01ပတ်စ်ပို့သက်တမ်းနှင့် ဗီဇာသက်တမ်း စစ်ဆေးခြင်း
နိုင်ငံခြားသားများအနေနှင့် ကိုရီးယားနိုင်ငံသို့ ဝင်ရောက်တော့မည်ဆိုလျှင် သက်တမ်း ကျန်ရှိနေသေးသော ပတ်စ်ပို့နှင့် တရားရေးဝန်ကြီးမှ ထုတ်ပေးထားသော ဗီဇာ ရှိရမည် ဖြစ်ပါသည်။ သို့သော် ကိုရီးယားနိုင်ငံနှင့် ဗီဇာကင်းလွတ်ခွင့် သဘောတူလက်မှတ်ရေးထိုးထားသော သို့မဟုတ် ဗီဇာမဲ့ဖြင့် ပြည်တွင်းသို့ ဝင်ရောက်နိုင်သော အခြေအနေဖြစ်ပါက ဗီဇာမရှိသော်လည်း ပြည်တွင်းသို့ ဝင်ရောက်နိုင်ပါသည်။ ပတ်စ်ပို့နှင့် ဗီဇာ၏ သက်တမ်းကို စစ်ဆေးထားမှသာလျှင် နေထိုင်ခွင့် သက်တမ်းတိုးခြင်း အစရှိသည့် အခြေအနေများဖြစ်ပေါ်လျှင် အခက်အခဲ မကြုံရမှာ ဖြစ်ပါသည်။
ပတ်စ်ပို့
ပတ်စ်ပို့ပိုင်ရှင်၏ နိုင်ငံသား စသည့် ကိုယ်ရေးအချက်အလက်များကို ဖော်ပြထားသည့် သက်သေခံလက်မှတ်အနေဖြင့် မဖြစ်မနေ ကိုယ်နှင့်မကွာ ဆောင်ထားရမည် ဖြစ်ပါသည်။
ကိုရီးယားနိုင်ငံ ပြည်ဝင်ခွင့်(ဗီဇာ) ဖတ်နည်း
- ဗီဇာအမျိုးအစား : ကိုရီးယားသို့ ဝင်ရောက်လာသည့် ရည်ရွယ်ချက်ကို သိရှိနိုင်ပါသည်(ကိုရီးယားလူမျိုးနှင့် လက်ထပ်ထားသူ : ဗီဇာအမျိုးအစား F-6)။
- ပြည်ဝင်မှုစစ်ဆေး ကိုရီးယားနိုင်ငံသို့ ဝင်ရောက်သည့် ရက်စွဲဖြစ်ပါသည်။ ပြည်ဝင်ပြီး နောက်နေ့မှစပြီး ကိုရီးယားနိုင်ငံတွင်း နေထိုင်ခွင့်သက်တမ်းကို စတွက်ပါသည်။
- နေထိုင်ခွင့်သက်တမ်းသည် နေထိုင်ခွင့်ဗီဇာ အမျိုးအစားအပေါ် မူတည်ကာ ကွဲပြားပြီး နေထိုင်ခွင့်သက်တမ်း မကုန်မီ(ပြည်ဝင်သည့်နေ့မှစပြီး ရက်90အတွင်း) နိုင်ငံခြားသားမှတ်ပုံတင်ခြင်းနှင့် နေထိုင်ခွင့်သက်တမ်းတိုးခြင်းအား လျှောက်ထားရပါမည် (နေထိုင်ခွင့်ဗီဇာအမျိုးအစား၊ လျှောက်ထားသူ၏ သက်တမ်းတိုးရသည့် အကြောင်းရင်း စသည်တို့အပေါ် မူတည်ပြီး နေထိုင်ခွင့်သက်တမ်း တိုးခွင့် ရှိမရှိ ကွာခြားပါသည်။)။
- နေထိုင်ခွင့်သက်တမ်း၏ အောက်တွင် ဖော်ပြထားသည့် သက်တမ်းကုန်ဆုံးရက်သည် ဗီဇာ(သက်သေခံကတ်)၏ သက်တမ်းကို ဖော်ပြထားခြင်း ဖြစ်ပါသည်။
နိုင်ငံခြားသားမှတ်ပုံတင်ကတ် ဖတ်နည်း
- < နိုင်ငံခြားသားမှတ်ပုံတင်ကတ် ရှေ့ခြမ်း >
- < ရာသက်ပန်နေထိုင်ခွင့်ကတ် ရှေ့ခြမ်း >
- < ပြည်ပနိုင်ငံသားကိုရီးယားသွေးချင်းများ ပြည်တွင်းနေထိုင်မှုမှတ်ပုံတင်ကတ် အရှေ့ခြမ်း >
ရှေ့ခြမ်း
- မှတ်ပုံတင် အခေါ်အဝေါ်
- (ကိုရီးယားစာဖြင့်) ဝယ်ဂုဂင်းဒွန်းနို့ဂျွန်း (အင်္ဂလိပ်စာဖြင့်) RESIDENCE CARD
- (ကိုရီးယားစာဖြင့်) ယောင်းဂျူဂျွန်း (အင်္ဂလိပ်စာဖြင့်) PERMANENT RESIDENT CARD
- (ကိုရီးယားစာဖြင့်) ဝယ်ဂုဂုကြော့ဒုန်းဖို ဂုနယ်ဂေါဆိုရှင်းဂိုဂျွန်း (အင်္ဂလိပ်စာဖြင့်) OVERSEAS KOREAN RESIDENT CARD
- နိုင်ငံခြားသားမှတ်ပုံတင်နံပါတ် : ○○○○○○-○○○○○○○ ပုံစံဖြင့် ဖော်ပြထားသည်။
- အမည် : ပတ်စ်ပို့ထဲရှိ အင်္ဂလိပ်လို ရေးထားသည့် အမည်ကို ဖော်ပြထားသည်။
- နိုင်ငံ/ဒေသ : နိုင်ငံကို အင်္ဂလိပ်လို ဖော်ပြထားသည်။
- နေထိုင်ခွင့်ဗီဇာအမျိုးအစား : လူဝင်မှုကြီးကြပ်ရေးဥပဒေပြဌာန်းချက် ပုဒ်မ 12 အရ နေထိုင်ခွင့်ဗီဇာကို ဖော်ပြထားသည်။(ကိုရီးယားလူမျိုးနှင့် လက်ထပ်ထားသူ(F-6))
- ထုတ်ပေးသည့်ဌာန : ကိုရီးယားစာနှင့် အင်္ဂလိပ်ဖြင့် ဖော်ပြထားသည်။
- < နိုင်ငံခြားသားမှတ်ပုံတင်ကတ် နောက်ခြမ်း >
- < ရာသက်ပန်နေထိုင်ခွင့်ကတ် နောက်ခြမ်း >
- < ပြည်ပနိုင်ငံသားကိုရီးယားသွေးချင်းများ ပြည်တွင်းနေထိုင်မှုကတ် နောက်ခြမ်း >
နောက်ခြမ်း
နေထိုင်ခွင့်ကာလ
- ခွင့်ပြုသည့် ရက်စွဲ : နေထိုင်ခွင့်ပြုရန် လျှောက်ထားခြင်း စသည်တို့ကို ခွင့်ပြုခဲ့သည့် ရက်စွဲ
- သက်တမ်းကုန်ဆုံးရက် : နေထိုင်ခွင့်ကာလ သက်တမ်းကုန်ဆုံးရက်
- ရာသက်ပန်နေထိုင်ခွင့်(F-5)ဖြစ်ပါက ‘သက်တမ်းကာလ’ဟု ဖော်ပြထားပြီး၊ သက်တမ်းကာလမှာ ထုတ်ပေးသည့် ရက်မှစပြီး 10နှစ်ဖြစ်သည်။
- အတည်ပြုခြင်း : ခွင့်ပြုပေးသည့် ရုံးအမည်ကို ဖော်ပြထားပြီး ‘လဝက၊ နိုင်ငံခြားသားရေးရာဌာန(ရုံး)’ ကို မထည့်ဘဲ ‘ဆိုးလ်’, ‘ဘူဆန်’ စသဖြင့် ဖော်ပြထားသည်။
(1)ကာလတို နေထိုင်သူ(B, C ဗီဇာများ - အများဆုံး ရက် 90အထိသာ)
ဗီဇာတွင် ဖော်ပြထားသည့် နေထိုင်ခွင့်ကာလသည် ပြည်တွင်းသို့ ဝင်ရောက်သည့်နေ့မှ စတင်ကာ နေထိုင်ခွင့်ပြုသော ကာလကို ဆိုလိုပါသည်။
(2)ကာလရှည် နေထိုင်သူ နှင့် ရာသက်ပန်နေထိုင်ခွင့်ဗီဇာ ရရှိထားသူ : နိုင်ငံခြားသားမှတ်ပုံတင်ကတ်၊ နေရပ်အကြောင်းကြားကတ်၊ ရာသက်ပန်နေထိုင်ခွင့်ကတ် ပိုင်ဆိုင်ထားသူ
နိုင်ငံခြားသားမှတ်ပုံတင် အနောက်ခြမ်းတွင် နေထိုင်ခွင့် ခွင့်ပြုရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်ကို ဖော်ပြထားပြီး၊ သက်တမ်း မကုန်ဆုံးခင်တွင် နေထိုင်ခွင့်ကာလ သက်တမ်းတိုး လျှောက်ထားခြင်းအား လုပ်ဆောင်မှသာ ဆက်လက် နေထိုင်ခွင့် ရှိပါသည်။(ရာသက်ပန်နေထိုင်ခွင့်ကတ်ကို သက်တမ်း မကုန်မီ ပြန်လျှောက်ရန် လိုအပ်ပါသည်။)
02နိုင်ငံခြားသားမှတ်ပုံတင်ခြင်း
(1)နိုင်ငံခြားသားမှတ်ပုံတင်ရမည့်သူများနှင့် မှတ်ပုံတင်ရမည့် အချိန်
ကိုရီးယားသမ္မတနိုင်ငံသို့ ဝင်ရောက်ပြီး ရက် 90အထက် ကိုရီးယားနိုင်ငံတွင် နေထိုင်မည့် နိုင်ငံခြားသားများသည် ရက် 90 မကျော်ခင်တွင် နိုင်ငံခြားသားမှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။
- ကိုရီးယားသမ္မတနိုင်ငံတွင် နေထိုင်နေစဉ်အတွင်း နေထိုင်ခွင့်ဗီဇာ သို့မဟုတ် နေထိုင်ခွင့်ဗီဇာ ပြောင်းခွင့် ရသူများသည် နေထိုင်ခွင့်ဗီဇာ သို့မဟုတ် နေထိုင်ခွင့်ဗီဇာပြောင်းသည်နှင့် တစ်ပြိုင်နက်တည်းတွင် နိုင်ငံခြားသားမှတ်ပုံတင်ခြင်းကို တစ်ပါတည်း လုပ်ဆောင်ပြီး ဖြစ်ပါသည်။
(2)တင်ပြရမည့် စာရွက်စာတမ်းများ
ဘုံတူညီသည့် စာရွက်စာတမ်းများ
- ပတ်စ်ပို့(+မူရင်း၊ မိတ္တူ)
- အထွေထွေလျှောက်လွှာ(လဝက၊ နိုင်ငံခြားသားရေးရာရုံး(ရုံး-ရုံးခွဲ) တောင်းဆိုရေးနေရာမှာ ပူးတွဲပါ ပုံစံ 34 လျှောက်လွှာဖောင်ကို ထားပေးထားသည်။)
- ပတ်စ်ပို့ ဓာတ်ပုံ(အရွယ်အစား 3.5cm x 4.5cm) 1ပုံ
- 6လအတွင်း အဖြူရောင်နောက်ခံတွင် သဘာဝအရောင်ဖြင့် မျက်နှာတစ်ခုလုံးပေါ်အောင် ရှေ့တည့်တည့်မှ ရိုက်ထားသည့် ဓာတ်ပုံ
- အိုင်ဒီကတ်ဖိုး ဝမ်35,000(ငွေသားဖြင့်)
- နေထိုင်ရာနေရာ အထောက်အထားစာရွက်
(နေထိုင်ခွင့်ဗီဇာပေါ် မူတည်ပြီး တင်ပြရမည့် စာရွက်စာတမ်းများ မတူသည့်အတွက် နိုင်ငံခြားသားအထွေထွေလမ်းညွှန်မှုစင်တာ ☎1345သို့ မဖြစ်မနေ ဆက်သွယ်မေးမြန်းရန်)
(3)ကိုရီးယားလူမျိုးနှင့် လက်ထပ်ထားသူ
အထက်ဖော်ပြပါ စာရွက်စာတမ်းများအပြင် ကိုရီးယားလူမျိုး အိမ်ထောင်ဖက်(ကိုရီးယားလူမျိုး ယောကျာ်း သို့မဟုတ် မိန်းမ)၏ အောက်ပါ စာရွက်စာတမ်းများ လိုအပ်ပါသည်။
- လက်ထပ်မှတ်ပုံတင်စာရွက်(အသေးစိတ်)
- နိုင်ငံသားမှတ်ပုံတင်လက်မှတ်
- (သားသမီး ရှိပါက) သားသမီး၏ သန်းခေါင်စာရင်း
- လျှောက်ထားသည့်ရက်စွဲဖြင့် 3လအတွင်း ထုတ်ထားသော စာရွက်များ ဖြစ်ရပါမည်။
- နေထိုင်ရာနေရာ အထောက်အထားစာရွက်
- အိုင်ဒီကတ်ဖိုး ဝမ် 35,000 + သက်တမ်းတိုးခြင်း ဝန်ဆောင်ခ ဝမ် 30,000
- တီဘီရောဂါ ဆေးစစ်ချက် တင်ပြရမည့် နိုင်ငံများမှာ ဗီဇာ လျှောက်ထားသည့်အချိန် တီဘီရောဂါ ဆေးစစ်ချက် တင်ပြရန်(’20ခုနှစ် 4လပိုင်း)
- ကိုရီးယားလူမျိုးနှင့် လက်ထပ်ထားသူ၏ နေသားကျမြန်ဆန်ရေးပရိုဂရမ် သင်တန်းတက်ပြီးသူအား နေထိုင်ခွင့်ကာလ 2 နှစ် ပေးပါသည်။
(4)နိုင်ငံခြားသားမှတ်ပုံတင် လျှောက်ခြင်းနှင့် ထုတ်ယူခြင်း
နိုင်ငံခြားသားမှတ်ပုံတင် လျှောက်ခြင်းနှင့် (ပြန်)ထုတ်ယူခြင်းသည် နေထိုင်ရာဒေသဆိုင်ရာ လဝက၊နိုင်ငံခြားသားရေးရာရုံး(ရုံး-ရုံးခွဲ)တွင် လျှောက်ထားရန်
နိုင်ငံခြားသားမှတ်ပုံတင်ကတ် ထုတ်ယူသည့်နည်းလမ်း
နိုင်ငံခြားသားမှတ်ပုံတင် ထုတ်ပေးသည့် ကာလသည် နိုင်ငံခြားသားမှတ်ပုံတင် လျှောက်ထားသည့်နေ့မှ စပြီး ခန့်မှန်းချေ 3ပတ်ခန့်ကြာမြင့်ပြီး၊ လူကိုယ်တိုင် လဝက၊နိုင်ငံခြားသားရေးရာရုံး(ရုံး-ရုံးခွဲ)သို့ လာရောက်ထုတ်ယူခြင်း သို့မဟုတ် delivery ဝန်ဆောင်မှု(ပို့ခ ကြိုရှင်း)ကို အသုံးပြုပြီး အိမ်ကို ပို့ပေးသည့် ဝန်ဆောင်မှုအား အသုံးပြုနိုင်ပါသည်။
(5)နိုင်ငံခြားသားမှတ်ပုံတင် ထိန်းသိမ်းမှု
နိုင်ငံခြားသားမှတ်ပုံတင်သည် နိုင်ငံခြားသားဖြစ်ကြောင်း အထောက်အထား မှတ်ပုံတင်ဖြစ်သည့်အတွက် ကိုယ်နှင့်မကွာ ဆောင်ထားရမှာ ဖြစ်ပြီး၊ လက်ဝယ်ထားရှိရမည့် ဥပဒေကို မလိုက်နာပါက ဒဏ်ကြေး ဝမ် 1,000,000 ကျခံရနိုင်ပါသည်။
နိုင်ငံခြားသားမှတ်ပုံတင် ပြန်လျှောက်ခြင်း
အောက်ပါ အကြောင်းများ ဖြစ်ပေါ်ပါက နေထိုင်ရာဒေသဆိုင်ရာ လဝက၊နိုင်ငံခြားသားရေးရာရုံး(ရုံး-ရုံးခွဲ)တွင် ပြန်လည်လျှောက်ထားရမည် ဖြစ်သည်။
- နိုင်ငံခြားသားမှတ်ပုံတင် ပျောက်ဆုံးသွားပါက
- နိုင်ငံခြားသားမှတ်ပုံတင် ဟောင်းပြီး သုံးမရတော့ပါက
- လိုအပ်ချက်များ ရေးသားရန် အကွက် မလောက်တော့ပါက
- အမည်၊ လိင်အမျိုးအစား၊ မွေးသက္ကရာဇ်၊ နိုင်ငံသား ပြောင်းသွားပါက
တင်ပြရမည့် စာရွက်စာတမ်းများ
- ပတ်စ်ပို့
- အထွေထွေလျှောက်လွှာ
- ကာလာဓာတ်ပုံ(3.5cm x 4.5cm) 1ပုံ
- အိုင်ဒီကတ်ဖိုး ဝမ် 35,000
- နိုင်ငံခြားသားမှတ်ပုံတင် ပြန်အပ်ခြင်း : အောက်ပါ အကြောင်းကိစ္စများ ဖြစ်ပေါ်ပါက နိုင်ငံခြားသားမှတ်ပုံတင်ကို ပြန်အပ်ရပါမည်။
구비서류 : 반납해야 하는 경우, 반납시기 및 제출서류를 포함한 표입니다. ပြန်အပ်ရမည့် အခြေအနေများ | ပြန်အပ်ရမည့် အချိန်ကာလ | တင်ပြရမည့် စာရွက်စာတမ်းများ |
အပြီးပြန်သည့်အခါ | ပြည်ပထွက်ခွာသည့်အခါ လေဆိပ်တွင် | မရှိပါ |
ကိုရီးယားနိုင်ငံသားအဖြစ် ခံယူသည့်အခါ | နိုင်ငံသားမှတ်ပုံတင်ခြင်း ပြီးဆုံးသည့်နေ့မှစပြီး ရက် 30အတွင်း | နိုင်ငံခြားသားမှတ်ပုံတင် မူရင်း၊ နိုင်ငံသားမှတ်ပုံတင် လျှောက်ထားမှုအတည်ပြုလွှာ(သို့မဟုတ် နိုင်ငံသားမှတ်ပုံတင်ကတ်)၊ အခြေခံကိုယ်ရေးအချက်အလက်ပါလက်မှတ် |
ကွယ်လွန်သွားသည့်အခါ | ကွယ်လွန်သည့် နေ့မှစပြီး ရက် 30အတွင်း(အိမ်ထောင်ဖက်၊ မိဘ၊ ညီအစ်ကိုမောင်နှမ စသည်) | နိုင်ငံခြားသားမှတ်ပုံတင်၊ သေစာရင်း သို့မဟုတ် သေဆုံးကြောင်း အတည်ပြုလက်မှတ် စသည့် သေဆုံးခြင်းအား အတည်ပြုနိုင်သော စာရွက်စာတမ်း |
03နေထိုင်ခွင့်ကာလ သက်တမ်းတိုးခြင်း
(1)သက်တမ်းတိုး လျှောက်ခွင့် ရှိသူနှင့် လျှောက်ရမည့်အချိန်
ခွင်ပြုထားသည့် နေထိုင်ခွင့်ကာလထက် ကျော်လွန်ပြီး ကိုရီးယားသမ္မတနိုင်ငံတွင် ဆက်လက်နေထိုင်မည့် နိုင်ငံခြားသားများသည် နေထိုင်ခွင့်ကာလ ကုန်ဆုံးရန် 4လ မတိုင်ခင်မှစပြီး သက်တမ်းကုန်ဆုံးရက်အထိ နေထိုင်ခွင့်ကာလ သက်တမ်းတိုးခြင်းအား လုပ်ဆောင်ရမည်။ သက်တမ်းကုန်ဆုံးရက် ကျော်လွန်ပြီးနောက်မှ သက်တမ်းတိုး လျှောက်ထားပါက ဒဏ်ငွေ ဆောင်ရပါမည်။
(2)နေထိုင်ခွင့်ကာလ သက်တမ်းတိုးခြင်းအဆင့်ဆင့်
တောင်းဆိုလျှောက်ထားခြင်း
(လျှောက်ထားသူ)
လက်ခံ
(လဝက အစိုးရဝန်ထမ်း)
စစ်ဆေးခြင်း
(လိုအပ်ပါက အခြေအနေမှန်အား စစ်ဆေးနိုင်)
ခွင့်ပြုမပြု
(ခွင့်ပြု)
ခွင့်ပြုချက်အကြောင်းအရာ
ကွန်ပျူတာဖြင့် ရိုက်ထည့်၊
မှတ်တမ်းတင်ခြင်း
ပတ်စ်ပို့ စသည် ထုတ်ပေး
(နိုင်ငံခြားသား)
(3)တင်ပြရမည့် စာရွက်စာတမ်းများ
- အထွေထွေလျှောက်လွှာ
- ပတ်စ်ပို့ နှင့် နိုင်ငံခြားသားမှတ်ပုံတင်ကတ်(နိုင်ငံခြားသားမှတ်ပုံတင်ခြင်း လုပ်ပါက)
- နေထိုင်ရာနေရာ အထောက်အထားစာရွက်
- နေထိုင်ခွင့်ဗီဇာ အမျိုးအစားအလိုက် ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ
- ဝန်ဆောင်ခ ဝမ် 60,000(ကိုရီးယားလူမျိုးနှင့် လက်ထပ်ထားသူ (F-6)ဆိုလျှင် ဝမ် 30,000)
ကိုရီးယားလူမျိုးနှင့် လက်ထပ်ထားသူမှ တင်ပြရမည့် ထပ်တိုး စာရွက်စာတမ်းများ
- ကိုရီးယားလူမျိုး အိမ်ထောင်ဖက်၏ လက်ထပ်မှတ်ပုံတင်လက်မှတ်(အသေးစိတ်)
- ကိုရီးယားလူမျိုး အိမ်ထောင်ဖက်၏ နိုင်ငံသားမှတ်ပုံတင်လက်မှတ်
- (သားသမီး ရှိပါက) သားသမီး၏ သန်းခေါင်စာရင်း
- နေထိုင်ရာနေရာ အထောက်အထားစာရွက်(ကိုရီးယားလူမျိုး အိမ်ထောင်ဖက်၏ လိပ်စာနှင့် ၎င်းနှင့် လက်ထပ်ထားသူတို့၏ နေရပ်လိပ်စာ မတူသည့်အချိန်တွင် လိုအပ်သည်) သို့သော် လဝက၊ နိုင်ငံခြားသားရေးရာရုံးဌာန(ရုံး)ဦးစီးမှူးမှ လျှောက်ထားခြင်းနှင့် အကဲဖြတ်ခြင်းအဆင့်တွင် သီးသန့် လိုအပ်သည်ဟု ယူဆပါက ပူးတွဲတင်ပြရန် စာရွက်စာတမ်းများ အတိုးအလျှော့ လုပ်နိုင်သည်။
- နေထိုင်ခွင့်ဗီဇာပေါ် မူတည်ပြီး တင်ပြရမည့် စာရွက်စာတမ်းများ မတူသည့်အတွက် နိုင်ငံခြားသားအထွေထွေလမ်းညွှန်မှုစင်တာ ☎1345 သို့ သေချာစွာ မေးမြန်းရန်
04နေထိုင်ခွင့်ဗီဇာအမျိုးအစား ပြောင်းခြင်း
(1)လျှောက်ခွင့်ရှိသူနှင့် လျှောက်ရမည့်အချိန်
ကိုရီးယားသမ္မတနိုင်ငံတွင် နေထိုင်နေသော နိုင်ငံခြားသားမှ လက်ရှိ နေထိုင်ခွင့်ဗီဇာဆိုင်ရာ လှုပ်ရှားမှုများကို ရပ်တန့်ပြီး အခြားသော နေထိုင်ခွင့်ဗီဇာနှင့် သက်ဆိုင်သည့် လှုပ်ရှားမှုများကို လုပ်ကိုင်လိုပါက၊ အခြား နေထိုင်ခွင့်ဗီဇာနှင့် ဆက်စပ်သည့် လှုပ်ရှားမှုများ မလုပ်ခင်တွင် သက်ဆိုင်ရာ လဝက၊နိုင်ငံခြားသားရေးရာရုံး(ရုံး-ရုံးခွဲ)တွင် ခွင့်ပြုချက် တောင်းခံရမည် ဖြစ်သည်။
- ※ ကာလတိုနေထိုင်ခွင့်ဗီဇာများအနက် အဖွဲ့လိုက်ခရီးသွားဗီဇာ စသည့်(C-3-2) ဗီဇာသည် ကိုရီးယားနိုင်ငံအတွင်း၌ အခြားဗီဇာအမျိုးအစားသို့ ပြောင်းခွင့် မရှိပါ။
- ဘာသာစကားသင်တန်း(D-4) တက်ရောက်ပြီးနောက် တက္ကသိုလ် ဆက်တက်လိုလျှင် (D-2)
- ကိုရီးယားတွင် အခြားသော နေထိုင်ခွင့်ဗီဇာ(ရက် 90အောက် ကာလတိုဗီဇာ ရရှိထားသူ၊ တရားမဝင်နေထိုင်သူများ စသည်တို့ မပါဝင်) ရရှိထားသော နိုင်ငံခြားသားသည် ကိုရီးယားလူမျိုးနှင့် လက်ထပ်ထားသူ(F-6) ဗီဇာသို့ ပြောင်းလိုပါက
(2)တင်ပြရမည့် စာရွက်စာတမ်းများ
- အထွေထွေလျှောက်လွှာ၊ ပတ်စ်ပို့ဓာတ်ပုံ 1ပုံ
- ပတ်စ်ပို့ နှင့် နိုင်ငံခြားသားမှတ်ပုံတင် (နိုင်ငံခြားသားမှတ်ပုံတင်ခြင်း လုပ်သည့်အခါ)
- နေထိုင်ခွင့်ဗီဇာအမျိုးအစားအလိုက် ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ
- ဗီဇာအမျိုးအစားပြောင်းခြင်း ဝန်ဆောင်ခ ဝမ် 100,000(အိုင်ဒီကတ်ဖိုး ဝမ် 35,000သီးခြား)
- ရာသက်ပန်နေထိုင်ခွင့်ဗီဇာ(F-5) ပြောင်းလိုသည့်အခါ ဝမ် 200,000(ရာသက်ပန်နေထိုင်ခွင့်ကတ်ဖိုး ဝမ် 35,000 သီးခြား)
05နေထိုင်ခွင့်ဗီဇာနှင့် မသက်ဆိုင်သော လှုပ်ရှားမှုများ
(1)သက်တမ်းတိုး လျှောက်ခွင့် ရှိသူနှင့် လျှောက်ရမည့်အချိန်
91ရက်နှင့်အထက် ကာလရှည်နေထိုင်(ရက် 90အောက် ကာလတို ဗီဇာဖြင့် နေသူများ မပါ)သော နိုင်ငံခြားသားမှ လက်ရှိ ဗီဇာကို မပြောင်းဘဲ အခြားသော ဗီဇာအမျိုးအစားများ လုပ်နိုင်သော အလုပ်များကို တပြိုင်နက်တည်း လုပ်ချင်သည့်အခါ၊ အခြားသော ဗီဇာအမျိုးအစားများ လုပ်နိုင်သော အလုပ်များကို မလုပ်ခင်တွင် မဖြစ်မနေ နေထိုင်ခွင့်ဗီဇာနှင့် သက်ဆိုင်သည့် လုပ်ကိုင်ခွင့်ကို လျှောက်ရမည် ဖြစ်သည်။
- ကျောင်းသား(D-2) နှင့် ဘာသာစကားသင်တန်း(D-4-1, D-4-7) ဗီဇာ ကိုင်ဆောင်ထားသူများအနေနှင့် ပညာသင်ကျောင်းသားများ တာဝန်ခံ၏ အတည်ပြုပေးခြင်း ခံရသည့် သူ(အခြားသော အသေးစိတ် အချက်များ ရှိနိုင်သည့်အတွက်☎1345 မေးမြန်းစုံစမ်းရန်)
- ဘာသာစကားသင်တန်းသားကတော့ ပြည်ဝင်သည့်ရက်မှစပြီး 6လပြည့်လျှင် အလုပ်လုပ်ခွင့်ပြုသည်။
- ဘာသာရေးဗီဇာ(D-6)ဖြင့် သာသနာပြုသူများသည် တူညီသောဖောင်ဒေးရှင်း လက်အောက်ရှိ ဌာနတွင် သင်တန်းပို့ချခြင်း(E-1) လုပ်လိုပါက
ကိုရီးယားလူမျိုးနှင့် လက်ထပ်ထားသူ(F-6) များမှာ လွတ်လပ်စွာ အလုပ်လုပ်ကိုင်နိုင်ပြီး၊ သီးခြား ခွင့်ပြုချက်လျှောက်ထားရန် မလိုအပ်ပါ။ သို့သော် အလုပ်လုပ်ခွင့် ပေးထားပါသော်လည်း နိုင်ငံတော်ဥပဒေအရ သတ်မှတ်ထားသော အချက်အလက်များ လိုအပ်ပါက ၎င်း အချက်များနှင့် ကိုက်ညီမှု ရှိရပါမည်။
(2)တင်ပြရမည့် စာရွက်စာတမ်းများ
- အထွေထွေလျှောက်လွှာ
- ပတ်စ်ပို့ နှင့် နိုင်ငံခြားသားမှတ်ပုံတင် (နိုင်ငံခြားသားမှတ်ပုံတင်ခြင်း လုပ်သည့်အခါ)
- နေထိုင်ခွင့်ဗီဇာအမျိုးအစားအလိုက် ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ
- ဝန်ဆောင်ခ ဝမ် 120,000၊ သို့သော် ပညာသင်ကျောင်းသား(D-2)၊ ရိုးရိုးဘာသာစကားသင်တန်း(D-4)ကတော့ ဝန်ဆောင်ခ ပေးရန် မလိုပါ။
06ပြည်ပြန်ဝင်ခွင့် ခွင့်ပြုချက်
(1)လျှောက်ထားရမည့်သူများ
- ကိုရီးယားသမ္မတနိုင်ငံတွင် 91ရက်နှင့်အထက် နေထိုင်သူအဖြစ် နိုင်ငံခြားသားမှတ်ပုံတင်ထားသူ
- ကိုရီးယားနိုင်ငံဆိုင်ရာ ပြည်ပအစိုးရဌာနများနှင့် နိုင်ငံတကာအဖွဲ့အစည်းတို့၏ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများ၊ ကိုရီးယားသမ္မတနိုင်ငံ အစိုးရနှင့် သဘောတူညီချက်အရ သံတမန်များ၊ ကောင်စစ်ဝန်ကဲ့သို့သော အထူးအခွင့်အရေးရသူများ၊ ရာထူးရှိသူများနှင့် ၎င်းတို့၏ မိသားစုများ စသော နိုင်ငံခြားသားမှတ်ပုံတင်ရန် မလိုအပ်သောသူများ
(2)ကာလ
- 1ကြိမ် သတ်မှတ်ချက်အရ single-entry reentry အကြာဆုံးကာလမှာ : 1နှစ်
- 2ကြိမ်နှင့်အထက် ပြည်ပြန်ဝင်နိုင်သော multiple-entry reentry အကြာဆုံးကာလမှာ: 2နှစ်
(3)ပြည်ပြန်ဝင်ခွင့် လျှောက်ထားမှု ကင်းလွတ်ခွင့်ရှိသူနှင့် လျှောက်ထားရန် မလိုသောသူများ
- A-1~A-3နှင့် မှတ်ပုံတင်ထားသော နိုင်ငံခြားသားများ(နေထိုင်ခွင့်ဗီဇာအားလုံး)သည် ပြည်ပထွက်ခွာသည့် နေ့မှစတင်ကာ 1နှစ်အတွင်း ပြန်လည် ဝင်ရောက်မည်ဟု ရည်ရွယ်ထားပါက ပြည်ပြန်ဝင်ခွင့် လျှောက်ထားရန်မလို(နေထိုင်ခွင့်ကာလ 1နှစ် မကျန်တော့လျှင် နေထိုင်ခွင့် ကျန်ရှိနေသေးသော ကာလအတွင်း ကင်းလွတ်ခွင့်ပေးသည်။)
- F-5(ရာသက်ပန်နေထိုင်ခွင့်)ဗီဇာ ရှိသောသူများအနေနှင့် ပြည်ပထွက်ခွာသည့် နေ့မှစပြီး 2နှစ်အတွင်း ပြန်လည်ဝင်ရောက်မည်ဆိုပါက ကင်းလွတ်ခွင့်ရသည်။
(4)တင်ပြရမည့် စာရွက်စာတမ်းများ
- အထွေထွေလျှောက်လွှာ
- ပတ်စ်ပို့ နှင့် နိုင်ငံခြားသားမှတ်ပုံတင် (နိုင်ငံခြားသားမှတ်ပုံတင်ခြင်း လုပ်ထားပါက)
- ဝန်ဆောင်ခ - single entry : ဝမ် 30,000, multiple-entry : ဝမ် 50,000
(5)ပြည်ပြန်ဝင်ခွင့် ခွင့်ပြုကာလ တိုးခြင်း
ပြည်ပြန်ဝင်ခွင့် ခွင့်ပြုချက် ယူပြီး ပြည်ပထွက်ခွာခဲ့ပြီး သတ်မှတ်ကာလအတွင်း သို့မဟုတ် ကင်းလွတ်ခွင့် သတ်မှတ်ကာလအတွင်း ပြန်မလာနိုင်သည့် အကြောင်းရင်းများ ပေါ်လာခဲ့ပါက သတ်မှတ်ကာလအတွင်း မိမိရောက်ရှိနေသည့် နိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးသို့ သွားရောက်ကာ ပြည်ပြန်ဝင်ခွင့် ခွင့်ပြုချက်အား သက်တမ်းတိုးပေးရန် လျှောက်ထားနိုင်သည်။ အကယ်၍ ပြန်လည်ဝင်ရောက်ရမည့် သတ်မှတ်ကာလအတွင်း ပြန်မလာနိုင်ပါက ရရှိထားသည့် နေထိုင်ခွင့်ဗီဇာသည် ပျက်ပြယ်သွားမည် ဖြစ်သည်။
07နိုင်ငံခြားသားများ အကြောင်းကြားရမည့် တာဝန်အရေးကြီး!
နိုင်ငံခြားသားမှတ်ပုံတင်ထားသည့် နိုင်ငံခြားသားများသည် အောက်ပါ အကြောင်းအရာများ ဖြစ်ပေါ်ပါက ဖြစ်ပေါ်သည့် နေ့မှစပြီး 15ရက်အတွင်း မိမိနေထိုင်ရာ ဒေသဆိုင်ရာ လဝက၊နိုင်ငံခြားသားရေးရာရုံး (ရုံး-ရုံးခွဲ)သို့ အကြောင်းကြားရမည့် တာဝန်ရှိပြီး၊ ၎င်းကို ဖောက်ဖျက်ပါက ဒဏ်ကြေး ပေးဆောင်ရနိုင်ပြီး၊ နေထိုင်ခွင့်ဆိုင်ရာ ဆုံးရှုံးနစ်နာမှုများ ရှိနိုင်သည့်အတွက် သတိထားရပါမည်။
(1)အကြောင်းကြားရမည့် အကြောင်းကိစ္စများ
နိုင်ငံခြားသားမှတ်ပုံတင်ထားသည့် နိုင်ငံခြားသားသည် အောက်ပါ အကြောင်းကိစ္စများ ဖြစ်ပေါ်သည့်အချိန်၌ ဖြစ်ပေါ်သည့်နေ့မှစပြီး 15ရက်အတွင်း မိမိနေထိုင်ရာ ဒေသဆိုင်ရာ လဝက၊နိုင်ငံခြားသားရေးရာရုံး(ရုံး-ရုံးခွဲ)သို့ နိုင်ငံခြားသားမှတ်ပုံတင်ပါ အချက်အလက်များ ပြောင်းလဲမှုရှိကြောင်း အကြောင်းကြားရမည် ဖြစ်ပါသည်။
- အမည်၊ လိင်အမျိုးအစား၊ မွေးသက္ကရာဇ်နှင့် နိုင်ငံသား ပြောင်းသွားခြင်း
- ပတ်စ်ပို့ နံပါတ်၊ ထုတ်ပေးသည့် ရက်စွဲ၊ သက်တမ်းကာလ ပြောင်းသွားခြင်း
- (အထူးကျောင်းများနှင့် အခြားအမျိုးအစား ကျောင်းများအပါအဝင်) မူလတန်း၊ အလယ်တန်း သို့မဟုတ် အထက်တန်းကျောင်းများတွင် ကျောင်းအပ်မှုအခြေအနေဆိုင်ရာ အပြောင်းအလဲများ
- D-1, D-2, D-4~D-9 ဗီဇာများအနေဖြင့် တက်ရောက်သည့်ကျောင်း သို့မဟုတ် အဖွဲ့အစည်း ပြောင်းသွားခြင်း(အမည် ပြောင်းခြင်း အပါအဝင်)၊ ထပ်တိုးခြင်း
- D-10 ဗီဇာများ၏ သင်တန်းစတင်ခြင်း သို့မဟုတ် သင်တန်းဦးစီးဌာန ပြောင်းသွားခြင်း(အမည် ပြောင်းခြင်း အပါအဝင်)
- H-2 ဗီဇာများသည် တစ်ဦးချင်း၊ ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီ၌ ပထမဆုံး အလုပ်ဝင်သည့်အခါ ၎င်း အလုပ်ဝင်ခြင်းအကြောင်း
- H-2 တစ်ဦးချင်း၊ ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီမှာ အလုပ်ဝင်ပြီး ၎င်း တစ်ဦးချင်း၊ ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီ အပြောင်းအလဲနှင့် အမည်ပြောင်းသွားခြင်း
- နေရပ်လိပ်စာ ပြောင်းသွားခြင်း
(2)တင်ပြရမည့် စာရွက်စာတမ်းများ
- အကြောင်းကြားစာ
- ပတ်စ်ပို့ နှင့် နိုင်ငံခြားသားမှတ်ပုံတင်
- ပြောင်းလဲသည့်အကြောင်း အထောက်အထားစာရွက်(နေရပ်လိပ်စာ ပြောင်းသွားပါက လိပ်စာ အထောက်အထားပြ စာရွက်စာတမ်း)
သိရှိထားရန်!
သီးသန့်ခွဲခြားစစ်ဆေးခြင်းဆိုသည်မှာ (တိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များအား သီးသန့်ခွဲခြား စစ်ဆေးခြင်း)
ပြည်ပမှ တိရစ္ဆာန် ကူးစက်ရောဂါနှင့် သစ်ပင်ပန်းမန် ပိုးမွှား စသည်တို့ ပြည်တွင်းသို့ ဝင်ရောက်ခြင်းကို တားဆီးရန်အတွက် တစ်နိုင်ငံလုံးရှိ လေဆိပ်များ၊ သင်္ဘောဆိပ်များ၌ နိုင်ငံထဲမဝင်ရောက်မီ သီးသန့်ခွဲခြား စစ်ဆေးခြင်းများ လုပ်ပါသည်။ နိုင်ငံထဲ ဝင်သည့်အခါ တားမြစ်ထားသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များကို သယ်လာပြီး ၎င်းကို အကြောင်းကြားမှု မရှိပါက ဒဏ်ငွေဆောင်ရခြင်း၊ ပြည်ဝင်ခွင့် ပိတ်ပင်ခံရခြင်း စသည့် ဆုံးရှုံးနစ်နာမှုများ ကြုံရနိုင်ပါသည်။
- စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ သယ်ဆောင်လာပါက မဖြစ်မနေ ခရီးသည် လက်ဝယ်သယ်ဆောင်ပစ္စည်း အကြောင်းကြားလွှာတွင် ဖြည့်စွက်ပြီး လေဆိပ်နှင့် သင်္ဘောဆိပ်၌ ရှိသည့် တိရစ္ဆာန်နှင့် သစ်ပင်ပန်းမန် သီးသန့်ခွဲ့ခြား စစ်ဆေးရေးဌာနချုပ်သို့ အကြောင်းကြားရပါမည်။
သီးသန့်ခွဲ့ခြား စစ်ဆေးခြင်း အဆင့်ဆင့်
- ကိုရီးယားသို့ ရောက်ရှိခြင်း(လေဆိပ်၊ သင်္ဘောဆိပ်၊ စာတိုက်)
- ပြည်ဝင်မှုစစ်ဆေးခြင်း
- အကောက်ခွန်အကြောင်းကြားစာ(သီးသန့်ခွဲခြား စစ်ဆေးခြင်း အကြောင်းကြားလွှာ) ဖြည့်စွက်ရန်
- တိရစ္ဆာန်၊ အပင်၊ လယ်ယာထွက်ကုန်၊ မွေးမြူရေးထွက်ကုန် သီးသန့်ခွဲခြား စစ်ဆေးခြင်း : သီးသန့်ခွဲခြား စစ်ဆေးခြင်းရလဒ် pass ဖြစ်မှသာ ဖြတ်သန်းခွင့်ရှိပါသည်။
- အကောက်ခွန် စစ်ဆေးခြင်း
- ပြည်ဝင်ခြင်း
တိရစ္ဆာန်နှင့် မွေးမြူရေးထွက်ကုန်များ သီးသန့်ခွဲ့ခြား စစ်ဆေးခြင်း
- လက်ဝယ်သယ်ဆောင်မှု တားမြစ်ထားသည့် မွေးမြူရေးထုတ်ကုန်များ(လက်ဝယ်သယ်ဆောင်လာသည့် တိရစ္ဆာန်ဆိုင်ရာ သီးသန့်ခွဲခြား စစ်ဆေးခြင်းလုပ်ရန် သတ်မှတ်ထားသည့် ပစ္စည်းများကို အကြောင်းကြားခြင်း မရှိပါက အမြင့်ဆုံး ဒဏ်ငွေ ဝမ် သိန်း 100ဆောင်ရနိုင်ပြီး၊ နိုင်ငံခြားသားဖြစ်ပါက ပြည်ဝင်ခွင့် အပိတ်ခံရခြင်း၊ နေထိုင်ခွင့် ကန့်သတ်ခံရခြင်း စသည့် ဆုံးရှုံးနစ်နာမှုများ ကြုံရနိုင်ပါသည်။
- 1အသားနှင့် အသားထွက်ကုန်များ : အမဲသား၊ ဝက်သား၊ ကြက်သား၊ ဘဲသား၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ အမဲခြောက်၊ အသားပြုတ် စသည်
- 2နို့ထွက်ပစ္စည်းများ : နွားနို့၊ ချိစ်၊ ထောပတ် စသည်
- 3ဥနှင့် ဥထုတ်ကုန်များ : ကြက်ဥ၊ ငှက်ဥ၊ ဥအကာ၊ ကြက်ဥအမှုန့် စသည်
- 4အိမ်မွေးတိရစ္ဆာန် အစာများ၊ သွားရည်စာနှင့် အာဟာရဖြည့်စွက်စာ စသည်
ခရီးသည် လက်ဝယ်သယ်ဆောင်ပစ္စည်းများ ဖြတ်သန်းခွင့်မရသော သာဓကများ
- < ဝက်အူချောင်း >
- < ဝက်ပေါင်ခြောက် >
- < အမဲခြောက် >
- < အကြော >
- < အစာသွတ်ဝက်အူချောင်း >
- < အမဲသားငံပြာရည်စိမ် >
- < ကြက်ခြေထောက် >
- < အသားခြောက် >
- < ဖက်ထုပ် >
အပင်နှင့် လယ်ယာထွက်ကုန်များ သီးသန့်ခွဲ့ခြား စစ်ဆေးခြင်း
- လက်ဝယ်သယ်ဆောင်ခွင့် တားမြစ်ထားသည့် ပစ္စည်းများစာရင်း
- 1သရက်သီး၊ ငှက်ပျောသီး၊ ပန်းသီး၊ သစ်တော်သီး၊ လိမ္မော်သီး၊ သံပုရာသီး၊ ထောပတ်သီး၊ ပဲအစိမ်း၊ သခွားသီး၊ ခရမ်းချဉ်သီး စသည့် သစ်သီးဝလံများ
- 2ကန်စွန်းဥ၊ အာလူး၊ ပီလောပီနံ စသည့် မြေအောက်သစ်ဥများနှင့် အခွံ ရှိသော သစ်ကြားသီး
- 3ရွှံ့ နှင့် ရွှံ့ပေနေသော အပင်များ၊ အသက်ရှိ ပိုးမွှားများ၊ ပေါင်းပင်မျိုးစေ့များ စသည်
- < သရက်သီး >
- < သံပုရာသီး >
- < ပန်းသီး၊ ပျားလိမ္မော်သီး >
- < ဆန်းကစ်သီး >
- < ငှက်ပျောသီး >
- < ပဲအစိမ်း၊ ခရမ်းချဉ်သီး၊ ငရုတ်သီး >
- < ကန်စွန်းဥ၊ အာလူး >
- < ရွှံ့ပေ အပင်များ >
- < သက်ရှိပိုးမွှားများ >
အပင်နှင့် လယ်ယာထုတ်ကုန်များ လက်ဝယ်သယ်ဆောင်ခြင်းနှင့် စာတိုက်ဖြင့်၊ လူကြုံဖြင့် ပို့ဆောင်စဉ် သတိထားရမည့် အချက်များ
အစေ့(မျိုးစေ့များ)၊ ပျိုးပင်များ(ကိုင်းကူး၊ ကိုင်းဆက် အပါအဝင်)၊ သစ်ဥသစ်ဖု စသည့် ပြန်စိုက်ပျိုးရန် သို့မဟုတ် မျိုးပွားရန် အပင်များသည် တင်ပို့သည့် နိုင်ငံမှ ထုတ်ပေးသည့် အပင်စစ်ဆေးအတည်ပြုလက်မှတ်ကို တင်ပြပေးရမည်။ အပင်စစ်ဆေးအတည်ပြုလက်မှတ် မရှိပါက တင်သွင်းခွင့် မရှိပါ။(2019. 9လမှ စပြီး အသက်ဝင်သည်။)
- သီးသန့်ခွဲခြား စစ်ဆေးခြင်းဆိုင်ရာ အသေးစိတ် အချက်အလက်များ ကို တိရစ္ဆာန်နှင့် သစ်ပင်ပန်းမန် သီးသန့်ခွဲ့ခြား စစ်ဆေးရေးဌာနချုပ်(www.qia.go.kr)သို့ မေးမြန်းစုံစမ်းနိုင်ပါသည်။
(054-912-1000 သို့မဟုတ် 032-740-2661,2077)