ဒါနူရီကောလ်စင်တာ
1577-1366
မိသားစုဆွေးနွေးမှုဖုန်းနံပါတ်
1644-6621
한국생활안내 정보더하기 사이트로 이동

အရေးပေါ်ဖူလုံရေး အထောက်အပံ့

  • ပင်မစာမျက်နှာ
  • လူမှုရေးအာမခံချက်စနစ်
  • အရေးပေါ်ဖူလုံရေး အထောက်အပံ့

အရေးပေါ်ဖူလုံရေး အထောက်အပံ့

ရုတ်တရက် မမျှော်လင့်ထားသော အရေးပေါ်အခြေအနေကြောင့် နေထိုင်စားသောက်ရေး ကြပ်တည်းမှု ရှိပါက နေထိုင်စားသောက်စရိတ် စသည်ကို ခဏတာ လျင်မြန်စွာ ကူညီထောက်ပံ့ပေးသော စနစ်ဖြစ်ပြီး နိုင်ငံခြားသားများသည်လည်း ဥပဒေအရ သတ်မှတ်ထားသည့်အတိုင်း အထောက်အပံ့ ရယူနိုင်ပါသည်။

01အရေးပေါ်ဖူလုံရေး
အထောက်အပံ့ တောင်းခံခွင့်ရှိသော နိုင်ငံခြားသားများ

  1. 1ကိုရီးယားနိုင်ငံသားနှင့် ပေါင်းသင်းနေထိုင်လျက်ရှိသောသူ
  2. 2အိမ်ထောင်ဖက်ဖြစ်သူ ကိုရီးယားနိုင်ငံသားနှင့် ကွာရှင်းခြင်း သို့မဟုတ် ၎င်း အိမ်ထောင်ဖက်သည့် သေဆုံးသွားသည့်အတွက် ၎င်း၏ ကိုရီးယားနိုင်ငံသား သွေးသားရင်းချာများကို ကြည့်ရှုစောင့်ရှောက်နေရသောသူ
  3. 3『ဒုက္ခသည်ဥပဒေ』 ပုဒ်မ 2 အပိုဒ် 2အရ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရသောသူ
  4. 4ကာယကံရှင် မိမိကြောင့် မဟုတ်ဘဲ မီးလောင်မှု၊ ရာဇဝတ်မှု၊ သဘာဝဘေးအန္တရာယ်များကြောင့် နစ်နာဆုံးရှုံးမှု ကြုံရသောသူ
  5. 5 ထို့အပြင် ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးမှ အရေးပေါ် ထောက်ပံ့မှုပေးရန် လိုအပ်သည်ဟု အသိအမှတ်ပြုသော အောက်ပါ ပုဂ္ဂိုလ်များ
    • ကာယကံရှင် မိမိကြောင့် မဟုတ်ဘဲ သဘာဝဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှု ကြုံရသောသူ
    • 『ဒုက္ခသည်ဥပဒေ』 ပုဒ်မ 2 အပိုဒ် 3အရ လူသားချင်းစာနာထောက်ထားမှုဖြင့် နေထိုင်ခွင့် ရထားသောသူ
    • တရားရေးဝန်ကြီးမှ အသိအမှတ်ပြုထားသော အထူးအကျိုးပြုသူ

02ထောက်ပံ့မှု ရနိုင်သည့်သူများ

အရေးပေါ်ဖူလုံရေးအထောက်အပံ့သည် ရုတ်တရက် မမျှော်လင့်ထားသော အရေးပေါ်အခြေအနေကြောင့် နေထိုင်စားသောက်မှု စသည့် ကြပ်တည်းမှုများ ကြုံနေရသော အိမ်ထောင်စုများထဲမှ ① ကြပ်တည်းရခြင်းအကြောင်းရင်း(9မျိုး)နှင့် ② ဝင်ငွေ၊ ပိုင်ဆိုင်မှု စသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသော အိမ်ထောင်စုအား ထောက်ပံ့ပေးပါသည်။

(1)ကြပ်တည်းရခြင်း အကြောင်းအရင်း

  1. 1 အဓိက ဝင်ငွေရှာနေသူ သေဆုံးခြင်း၊ အိမ်မှ ထွက်သွားခြင်း၊ ရောက်ရာအရပ်ကို မသိရခြင်း၊ အကျဉ်းကျနေခြင်း စသည်တို့ကြောင့် ဝင်ငွေ မရှိတော့သည့်အခါ
  2. 2 ပြင်းထန်သော ရောဂါ သို့မဟုတ် ဒဏ်ရာ ရရှိသည့်အခါ
  3. 3 အိမ်ထောင်စုဝင်များ၏ ပစ်ပယ်ခြင်းခံရခြင်း သို့မဟုတ် စွန့်ပစ်ခြင်း သို့မဟုတ် ညှဉ်းပမ်းနှိပ်စက်မှု စသည်တို့ ခံရသည့်အခါ
  4. 4 အိမ်တွင်းအကြမ်းဖက်မှု သို့မဟုတ် အိမ်ထောင်စုဝင်တစ်ဦးဦးထံမှ လိင်အကြမ်းဖက်မှု ခံရသည့်အခါ
  5. 5 မီးလောင်ခြင်း စသည့် အကြောင်းကြောင့် နေထိုင်ရာ နေအိမ် သို့မဟုတ် အဆောက်အအုံတွင် ဆက်လက်နေထိုင်၍ မရတော့သည့်အခါ
  6. 6 အဓိက ဝင်ငွေရှာနေသူ သို့မဟုတ် ဒုတိယ ဝင်ငွေရှာနေသူမှ လုပ်ငန်းရပ်နားခြင်း၊ လုပ်ငန်းဖျက်သိမ်းခြင်း သို့မဟုတ် လုပ်ငန်းခွင် မီးလောင်မှု စသည်တို့ကြောင့် အမှန်တကယ် လုပ်ငန်း ဆက်လုပ်ရန် အခက်ကြုံနေသည့်အခါ
  7. 7 အဓိက ဝင်ငွေရှာနေသူ သို့မဟုတ် ဒုတိယ ဝင်ငွေရှာနေသူ၏ အလုပ်လက်မဲ့ဖြစ်သွားမှုကြောင့် ဝင်ငွေ မရှိတော့သည့်အခါ
  8. 8 ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအမိန့်အရ ဒေသဆိုင်ရာ အမိန့်ဖြင့် သတ်မှတ်ထားသည့် အကြောင်းရင်း ဖြစ်ပေါ်လာသည့်အခါ
  9. 9 ၎င်းအပြင် အခြားသော ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးမှ သတ်မှတ်ပြီး ကြေညာထားသော အခြေအနေဖြစ်သည့် ① အဓိက ဝင်ငွေရှာနေသူနှင့် ကွာရှင်းပြတ်စဲခြင်း၊ ②လျှပ်စစ်မီး ပြတ်တောက်ခြင်း၊ ③ထောင်မှ ထွက်လာခြင်း၊ ④မိသားစု၏ ပစ်ပယ်ခံရခြင်း၊ စွန့်ပစ်ခံရခြင်း သို့မဟုတ် နေထိုင်စားသောက်ရန် ကြပ်တည်းခြင်း စသည့် အကြောင်းများကြောင့် အိမ်ရာမဲ့ဖြစ်သွားသည့်အခါ ⑤ မျက်ကွယ်ရာရောက်နေသူများအား ရှာဖွေခြင်း၊ လိုအပ်ချက် ပေါင်းစုံကို စီမံဖြေရှင်းပေးရန် လိုအပ်သူ သို့မဟုတ် ကိုယ့်ကိုယ်ကို အဆုံးစီရင်နိုင်ချေ မြင့်မားသောအုပ်စုအဖြစ် သက်ဆိုင်ရာဌာနများမှ နေထိုင်စားသောက်မှု အခက်အခဲကြုံနေကြောင်း ထောက်ခံပေးသည့်အခါ ⑥ အခြားသူ၏ ရာဇဝတ်မှု ကျူးလွန်မှုကြောင့် နေထိုင်လျက်ရှိသော နေအိမ် သို့မဟုတ် အဆောက်အအုံတွင် ဆက်လက်နေထိုင်ရန် အဆင်မပြေသည့်အတွက် အိမ်ပြောင်းရသည့်အခါ

(2)ဝင်ငွေ၊ ပိုင်ဆိုင်မှု သတ်မှတ်စံနှုန်း

  • ဝင်ငွေ : သတ်မှတ်ပျမ်းမျှဝင်ငွေ 75% အောက်(2025ခုနှစ် စံနှုန်း)
소득 : 가구규모, 1인, 2인, 3인, 4인, 5인, 6인을 포함한 표입니다.
အိမ်ထောင်စုဝင် အရေအတွက် 1ဦး 2ဦး 3ဦး 4ဦး 5ဦး 6ဦး
ဝမ်/လ 1,794,010 2,949,494 3,769,015 4,573,330 5,331,144 6,048,604
  • 7 ဦးနှင့်အထက် အိမ်ထောင်စုဖြစ်ပါက၊ 1 ဦးတိုးသွားတိုင်း ဝမ် 869,000စီ တိုးသွားပါမည်။
  • ပိုင်ဆိုင်မှုသတ်မှတ်စံနှုန်း : မြို့ကြီးများ(ဝမ် 241,000,000)၊ အသေးစား၊ အလတ်စားမြို့များ(ဝမ် 152,000,000)၊ ကျေးလက်တောရွာ(ဝမ် 130,000,000)
  • ငွေကြေးပိုင်ဆိုင်မှု သတ်မှတ်စံနှုန်း: အိမ်ထောင်စုဝင် အရေအတွက်အလိုက် နေထိုင်စားသောက်မှုအတွက် လိုအပ်သော ပမာဏ(နေထိုင်မှုအတွက် ပြင်ဆင်စရိတ်)တွင် ဝမ် သိန်း 60ကို ပေါင်းထားသည့် ပမာဏအောက်(သို့သော်၊ အိမ်ရာထောက်ပံ့မှုမှာ အိမ်ထောင်စုဝင်အရေအတွက်အလိုက် ငွေကြေးပိုင်ဆိုင်မှုပမာဏတွင် ဝမ် သိန်း 20 ထပ်ပေါင်းထားသည့် ပမာဏအောက်)
금융재산기준 : 가구원수, 1인, 2인, 3인, 4인, 5인, 6인을 포함한 표입니다.
အိမ်ထောင်စုဝင် အရေအတွက် 1ဦး 2ဦး 3ဦး 4ဦး 5ဦး 6ဦး
ငွေပမာဏ(000ဝမ်) 8,392 9,932 11,025 12,097 13,108 14,064

03လျှောက်ထားနည်းနှင့်
လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်

  • အကြပ်အတည်းကိစ္စ ဖြစ်ပေါ်ပါက နိုင်ငံသားမှတ်ပုံတင်ကတ်တွင်ပါသည့် နေရပ်လိပ်စာဆိုင်ရာ မြို့၊ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးနှင့်ဖူလုံရေးစင်တာ(ပြည်သူ့စင်တာ) သို့မဟုတ် ကျန်းမာရေးနှင့် လူမှုဖူလုံရေးဆွေးနွေးမှုစင်တာ(☎129)သို့ ဖုန်းဆက်ပါရန် တိုက်တွန်းပါသည်။
  • တာဝန်ခံ အစိုးရဝန်ထမ်းမှ မြေပြင် စစ်ဆေးအတည်ပြုပြီး အရင်ဆုံး ထောက်ပံ့မှုများ လုပ်ပေးပြီးနောက် ထောက်ပံ့မှုဆိုင်ရာ သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးမှု ပြုပါမည်။ အကယ်၍ ထောက်ပံ့မှု ရနိုင်သည့် အကြပ်အတည်းအခြေအနေ မဟုတ်ခြင်း သို့မဟုတ် ထောက်ပံ့မှု ခံစားခွင့် ရနိုင်သော သတ်မှတ်ချက်များနှင့် မညီကြောင်း စစ်ဆေးတွေ့ရှိလျှင် ထောက်ပံ့မှုများ ရပ်တန့်သွားပြီး ရယူထားသော ထောက်ပံ့ကြေး အလုံးစုံကို ပြန်ပေးရနိုင်ပါသည်။
  • အရေးပေါ်ဖူလုံရေး အထောက်အပံ့များ ပြီးသွားသော်လည်း အကြပ်အတည်း အခြေအနေများ ဆက်တိုက်ဖြစ်နေပါက ဆက်စပ်မှုရှိသည့် အခြားသော နိုင်ငံတော်၏ စနစ်များ သို့မဟုတ် ပုဂ္ဂလိက ဖူလုံရေးဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး လမ်းညွှန်မှု ရယူနိုင်ပါသည်။
အရေးပေါ်ထောက်ပံ့မှုအဆင့်ဆင့်
  • ထောက်ပံ့မှုတောင်းခံခြင်းနှင့် အကြောင်းကြားခြင်း
  • မြေပြင်စစ်ဆေးပြီးနောက်
    ထောက်ပံ့မှု အရင်ပေးခြင်းမြို့၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး
    (အရေးပေါ်ထောက်ပံ့မှုဆိုင်ရာ
    တာဝန်ခံအစိုးရဝန်ထမ်း)
  • ထောက်ပံ့မှု ပြီးစီးပြီးနောက်
    စစ်တမ်းကောက်ခြင်းဝင်ငွေ၊ ပိုင်ဆိုင်မှု စစ်ဆေးခြင်း
  • ကိုက်ညီမှု ရှိမရှိ စစ်ဆေးအကဲဖြတ်ခြင်း • အရေးပေါ်ထောက်ပံ့မှု စစ်ဆေးအကဲဖြတ်ရေးကော်မတီ(ပုဂ္ဂလိကနှင့် အစိုးရ ပူးပေါင်းဆောင်ရွက်မှု)
    • ကိုက်ညီမှု မရှိဟု ရလဒ်ထွက်လာပါက ထောက်ပံ့မှု ရပ်တန့်ခြင်း /ကုန်ကျစရိတ်ပြန်အမ်းခြင်း
  • ထောက်ပံ့မှု ပြီးစီးပြီးနောက် နောက်ဆက်တွဲချိတ်ဆက်မှုအခြေခံနေထိုင်မှုအာမခံချက် စသည်
    နဂိုမူလစနစ်/ပုဂ္ဂလိကပရိုဂရမ်
ကျန်းမာရေးနှင့် လူမှုဖူလုံရေး ကောလ်စင်တာ(☎129)
ခံစားခွင့် ရှိသူ စသည်
မြို့၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး

04ထောက်ပံ့မှု အကြောင်းအရာ(မြို့ကြီးများ 4ဦး သတ်မှတ်စံနှုန်း/လ)

နေထိုင်စရိတ်ထောက်ပံ့မှု(ဝမ် 1,872,700)၊ အိမ်ရာစရိတ်ထောက်ပံ့မှု(ဝမ် 662,500)၊ ဖူလုံရေးအဆောက်အအုံ အသုံးပြုခထောက်ပံ့မှု(ဝမ် 1,494,100)၊ ဆေးကုသစရိတ်ထောက်ပံ့မှု(1ကြိမ် ဝမ် သိန်း 30 အောက်)

  • လိုအပ်သည့်အခါ ထပ်ပေါင်းထောက်ပံ့မှု: ပညာရေးအထောက်အပံ့၊ လောင်စာဆီဖိုး(10လပိုင်း~3လပိုင်း)၊ မီးဖွားစရိတ်၊ နာရေးစရိတ်၊ လျှပ်စစ်မီတာခ စသည်ကို ထောက်ပံ့ခြင်း
အရေးပေါ် ဖူလုံရေးနှင့် နေထိုင်စရိတ်ထောက်ပံ့ကြေး(2025ခုနှစ် စံနှုန်း)
(unit : ဝမ်/လ)
생계지원 기준 : 가구구성원수, 1인, 2인, 3인, 4인, 5인 및 6인을 포함한 표입니다.
အိမ်ထောင်စုဝင် အရေအတွက် 1ဦး 2ဦး 3ဦး 4ဦး 5ဦး 6ဦး
ထောက်ပံ့မှုပမာဏ
(ဝမ်/လ)
730,500 1,205,000 1,541,700 1,872,700 2,186,500 2,485,400
  • အိမ်ထောင်စုဝင် အရေအတွက်ပေါ် မူတည်ပြီး ထောက်ပံ့မှုပမာဏ ကွာခြားပါသည်။
ကိုရီးယားနိုင်ငံသား ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်ထားပြီး ကလေး တစ်ယောက်ရှိပြီး၊ ရုတ်တရက် ခင်ပွန်းက ကွယ်လွန်သွားပါတယ်။ စီးပွားရေးအခြေအနေ အရမ်း ကြပ်တည်းနေလို့ အကူအညီ ရနိုင်မလား။

ပြုစုစောင့်ရှောက်ရမည့် သားသမီး(ကိုရီးယားနိုင်ငံသား)ရှိပြီး ယောကျာ်း သေဆုံးခြင်းကြောင့် နေထိုင်စားသောက်ရေး အခက်အခဲ ရှိလျှင် ကျန်းမာရေးနှင့် လူမှုဖူလုံရေးဆွေးနွေးမှုစင်တာ(129) သို့မဟုတ် နေထိုင်လျက်ရှိသော နေရာ၏ မြို့၊ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးနှင့် ဖူလုံရေးစင်တာ(ပြည်သူ့စင်တာ)များတွင် ဖူလုံရေးဆိုင်ရာ ဆွေးနွေးမှုများ လုပ်ကြည့်ရန် တိုက်တွန်းပါသည်။
အရေးပေါ်ဖူလုံရေး အထောက်အပံ့များ တောင်းခံသည့်အခါ တာဝန်ခံ အစိုးရဝန်ထမ်းမှ အိမ်သို့ လာရောက်စစ်ဆေးခြင်းဖြင့် လိုအပ်သည့် အကူအညီများ ပေးနိုင်ရန် လျင်မြန်စွာ ဆုံးဖြတ်ပါသည်။ လျှောက်ထားသည့် အိမ်ထောင်စုသည် အရေးပေါ်ထောက်ပံ့မှု ရနိုင်သည့် အိမ်ထောင်စုဖြစ်ပါက သတ်မှတ်ကာလအတွင်း အထောက်အပံ့များ ရယူနိုင်ပါသည်။
ကိုရီးယားဘာသာစကားဖြင့် ဆွေးနွေးရန် အခက်အခဲရှိပါက နိုင်ငံခြားသွေးနှောမိသားစု အထောက်အကူပြုစင်တာ၏ စကားပြန်၊ ဘာသာပြန် ဝန်ဆောင်မှု အသုံးပြုခြင်း သို့မဟုတ် ဆွေးနွေးသည့်အချိန် အကူအညီပေးနိုင်သည့်သူနှင့် အတူတူ ဆွေးနွေးခြင်းသည် ကောင်းပါသည်။

အရင်းအမြစ်
အဆိုပါ လမ်းညွှန်စာအုပ်သည် “ဂုံးဂုံးနူရီ ပုံစံ 4 : အရင်းအမြစ်ဖော်ပြရန်+ကိုယ်ကျိုးအတွက် အသုံးပြုခြင်း မပြုရ+ပြောင်းလဲဖော်ပြခြင်း မပြုရ” သတ်မှတ်ချက်များပေါ် မူတည်ပြီး အသုံးပြုနိုင်ပါသည်။