ဒါနူရီကောလ်စင်တာ
1577-1366
မိသားစုဆွေးနွေးမှုဖုန်းနံပါတ်
1644-6621
한국생활안내 정보더하기 사이트로 이동

မူလတန်းကျောင်း ပညာ

  • ပင်မစာမျက်နှာ
  • သားသမီးပညာရေး
  • မူလတန်းကျောင်း ပညာ

မူလတန်းကျောင်း ပညာ

မူလတန်းကျောင်း သင်ရိုးသည် 6နှစ်သင်ရိုး ဖြစ်ပါသည်။။ အသက် 6နှစ်ပြည့်သည့်နေ့ ပါဝင်သည့် နောက်နှစ်(ကိုရီးယားနိုင်ငံ အသက်ဖြင့် 8နှစ် ဖြစ်ပါသည်။။ ကိုရီးယားနိုင်ငံသည် မွေးဖွားသည့် နှစ်ကို 1နှစ်ယူပြီး နောက်နှစ် 1လပိုင်း 1ရက်မှစပြီး 2နှစ်ဟု ယူဆကြပါသည်။ 2016ခုနှစ် 12လပိုင်း 31ရက်နေ့ မွေးသည့် ကလေးဖြစ်ပါက 2017ခုနှစ် 1လပိုင်း 1ရက်နေ့တွင် 2နှစ် ဖြစ်သွားပါသည်။) 3လပိုင်း 1ရက်နေ့မှစပြီး မူလတန်းကျောင်း တက်ရမည် ဖြစ်ပါသည်။။ သို့သော် အသက် 5နှစ် သို့မဟုတ် 7နှစ်ပြည့်သည့် နေ့ပါနေသည့် နောက်နှစ်မှစပြီး ကျောင်းဝင်လည်း ရပါသည်။ မူလတန်းပညာရေးသည် မသင်မနေရ ပညာရေးဖြစ်ပြီး အခမဲ့ပညာရေးဖြစ်ပါသည်။။ ကိုရီးယားနိုင်ငံ ပြည်သူများသည် သားသမီးများကို မူလတန်းကျောင်းသို့ မဖြစ်မနေ ပို့ရမည် ဖြစ်ပြီး၊ မူလတန်းကျောင်း ကျောင်းပြီးသည်အထိ တက်ရောက်ခိုင်းရမည် ဖြစ်ပါသည်။။ အကယ်၍ ကိုရီးယားနိုင်ငံသား မိဘများက သားသမီးကို မူလတန်းကျောင်းသို့ မပို့ပါက ဒဏ်ကြေး အရိုက်ခံရနိုင်ပါသည်။။

01သင်ရိုးညွှန်းတမ်း

မူလတန်းကျောင်းအတွက် သင်ရိုးညွှန်းတမ်းတွင် ဘာသာရပ် သင်ယူမှုနှင့် တီထွင်ဖန်တီးမှု အတွေ့အကြုံဆိုင်ရာ လုပ်ဆောင်မှုများ ပါဝင်ပြီး နေ့စဉ်ဘဝနှင့် သင်ယူမှုတို့အတွက်အပြင် ကောင်းမွန်သော ကိုယ်ကျင့်စရိုက် ဖွံ့ဖြိုးစေရေးအတွက် လိုအပ်သော အခြေခံ အလေ့အကျင့်များနှင့် အခြေခံကျသော စွမ်းရည်များကို လေ့ကျင့်ပေးရန် ရည်ရွယ်ပါသည်။ တစ်တန်းနှင့် နှစ်တန်းတွင် ကျောင်းသားကျောင်းသူများ သင်ယူရသော ဘာသာရပ်များမှာ ကိုရီးယား ဘာသာစကား၊ သင်္ချာ၊ စည်းကမ်းပြည့်ဝသောဘဝ၊ စဉ်းစားဆင်ခြင်ဉာဏ်ရှိသောဘဝနှင့် နှစ်သက်ဖွယ်ကောင်းသောဘဝတို့ ဖြစ်ပါသည်။ သုံးတန်းမှ ခြောက်တန်းအထိ ကျောင်းသားကျောင်းသူများသည် ကိုရီးယား ဘာသာစကား၊ လူမှုရေး လေ့လာမှုများ/ကိုယ်ကျင့်တရား သင်ကြားမှု၊ သင်္ချာ၊ သိပ္ပံ/လက်တွေ့လုပ်ဆောင်မှု အနုပညာများ၊ ကာယပညာရေး၊ အနုပညာ (ဂီတ/အနုပညာ) နှင့် အင်္ဂလိပ်ဘာသာတို့ကို သင်ယူရပါသည်။ တီထွင်ဖန်တီးမှု အတွေ့အကြုံဆိုင်ရာ လုပ်ဆောင်မှုများ ဆိုသည်မှာ သင်ရိုးညွှန်းတမ်းဆိုင်ရာ လုပ်ဆောင်မှုများတွင် သင်ယူခဲ့ရသည်များကို ကျောင်းသားကျောင်းသူများက အသုံးချကာ ကျင့်သုံးသည့် သင်ရိုးညွှန်းတမ်းပြင်ပ လုပ်ဆောင်မှုများ ဖြစ်ပါသည်။ ကိုယ်တိုင်ဆုံးဖြတ်ကာ ကိုယ်တိုင်ထိန်းကျောင်းရသော လုပ်ဆောင်မှုများ၊ ကလပ်လုပ်ဆောင်မှုများနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ လုပ်ဆောင်မှုများ (ငါးတန်းနှင့် ခြောက်တန်းဖြစ်ပါက ကိုယ်တိုင်ဆုံးဖြတ်ရသော လုပ်ဆောင်မှုများ၊ ကလပ်လုပ်ဆောင်မှုများ၊ လုပ်အားပေး လုပ်ဆောင်မှုများနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ လုပ်ဆောင်မှုများ) ဖြင့် ကျောင်းသားကျောင်းသူများသည် ၎င်းတို့၏ ပင်ကိုယ်လက္ခဏာနှင့် ကိုယ်ရည်ကိုယ်သွေးတို့ကို စူးစမ်းရှာဖွေကြပြီး ရပ်ရွာအတွင်း နေထိုင်မှုဘဝအတွက် လိုအပ်သော အခြေခံ ဘဝအရည်အချင်းများနှင့် ပြည်သူ့နီတိ သတိပြုစရာများကို လေ့ကျင့်ကြပါသည်။ မူလတန်းကျောင်းများတွင် အတန်းများသည် မိနစ် 40 ကြာမြင့်ပြီး ပုံမှန်အားဖြင့် တစ်တန်းနှင့် နှစ်တန်းတို့တွင် စာသင်ချိန် လေးခု သို့မဟုတ် ငါးခုရှိကာ သုံးတန်းမှ ခြောက်တန်းအထိတွင် စာသင်ချိန် ငါးခု သို့မဟုတ် ခြောက်ခု ရှိပါသည်။

02မူလတန်းကျောင်း ကျောင်းဝင်မှုလမ်းညွှန်

(1)ကျောင်းဝင်(ကျောင်းတက်)ရမည့်သူများ

မူလတန်းကျောင်း ကျောင်းဝင်ရမည့် သူများသည် အဆိုပါ နှစ် 1လပိုင်း 1ရက်နေ့မှစပြီး 12လပိုင်း 31ရက်နေ့အထိ ထိုကာလတွင် အသက် 6နှစ် ပြည့်သော ကလေးကို ဆိုလိုပြီး၊ အဆိုပါနှစ်၏ နောက်နှစ် 3လပိုင်းတွင် မူလတန်းကျောင်း စတက်နိုင်ပါသည်။။
ကျောင်းဝင်ရမည့် တာဝန်ကို နောက်ရွှေ့ထားသူ စသည့် အရင်နှစ်က ကျောင်းမဝင်ခဲ့သော ကလေးသည် ကျောင်းဝင်(ကျောင်းတက်)ရမည့်သူထဲတွင် ပါဝင်ပြီး၊ စောစီးစွာ ကျောင်းဝင်ပြီး ကျောင်းတက်နေသော ကလေးများကို မဆိုလိုပါ။
  • 2022 စာသင်နှစ် ကျောင်းသားသစ်ဖြစ်ပါက 2015ခုနှစ် 1လပိုင်း 1ရက် ~ 12လပိုင်း 31ရက်နေ့ မွေးသော ကလေး

(2)မူလတန်းကျောင်း ကျောင်းဝင်ပုံ အဆင့်ဆင့်

မူလတန်းကျောင်းသို့ ကျောင်းဝင်ပုံ အဆင့်ဆင့်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။။

  • ကျောင်းဝင် ကလေး
    ကျောင်းသားအချက်အလက်ဖြည့်စွက်ရန်
    (10.31အထိ)
    ခရိုင်၊ မြို့နယ်ရုံး
    သို့မဟုတ်
    ရပ်ကွက် ပြည်သူ့စင်တာ
  • ကျောင်းစောပြီး ဝင်ခြင်း၊
    ကျောင်းဝင်ခွင့် နောက်ရွှေ့ရန် လျှောက်ထားခြင်း
    (10.1~12.31)
    မိဘ စသည်
    အုပ်ထိန်းသူ
  • ကျောင်းအပ်နှံရန် အကြောင်းကြားခြင်း
    (12.20အထိ)
    ခရိုင်၊ မြို့နယ်ရုံး
    သို့မဟုတ်
    ရပ်ကွက် ပြည်သူ့စင်တာ
  • ကြိုတင်စာရင်းကောက်ခြင်း
    မူလတန်းကျောင်း
  • ကျောင်းဝင်ခြင်း
    မူလတန်းကျောင်း

အစိုးရ သို့မဟုတ် ပုဂ္ဂလိကမူလတန်းကျောင်းများသည် အထက်ပါအတိုင်း ကျောင်းဝင်ပုံအဆင့်ဆင့်အတိုင်း မသွားဘဲ ကျောင်းမှ တိုက်ရိုက် ကျောင်းသား ရွေးချယ်ပါသည်။ ကျောင်းသားများ ခေါ်ယူသည့် အချိန်သည်လည်း ကျောင်းတစ်ကျောင်းနှင့် တစ်ကျောင်း ကွာခြားပါသည်။ ထို့အတွက်ကြောင့် အစိုးရ သို့မဟုတ် ပုဂ္ဂလိကမူလတန်းကျောင်းတွင် ကလေးအား ကျောင်းအပ်နှံမည်ဆိုပါက တက်ရောက်ချင်သည့် ကျောင်းသို့ တိုက်ရိုက် မေးမြန်းခြင်း သို့မဟုတ် ကျောင်း ဟုမ်းပေ့ချ်မှ ကြေညာချက်များကို ကိုးကားပြီး ကိုယ်တိုင် ကျောင်းဝင်ခွင့် လျှောက်ထားရမည် ဖြစ်ပါသည်။

  • အစိုးရမူလတန်းကျောင်းသည် ပညာရေးတက္ကသိုလ် သို့မဟုတ် ဆရာဖြစ်တက္ကသိုလ်များ၏ လက်အောက်ခံ မူလတန်းကျောင်းများကို ဆိုလိုပြီး၊ ပုဂ္ဂလိကမူလတန်းကျောင်းသည် နေထိုင်ရာအရပ်ဒေသ၌ ရှိသည့် ပညာရေးအထောက်အကူပြုရုံးသို့ စုံစမ်းမေးမြန်းပါက သိရှိ နိုင်ပါသည်။

(3)ကျောင်းစောပြီး ဝင်ခြင်း၊ ကျောင်းဝင်ခွင့် နောက်ရွှေ့ခြင်း

ကျောင်းစောပြီးဝင်ခြင်း သို့မဟုတ် ကျောင်းဝင်ခွင့် နောက်ရွှေ့ရန် ဆန္ဒရှိသည့် ကျောင်းသားမိဘများသည် နှစ်စဉ် 10လပိုင်း 1ရက်နေ့မှစပြီး 12လပိုင်း 31ရက်နေ့အထိ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ရုံး သို့မဟုတ် ရပ်ကွက်ပြည်သူ့စင်တာသို့ သွားရောက်လျှောက်ထားရမည် ဖြစ်ပါသည်။။

ကျောင်းစောပြီး ဝင်ရန်၊ ကျောင်းဝင်ခွင့် နောက်ရွှေ့ရန် ဆန္ဒရှိသူများ
  • ကျောင်းစောပြီး ဝင်ခြင်း : 1လပိုင်း 1ရက်နေ့မှစပြီး 12လပိုင်း 31ရက်နေ့အထိ အသက် အရွယ် 5နှစ် ပြည့်သော သူအနေနှင့် မူလတန်းကျောင်းသို့ ကျောင်းစောပြီး ဝင်ရန် ဆန္ဒရှိသော သူ(1နှစ်သာ စောပြီး ကျောင်းဝင်၍ ရပါသည်။)
    • 2022စာသင်နှစ် ကျောင်းစောပြီး ဝင်လိုပါက 2016ခုနှစ် 1လပိုင်း 1ရက် ~ 12လပိုင်း 31ရက်နေ့ မွေးသည့် ကလေးများသည် လျှောက်ထားနိုင်ပါသည်။
  • ကျောင်းဝင်ခွင့် နောက်ရွှေ့ခြင်း : 1လပိုင်း 1ရက်မှစပြီး 12လပိုင်း 31ရက်အထိ အသက် 6နှစ် ပြည့်သည့် သူဖြစ်ကာ မူလတန်းကျောင်း ကျောင်းဝင်ခြင်းကို 1နှစ် နောက်ရွှေ့လိုသော သူ
    • 2022စာသင်နှစ် ကျောင်းဝင်ခွင့် နောက်ရွှေ့လိုပါက 2015ခုနှစ် 1လပိုင်း 1ရက် ~ 12လပိုင်း 31ရက် မွေးသော ကလေးများဖြစ်ကာ 2022စာသင်နှစ်(2022ခုနှစ် 3လပိုင်း 1ရက် ကျောင်းဝင်ချိန်)တွင် ကျောင်းတက်လိုသော ကလေးများ အကျုံးဝင်ပါသည်။
  • ကျောင်းစောပြီး ဝင်ခြင်း သို့မဟုတ် ကျောင်းဝင်ခွင့် နောက်ရွှေ့ခြင်းသည် ကျောင်းသားမိဘများ၏ ရွေးချယ်မှုပေါ် မူတည်ပြီး အတည်ပြုခြင်းဖြစ်သည့်အတွက် လျှောက်ထားမှုမပြုမီ သေချာ စဉ်းစားဆုံးဖြတ်ရမည် ဖြစ်ပါသည်။

(4)နိုင်ငံရပ်ခြားသား ကလေးများကို ကျောင်းအပ်ခြင်း

ကိုရီးယားနိုင်ငံသည် မူလတန်းကျောင်း တက်ရောက်ရမည့် အသက်အရွယ် ရောက်သည်နှင့် နိုင်ငံသား သို့မဟုတ် နေထိုင်ခွင့်ဗီဇာ စသဖြင့် ခွဲခြားမှု မရှိဘဲ မည်သူမဆို ပညာသင်ယူနိုင်သော အခွင့်အရေးအား အာမခံချက်ပေးထားပါသည်။
ကျောင်းသား၏ ပြည်ဝင်ပြည်ထွက်မှတ်တမ်း သို့မဟုတ် နိုင်ငံခြားသားမှတ်ပုံတင်ထားကြောင်း အထောက်အထားနှင့် အတန်းပညာဆိုင်ရာအထောက်အထား*များကို ပူးတွဲပြီး နေထိုင်ရာဒေသတွင်းရှိ မူလတန်းကျောင်း ကျောင်းအုပ်ထံသို့ ကျောင်းဝင်ခွင့် လျှောက်ထားနိုင်ပါသည်။။
  • ပြည်ဝင်ပြည်ထွက်မှတ်တမ်း သို့မဟုတ် နိုင်ငံခြားသားမှတ်ပုံတင်ထားကြောင်း အထောက်အထားများ တင်ပြရန် ခဲယဉ်းပါက အိမ်ငှားစာချုပ်၊ နေထိုင်မှု မှန်ကန်ကြောင်း ထောက်ခံစာ စသဖြင့် နေထိုင်မှု မှန်ကန်ကြောင်း အတည်ပြုနိုင်သော စာရွက်စာတမ်းများနှင့် အစားထိုးတင်ပြနိုင်ပါသည်။။
  • အတန်းပညာဆိုင်ရာအထောက်အထား : သင်ယူပြီးစီးကြောင်း ထောက်ခံစာ၊ ကျောင်းသားဖြစ်ကြောင်းထောက်ခံစာ၊ အမှတ်စာရင်း စသည်
  • နိုင်ငံခြားသွေးနှောမိသားစု ကျောင်းသားမိဘများအတွက် သားသမီး၏ ကျောင်းပြောင်း၊ကျောင်းဝင် ပုံအဆင့်ဆင့်အား နားလည်ရ လွယ်ကူစေရန် လမ်းညွှန်ပေးသော ‘ကျွန်ုပ်တို့ကလေး ကျောင်း ပို့ခြင်း’ စာအုပ်သည် ဘာသာစကား12မျိုးဖြင့် ထုတ်ဝေထားပါသည်။ ယဉ်ကျေးမှုစုံ ပညာရေး ဝက်ဘ်ဆိုက်(www.edu4mc.or.kr)တွင် ဒေါင်းလုတ်ဆွဲခြင်း သို့မဟုတ် နိုင်ငံခြားသွေးနှောမိသားစု အထောက်အကူပြုစင်တာသို့ စုံစမ်းမေးမြန်း နိုင်ပါသည်။

03ကျောင်းဝင်ရန် ပြင်ဆင်ခြင်း

ကလေးငယ်များ ကျောင်းဝင်ခြင်း ကိစ္စသည် ကလေးငယ်များအတွက် အင်မတန် ပျော်ရွှင်စရာကောင်းသော ကိစ္စဖြစ်သကဲ့သို့ ဝန်လေးစရာကောင်းသော ကိစ္စလည်း ဖြစ်ပါသည်။။ မိဘများအနေဖြင့် ကလေးငယ်များ စိတ်ပျော်ရွှင်စွာဖြင့် ကျောင်းသွားပြီး ကျင့်သားရနိုင်စေရန် အိမ်၌ ကြိုတင်ပြီး အားပေးကာ ပြင်ဆင်ပေးရမည် ဖြစ်ပါသည်။။

အင်္ကျီ(အဝတ်အစား) :
ကျောင်းတွင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်တောင့်သက်သာဖြစ်စေသော အဝတ်အစားများကို ဝတ်ဆင်ပေးပြီး ကျောင်းပို့ပေးရန်။
လွယ်အိတ် :
လွယ်အိတ်ကို ကျောတွင် လွယ်နိုင်ပြီး အရမ်းမကြီးသော လွယ်အိတ်ကို ပြင်ဆင်ထားပေးပါ။ ဒီဇိုင်း အရမ်းရှုပ်ယှက်ခတ်သော၊ ခဏတာ ခေတ်စားနေသော ဇာတ်ကောင်များပါသည့် လွယ်အိတ်မျိုးထက် ရိုးရှင်းပြီး သေသပ်သော လွယ်အိတ်မျိုးကို ပြင်ဆင်ပေးခြင်းက သင့်တော်ပါသည်။
ခဲတံ၊ ကွန်ပါဗူး၊ ခဲဖျက် :
ကွန်ပါဗူးသည် မရှုပ်ထွေးဘဲ ရိုးရှင်းသော ကွန်ပါဗူးက ပိုကောင်းပြီး၊ ဂိမ်းစက်ပါသည့် ကွန်ပါဗူးကို ရှောင်ရပါမည်။ စာသင်နှစ် အစတွင် 2Bခဲတံ(အရောင်ရင့် ခဲသား) သုံးခြင်းက ပိုကောင်းပါသည်။ နှစ်ချောင်း၊ သုံးချောင်းခန့် ပြင်ဆင်ပေးထားပြီး၊ ခဲဖျက်ကို 1ခုသာ ပြင်ဆင်ပေးပါ။ ခဲသားဘောလ်ပင်ကိုမူ အတန်းကြီးလာသည့်အခါမှသာ သုံးခိုင်းသင့်ပါသည်။
ဗလာစာအုပ် :
ဗလာစာအုပ်ကို Grade1~2တန်းသုံးရန်အတွက် ပြင်ဆင်ပေးပါ။ အသိပေးစာအုပ်၊ အထွေထွေစာအုပ်များ ကြိုတင်ပြင်ဆင်ထားပြီး အခြားသော ဗလာစာအုပ်ကိုမူ အတန်းပိုင်ဆရာမ၏ ညွှန်ကြားချက်အတိုင်း ပြင်ဆင်ပေးပါ(ဥပမာ : သတ်ပုံစာအုပ်၊ အသိပေးစာအုပ်၊ အထွေထွေစာအုပ် စသည်)
Crayonsနှင့် ရောင်စုံခဲတံ :
Grade 1အတန်းအတွက် အရောင် 12ရောင်ခန့်ရှိလျှင် အဆင်ပြေပါသည်။
ဖိနပ်အိတ်နှင့် အခန်းတွင်းစီးဖိနပ် :
ဖိနပ်အိတ်သည် အားကစားဖိနပ် ထည့်နိုင်သည့် အရွယ်အစားခန့်က အဆင်ပြေပြီး အခန်းတွင်းစီးဖိနပ်အနေဖြင့် အဖြူရောင်၊ ပန်းရောင်၊ အပြာနုရောင် စသဖြင့် အမျိုးအစား အစုံ ရှိပါသည်။ လမ်းလျှောက်ရ အဆင်မပြေသော၊ သို့မဟုတ် အရမ်းကြီးသော အခန်းတွင်းစီးဖိနပ်မျိုးကို ရှောင်ပြီး ဖိနပ်ဆိုင် သို့မဟုတ် ကျောင်းရှေ့ရှိ စာရေးကိရိယာဆိုင်များတွင် ဝယ်ယူနိုင်ပါသည်။။(သို့သော် အခန်းတွင်းစီးဖိနပ်ကို ပစ္စည်းသိမ်းလော့ကာထဲ ထည့်သိမ်းမည်ဆိုပါက ဖိနပ်အိတ် မလိုအပ်ပါ။)
သိရှိထားရန်!
ကျောင်းမဝင်ခင် ကြိုတင် သိရှိထားရန်များ
  • ကျောင်းအမည် သိပြီး ပြောနိုင်ရမည်။
  • မိသားစု၊ မိမိအမည် ရေးနိုင်ရမည်။
  • ဗျည်းနှင့် သရ လေ့လာထားရမည်။
  • အခြေခံ ကိန်းဂဏန်းများ သိထားရမည်(1~10)။
  • ခဲတံ၊ Crayons၊ ကတ်ကြေး၊ ခဲဖျက် အသုံးပြုနည်းများ လေ့ကျင့်ထားရမည်။
  • ရောင်စုံခဲတံဖြင့် အဝိုင်း၊ အလျားလိုက်၊ ဒေါင်လိုက် မျဉ်းများ ရေးဆွဲနိုင်ရမည်။
  • အရောင်အမည်များ သိထားရမည်။
  • မိမိ ပစ္စည်းနှင့် အခြားသူ၏ ပစ္စည်းအား ခွဲတတ်ရမည်။
  • အိမ် လိပ်စာနှင့် ဖုန်း နံပါတ်ကို သိထားပြီး ဖုန်းခေါ်ခြင်း ဖုန်းကိုင်ခြင်းများ ပြုလုပ်တတ်ရမည်။
  • အစားစားသည့်အခါ လိုက်နာရမည့် အခြေခံကျင့်ဝတ်များကို သိထားရမည်။

04ကျောင်းနေစကာလ ကျောင်းတွင်း နေထိုင်မှု အသားကျစေရန် လမ်းညွှန်မှု

ကျောင်းနှင့် ပတ်သက်ပြီး ကောင်းမွန်သော အမြင်ထည့်ပေးရန်
  • ကျောင်းနှင့် ပတ်သက်ပြီး ကြောက်စိတ်ရှိနေသော ကလေးငယ်များ ရှိတတ်ပါသည်။ ထိုကဲ့သို့သော ကလေးငယ်များအတွက် ကျောင်းသို့ ကြိုတင် လာရောက်ကာ Grade 1အတန်း စာသင်ခန်းကို လျှောက်ပတ်ကြည့်ခြင်း၊ နေရာစုံကို လျှောက်ကြည့်ရင်း စာသင်ကျောင်းသည် ပျော်ရွှင်စရာကောင်းသော နေရာ ဖြစ်ကြောင်းကို ပြောပြပေးပါ။
  • ကျောင်းတွင် လိုက်နာရမည့် စည်းကမ်းများ ရှိကြောင်းကို ကြိုပြီး ပြောပြပေးထားရပါမည်။
  • သူငယ်ချင်းအမြောက်အများနှင့် အစ်ကို၊ အစ်မများနှင့် ဆုံတွေ့နိုင်သော နေရာဖြစ်ကြောင်း ပြောပြထားပါ။
ဆရာ၊ ဆရာမဆိုသည်မှာ ကျောင်းတွင်း နေထိုင်မှုကို ကူညီပေးသောပုဂ္ဂိုလ်
  • ကျောင်းတွင် ဆရာ၊ ဆရာမများသည် သိချင်သောအရာ၊ သိထားရမည့်အရာများကို သင်ကြားပေးသောသူများဖြစ်ကြောင်း ပြောပြပေးပါ။
  • ဆရာ၊ ဆရာမများ ချစ်သော ကလေးသည် မည်သို့သော ကလေးမျိုးဖြစ်ကြောင်းကိုလည်း တစ်ခါတည်း ပြောပြပေးပါ။(စည်းကမ်း လိုက်နာသော ကလေး၊ ကတိတည်သော ကလေး စသည်)
မိမိဝေယျာဝစ္စ မိမိကိုယ်တိုင် လုပ်ရန်
  • ကလေးအား ပစ္စည်းစာရင်း ပေးပြီး လွယ်အိတ်ထဲသို့ တစ်ခုချင်း ထည့်ခိုင်းကြည့်ပြီး ကျောင်းသုံးပစ္စည်းများ သိမ်းဆည်းသည့် နည်းလမ်းများနှင့် ကျောင်းလွယ်အိတ် သိမ်းဆည်းသည့် နည်းလမ်းများကို လေ့ကျင့်ပေးခြင်းဖြင့် မိမိ၏ ပစ္စည်းကို ထိန်းသိမ်းတတ်စေရန် လေ့ကျင့်ပေးကြည့်ပါ(မျက်နှာသစ်ခြင်း၊ ပစ္စည်းများ ကိုယ်တိုင် သိမ်းဆည်းခြင်း၊ သန့်စင်ခန်း မှန်ကန်စွာ အသုံးပြုခြင်း စသည်)
ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာဖြင့် ကျောင်းလာရန်
  • ပါးစပ် သို့မဟုတ် မျက်လုံး၊ နှာခေါင်း၊ နားရွက် စသည်တို့တွင် ရောဂါ ရှိမရှိ ကြိုတင် စစ်ဆေးမှုခံယူပြီး ကုသပါ။
  • ကလေးတွင် အစားအသောက် ဓာတ်မတည့်ခြင်း သို့မဟုတ် ရောဂါ တစ်ခုခုရှိပါက အတန်းပိုင် ဆရာ၊ ဆရာမထံ ကြိုတင်ပြီး အသိပေးပြောပြထားပါ(နွားနို့ ဓာတ်မတည့်ခြင်း၊ atopy(အရေပြားဓာတ်မတည့်ရောဂါ)၊ အူရောင်ခြင်း စသဖြင့်)
ဘေးအန္တရာယ်ကင်းရှင်းသော ကျောင်းသွားကျောင်းပြန်နည်း သိရှိရန်
  • လမ်းလျှောက်၍ ကျောင်းလာခြင်းသည် ကောင်းမွန်ပြီး၊ ကျောင်းသို့ လာသည့် လမ်းကို မှတ်မိအောင် ကြည့်ထားပါ။
  • ကျောင်းသွားကျောင်းပြန်လမ်း ဘေးကင်းစေရန် ညာဖက်ကပ်၍ လျှောက်ရန်၊ လူကူးမျဉ်းကြား၊ ယာဉ်အချက်ပြမီး စသည်တို့ကို သိရှိနားလည်အောင် သင်ပြထားပါ။
  • ဘတ်စ်ကား စီးသည့်အခါတွင် အလှည့်ကျ ကားပေါ်တက်တတ်အောင် သင်ပြထားပါ။
  • ဘတ်စ်ကားပေါ်မှ ဆင်းပြီး ၎င်း ဘတ်စ်ကား၏ ရှေ့မှ လမ်းဖြတ်ကူးခြင်း သို့မဟုတ် အနောက်မှ လမ်းဖြတ်ကူးခြင်းမျိုး မလုပ်မိအောင် သင်ပြထားပါ။
  • ဂုံး(ခုံး)ကျော်တံတားများ၊ မြေအောက်လမ်းများ ရှိသည့် နေရာများတွင် ဂုံး(ခုံး)ကျော်တံတားများ၊ မြေအောက်လမ်းများမှ လမ်းကူးတတ်အောင် သင်ပြထားပါ။
  • လူကူးမျဉ်းကြားတွင် မပြေးပါနှင့်။
  • ယာဉ်လမ်းကြောင်း ရှင်းပေးသည့် သူရှိပါက ညွှန်ကြားချက်ကို လိုက်နာပါ။
  • လမ်းစတင်ကူးစဥ် အချက်ပြမီး ပြောင်းသွားပါက မူလနေရာသို့ ပြန်လာပြီး၊ လမ်းတစ်ဝက်ကျော်ထိ ရောက်နှင့်ပြီးဖြစ်ပါက လျင်မြန်စွာ ဖြတ်ကူးပါ။
သိရှိထားရန်!
အချိန်ပို လှုပ်ရှားမှုဆိုင်ရာ ထောက်ပံ့မှု

ပုံမှန်အတန်းချိန်ပြင်ပ အချိန်တွင်လည်း မိဘများကိုယ်စား အချိန်ပိုထိန်းကျောင်းခြင်းနှင့် သင်ကြားခြင်းဝန်ဆောင်မှုများ ပေးပါသည်။။ အတန်းချိန်ပြီးနောက် အချိန်ပိုကျောင်း (မူလတန်းနူးလ်ဘုမ်း(Neulbom Elementary)စာသင်ခန်း)၊ ဒေသဆိုင်ရာကလေးစင်တာ၊ ဆယ်ကျော်သက်အချိန်ပိုအကယ်ဒမီ၊ အားလုံးအတူတူစောင့်ရှောက်မှုစင်တာ၊ အချိန်ပိုထိန်းကျောင်းခြင်း(ကလေးထိန်းကျောင်းများ) စသည်တို့တွင် မူလတန်းကျောင်း တက်နေသော ကလေးများအပါအဝင်၊ မူလတန်းကျောင်းသားများ၏ အချိန်ပိုပညာရေး၊ လှုပ်ရှားမှုများနှင့် အိမ်စာသင်ပြပေးခြင်းများ ကူညီပေးပါသည်။။ စီးပွားရေးအခြေအနေ ကြပ်တည်းသော မိသားစုများသည် ဆွေးနွေးမှု လုပ်ပြီးနောက် ၎င်း စာသင်ခန်းအစီအစဥ်များကို အခမဲ့ အသုံးပြုခွင့် ရနိုင်ပါသည်။။

သိရှိထားရန်!
ပုံမှန်အတန်းချိန်ပြီးနောက် အချိန်ပို ထိန်းကျောင်းခြင်းနှင့် ပညာရေးဝန်ဆောင်မှုများ ပေးနေသော ဌာနများ
방과후 보육 및 교육서비스를 제공하는 기관 : 구분, 교육부, 보건복지부, 여성가족부를 포함한 표입니다.
အမျိုးအစား ပညာရေးဝန်ကြီးဌာန ကျန်းမာရေးနှင့်လူမှုဖူလုံရေးဝန်ကြီးဌာန အမျိုးသမီးနှင့် မိသားစုရေးရာဝန်ကြီးဌာန
အစီအစဥ်အမည် နူးလ်ဘုမ်းကျောင်း(Neulbom School)
※’24~’25ခုနှစ် အဓိကထား ထောက်ပံ့ပေးနေသော အတန်းများ မဟုတ်သော်လည်း မူလ အတန်းချိန်ပြင်ပ အချိန်ပို၊ ကြည့်ရှုစောင့်ရှောက်သည့်အတိုင်း ဆက်လက် ထောက်ပံ့နေပါသည်။
အားလုံးအတူတူစောင့်ရှောက်မှုစင်တာ ဒေသဆိုင်ရာကလေးစင်တာ ဆယ်ကျော်သက်အချိန်ပို အကယ်ဒမီ
ထောက်ပံ့မှု ရနိုင်သော သူများ ဆန္ဒရှိသော မူလတန်းကျောင်းသားများ
※နှစ်အလိုက် အဓိကထား ထောက်ပံ့ပေးနေသော သူများ
(’24) မူလတန်း Grade 1 → (’25) မူလတန်း Grade 1~2 → (’26) မူလတန်းကျောင်းသား အားလုံး
အသက် 6~12နှစ်အောက် အသက် 18နှစ်အောက် မူလတန်း Grade 4~အလယ်တန်း Grade 3
ထောက်ပံ့မှုအတွက် သတ်မှတ်စံနှုန်း
(ဝင်ငွေ)
ဆန္ဒရှိသော မူလတန်းကျောင်းသားများ
(မရှိ)
မိဘ နှစ်ဦးလုံး အလုပ်လုပ်နေသော မိသားစု ဦးစားပေး
(မရှိ)
အားငယ်ချို့တဲ့သောလူတန်းစား ဦးစားပေး
(အလယ်အလတ်အဆင့်ဝင်ငွေ 100%အောက်)
ကြည့်ရှုစောင့်ရှောက်ခံရမှု အားနည်းသော လူတန်းစား ဦးစားပေးထောက်ပံ့ခြင်း
ထောက်ပံ့မှုပုံစံ (’24) လိုအပ်သလိုညှိနှိုင်းမှုပုံစံ မူလတန်း Grade 1 ပရိုဂရမ် နေ့စဉ် 2နာရီ အခမဲ့ တက်နိုင်ပါသည်။
(’25) မူလတန်းGrade 1~2
အသုံးပြုခကို ကာယကံရှင်မှ ကျခံရန်
(ပရိုဂရမ် ပါဝင်မှု စသဖြင့် လစဉ် ဝမ် 1သိန်း အောက်၊ သွားရည်စာဖိုး ကျသင့်သလောက် သီးသန့် ကျခံရန်)
အခမဲ့
(ဝင်ငွေအလိုက် အသုံးပြုခ ဝမ် 5သောင်းအောက် ကျခံရန်)
အခမဲ့
ဦးစီးဖွင့်လှစ်ချိန် နှစ်ဝက်စာသင်ကာလ ပုံမှန်အတန်းများ မစမီ မနက်ပိုင်း၊ ပုံမှန်အတန်းများ ပြီးဆုံးပြီးနောက် ဆန္ဒရှိသည့် အချိန်အထိ
(နောက်အကျဆုံး ည 8နာရီ)
14~19နာရီ 14~19နာရီ ပုံမှန်အတန်းချိန် ပြီးဆုံးပြီးနောက်~21နာရီ
ပိတ်ရက်ရှည် အခြေအနေအရ ပြောင်းလဲနိုင် 09~18နာရီ 12~17နာရီ အပါအဝင် 8နာရီကြာ ဖွင့်လှစ်ထားခြင်း အခြေအနေအရ ပြောင်းလဲနိုင်ခြင်း
ထောက်ပံ့မှုအကြောင်းအရာ အရည်အသွေးပိုင်း အရေအတွက်ပိုင်းအရ လိုအပ်သလိုညှိနှိုင်းမှုပုံစံ ပရိုဂရမ်များ ‌ဖွင့်ပေးထားခြင်း အချိန်ပို ကြည့်ရှုစောင့်ရှောက်ခြင်း၊ ပရိုဂရမ်များ စီစဉ်ပေးခြင်း စသည် စောင့်ရှောက်ရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ စိတ်ခံစားမှု၊ ဒေသလူ့အဖွဲ့အစည်း ချိတ်ဆက်ခြင်း စသည် လက်တွေ့ပါဝင် လှုပ်ရှားမှု၊ ဖြည့်စွက်လေ့လာသင်ယူမှု၊ ကျောင်းထမင်း ကျွေးခြင်းနှင့် ဆွေးနွေးမှု စသည်
သိရှိထားရန်!
’e-learning စင်တာ’ အွန်လိုင်း သင်ယူလေ့လာမှု အထောက်အကူပြု ဝက်ဘ်ဆိုက်

e-learningစင်တာ ဝက်ဘ်ဆိုက်သည် မူလတန်း Grade 1∼အလယ်တန်း Grade 3 ပုံမှန် သင်ရိုးညွှန်းတမ်းများအတွက် အထောက်အကူပြုသော သင်ထောက်ကူ အကြောင်းအရာများ၊ ဆရာများအတွက် သင်ထောက်ကူ ဒေတာများ၊ အကဲဖြတ်မေးခွန်းများ စသည်တို့ကို အခမဲ့ စီစဉ်ပေးထားပါသည်။ ကျောင်းသားများအနေဖြင့် အချိန်မရွေး၊ နေရာမရွေး တစ်ယောက်တည်း စာလေ့လာနိုင်ပြီး၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း အွန်လိုင်း သင်တန်းများ ဖန်တီးကာ on·offline အတန်းများတွင် အသုံးချနိုင်ပါသည်။။

အရင်းအမြစ်
အဆိုပါ လမ်းညွှန်စာအုပ်သည် “ဂုံးဂုံးနူရီ ပုံစံ 4 : အရင်းအမြစ်ဖော်ပြရန်+ကိုယ်ကျိုးအတွက် အသုံးပြုခြင်း မပြုရ+ပြောင်းလဲဖော်ပြခြင်း မပြုရ” သတ်မှတ်ချက်များပေါ် မူတည်ပြီး အသုံးပြုနိုင်ပါသည်။