ဒါနူရီကောလ်စင်တာ
1577-1366
မိသားစုဆွေးနွေးမှုဖုန်းနံပါတ်
1644-6621
한국생활안내 정보더하기 사이트로 이동

နို့စို့ကလေးနှင့် ကလေးငယ်များ ကျန်းမာရေးစောင့်ရှောက်မှု

  • ပင်မစာမျက်နှာ
  • ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးပြုစုခြင်း
  • နို့စို့ကလေးနှင့် ကလေးငယ်များ ကျန်းမာရေးစောင့်ရှောက်မှု

နို့စို့ကလေးနှင့် ကလေးငယ်များ ကျန်းမာရေးစောင့်ရှောက်မှု

နို့စို့ကလေးနှင့် ကလေးငယ်များ အရွယ်သည် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု မြန်ဆန်ပြီး မိခင်ဆီမှ ပါလာသော ကိုယ်ခံအားသည် တဖြေးဖြေး လျော့နည်းလာသည့်အတွက် ရောဂါဖြစ်ပွားလွယ်သော အရွယ်ဖြစ်ပါသည်။ ထိုအရွယ်တွင် ဒေသန္တရကျန်းမာရေးဌာနမှတစ်ဆင့် နို့စို့ကလေးနှင့် ကလေးငယ်များ ကျန်းမာရေးစောင့်ရှောက်မှုယူခြင်းနှင့် မဖြစ်မနေ ထိုးရမည့် ကာကွယ်ဆေးများကို အခမဲ့ ထိုးနိုင်ပါသည်။

01ကလေးများ၏ ဖွံ့ဖြိုးမှုအဆင့်များ

(1)ကိုယ်အလေးချိန်

မွေးကင်းစ 3kg၊ 6လသား 2ဆ(6kg)၊ 1နှစ်သား 3ဆ(9kg)

(2)အရပ်

မွေးကင်းစ 50cmခန့်၊ 1နှစ်သား 1.5ဆ(75cm)

(3)ခန္ဓာကိုယ်ဖွံ့ဖြိုးမှု

신체발달 표 : 개월수 별 신체발달을 포함한 표입니다.
4လ ခေါင်း ထောင်နိုင်ပြီး၊ လှဲနေသည့်အနေအထားမှ ဘယ်ညာ လှိမ့်နိုင်ပါသည်။
5လ ကိုယ်ကို လှန်နိုင်ပါသည်။(ဗိုက်မှ ကျောသို့)
6လ ကျောမှ ဗိုက်သို့ မှောက်ချပြီး၊ မှောက်လျက်သား အနေအထားတွင် လက်နှစ်ဖက်ဖြင့် မိမိ ခန္ဓာကိုယ်ကို ထောက်ပြီး ထိန်းထားနိုင်ပါသည်။
7လ လူကြီး အကူအညီဖြင့် ထိုင်နေနိုင်ပါသည်။
8လ အကူအညီ မရှိလည်း ထိုင်နေနိုင်ပါသည်။
9လ တွားသွားနိုင်ပါသည်။
10လ ပရိဘောဂများကို ကိုင်ပြီး ထနိုင်ပါသည်။
12လ ပရိဘောဂများကို ကိုင်ပြီး တရွေ့ရွေ့ သွားနိုင်ပါသည်။
သိရှိထားရန်!
ကလေးပြုစုခြင်းဆိုင်ရာ ပဋိပက္ခများ

ကလေးပြုစုပျိုးထောင်သည့်အခါ အိမ်ရှိ လူကြီးများ၏ ကလေးပြုစုခြင်း နည်းလမ်းအယူအဆများ မတူသည့်အတွက် ပဋိပက္ခများ ဖြစ်ပွားတတ်ပါသည်။ ၎င်းကဲ့သို့သော ပဋိပက္ခများသည် ကိုရီးယားနိုင်ငံ မိသားစုများတွင် ယောက္ခမများနှင့် လူငယ် ဇနီးမောင်နှံများအကြား အဖြစ်များပါသည်။ ထို့အတွက်ကြောင့် ယောက္ခမများနှင့် သေချာ ပြောဆိုပြီး ဖြေရှင်းရပါမည်။

ကလေးပြုစုခြင်းဆိုင်ရာ ပဋိပက္ခ ဥပမာများ
  • အစားအစာ သို့မဟုတ် နွားနို့ကို ကလေး စားသောက်ချင်သည့် အချိန်တွင် ကျွေးရမည်။ ↔ သူ့အချိန်နှင့်သူ ကျွေးရမည်။
  • ဝဝဖောင်းဖောင်းလေး ဖြစ်နေမှ ကောင်းသည့်အတွက် များများ ကျွေးရမည်။ ↔ သတ်မှတ် ပမာဏအတိုင်း ကျွေးရမည်။
  • ဂျီကျလျှင် ကျောပိုးပေးရမည်။ ↔ မကြာခဏ ကျောပိုးပေးပါက အကျင့် ဖြစ်သွားမည်။
  • နွားနို့ အေးအေးလေး တိုက်မှ အူလမ်းကြောင်း သန်မာမည်။ ↔ အရမ်း အေးသော အစားအစာသည် အူလမ်းကြောင်းကို ထိခိုက်စေသည်။

02ကာကွယ်ဆေးထိုးခြင်း

ကာကွယ်ဆေးထိုးခြင်းဆိုသည်မှာ ကူးစက်တတ်သော ရောဂါများကို ကာကွယ်ရန် အတွက်၊ ကူးစက်ရောဂါကာကွယ်ဆေးအား ထိုးရန်လိုသည့် သူအား ထိုးပေးခြင်းကို ဆိုလိုပါသည်။

(1)ကာကွယ်ဆေး မထိုးခင် သတိထားရမည့် အချက်များ

  • ကျန်းမာရေး အခြေအနေကောင်းသည့် နေ့တွင် ကလေး ကျန်းမာရေးအခြေအနေကို ကောင်းကောင်း သိထားသည့် မိဘမှ ကိုယ်တိုင် ခေါ်လာပြီး ကာကွယ်ဆေးထိုးပေးရပါမည်။
  • ရေချိုးပေးပြီးနောက် သန့်ရှင်းသော အဝတ်အစားများ ဝတ်ဆင်ပေးပြီး ခေါ်သွားရပါမည်။
  • ကာကွယ်ဆေးထိုးရန် သတ်မှတ်ဆေးရုံဆေးခန်းများကို ရှာကြည့်ပြီး ပုံမှန် သွားနေကျ အိမ်နှင့် နီးသော ဆေးရုံဆေးခန်းများတွင် ကာကွယ်ဆေး ထိုးပါ။
  • လူများသည့် အချိန်ကို ရှောင်ပြီး၊ ကြာရှည်စွာ မစောင့်ရအောင် ကြိုတင်ဘိုကင် ယူပြီးမှ သွားပါ။
  • စောင့်ဆိုင်းနေစဉ်တွင် ရေဓာတ် ပြည့်ဝစွာ ဖြည့်တင်းပေးပြီး အေးဆေးတည်ငြိမ်စွာ နေထိုင်ခိုင်းပါ။
  • ကာကွယ်ဆေးမထိုးမီ ဆရာဝန် စမ်းသပ်သည့်အခါ လက်ရှိ နေထိုင်မကောင်းသည့် နေရာ ရှိသည်ဖြစ်စေ နဂို နာတာရှည်ရောဂါ ရှိပါက ဆရာဝန်ထံ မဖြစ်မနေ ပြောပြရပါမည်။
  • ကာကွယ်ဆေးထိုးပြီးနောက် ပြဿနာရှိပါက ဆေးရုံသို့ ပြန်သွားရ အဆင်ပြေအောင် ကာကွယ်ဆေးကို မနက်ပိုင်းတွင် ထိုးပါ။
  • ကလေး၏ ကာကွယ်ဆေးထိုးရမည့် အချိန်ဇယားများကို စစ်ဆေးရန်နှင့်၊ ကာကွယ်ဆေးထိုးထားသည့် ရာဇဝင်ကို ပြန်ကြည့်နိုင်ရန် ကာကွယ်ဆေးမှတ်တမ်းစာအုပ်ကို ဆောင်ထားပါ။
    • ကာကွယ်ဆေးထိုးထားသည့် မှတ်တမ်းအား ကွန်ပျူတာစနစ်ဖြင့် ထိန်းသိမ်းထားပြီး၊ မှတ်တမ်းတင်ရန် ကျန်နေသော ကာကွယ်ဆေးအချက်အလက်များကို စစ်ကြည့်ခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ အချက်များကို သေချာစွာ လိုက်နာပြီး ဆေးထိုးပေးနိုင်စေရန်အတွက် ဖြစ်ပါသည်။

(2)ကာကွယ်ဆေးထိုးပြီးနောက် သတိထားရမည့် အချက်များ

  • ဆေးထိုးပြီး မိနစ် 20~30 လောက် ဆေးထိုးပေးသည့် နေရာတွင် ပြဿနာရှိမရှိ စောင့်ကြည့်ပြီးမှ အိမ်ပြန်ပါ။
  • ကာကွယ်ဆေးထိုးသည့် နေ့တွင် ခန္ဓာကိုယ် နွမ်းနယ်မှုမဖြစ်အောင် အနားယူစေပြီး၊ ဆေးထိုးပြီး နောက် 2~3ရက်ခန့်အထိ ကလေး၏ အခြေအနေကို သေချာ စောင့်ကြည့်ပါ။
  • ကာကွယ်ဆေးထိုးပြီး ဆေးထိုးထားသည့် နေရာ နာကျင်ခြင်း၊ နီမြန်းပြီး ရောင်တက်လာခြင်း၊ ဖောရောင်ခြင်း သို့မဟုတ် ကြွက်သားနာကျင်ခြင်း၊ ကိုယ်ပူခြင်း၊ ရင်ထဲမအီမသာဖြစ်ခြင်း စသည့် သေးငယ်သော ဓာတ်မတည့်သည့် တုံ့ပြန်မှုများသည် ဆေးထိုးပြီးနောက် ခဏတာ ဖြစ်ပေါ်တတ်ပြီး၊ များသောအားဖြင့် 1~2ရက်အတွင်း ပြန်ပျောက်သွားတတ်ပါသည်။
  • ဆေးထိုးပြီးနောက် ကိုယ်ပူကြီးခြင်း သို့မဟုတ် အသက်ရှုရခက်ခဲခြင်း၊ အဖုအပိန့်များထွက်ခြင်း၊ ပြင်းထန်စွာ မူးနောက်ခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်ပါက ချက်ချင်း ဆရာဝန်ထံ သွားကာ စမ်းသပ်ကုသမှု ခံရယူပါ။
    • ကလေးငယ်သည် ဆက်တိုက် ဂျီကျပြီး အစား မစားခြင်း သို့မဟုတ် ပုံမှန်နှင့် မတူသော ပုံစံမျိုး တွေ့ရှိပါက ဆရာဝန်၏ စမ်းသပ်ကုသမှု ခံယူပါ။
  • ဆေးထိုးထားသည့် နေရာကို သန့်ရှင်းစွာ ထားပါ။

03ကလေးများအတွက် နိုင်ငံတော်မှ ကာကွယ်ဆေးထိုးပေးခြင်း

(1)ကလေးများအတွက် နိုင်ငံတော်မှ ကာကွယ်ဆေးထိုးပေးခြင်းအစီအစဥ်

အသက် 12နှစ်အောက် ကလေးငယ်များ ထိုးရမည့် ကာကွယ်ဆေး 18မျိုးအား အခမဲ့ ထိုးပေးခြင်းဖြင့် ကာကွယ်ဆေး ထိုးနှုန်းအား မြှင့်တင်ပြီး၊ ကာကွယ်ဆေးထိုးရမည့် ကူးစက်ရောဂါများ ရန်မှ ပြည်သူများအား ကာကွယ်ပေးပါသည်။

ကာကွယ်ဆေးထိုးရမည့်သူများနှင့် ဆေးထိုးနိုင်သည့် ဌာနများ
  • ကာကွယ်ဆေးထိုးရမည့်သူများ: အသက် 12နှစ်အောက် ကလေးငယ်များ
  • အခမဲ့ ဆေးထိုးနိုင်သည့် ဌာနများ : တစ်နိုင်ငံလုံးရှိ ဒေသန္တရကျန်းမာရေးဌာနများနှင့် သတ်မှတ်ဆေးရုံဆေးခန်းများ
    နိုင်ငံသားမှတ်ပုံတင်နံပါတ် သို့မဟုတ် နိုင်ငံခြားသားမှတ်ပုံတင်နံပါတ်(ကင်းလွတ်ခွင့်ရသူ အပါအဝင်) ရှိသူသည် ဒေသန္တရကျန်းမာရေးဌာန သို့မဟုတ် နီးစပ်ရာ သတ်မှတ်ဆေးရုံဆေးခန်းများတွင် အခမဲ့ ကာကွယ်ဆေး ထိုးနိုင်ပါသည်။ ကိုရီးယားနိုင်ငံတွင် 3လအထက် နေထိုင်နေသော နိုင်ငံခြားသားမှတ်ပုံ မတင်ထားသော နိုင်ငံခြားသားအနေဖြင့် ကာယကံရှင်(သို့မဟုတ် အုပ်ထိန်းသူ)အား စစ်ဆေးအတည်ပြုနိုင်သော အထောက်အထားများ(ပတ်စ်ပို့ စသည်)ကို ယူပြီး သက်ဆိုင်ရာ ဒေသန္တရကျန်းမာရေးဌာနသို့ သွားရောက်ကာ ကာကွယ်ဆေးထိုးရန်အတွက် ယာယီကြီးကြပ်ရေးနံပါတ် ထုတ်ယူထားပါက ဒေသန္တရကျန်းမာရေးနှင့် သတ်မှတ်ဆေးရုံဆေးခန်းများတွင် အခမဲ့ ကာကွယ်ဆေး ထိုးနိုင်ပါသည်။
    • နိုင်ငံခြားသားကြီးကြပ်ရေးနံပါတ် ရရှိထားသော သူသည် ဆေးရုံး၊ ဆေးခန်းများတွင် ကာကွယ်ဆေး ထိုးလိုပါက ကုန်ကျစရိတ် အလုံးစုံကို ကာယကံရှင်မှ ကျခံရမည်။
    • သတ်မှတ်ဆေးရုံဆေးခန်းများကို အင်တာနက် ကာကွယ်ဆေးထိုးခြင်းဆိုင်ရာအကူအညီ ဟုမ်းပေ့ချ်(https://nip.kdca.go.kr)တွင် စစ်ဆေးကြည့်နိုင်ပါသည်။
ကလေးငယ်များ ကာကွယ်ဆေးထိုးရန် အချိန်ဇယား(2020)
어린이 표준예방접종 일정 표 : 구분, 대상감염병, 백신종류, 횟수, 연령을 포함한 표입니다.
အမျိုးအစား ကူးစက်ရောဂါအမည် ကာကွယ်ဆေးအမျိုးအစား အကြိမ်ရေ မွေးကင်
းစ
4ပတ်အတွင်း 1လ 2လ 4လ 6လ 12လ 15လ 18လ 19~
23လ
24~
35လ
4နှစ် 6နှစ် 11နှစ် 12နှစ်
နိုင်ငံ
တော်မှ
ထိုးပေးသည့်
ကာကွယ်
ဆေး 1)
အသည်းရောင်အသားဝါ Bပိုး HepB 3 ပထမအကြိမ် ဒုတိယအကြိမ် တတိယအကြိမ်
တီဘီ BCG(Intracutaneous) 1 ပထမအကြိမ်
ဆုံဆို့နာကာကွယ်ဆေး၊
မေးခိုင်၊ ကြက်ညှာချောင်းဆိုး
DTaP 5 ပထမအကြိမ် ဒုတိယအကြိမ် တတိယအကြိမ် စတုတ္ထအကြိမ် ပဥ္စမအကြိမ်
Tdap/Td 1 ဆဌမအကြိမ်
ပိုလီယို IPV 4 ပထမအကြိမ် ဒုတိယအကြိမ် တတိယအကြိမ် စတုတ္ထအကြိမ်
အဆုတ်ရောင် bရောဂါကာကွယ်ဆေး
တုပ်ကွေး
Hib 4 ပထမအကြိမ် ဒုတိယအကြိမ် တတိယအကြိမ် စတုတ္ထအကြိမ်
Rota ဗိုင်းရပ်စ်
ကူးစက်ရောဂါ
RV1 2 ပထမအကြိမ် ဒုတိယအကြိမ်
RV5 3 ပထမအကြိမ် ဒုတိယအကြိမ် တတိယအကြိမ်
ပြင်းထန်အဆု
တ်ရောင်ရောဂါ
PCV 4 ပထမအကြိမ် ဒုတိယအကြိမ် တတိယအကြိမ် စတုတ္ထအကြိမ်
PPSV - အန္တရာယ်များသောအုပ်စုများသာ ဆေးထိုးရန်
ဝက်သက်၊ ပါးချိတ်ရောင်နာ၊
ဂျာမန်ဝက်သက်
(ဂျိုက်သိုး)
MMR 2 ပထမအကြိမ် ဒုတိယအကြိမ်
ရေကျောက် VAR 1 1ကြိမ်
အသည်းရောင် A HepA 2 ပထမအကြိမ်~
ဒုတိယအကြိမ်
ဂျပန်ဦးနှောက်ရောင်ရောဂါ IJEV(စွမ်းအားမဲ့ပိုး ပါဝင်သောကာကွယ်ဆေး) 5 ပထမအကြိမ်~
ဒုတိယအကြိမ်
တတိယအကြိမ် စတုတ္ထအကြိမ် ပဥ္စမအကြိမ်
LJEV(အားပျော့ပိုးအရှင်ပါဝင်သော ကာကွယ်ဆေး) 2 ပထမအကြိမ် ဒုတိယအကြိမ်
Human Papiloma ဗိုင်းရပ်စ်(HPV) HPV 2 ပထမအကြိမ်~
ဒုတိယအကြိမ်
တုပ်ကွေး IIV - နှစ်စဉ် ဆေးထိုးရန်
အခြား
(ကာကွယ်
ဆေးများ2)
တီဘီ BCG
(Percutaneous)
1 1ကြိမ်
  • DTaP, IPV, Hib ကာကွယ်ဆေးသည် ကာကွယ်ဆေးထိုးရမည့် အချိန်ဇယားအတိုင်း DTaP-IPV သို့မဟုတ် DTaP-IPV/Hib ပေါင်းစပ် ကာကွယ်ဆေးဖြင့် ထိုးနိုင်ပါသည်။
  • 1) နိုင်ငံတော်မှ ထိုးပေးသည့် ကာကွယ်ဆေး : နိုင်ငံတော်မှ ထိုးခိုင်းသည့် မဖြစ်မနေထိုးရမည့် ကာကွယ်ဆေးများ(နိုင်ငံတော်သည်「ကူးစက်ရောဂါများ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ ဥပဒေ」)ဖြင့် ကာကွယ်ဆေးထိုးရန်လိုသည့် ကူးစက်ရောဂါများနှင့် ကာကွယ်ဆေးထိုးရန် သတ်မှတ်ချက်နှင့် နည်းလမ်းများကို ချမှတ်ပြီး၊ ၎င်းအား အခြေခံကာ ရန်ပုံငွေများ ပြင်ဆင်ကာ ထောက်ပံ့ပေးလျက် ရှိပါသည်။
    2) အခြား ကာကွယ်ဆေးများ : ကာကွယ်ဆေးထိုးရန်လိုသည့် ကူးစက်ရောဂါနှင့် သတ်မှတ်ကူးစက်ရောဂါအပြင် အခြားသော ကူးစက်ရောဂါဖြင့် ပုဂ္ဂလိကဆေးကုသမှုဌာနများတွင် မိမိစရိတ်ဖြင့် ထိုးရသော ကာကွယ်ဆေးများ
ပြည်သူများအတွက် ဝန်ဆောင်မှု
  • ကာကွယ်ဆေးထိုးထားသည့် ရာဇဝင် ရှာကြည့်ခြင်း
    ကာကွယ်ဆေးထိုးခြင်းဆိုင်ရာအကူ ဟုမ်းပေ့ချ်(https://nip.kdca.go.kr)တွင် ကာကွယ်ဆေးနှင့် ပတ်သက်သော အချက်အလက် အမျိုးမျိုးအား ဖော်ပြပေးထားပြီး၊ ကလေးများ၏ ကာကွယ်ဆေးထိုးထားသည့် ရာဇဝင်များ*ကို ရှာကြည့်နိုင်ပါသည်။
    • ကာကွယ်ဆေးထိုးခြင်းဆိုင်ရာအကူ ဟုမ်းပေ့ချ်တွင် မန်ဘာဝင်ပြီးနောက် သားသမီးအချက်အလက်များ စာရင်းသွင်းရန် လိုအပ်ပါသည်။
    • ကာကွယ်ဆေးထိုးခြင်းဆိုင်ရာအကူ ဟုမ်းပေ့ချ် log in → ကာကွယ်ဆေးဆိုင်ရာကြီးကြပ်မှုများ → သားသမီး ကာကွယ်ဆေးဆိုင်ရာအချက်အလက်များ → ကလေးအချက်အလက် စာရင်းသွင်းခြင်း → ကလေးကာကွယ်ဆေးထိုးထားသည့် ရာဇဝင် ရှာကြည့်ခြင်း
  • အခမဲ့ ကာကွယ်ဆေးထိုးထားသည့်မှတ်တမ်း ထုတ်ခြင်း
    ကာကွယ်ဆေးထိုးခြင်းဆိုင်ရာအကူ ဟုမ်းပေ့ချ်တွင် ကာကွယ်ဆေးထိုးထားသည့် မှတ်တမ်း(ကိုရီးယားဘာသာ နှင့် အင်္ဂလိပ်ဘာသာ)အား ထုတ်(ထုတ်ယူ) နိုင်ပါသည်။
    • ကာကွယ်ဆေးထိုးထားသည့် မှတ်တမ်း ထုတ်သည့်အခါ ဒီဂျစ်တယ်ဆာတီဖီကိတ် လိုအပ်ပါသည်။
  • ကာကွယ်ဆေးထိုးရန် အသိပေး မက်ဆေ့ ဝန်ဆောင်မှု
    ကာကွယ်ဆေးထိုးရမည့်သူအတွက် နောက်တစ်ခါ ဆေးထိုးရမည့် အချိန်ကို မမေ့စေရန် ဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုဖြစ်ပြီး၊ ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးဆိုင်ရာအချက်အလက်များ ဖြည့်စွက်သည့်အခါ ဖုန်းဖြင့် မက်ဆေ့လက်ခံရန် သဘောတူခဲ့ပါက ကာကွယ်ဆေးထိုးရမည့် အချိန်ဇယားအတိုင်း ကြိုတင်အသိပေးခြင်းနှင့် ထိုးနှံရန် ကျန်ခဲ့သော ကာကွယ်ဆေးများကို မက်ဆေ့ဖြင့် အသိပေးသော ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။
    အကယ်၍၊ ဘာသာစကားစုံဖြင့် မက်ဆေ့ဝန်ဆောင်မှုကို လိုလားပါက ဒေသန္တရကျန်းမာရေးဌာန သို့မဟုတ် ကာကွယ်ဆေးထိုးပေးသည့်ဌာနတွင် မိမိဆန္ဒရှိသော ဘာသာစကားကို ပြောကာ၊ ၎င်း ဘာသာစကားဖြင့် မက်ဆေ့လက်ခံမည့် ဖုန်းနံပါတ်ကို ထပ်ပြီး စာရင်းသွင်းထားနိုင်ပါသည်။
    • ဘာသာစကားစုံဖြင့် မက်ဆေ့ဝန်ဆောင်မှု ယူမည့် ဖုန်းနံပါတ်အား မဖြည့်ခဲ့ပါက မူလ စာရင်းသွင်းထားသည့် ဖုန်းနံပါတ်သို့ ပို့ပေးပါသည်။
    • ဘာသာစကားစုံ မက်ဆေ့ဝန်ဆောင်မှု(ဘာသာစကား 12မျိုး) : နီပေါ၊ လာအို၊ ရုရှား၊ မွန်ဂို၊ ဗီယက်နမ်၊ အင်္ဂလိပ်၊ ဥဇဘတ်ကစ္စတန်၊ ဂျပန်၊ တရုတ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင်ဘာသာစကားများ

(2)အသည်းရောင်အသားဝါ Bပိုး မိခင်မှ ကလေးထံ ကူးစက်မှု ကာကွယ်ရေးအစီအစဥ်

အသည်းရောင်အသားဝါ Bပိုးရှိသူ မိခင်ဆီမှ မွေးဖွားလာသည့် မွေးကင်းစကလေးထံ အသည်းရောင်အသားဝါ Bပိုး ကူးစက်မှု* ကာကွယ်ပေးရန် လိုအပ်သော ကာကွယ်မှုဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ရလဒ်ကို သိရှိနိုင်ရန် ဆောင်ရွက်ရသော ပဋိဇာတ်(antigen)နှင့် ပဋိပစ္စည်း(antibody) စစ်ဆေးမှု ကုန်ကျစရိတ် အလုံးစုံကို ထောက်ပံ့ပေးနေသော အစီအစဥ်ဖြစ်ပါသည်။

  • မိခင်မှ ကလေးထံ ကူးစက်ခြင်း : မီးမဖွားမီနှင့် မီးဖွားပြီးကာလ(ကိုယ်ဝန် 29ပတ်∼မွေးပြီး 1ပတ်)အတောအတွင်း မိခင်ဆီမှ ကလေးထံ ကူးစက်နိုင်ခြင်း
ထောက်ပံ့မှု ရနိုင်သော သူများနှင့် အစီအစဥ်တွင် ပါဝင်နည်း
  • ထောက်ပံ့မှု ရနိုင်သော သူများ : အသည်းရောင်အသားဝါ Bပိုး ဗိုင်းရပ်စ်၏ မျက်နှာပြင်ပေါ်ရှိ ပရိုတင်း(HBsAg) သို့မဟုတ် သွေးအတွင်းသို့ ထုတ်လိုက်သော ပရိုတင်းပမာဏ(HBeAg) အပေါင်းပြနေသည့် သားဖွားမိခင်ဆီမှ မွေးဖွားလာသော နို့စို့ကလေးနှင့် ကလေးငယ်များ
  • ကာယကံရှင်သည် သားဖွားဌာနတွင် သားဖွားမိခင် မိမိ၏ အသည်းရောင်အသားဝါ Bပိုး ဆေးစစ်ချက်ရလဒ်နှင့် အစီအစဥ်တွင် ပါဝင်ရန် ကိုယ်ရေးအချက်အလက် သိခွင့်ပြုကြောင်း သဘောတူညီပါက ပါဝင်နိုင်ပါသည်။
    • သဘောတူလွှာ ဖြည့်စွက်သည့်အခါ အသည်းရောင်အသားဝါ Bပိုး ကာကွယ်ဆေးထိုးခြင်းနှင့် စစ်ဆေးမှုအချိန်ဇယား အသိပေးမက်ဆေ့ဝန်ဆောင်မှုအား လျှောက်ထားခြင်းဖြင့် အသိပေးမက်ဆေ့ ရယူနိုင်ပါသည်။
ထောက်ပံ့မှုအကြောင်းအရာ :
① Immunoglobulin ②အသည်းရောင်အသားဝါ Bပိုး ကာကွယ်ဆေးထိုးခြင်းနှင့် ③ ပဋိဇာတ်(antigen)နှင့် ပဋိပစ္စည်း(antibody) အရေအတွက်စစ်ဆေးမှု ကုန်ကျစရိတ် ထောက်ပံ့ခြင်း
  • အသည်းရောင်အသားဝါ Bပိုး အခြေခံကာကွယ်ဆေး(1~3ကြိမ်)ထိုးပြီးနောက် ပဋိဇာတ်(antigen)နှင့် ပဋိပစ္စည်း(antibody) စစ်ဆေးမှုရလဒ်ပေါ် မူတည်ပြီး ထပ်ထိုး(အများဆုံး 3ကြိမ်)နှင့် ထပ်စစ်ခြင်း(အများဆုံး 2ကြိမ်)ထောက်ပံ့ပေးပါသည်။
ကာကွယ်မှုဆိုင်ရာ ဆောင်ရွက်ချက် အချိန်ဇယား
  • (မီးဖွားပြီးပြီးချင်း(12နာရီအတွင်း)) Immunoglobulinနှင့် အသည်းရောင်အသားဝါ Bပိုး ပထမအကြိမ် ကာကွယ်ဆေးထိုးခြင်း
    • မွေးကင်းစ ကိုယ်အလေးချိန် 2kg အောက်ဖြင့် မွေးဖွားလာသော ပေါင်မပြည့်ကလေးမှာ စုစုပေါင်း 4ကြိမ် အခြေခံကာကွယ်ဆေးထိုးရန် လိုအပ်(0, 1, 2, 6လ) ပါသည်။
  • (မွေးပြီး 1လ) အသည်းရောင်အသားဝါ Bပိုး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးခြင်း
  • (မွေးပြီး 6လ) အသည်းရောင်အသားဝါ Bပိုး တတိယအကြိမ် ကာကွယ်ဆေးထိုးခြင်း
  • (မွေးပြီး 9~15လ) အသည်းရောင်အသားဝါ Bပိုး ပဋိဇာတ်(antigen)နှင့် ပဋိပစ္စည်း(antibody) ပထမအကြိမ် အရေအတွက်စစ်ဆေးခြင်း
    • စစ်ဆေးမှုရလဒ်ပေါ် မူတည်ပြီး ထပ်ထိုးခြင်းနှင့် ထပ်မံ စစ်ဆေးခြင်းများ ဆောင်ရွက်ရန်လိုပါသည်။

(3)Human Papiloma ဗိုင်းရပ်စ် (HPV) ကူးစက်ရောဂါ နိုင်ငံတော်မှ ကာကွယ်ဆေးထိုးပေးခြင်း အစီအစဥ်

Human Papiloma ဗိုင်းရပ်စ်(HPVဟု ဆက်လက်ဖော်ပြမည်) ကူးစက်ရောဂါ ကာကွယ်ဆေးထိုးခြင်းဖြင့် HPVဗိုင်းရပ်စ် ကူးစက်ခြင်းကြောင့်*ဖြစ်ပွားတတ်သည့် သားအိမ်ခေါင်းကင်ဆာ၊ စအို၊ မိန်းမကိုယ်ကင်ဆာနှင့် ဦးခေါင်းနှင့် လည်ချောင်းဆိုင်ရာကင်ဆာများ စသည်တို့ကို ကာကွယ်နိုင်ပါသည်။ ​
HPV ကာကွယ်ဆေး၏ အကျိုးအာနိသင်ကို အမြင့်ဆုံး မျှော်လင့်ချက်ထားနိုင်ရန်အတွက် HPV ဗိုင်းရပ်စ်ကူးစက်ခြင်း၏ ကြီးမားသော အကြောင်းရင်းဖြစ်သည့် လိင်ဆက်ဆံမှု အတွေ့အကြုံ မရှိသေးမီ ကာကွယ်ဆေး အပြီးထိုးခြင်းသည် အရေးကြီးပါသည်။ ​
ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအရ အပြောင်းအလဲ ကြီးမားသည့် ဘဝတစ်ဆစ်ချိုးအရွယ်ဖြစ်သည့် အသက် 12နှစ် ဆယ်ကျော်သက်အရွယ် အမျိုးသမီးများအတွက် ကျွမ်းကျင်ဆရာဝန်နှင့် ကျန်းမာရေးဆွေးနွေးမှု၊ HPV ကာကွယ်ဆေးထိုးခြင်း ဝန်ဆောင်မှုကို အတူတကွ လုပ်ပေးပြီး ကျန်းမာသော အမျိုးသမီးအဖြစ် ကြီးပြင်းလာနိုင်စေရန် အကူအညီပေးလျက် ရှိပါသည်။

  • သားအိမ်ခေါင်းကင်ဆာ 90%၊ စအို-မျိုးပွားအင်္ဂါကင်ဆာနှင့် လည်ချောင်းကင်ဆာ 70%သည် HPVဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်း ဖြစ်ပါသည်။
ထောက်ပံ့မှု ရနိုင်သော သူများ
  • အသက် 12~17နှစ်အရွယ် အမျိုးသမီး ဆယ်ကျော်သက်များ
  • အသက် 18~26နှစ်အရွယ် အမျိုးသမီးများ(ဝင်ငွေအဆင့်*ပေါ် မူတည်ပြီး ထောက်ပံ့ပေးနေပါသည်)
    • 「ပြည်သူ့အခြေခံလူနေမှုအာမခံချက် ဥပဒေ」 အရ' အခြေခံလူနေမှုဆိုင်ရာထောက်ပံ့ကြေး ယူနေသူများနှင့် ဝင်ငွေနည်းပါးသည့် အတန်းလွှာ(သတ်မှတ်ပျမ်းမျှ ဝင်ငွေ၏ 50% အောက်)
ထောက်ပံ့မှုအကြောင်းအရာ
  • (ဘုံတူညီမှု)Human Papiloma ဗိုင်းရပ်စ်(HPV) ကူးစက်ရောဂါ ကာကွယ်ဆေးထိုးခြင်း 2~3ကြိမ်
    • ပထမဆုံးအကြိမ် ထိုးနှံသည့် အသက်အရွယ်ပေါ် မူတည်ပြီး ကာကွယ်ဆေး အကြိမ်ရေ ကွဲပြားပါသည်။ : (အသက် 14နှစ် အောက်) 2ကြိမ်၊ (အသက် 15နှစ် အထက်) 3ကြိမ်
  • (အသက် 12နှစ်) ဆယ်ကျော်သက် ကြီးကောင်ဝင်ချိန်၊ ဓမ္မတာနှင့် ပတ်သက်သော ကျန်းမာရေးဆွေးနွေးမှုများ လုပ်ပေးခြင်း
ထိုးပေးသည့်ကာကွယ်ဆေး :
Gardasil(HPV4), Cervarix(HPV2)
  • Gardasil-9 မပါပါ။​

(4)နိုင်ငံတော်မှ တုပ်ကွေးကာကွယ်ဆေးထိုးပေးသည့် အစီအစဥ်

တုပ်ကွေးမိပါက နောက်ဆက်တွဲရောဂါများ ဖြစ်နိုင်ချေ မြင့်မားပြီး အန္တရာယ်များသော အုပ်စုဝင်များဖြစ်သည့် သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များ၏ တုပ်ကွေး ကာကွယ်ဆေးထိုးနှုန်းအား မြှင့်တင်ရေးနှင့် ရောဂါအပေါ် ကြောက်ရွံ့စိတ်ကို လျှော့ချပေးနိုင်ရန်အတွက် ကာကွယ်ဆေးထိုးရန် ကုန်ကျစရိတ် အလုံးစုံကို ထောက်ပံ့ပေးလျက် ရှိပါသည်။

ထောက်ပံ့မှု ရနိုင်သော သူများ :
မွေးပြီး 6လ~13နှစ် ကလေးငယ်များ
ထောက်ပံ့မှုအကြောင်းအရာ :
တုပ်ကွေး ကာကွယ်ဆေးထိုးခြင်း 1ကြိမ်
  • အသက် 9နှစ်အောက် ကလေးများသည် တုပ်ကွေး ကာကွယ်ဆေးအား ပထမဆုံးအကြိမ် ထိုးသည့်အခါ အနည်းဆုံး 4ပတ်နှင့်အထက် ခြားပြီး 2ကြိမ် ထိုးရပါမည်။
အရင်းအမြစ်
အဆိုပါ လမ်းညွှန်စာအုပ်သည် “ဂုံးဂုံးနူရီ ပုံစံ 4 : အရင်းအမြစ်ဖော်ပြရန်+ကိုယ်ကျိုးအတွက် အသုံးပြုခြင်း မပြုရ+ပြောင်းလဲဖော်ပြခြင်း မပြုရ” သတ်မှတ်ချက်များပေါ် မူတည်ပြီး အသုံးပြုနိုင်ပါသည်။