်ပြုပမာဏသည် သတ်မှတ်ပျမ်းမျှဝင်ငွေ 65% အောက်ဖြစ်သည့် လူငယ်အရွယ် မိဘတစ်ဦးတည်းရှိသော မိသားစု
- မိဘတစ်ဦးတည်းရှိသော မိသားစုလက်မှတ် ထုတ်ပေးသည့် သတ်မှတ်စံနှုန်း : သတ်မှတ်ပျမ်းမျှဝင်ငွေ 72% အောက်ဖြစ်သူ
|
ထောက်ပံ့မှု အကြောင်းအရာ | - ကလေးပြုစုစောင့်ရှောက်စရိတ် : လူငယ်အရွယ် မိဘတစ်ဦးတည်းရှိသော အိမ်ထောင်စုမှ ကလေး 1ဦးအတွက် လစဥ် ဝမ် 350,000
- သို့သော်၊ အသက် 0~1နှစ် ကလေးဖြစ်ပါက ကလေး 1ဦးလျှင် လစဥ် ဝမ် 400,000
- အရည်အချင်းစစ်စာမေးပွဲ စသည့် စာလေ့လာမှုဆိုင်ရာ ထောက်ပံ့ကြေး : လူငယ်အရွယ် မိဘတစ်ဦးတည်းရှိသော အိမ်ထောင်စု၏ ဖခင် သို့မဟုတ် မိခင်သည် အရည်အချင်းစစ်စာမေးပွဲအတွက် စာလေ့လာမှု လုပ်နေပါက တစ်နှစ်လျှင် ဝမ် 1,540,000 ဘောင်အတွင်းမှ ထောက်ပံ့ပေးပါသည်။
- ကိုယ်ထူကိုယ်ထနိုင်ရေး ထောက်ပံ့ကြေး : လူငယ်အရွယ် မိဘတစ်ဦးတည်းရှိသော အိမ်ထောင်စု၏ ဖခင် သို့မဟုတ် မိခင်သည် ကျောင်း သို့မဟုတ် အလုပ် စသည့် ကိုယ်ထူကိုယ်ထလှုပ်ရှားမှု လုပ်နေသည့်အခါ တစ်လလျှင် ဝမ် 100,000 ထောက်ပံ့ပေးပါသည်။
|
ထောက်ပံ့မှု မရနိုင်သော အိမ်ထောင်စုများ | - ကလေးပြုစုစောင့်ရှောက်စရိတ်
- ကလေးသူငယ်ဖူလုံရေးဥပဒေအရ အိမ်တွင်းအပ်နှံပြုစုစောင့်ရှောက်မှုဆိုင်ရာ ထောက်ပံ့ကြေး ယူနေသည့်အခါ
- နေထိုင်စရိတ်ထောက်ပံ့ကြေး
- ပြည်သူ့အခြေခံနေထိုင်မှုအာမခံချက်ဥပဒေအရ နေထိုင်စရိတ်ခံစားခွင့် အထောက်အပံ့ ယူနေသည့်အခါ
- အရေးပေါ်ဖူလုံရေးအထောက်အပံ့ဥပဒေအရ နေထိုင်စရိတ် အထောက်အပံ့ ယူနေသည့်အခါ
- ကလေးသူငယ်ဖူလုံရေးဥပဒေအရ အိမ်တွင်းအပ်နှံပြုစုစောင့်ရှောက်မှုဆိုင်ရာ ထောက်ပံ့ကြေး ယူနေသည့်အခါ
- ကလေးပညာသင်ထောက်ပံ့စရိတ်(ကျောင်းသုံးပစ္စည်းစရိတ်), အရည်အချင်းစစ်စာမေးပွဲအတွက် စာလေ့လာမှုဆိုင်ရာ ကုန်ကျစရိတ်
- ပြည်သူ့အခြေခံနေထိုင်မှုအာမခံချက်ဥပဒေအရ ပညာသင်စရိတ်ခံစားခွင့်
- မသန်စွမ်းဖူလုံရေးဥပဒေအရ ပညာသင်စရိတ် အထောက်အပံ့
- အရေးပေါ်ဖူလုံရေးအထောက်အပံ့ဥပဒေအရ ပညာရေးဆိုင်ရာ အထောက်အပံ့
|
2025ခုနှစ် လူငယ်အရွယ် မိဘတစ်ဦးတည်းရှိသော အိမ်ထောင်စု ဝင်ငွေအသိအမှတ်ပြုပမာဏ သတ်မှတ်စံနှုန်း
2024년 청소년 한부모가구 소득인정액 기준 : 구분, 2인, 3인, 4인, 5인, 6인 및 비고를 포함한 표입니다. အမျိုးအစား | 2ဦး | 3ဦး | 4ဦး | 5ဦး | 6ဦး |
ဆယ်ကျော်သက် မိဘ တစ်ဦးတည်းရှိသော မိသားစု | သတ်မှတ်ပျမ်းမျှဝင်ငွေ 65% | 2,556,228 | 3,266,479 | 3,963,552 | 4,620,325 | 5,242,123 |
သတ်မှတ်ပျမ်းမျှဝင်ငွေ 72% | 2,831,514 | 3,618,254 | 4,390,397 | 5,117,898 | 5,806,660 |
02လျှောက်ထားနည်း
- အိမ်ထောင်ဦးစီး(အုပ်ထိန်းသူ)၏ နေရပ်လိပ်စာအပိုင် ခရိုင်၊ မြို့နယ်ရုံး သို့မဟုတ် ရပ်ကွက်ပြည်သူ့စင်တာသို့ လူကိုယ်တိုင်သွားရောက်ပြီး ဆွေးနွေးလျှောက်ထားခြင်း၊ အွန်လိုင်းမှ လျှောက်ထား (bokjiro.go.kr)နိုင်ပါသည်။
- နေရပ်လိပ်စာအပိုင် မြို့၊ ခရိုင်၊ မြို့နယ်မှ အိမ်ထောင်စုနှင့် ဝင်ငွေစစ်ဆေးမှုများ လုပ်ပြီးနောက် ထောက်ပံ့မှုရနိုင်သည့် အိမ်ထောင်စုစာရင်းတွင် အကျုံးဝင်ပါက စာပို့ပြီး အကြောင်းကြားပေးပါသည်။
- ဆွေးနွေးမေးမြန်းရန် : မိဘတစ်ဦးတည်းရှိသော မိသားစု ဆွေးနွေးမှုလုပ်ရန် ဖုန်းနံပါတ် (☎1644-6621)၊ အွန်လိုင်းဆွေးနွေးမှု(အမျိုးသမီးနှင့်မိသားစုရေးရာဝန်ကြီးဌာန ဟုမ်းပေ့ချ် www.mogef.go.kr)
ခင်ပွန်းသည်နှင့် လမ်းခွဲထားတဲ့အတွက် နေရေးထိုင်ရေး ကြပ်တည်းနေပါတယ်။ ကလေးနဲ့အတူ နေနေတာပါ။ ဘယ်လို အကူအညီများ ရနိုင်ပါသလဲ။
ကလေးက ကိုရီးယားနိုင်ငံသားဖြစ်ပြီး၊ ဝင်ငွေ နည်းပါးလျှင် မိဘတစ်ဦးတည်းရှိသော မိသားစုဖူလုံရေးလုပ်ငန်း သို့မဟုတ် ပြည်သူ့အခြေခံနေထိုင်မှုအာမခံချက် ခံစားခွင့်ရှိသူအဖြစ် လျှောက်ထားနိုင်ပါသည်။ ခံစားခွင့် ရှိမရှိကိုမူ တာဝန်ခံ အစိုးရဝန်ထမ်းမှ လျှောက်ထားသူ၏ ဝင်ငွေနှင့် ပိုင်ဆိုင်မှု စသည့် လိုအပ်သည့် အချက်များကို စစ်ဆေးပြီးနောက် ဆုံးဖြတ်မည် ဖြစ်ပါသည်။ အလျင်လိုပါက အရေးပေါ်ဖူလုံရေး ခံစားခွင့်ရှိသူအဖြစ် လျှောက်ထားနိုင်ပါသည်။ ထို့ကြောင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်ရုံး သို့မဟုတ် ရပ်ကွက်ပြည်သူ့စင်တာ သို့မဟုတ် ကျန်းမာရေးနှင့် လူမှုဖူလုံရေးကောလ်စင်တာ(☎129)နှင့် မိဘတစ်ဦးတည်းရှိသော မိသားစု ဆွေးနွေးမှုလုပ်ရန် ဖုန်းနံပါတ်(☎1644-6621)သို့ ဆက်သွယ် စုံစမ်းမေးမြန်းကြည့်နိုင်ပါသည်။ ကိုရီးယားစကား အခက်အခဲရှိပါက ကိုရီးယားစကား ကျွမ်းကျင်သောသူထံ အကူအညီတောင်းပြီး ဆွေးနွေးနိုင်ပါသည်။
- မိဘတစ်ဦးတည်းရှိသော မိသားစု အထောက်အကူပြုဥပဒေဖြင့် ထောက်ပံ့ပေးသော မိဘတစ်ဦးတည်းရှိသော မိသားစုမှ ‘မိခင်’ သို့မဟုတ် ‘ဖခင်’ထဲမှ ကိုရီးယားနိုင်ငံတွင် နေထိုင်လျက် ရှိသော နိုင်ငံခြားသား(လဝကဥပဒေ ပုဒ်မ 31အရ နိုင်ငံခြားသားမှတ်ပုံတင်ထားပြီးသောသူ) မိခင် သို့မဟုတ် ဖခင်သည် ကိုရီးယားနိုင်ငံသား ကလေးအား ပြုစုစောင့်ရှောက်နေသော အခြေအနေတွင်လည်း ထောက်ပံ့ပေးပါသည်။
သိရှိထားရန်!
ကလေးပြုစုစောင့်ရှောက်စရိတ် ဆောင်ရွက်ပေးသော ဝန်ဆောင်မှု
သားသမီးကို ပြုစုစောင့်ရှောက်နေသော ကွာရှင်းထားသူ သို့မဟုတ် အိမ်ထောင်မရှိသည့် တစ်ဦးတည်းသောမိဘမှ ကလေးအား တာဝန်ယူစောင့်ရှောက်မှု မရှိသော မိဘထံမှ ပြုစုစောင့်ရှောက်စရိတ် ပုံမှန် ရရှိနိုင်စေရန် ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်း၊ တရားစွဲဆိုခြင်း၊ ကြွေးမြီတောင်းခံခြင်း၊ ပိတ်ဆို့အရေးယူခြင်း စသည့် အထွေထွေ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးပါသည်။
ထောက်ပံ့မှု ရနိုင်သည့်သူများ
- 「ကလေးပြုစုစောင့်ရှောက်စရိတ်ဆိုင်ရာ ဆောင်ရွက်မှုနှင့် ကူညီမှုဆိုင်ရာ ဥပဒေ」အရ အသက် 19နှစ်အောက် သားသမီးအား ပြုစုစောင့်ရှောက်လျက် ရှိသော မိဘတစ်ဦးတည်းရှိသော မိသားစု၊ မြေးအဖိုးအဖွားမိသားစု
- 「မိဘတစ်ဦးတည်းရှိသော မိသားစု အထောက်အကူပြုဥပဒေ」အရ သားသမီး* ပြုစုစောင့်ရှောက်နေသော မိဘတစ်ဦးတည်းရှိသော မိသားစု၊ မြေးအဖိုးအဖွားမိသားစု
- သားသမီးသည် တက္ကသိုလ်ကျောင်းသားဖြစ်ပါက အသက် 22နှစ်အထိ ထောက်ပံ့ခြင်း(စစ်မှုထမ်းပြီးနောက် ကျောင်းပြန်တက်သော သားသမီးဖြစ်ပါက အသက် 22နှစ်+စစ်မှုထမ်းဆောင်ခဲ့သည့် ကာလအထိ ထောက်ပံ့ခြင်း)
- နိုင်ငံခြားသွေးနှောမိသားစုနှင့် ပြောင်းရွှေ့နေထိုင်သူ မိဘတစ်ဦးတည်းရှိသော မိသားစုဖြစ်ပါက သားသမီးသည် ကိုရီးယားနိုင်ငံသားဖြစ်လျှင် ထောက်ပံ့မှု ရနိုင်ပါသည်။
ရနိုင်သည့် ဝန်ဆောင်မှုများ
- ဖုန်းဖြင့် ဆွေးနွေးမှု လုပ်ပေးခြင်း၊ အွန်လိုင်းဖြင့် ဆွေးနွေးမှု လုပ်ပေးခြင်း၊ လူချင်းတွေ့ပြီး ဆွေးနွေးခြင်းဖြင့် ကလေးပြုစုစောင့်ရှောက်စရိတ်ဆိုင်ရာများ ဆွေးနွေးမှု လုပ်ပေးခြင်း
- ကာယကံရှင်တို့အကြား ကလေးပြုစုစောင့်ရှောက်စရိတ်နှင့် ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းပေးခြင်း
- ကလေးပြုစုစောင့်ရှောက်စရိတ်(သားသမီးမှန်ကန်ကြောင်းအသိအမှတ်ပြုခြင်း) တောင်းဆိုသည့် တရားစွဲဆိုခြင်း စသည့် ဥပဒေရေးရာ အထောက်အပံ့များပေးခြင်း
- ကလေးပြုစုစောင့်ရှောက်စရိတ် ကြွေးမှီးတောင်းခံခြင်းဆိုင်ရာ အထောက်အပံ့များပေးခြင်း
- ကလေးပြုစုစောင့်ရှောက်စရိတ် ကြွေးကျန် မဆပ်သူအား ပိတ်ဆို့အရေးယူခြင်းများ ဆောင်ရွက်ပေးခြင်း
- အခြေအနေအား စောင့်ကြပ်ကြည့်ရှုခြင်း
- အချိန်အတိုင်းအတာတစ်ခုအထိ ကလေးပြုစုစောင့်ရှောက်စရိတ် အရေးပေါ် ထောက်ပံ့ပေးခြင်း
အချိန်အတိုင်းအတာတစ်ခုအထိ ကလေးပြုစုစောင့်ရှောက်စရိတ် အရေးပေါ် ထောက်ပံ့ပေးခြင်း
တစ်ဖက်လူဆီမှ ကလေးပြုစုစောင့်ရှောက်စရိတ် မရသည့်အတွက် ကလေး၏ ကြီးပြင်းမှု ပတ်ဝန်းကျင်ကောင်းသည် ယိမ်းယိုင်မှုရှိလာခြင်း သို့မဟုတ် ထိုသို့ ဖြစ်လာမည်ကို စိုးရိမ်ရပါက စစ်ဆေးအကဲဖြတ်မှု လုပ်ပြီးနောက် အချိန်အတိုင်းအတာတစ်ခုအထိ ကလေးပြုစုစောင့်ရှောက်စရိတ်ကို အရေးပေါ် ထောက်ပံ့ပေးခြင်း
- ထောက်ပံ့မှုဆိုင်ရာ သတ်မှတ်ချက်
- Child Support Agencyတွင် ဝန်ဆောင်မှု လျှောက်ထားခြင်း လုပ်ထားသည့် ကလေးပြုစုစောင့်ရှောက်စရိတ် ရပိုင်ခွင့်ရှိသူ
- အိမ်ထောင်စုဝင်ငွေသည် သတ်မှတ်ပျမ်းမျှဝင်ငွေ 75%အောက်ဖြစ်သည့်အခါ
- 「ပြည်သူ့အခြေခံနေထိုင်မှုအာမခံချက်ဥပဒေ」အရ နေထိုင်စရိတ်ခံစားခွင့် သို့မဟုတ် 「အရေးပေါ်ဖူလုံရေးအထောက်အပံ့ဥပဒေ」၏ နေထိုင်စရိတ်အထောက်အပံ့ ရယူထားခြင်း မရှိသည့်အခါ
- ထောက်ပံ့မှုပမာဏ : သားသမီး 1 ဦးလျှင် လစဥ် ဝမ် 2သိန်း
- ထောက်ပံ့မှုကာလ : 9လ(လိုအပ်ပါက 3လ ထပ်တိုးနိုင်ပါသည်)
- အထက်ပါ သတ်မှတ်ချက်များ အားလုံး ပြည့်စုံမှသာ ထောက်ပံ့မှု ရနိုင်ပါသည်။
အသုံးပြုနည်း
- ဖုန်းဖြင့် ဆွေးနွေးမှု : ☎1644-6621
- အွန်လိုင်းဆွေးနွေးမှု : www.childsupport.or.kr
- လူကိုယ်တိုင် လာရောက်ဆွေးနွေးမှု : ဆိုးလ်အထူးမြို့တော် ဂျွန်းဂူ ထွဲဂရဲရို 173(ချွန်းမူရို 3လမ်း၊NAMSAN SQUARE) 21လွှာ၊ 24လွှာ Child Support Agency(ဘိုကင်စနစ်)
- လျှောက်ထားလိုပါက အွန်လိုင်း၊ စာတိုက်၊ လူကိုယ်တိုင် လျှောက်ထားမှုကိုသာ လက်ခံပါသည်။
- စကားပြန် လိုအပ်ပါက ဒါနူရီကောလ်စင်တာ ☎1577-1366သို့ ဆက်သွယ်မေးမြန်းပြီး အကူအညီ ရယူနိုင်ပါသည်။
အဆိုပါ လမ်းညွှန်စာအုပ်သည် “ဂုံးဂုံးနူရီ ပုံစံ 4 : အရင်းအမြစ်ဖော်ပြရန်+ကိုယ်ကျိုးအတွက် အသုံးပြုခြင်း မပြုရ+ပြောင်းလဲဖော်ပြခြင်း မပြုရ” သတ်မှတ်ချက်များပေါ် မူတည်ပြီး အသုံးပြုနိုင်ပါသည်။