ဒါနူရီကောလ်စင်တာ
1577-1366
မိသားစုဆွေးနွေးမှုဖုန်းနံပါတ်
1644-6621
한국생활안내 정보더하기 사이트로 이동

လုပ်ငန်းခွင်ဝင်ခြင်းနှင့် အသက်မွေးဝမ်းကျောင်းသင်တန်း

  • ပင်မစာမျက်နှာ
  • လုပ်ငန်းခွင်ဝင်ခြင်းနှင့် အလုပ်လုပ်ခြင်း
  • လုပ်ငန်းခွင်ဝင်ခြင်းနှင့် အသက်မွေးဝမ်းကျောင်းသင်တန်း

လုပ်ငန်းခွင်ဝင်ခြင်းနှင့် အသက်မွေးဝမ်းကျောင်းသင်တန်း

01လုပ်ငန်းခွင်ဝင်ခြင်း

နိုင်ငံခြားသားများသည် ပြည်တွင်းသို့ ဝင်ရောက်သည့် ရည်ရွယ်ချက်အပေါ် မူတည်ပြီး၊ ရရှိထားသည့် ဗီဇာအမျိုးအစားအလိုက် လုပ်ငန်းခွင်ဝင်နိုင်ပါသည်။ ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ထားသူ(F-6)ဗီဇာဖြင့် ကိုရီးယားနိုင်ငံသို့ ဝင်ရောက်လာသူများသည် တရားဝင် အလုပ်လုပ်ခွင့် ရှိပါသည်။

  • မိမိ၏ ဗီဇာဖြင့် လုပ်ငန်းခွင်ဝင်ခွင့် ရှိမရှိအား နိုင်ငံခြားသား အထွေထွေလမ်းညွှန်မှုစင်တာ(www.hikorea.go.kr ကုဒ်နံပါတ်မလို ☎1345)သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

လုပ်ငန်းခွင်ဝင်ရန်အတွက် ပထမဆုံး လုပ်ရမည့် ကိစ္စသည် လုပ်ငန်းခွင်ဝင်ရန် လိုမလို၊ မည်သည့် အလုပ်လုပ်လျှင် ကောင်းမည်၊ လုပ်ခလစာကို မည်သည့်နေရာတွင် အသုံးပြုမည် စသည်တို့ကို မိသားစုနှင့် ဆွေးနွေးတိုင်ပင်ကြည့်ရန် ဖြစ်ပါသည်။

(1)အလုပ်နေရာ ရှာဖွေပေးသည့်ဌာနသို့ သွားရောက်ခြင်း

နေထိုင်သည့် နေရာနှင့် အနီးဆုံးသော ဂိုယုံးစင်တာ၊ အမျိုးသမီးများအလုပ်သစ်စတင်မှုစင်တာ(saeil စင်တာ)၊ နိုင်ငံခြားသွေးနှောမိသားစု အထောက်အကူပြုစင်တာသို့ သွားရောက်ပြီး ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ထားသူ စသည့် နိုင်ငံခြားသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ လမ်းညွှန်ချက်များ ရယူနိုင်ပါသည်။

일자리 알선기관 : 구분 및 내용을 포함한 표입니다.
အမျိုးအစား အကြောင်းအရာ
ဂိုယုံးစင်တာ နိုင်ငံတော်မှ ဖွင့်လှစ်ထားသည့် အများပြည်သူများအတွက် အလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုများ ပေးနေသည့် ကိုယ်စားပြုဌာနဖြစ်ပြီး၊ လုပ်ငန်းခွင်ဝင်ရန် ဆန္ဒရှိကြသော ကိုရီးယားနိုင်ငံသားများနှင့် နိုင်ငံခြားသားလုပ်သားများမှ အများဆုံး အသုံးပြုလျက် ရှိပါသည်။ စင်တာတွင် အလုပ်ရှာနေသော သူများမှ မိမိတို့ ဆန္ဒရှိသည့် လုပ်ငန်းခွင်များကို စုံးစမ်းကြည့်နိုင်ပြီး၊ မိမိနှင့် ကိုက်ညီသည့်အလုပ်များကို လမ်းညွှန်ပေးပါသည်။ ထို့အပြင် အလုပ် အောင်မြင်စွာ ဝင်ရောက်နိုင်သည်အထိ စဉ်ဆက်မပြတ် ကုမ္ပဏီများတွင် အင်တာဗျူးဖြေနိုင်ရန် ဆောင်ရွက်ပေးလျက် ရှိပါသည်။
အလုပ်အကိုင်စင်တာ နေထိုင်ရာဒေသဆိုင်ရာ မြို့ သို့မဟုတ် ခရိုင်များမှ ဖွင့်လှစ်ထားသော အများပြည်သူများအတွက် အလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုများ ပေးနေသည့် ဌာနဖြစ်ပါသည်။ မြို့တော်ရုံး(မြို့တော်ခန်းမ)၊ ခရိုင်ရုံးသို့ လူကိုယ်တိုင် သွားရောက်လျှင်၊ အလုပ်အကိုင်စင်တာများ ဖွဲ့စည်းထားသည့်အတွက် နေထိုင်ရာဒေသနှင့် အနီးဆုံး ဒေသတွင် ဝင်ရောက်လုပ်ကိုင်နိုင်သော ကုမ္ပဏီလုပ်ငန်းများအကြောင်း လမ်းညွှန်မှု ရရှိနိုင်ပါသည်။
အမျိုးသမီးများ အလုပ်သစ်စတင်ရေးစင်တာ(saeil စင်တာ) အမျိုးသမီးနှင့် မိသားစုရေးရာဝန်ကြီးဌာနနှင့် အလုပ်ခန့်ထားရေးနှင့် အလုပ်သမားဝန်ကြီးဌာနတို့မှ ပူးပေါင်းဖွင့်လှစ်ထားသော ဌာနဖြစ်ပြီး အလုပ်အကိုင်ဆိုင်ရာ ဆွေးနွေးမှုများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ internshipဆင်းခြင်း၊ အလုပ် ရှာဖွေမိတ်ဆက်ပေးခြင်းနှင့် နောက်ဆက်တွဲကြီးကြပ်ပေးခြင်းများ၊ အတွေ့အကြုံ ပြတ်တောက်မှု မရှိစေရေး အထောက်အပံ့များ စသည့် လုပ်ငန်းခွင်ဝင်ရောက်နိုင်ရေး အထွေထွေဝန်ဆောင်မှုများ ပေးနေပါသည်။
နိုင်ငံခြားသွေးနှောမိသားစု အထောက်အကူပြုစင်တာ နိုင်ငံခြားသွေးနှောမိသားစုများအတွက် ဖွဲ့စည်းဖွင့်လှစ်ထားသော ဌာနဖြစ်ပြီး ဒေသအလိုက် နေသားကျစေရေး အထောက်အကူပြု ပရိုဂရမ်များ၊ အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များ ပေးပို့ခြင်း အစရှိသည်များ၊ ယဉ်ကျေးမှုပရိုဂရမ် အစရှိသော ပရိုဂရမ်အမျိုးမျိုးကို စီစဉ်ပေးလျက်ရှိပါသည်။​

(2)အင်တာနက် အသုံးပြုခြင်း

ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ထားသူများအနေနှင့် လုပ်ငန်းခွင်ဝင်ရောက်လိုသည့်အချိန်တွင် အင်တာနက်ကို အသုံးပြုပါက ပိုမို အဆင်ပြေပါသည်။ ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ထားသူများအတွက် အလုပ်အကိုင် ရှာဖွေပေးသည့် ဝန်ဆောင်မှုများ ပေးနေသည့် ဌာနအများစုသည် အင်တာနက် ဟုမ်းပေ့ချ်များ ရှိပြီး၊ အိမ်မှလည်း အင်တာနက် အသုံးပြုကာ ကုမ္ပဏီလုပ်ငန်းများကို ရှာကြည့်နိုင်ပါသည်။

  • 서울글로벌센터
ဆိုးလ်ဂလိုဘယ်စင်တာ(global.seoul.go.kr)

ဆိုးလ်မြို့တော်မှ ဖွင့်လှစ်ထားသည့် ဝက်ဘ်ဆိုက်ဖြစ်ပြီး ကိုရီးယားရောက် နိုင်ငံခြားသားများအတွက် အလုပ်အကိုင်ပြပွဲများနှင့် လုပ်ငန်းခွင်ဝင်ရောက်နိုင်ရေး အထောက်အကူများ၊ အလုပ်ခေါ်ဆိုမှု သတင်းများကို အင်္ဂလိပ်ဘာသာနှင့် တရုတ်ဘာသာဖြင့် တင်ပေးထားပါသည်။

  • 워크넷
ဂိုယုံး24(www.work24.go.kr)

အလုပ်ခန့်ထားရေးနှင့် အလုပ်သမားဝန်ကြီးဌာနမှ ဦးစီးပြီး ကိုရီးယားအလုပ်အကိုင်နှင့် လုပ်သားရှာဖွေရေးဝန်ဆောင်မှုဌာန(Keis)မှ ဖွင့်လှစ်ထားသော portal siteဖြစ်ပြီး၊ အလုပ်ခေါ်ဆိုမှု သတင်းများသာမက အလုပ်အကိုင် လမ်းကြောင်းများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ စသည့် အလုံးစုံသော အလုပ်အကိုင် အချက်အလက်များကို တစ်နေရာတည်းတွင် စုံလင်စွာ ဖော်ပြပေးထားပါသည်။ တစ်ဦးချင်းစီ၏ လုပ်ငန်းအတွေ့အကြုံများ၊ သင်တန်းများ၊ လိုအပ်သည့် အရည်အချင်းများ စသည့် အချက်အလက်များကို big dataဖြင့် ခွဲခြမ်းစိတ်ဖြာကာ အလုပ်ရှာသူများနှင့် အသင့်တော်ဆုံး အလုပ်နေရာများကို ညွှန်ပြပေးပြီး၊ ထို အလုပ်အား အွန်လိုင်းမှ ကိုယ်တိုင် လျှောက်ထားနိုင်ပါသည်။ ထို့အပြင်၊ လူငယ်များနှင့် လူကြီးများအတွက် အလုပ်အကိုင် လမ်းကြောင်းနှင့် အတွေ့အကြုံ ပုံစံရေးဆွဲခြင်း၊ ဝန်ထမ်းခေါ်ယူခြင်းနှင့် အလုပ်ရှာဖွေခြင်း စသည်တို့ကို အကူအညီပေးရန်အတွက် အွန်လိုင်းမှ အလုပ်အကိုင်နှင့်ပတ်သက်သည့် စိတ်နေသဘောထားကို စစ်ဆေးခြင်း၊ အလုပ်အကိုင် အချက်အလက်များ၊ ပညာအရည်အချင်းဆိုင်ရာ အချက်အလက်များ၊ အလုပ်အကိုင် လမ်းကြောင်း ဆွေးနွေးခြင်းများ စသည့် ဝန်ဆောင်မှုများပေးနေပြီး ဆီလျော်သော အလုပ်အကိုင် လမ်းကြောင်းကို ရွေးချယ်နိုင်စေရန် ကူညီပေးပါသည်။

  • 고용복지플러스센터
အလုပ်အကိုင်နှင့်ဖူလုံရေး PLUS စင်တာ(www.workplus.go.kr)

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွန်ယက်ဖွဲ့စည်းထားပြီး အလုပ်အကိုင်နေရာ၊ လူမှုဖူလုံရေး၊ အသေးစားငွေကြေးဝန်ဆောင်မှုများကို one-stop ဝန်ဆောင်မှုအဖြစ် ပံ့ပိုးပေးလျက်ရှိပြီး၊ အလုပ်ရှာနေသူများအနေဖြင့် လုပ်ငန်းခွင်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်သည့်အချိန်အထိ လိုအပ်သော အကူအညီများကို စဉ်ဆက်မပြတ် ရယူနိုင်ပါသည်။ အလုပ်အကိုင်နှင့်ဖူလုံရေး PLUSစင်တာ ဝက်ဘ်ဆိုက်မှတစ်ဆင့် နေထိုင်သည့် နေရာနှင့် အနီးဆုံးသော အလုပ်အကိုင်နှင့်ဖူလုံရေး PLUSစင်တာ ဟုမ်းပေ့ချ်သို့ တန်းဝင်နိုင်ပါသည်။ အလုပ်အကိုင်နှင့်ဖူလုံရေး PLUSစင်တာတွင် ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ထားသူများ၏ အလုပ်လုပ်လိုသော စိတ်ဆန္ဒနှင့် အလုပ်ရှာဖွေခြင်း အရည်အချင်းများ မြှင့်တင်ပေးခြင်း၊ လူမှုဖူလုံရေး/ငွေကြေး ဝန်ဆောင်မှုများအတွက် ‘ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ထားသော် အမျိုးသမီးများအတွက် အလုပ်အကိုင် လမ်းကြောင်း ပြသပေးသည့် ပရိုဂရမ်(WiCi)’ အပါအဝင် ကာလတို အဖွဲ့လိုက်ဆွေးနွေးမှု ပရိုဂရမ်၊ လုပ်ငန်းခွင်ဝင်ရောက်ခြင်းဆိုင်ရာ အထူးသင်ကြားပို့ချမှုများ စသည့် အမျိုးမျိုးသော အလုပ်အကိုင် လမ်းကြောင်းဆိုင်ရာ ပရိုဂရမ်များကို စီစဉ်ပေးလျက် ရှိပြီး၊ အင်တာဗျူးဖြေသည့်အခါ ကုမ္ပဏီသို့ သွားရောက်ရန် အခက်အခဲ ရှိသော ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ထားသူများအတွက် စင်တာဝန်ထမ်းမှ အတူအဖော်လိုက်ပေးသည့် ဝန်ဆောင်မှုလည်း ပေးပါသည်။

  • 여성인력개발센터
အမျိုးသမီးများအလုပ်သစ်စတင်မှုစင်တာ(saeil.mogef.go.kr)

အလုပ်နှင့် ပတ်သက်သည့် အမျိုးမျိုးသော သင်တန်းများနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ အမျိုးသမီးအလုပ်သမားများ၏ အခက်အခဲများ နားထောင်ဆွေးနွေးပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးပြီး၊ အလုပ်အကိုင် ရှာဖွေချိတ်ဆက်ပေးသော အမျိုးသမီးများ လုပ်ငန်းခွင်ဝင်ရောက်နိုင်ရေး အထွေထွေ အထောက်အကူပြုဌာနဖြစ်ပါသည်။

မြို့၊ ခရိုင် လုပ်ငန်းခွင်ဝင်ရောက်မှုဆိုင်ရာ အချက်အလက်စင်တာ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင်လည်း အခမဲ့ အလုပ်အကိုင် ရှာဖွေချိတ်ဆက်ပေးသည့် ဌာနများကို ဖွင့်လှစ်ပေးထားပါသည်(ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟုမ်းပေ့ချ် ကိုးကားရန်။)။

02အသက်မွေးဝမ်းကျောင်းသင်တန်းများ

အသက်မွေးဝမ်းကျောင်းသင်တန်းများသည် လုပ်ငန်းခွင်ဝင်ရောက်ရန် သို့မဟုတ် ကိုယ်ပိုင်လုပ်ငန်း စတင်ရန် ဆန္ဒရှိသူများအတွက် လိုအပ်သော နည်းပညာနှင့် အရည်အချင်းများကို လေ့ကျင့်သင်ယူနိုင်စေရန် ကူညီပေးသော စနစ်ဖြစ်ပါသည်။ နိုင်ငံခြားသားများအနေဖြင့် အလုပ်အကိုင်အာမခံ ဝင်ထားဖူးသည့် သူမှသာ အထောက်အပံ့များ ရနိုင်သော်လည်း ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ထားသူများမှာ အလုပ်အကိုင်အာမခံ မရှိသော်လည်း အထောက်အပံ့များ ရနိုင်ပါသည်။

  • ဂိုယုံးစင်တာ(www.work24.go.kr/jobcenter)
  • အလုပ်ခန့်ထားရေးနှင့် အလုပ်သမားဝန်ကြီးဌာန ကာစတန်မာဆွေးနွေးမှုစင်တာ(☎ ကုဒ်နံပါတ် မလိုဘဲ 1350)
  • အလုပ်ခန့်ထားရေးနှင့် အလုပ်သမားဝန်ကြီးဌာန အလုပ်အကိုင် အရည်အသွေးမြှင့်တင်ရေး အချက်အလက်ကွန်ယက်(HRD-Net) (www.hrd.go.kr)

(1)ဂုမင်းနယ်အီးလ်ဘယ်အွန်းမ်ကတ်ဆိုသည်မှာ?

ဘဝတစ်လျှောက်လုံး အလုပ်လုပ်နိုင်သော အရည်အချင်းများ ဖြည့်တင်း မြှင့်တင်နိုင်ပေးရန်အတွက် ပြည်သူများ ကိုယ်တိုင် အလုပ်အကိုင် အရည်အသွေးမြှင့်တင်ရေး လေ့ကျင့်မှုများ လုပ်နိုင်စေရန် သင်တန်းကြေး စသည်တို့ကို ထောက်ပံ့ပေးသည့် စနစ်ဖြစ်ပါသည်။

(2)ထောက်ပံ့မှု ရနိုင်သည့်သူများ

အချို့သော သူများ*မှအပ ပြည်သူတိုင်း မည်သူမဆို လျှောက်ထားနိုင်ပါသည်။

  • အစိုးရဝန်ထမ်း၊ ပုဂ္ဂလိကကျောင်း ပညာရေးဝန်ထမ်းများ၊ နှစ်စဉ် ရောင်းအား ဝမ် သိန်း4ထောင်နှင့် အထက်ရှိသော ကိုယ်ပိုင်လုပ်ငန်းရှင်များ၊ ပျမ်းမျှလစာ ဝမ် သိန်း30နှင့်အထက် ရနေသော ကုမ္ပဏီဝန်ထမ်းများ(အသက် 45နှစ်အထက်)၊ ပျမ်းမျှလစာ ဝမ် သိန်း50နှင့် အထက် ရရှိနေသော အထူးအုပ်စုဝင်အလုပ်သမားများ၊ ဘွဲ့ရရန် 2နှစ်ကျော် လိုသေးသည့် တက္ကသိုလ်ကျောင်းသားများ စသည်

(3)ထောက်ပံ့မှု အကြောင်းအရာ

အများဆုံး ရနိုင်သည့် ထောက်ပံ့ကြေး :
1 ဦးလျှင် ဝမ် သိန်း30(အများဆုံး ဝမ် သိန်း 50)အထိ သင်တန်းကြေး၏ 45%~85% ထောက်ပံ့ပေးခြင်း(ကျန် သင်တန်းကြေးကိုမူ သင်တန်းသားမှ ကျခံရမည်။)
  • ပြည်သူ့အလုပ်အကိုင် အထောက်အကူပြုစနစ် အုပ်စု Ⅰ သို့မဟုတ် အုပ်စု Ⅱ အထူးသတ်မှတ်အလွှာမှ ပါဝင်သူများအား သင်တန်းကြေးအပြည့် သို့မဟုတ် 80% ထောက်ပံ့ပေးပြီး၊ ပြည်သူ့အလုပ်အကိုင် အထောက်အကူပြုစနစ် Ⅱအုပ်စုထဲမှ လူငယ်၊ လူလတ်ပိုင်း ပါဝင်သူများကိုမူ 50~85% ထောက်ပံ့ပေးပါသည်။
  • နာရီ 140နှင့်အထက် သင်တန်းတွင် တက်ရောက်နေသည့် အလုပ်လက်မဲ့များအတွက် သင်တန်းကာလ(1လ) အတန်းခေါ်ချိန် 80%နှင့်အထက်ရှိပါက တစ်လလျှင် အများဆုံး ဝမ် 116,000အား သင်တန်းထောက်ပံ့ကြေးအဖြစ် သီးသန့် ထပ်မံ ထောက်ပံ့ပေးပါသည်။
သက်တမ်းကာလ :
ဘဏ်အကောင့်ဖွင့်သည့်နေ့မှ 5နှစ်

(4)ထောက်ပံ့မှု ရနိုင်သည့် လေ့ကျင့်ရေး သင်တန်းများ

အလုပ်ခန့်ထားရေးနှင့် အလုပ်သမားဝန်ကြီးဌာနမှ အသိအမှတ်ပြု ကြေညာထားသော အကောင့်ရည်ရွယ်ချက်နှင့် ကိုက်ညီမှုရှိသည့် လေ့ကျင့်ရေး သင်တန်းများ
  • လေ့ကျင့်ရေး သင်တန်းကျောင်းများမှ တင်ပြလျှောက်ထားသည့် သင်တန်းများထဲမှ အကဲဖြတ်စစ်ဆေးပြီး အလုပ်ခန့်ထားရေးနှင့် အလုပ်သမားဝန်ကြီးဌာနဝန်ကြီးမှ အကောင့်ရည်ရွယ်ချက်နှင့် ကိုက်ညီမှုရှိသည့် သင်တန်းအဖြစ် အသိအမှတ်ပြု ကြေညာထားသော အသက်မွေးဝမ်းကျောင်းသင်တန်းများအား HRD-Net(www.hrd.go.kr)တွင် ရှာပြီး သင်တန်းသားနှင့် ဂိုယုံးစင်တာဝန်ထမ်းတို့မှ သဘောတူ ဆုံးဖြတ်ကာ ၎င်း သင်တန်းအား တက်ရောက်ခြင်း

(5)ထောက်ပံ့ပုံအဆင့်ဆင့်

  • 1ဘဏ်အကောင့်ဖွင့်ရန် လျှောက်ထားခြင်း
    • Ÿ အလုပ်အကိုင်ရှာဖွေခြင်းနှင့် ဘဏ်အကောင့်ဖွင့်ရန် လျှောက်ထားခြင်း(ဂိုယုံးစင်တာ, HRD-Net)
  • 2ဘဏ်အကောင့်ဖွင့်ခြင်း
    • Ÿ ထောက်ပံ့ကြေး ရနိုင်၊ မရနိုင် စစ်ဆေးခြင်း၊
    • ဘဏ်အကောင့်ဖွင့်ပေးရန် ဆုံးဖြတ်ခြင်း
  • 3သင်တန်းတက်ရောက်ခြင်း
    • Ÿ သင်တန်းတက်ရောက်ရန် လျှောက်ထားခြင်း(ဂိုယုံးစင်တာ, HRD-Net)၊
    • သင်တန်းတက်ရောက်ခြင်း
  • 4ကုန်ကျစရိတ် ထောက်ပံ့ခြင်း
    • Ÿ သင်တန်းကာလ(1လ)အလိုက် သင်တန်းကြေး စသည်တို့ လျှောက်ထားခြင်း၊
    • အတန်းခေါ်ချိန် ရက်အရေအတွက် စစ်ဆေးအတည်ပြုပြီးနောက် သင်တန်းကြေးနှင့် သင်တန်းထောက်ပံ့ကြေးတွက်ချက်ပေးခြင်း

(6)အခြားသော အသက်မွေးဝမ်းကျောင်းသင်တန်းများ

  • အလုပ်ခန့်ထားရေးနှင့် အလုပ်သမားဝန်ကြီးဌာနမှ ထောက်ပံ့ပေးသည့် ဂုမင်းနယ်အီးလ်ဘယ်အွန်းမ်ကတ်အပြင် ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ထားသူ အမျိုးသမီးများသည် အမျိုးသမီးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစင်တာ(www.vocation.or.kr)၊ အမျိုးသမီးစင်တာများ စသည်တို့တွင် အခကြေးငွေဖြင့်၊ အခမဲ့ဖြင့် အသက်မွေးဝမ်းကျောင်းသင်တန်းများကို တက်ရောက်နိုင်ပါသည်။
  • ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ထားသူများအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများကို စင်တာအားလုံးတွင် စီစဉ်ထားခြင်း မဟုတ်ပါ။ နေထိုင်ရာ နေရာနှင့် နီးစပ်ရာဌာနသို့ မေးမြန်းကြည့်ရမည် ဖြစ်ပါသည်။
  • အသေးစိတ် အကြောင်းအရာများကို အသက်မွေးဝမ်းကြောင်းသင်တန်း တက်ရောက်လိုသည့် သက်ဆိုင်ရာဌာန သို့မဟုတ် ဒေသဆိုင်ရာ နိုင်ငံခြားသွေးနှောမိသားစု အထောက်အကူပြုစင်တာ စသည်တို့တွင် လမ်းညွှန်မှု ရယူနိုင်ပါသည်။
အရင်းအမြစ်
အဆိုပါ လမ်းညွှန်စာအုပ်သည် “ဂုံးဂုံးနူရီ ပုံစံ 4 : အရင်းအမြစ်ဖော်ပြရန်+ကိုယ်ကျိုးအတွက် အသုံးပြုခြင်း မပြုရ+ပြောင်းလဲဖော်ပြခြင်း မပြုရ” သတ်မှတ်ချက်များပေါ် မူတည်ပြီး အသုံးပြုနိုင်ပါသည်။