ဒါနူရီကောလ်စင်တာ
1577-1366
မိသားစုဆွေးနွေးမှုဖုန်းနံပါတ်
1644-6621
한국생활안내 정보더하기 사이트로 이동

ဒေသန္တရကျန်းမာရေးဌာန

  • ပင်မစာမျက်နှာ
  • ကျန်းမာရေးနှင့် ဆေးဝါးကုသမှု
  • ဒေသန္တရကျန်းမာရေးဌာန

ဒေသန္တရကျန်းမာရေးဌာန

ဒေသန္တရကျန်းမာရေးဌာနသည် ဒေသခံပြည်သူများ ကျန်းမာရေး ကောင်းမွန်စေရန်၊ ရောဂါများ ကာကွယ်ရန်နှင့် စောင့်ရှောက်ရန် ဖွဲ့စည်းထားသော အစိုးရကျန်းမာရေးဌာနဖြစ်ပါသည်။ ဒေသန္တရကျန်းမာရေးဌာန၏ တာဝန်သည် ကျန်းမာရေးလုပ်ငန်းများ၊ ကူးစက်ရောဂါ ကာကွယ်စောင့်ရှောက်ခြင်း၊ ရောဂါစမ်းသပ်ကုသခြင်း၊ လက်တွေ့စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်း၊ စားသောက်ကုန်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးလမ်းညွှန်ခြင်းနှင့် ကြီးကြပ်ခြင်း၊ သာမန်အုပ်ချုပ်ရေးလုပ်ငန်းများ စသည်တို့ ရှိပြီး ၎င်းတို့အထဲမှ ရောဂါစမ်းသပ်ကုသမှုအပိုင်းတွင် နာတာရှည်ရောဂါကုသမှုနှင့် အမျိုးမျိုးသော ကျန်းမားရေးစစ်ဆေးခြင်းများ၊ ကိုယ်ခန္ဓာလေ့ကျင့်ခန်းကုထုံး၊ သွားနှင့်ခံတွင်း စမ်းသပ်ကုသမှု၊ တိုင်းရင်းဆေးကုသမှု စသည့် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများပေးပါသည်။ သို့သော် ဒေသန္တရကျန်းမာရေးဌာနများကို အခြေခံကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအုပ်ချုပ်ရေးမှူးမှ ဖွဲ့စည်းဖွင့်လှစ်ခိုင်းထားသည့် ဒေသန္တရကျန်းမာရေးဌာနပေါ် မူတည်ပြီး ဆေးကုသမှုနယ်ပယ်၊ အကြောင်းအရာ၊ ကုန်ကျစရိတ် စသည်တို့ အနည်းငယ် ကွာခြားနိုင်သည့်အတွက် မသွားမီ ဒေသဆိုင်ရာ ဒေသန္တရကျန်းမာရေးဌာနသို့ ဆက်သွယ်မေးမြန်းစုံစမ်းရမည်ဖြစ်ပါသည်။

01သာမန်ဆေးကုသခြင်း

일반진료 표 : 구분, 내용을 포함한 표입니다.
အမျိုးအစား အကြောင်းအရာ
ဆေးကုသမှုနယ်ပယ် အခြေခံကျသော ပထမ(1)အဆင့် ကုသမှု၊ သွေးတိုးရောဂါ၊ ဆီးချိုသွေးချို စသည့် နာတာရှည်ရောဂါများနှင့် အမျိုးမျိုးသော စစ်ဆေးခြင်းများနှင့် ကိုယ်ကာယလေ့ကျင့်ခန်းကုထုံးများ
တိုင်းရင်းဆေးကုသမှု ဆွေးနွေးပေးခြင်းနှင့် တိုင်းရင်းဆေးကုသခြင်း
သွားနှင့်ခံတွင်းစမ်းသပ်ကုသမှု ခံတွင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆွေးနွေးခြင်း၊ ကြိုတင်ကာကွယ်ကုသခြင်း၊ သွားပိုးစားခြင်းကုသခြင်း၊ သွားနှုတ်ခြင်း စသည်
ဆေးကုသစရိတ် 「ဒေသကျန်းမာရေးဥပဒေ」 ပုဒ်မ25အရ ဒေသန္တရကျန်းမာရေးဌာနမှ ကောက်ခံသည့် ဝန်ဆောင်ခနှင့် ဆေးကုသစရိတ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စည်းမျဉ်းအတိုင်း သတ်မှတ်ထားပါသည်။

02ဒေသန္တရကျန်းမာရေးဌာန၏ အိမ်အရောက် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဥ်

သူနာပြု၊ ကိုယ်ကာယလေ့ကျင့်ခန်းကုထုံးပညာရှင်၊ အာဟာရပညာရှင် စသည့် ဒေသန္တရကျန်းမာရေးဌာန၏ အိမ်အရောက် ကျန်းမာရေးကျွမ်းကျင်ပညာရှင်များမှ ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှု အသုံးပြုရန် ခက်ခဲသော လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး ချို့တဲ့သည့်အလွှာနှင့် အသက် 65နှစ်နှင့်အထက် တစ်ကိုယ်တည်းနေသော သက်ကြီးရွယ်အိုများ၊ အသက် 75နှစ်နှင့်အထက် သက်ကြီးရွယ်အို ဇနီးမောင်နှံ အိမ်ထောင်စုများကို အဓိကထားကာ အိမ်သို့ ကိုယ်တိုင် လာရောက်ပြီး နာတာရှည်ရောဂါ ထိန်းသိမ်းစောင့်ရှောက်မှု စသည့် ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများ ပေးနေသော အစီအစဥ်ဖြစ်ပါသည်။

(1)ဝန်ဆောင်မှု အသုံးပြုနိုင်သည့်သူများ

  • ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှု အသုံးပြုရန်နှင့် ချဉ်းကပ်ရန် ခဲယဉ်းပြီး၊ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေ*သည့် ဒေသအဖွဲ့အစည်းထဲရှိ ပြည်သူများ
    • ဆေးလိပ်သောက်ခြင်း၊ အရက် သောက်သုံးမှုများခြင်း၊ အစားအသောက် မမှန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း စသည့် ကျန်းမာရေးအခြေအနေ ပြင်ဆင်ရန် လိုအပ်သောသူများနှင့် သွေးတိုး၊ ဆီးချိုသွေးချို၊ အဝလွန်ခြင်း စသည့် နာတာရှည်ရောဂါ အန္တရာယ်များသည့်အုပ်စုဝင်များ သို့မဟုတ် ရောဂါအုပ်စုဝင်များ
  • (ဦးစားပေးအစဥ်တွင် ထည့်သွင်းစဥ်းစားရမည့်သူများ) အသက် 65နှစ်အထက် သက်ကြီးရွယ်အိုများ၊ အခြေခံလူနေမှုအာမခံ ခံစားခွင့် ယူနေသူများ၊ သတ်မှတ်ပျမ်းမျှဝင်ငွေ 50%အောက် အလွှာများ၊ တစ်ကိုယ်တည်းနေသော သက်ကြီးရွယ်အိုများ၊ နိုင်ငံခြားသွေးနှောမိသားစုများ၊ မိဘတစ်ဦးတည်းရှိသည့် မိသားစုများ၊ မြေးအဖိုးအဖွား မိသားစုများ၊ မြောက်ကိုရီးယားမှ ပြောင်းရွှေ့လာသူများ၊ ထိန်းသိမ်းစောင့်ရှောက်မှု မရှိသော နာတာရှည်ရောဂါသည်များနှင့် နာတာရှည်ရောဂါ အန္တရာယ်များသည့် အုပ်စုဝင်များ စသည်
    • သက်ကြီးရွယ်အို ကာလရှည်ဆေးကုသမှု ခံယူရမည့်အဆင့်ဟု သတ်မှတ်ခံရသော သူများ(1-5အဆင့်) မပါဝင်ပါ။

(2)ဝန်ဆောင်မှု အမျိုးအစားများ

  • ကျန်းမာရေးပြဿနာ စစ်ဆေးခြင်း(ကျန်းမာရေးအခြေအနေနှင့် ကျန်းမာရေးဆိုးရွားစေသည့် အကြောင်းရင်းများကို သုံးသပ်ခြင်း)
  • နာတာရှည်ရောဂါ(သွေးတိုး၊ ဆီးချိုသွေးချို စသည်) ထိန်းသိမ်းစောင့်ရှောက်မှုနှင့် နောက်ဆက်တွဲရောဂါများ ကာကွယ်ခြင်း
  • ကိုယ်ဝန်ဆောင်မိခင်၊ နို့စို့ကလေးနှင့် ကလေးငယ်များ ကျန်းမာရေးစောင့်ရှောက်မှု ပံ့ပိုးခြင်း
  • သက်ကြီးရွယ်အို အားအင်ချိနဲ့မှု ကာကွယ်စောင့်ရှောက်ခြင်း
  • နိုင်ငံခြားသွေးနှောမိသားစုနှင့် မြောက်ကိုရီးယားမှလာသောသူများအတွက် ကျန်းမာရေးစောင့်ရှောက်ပေးသည့် ဝန်ဆောင်မှု
  • ကျန်းမာရေးအခြေအနေ ကောင်းမွန်စေရေး စသည့် ကျန်းမာရေးကောင်းလာစေရန် ပညာပေးအစီအစဉ်များ ဖော်ဆောင်ခြင်း

(3)ဝန်ဆောင်မှု ပေးသည့် နည်းလမ်းများ

  • ဒေသတွင်းရှိ ဒေသန္တရကျန်းမာရေးဌာန၏ အိမ်အရောက် ကျန်းမာရေးစောင့်ရှောက်မှုအစီအစဥ်နှင့် သက်ဆိုင်သောဌာနမှ ဝန်ဆောင်မှုပေးရမည့်သူများကို ရှာဖွေပါသည်။
  • တာဝန်ခံက အိမ်အထိလာရောက်ပြီး၊ ဝန်ဆောင်မှု အသုံးပြုသူအဖြစ် စာရင်းသွင်းကာ လျှောက်ထားသူ၏ မိသားစု နေထိုင်မှုဝန်းကျင်၊ ကျန်းမာရေးဆိုးရွားစေသည့် အကြောင်းရင်း စသည်တို့ကို အကဲဖြတ်ပါသည်။
  • စိစစ်မှုရလဒ်ကို အခြေခံပြီး သေချာကြပ်မတ်စောင့်ရှောက်ရမည့်အုပ်စု၊ ရေရှည်စောင့်ရှောက်မှုပေးရမည့်အုပ်စု၊ ကိုယ်တိုင်စောင့်ရှောက်နိုင်သောအုပ်စုဟူ၍ အုပ်စုခွဲပါသည်။
  • အုပ်စုခွဲထားခြင်းအပေါ် မူတည်ပြီး ဂရုတစိုက် အိမ်အရောက် ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများ မြှင့်တင်ခြင်းနှင့် ဒေသန္တရကျန်းမာရေးဌာန အတွင်းအပြင်ရှိ အရင်းမြစ်များနှင့် ချိတ်ဆက်ပါသည်။
    ဝန်ဆောင်မှု ပေးရမည့်သူ ရွေးချယ်ခြင်း
    ကျန်းမာရေးပြဿနာများ ဖော်ထုတ်ခြင်း
    အိမ်သို့ လာရောက်ခြင်း

03အခမဲ့ စိတ်ကျန်းမာရေးဝန်ဆောင်မှု

စိတ်ကျန်းမာရေး ဖူလုံရေးစင်တာသည် စိတ်ရောဂါ ကာကွယ်ရေးနှင့် စိတ်ရောဂါဝေဒနာရှင်များ ရှာဖွေခြင်း၊ ဆွေးနွေးပေးခြင်း၊ ပြန်လည်ကောင်းမွန်ရေးဝန်ဆောင်မှုများ ပေးခြင်း၊ အခြေအနေစီမံခန့်ခွဲရေး၊ စိတ်ကျန်းမာရေးဆိုင်ရာ သင်တန်းပေးခြင်းနှင့် ကြော်ငြာခြင်း စသည့် တာဝန်များကို ဆောင်ရွက်နေသော အစိုးရဖူလုံရေးဌာနဖြစ်ပါသည်။ စိတ်ကျရောဂါ၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း၊ ဆေးစွဲခြင်း စသည်တို့ကြောင့် အခက်အခဲကြုံနေပါက နီးစပ်ရာ စိတ်ကျန်းမာရေးဖူလုံရေးစင်တာတွင် ဆွေးနွေးမှုနှင့် လမ်းညွှန်မှုများ ခံယူနိုင်ပါသည်။

(1)ခံစားခွင့် ရှိသူများ

  • စိတ်ရောဂါဝေဒနာရှင် စာရင်းသွင်းရေးနှင့် စောင့်ရှောက်ရေး ပရိုဂရမ်သည် ဒေသတွင်းရှိ စိတ်ရောဂါဝေဒနာရှင်များအတွက် အဓိကရည်ရွယ်ပါသည်။
  • စိတ်ကျန်းမာရေး ကောင်းမွန်စေရေးပရိုဂရမ်သည် ဒေသတွင်းရှိ ပြည်သူများထဲမှ စိတ်ရောဂါ အန္တရာယ်ရှိအုပ်စုများအတွက် အဓိထား ရည်ရွယ်ပါသည်။

(2)အသုံးပြုပုံ အဆင့်ဆင့်နှင့် နည်းလမ်း

စိတ်ကျန်းမာရေးဖူလုံရေးစင်တာ အသုံးပြုချိန်မှာ ကြားရက်(တနင်္လာ~သောကြာနေ့) 09:00~18:00နာရီအထိဖြစ်ပြီး၊ ဒေသအခြေအနေအလိုက် အနည်းငယ် ကွာခြားမှု ရှိနိုင်ပါသည်။
ဝန်ဆောင်မှု အသုံးပြုပုံအဆင့်ဆင့်
  • စိတ်ကျန်းမာရေးဖူလုံရေးစင်တာသို့ ကိုယ်တိုင်လာရောက်ပြီး စာရင်းသွင်းလျှောက်လွှာ ဖြည့်ရပါမည်။
  • စိတ်ကျန်းမာရေးဖူလုံရေးစင်တာကို ပထမဆုံး လာရောက်ခြင်းဖြစ်ပါက ဆွေးနွေးမှုနှင့် စိတ်ပညာအကဲဖြတ်ခြင်းကို ဆောင်ရွက်ပေးပြီး၊ ထိုရလဒ်အပေါ် မူတည်ပြီး သက်ဆိုင်ရာ ပရိုဂရမ်ကို အသုံးပြုနိုင်ပါသည်။
  • စိတ်ကျန်းမာရေးဆွေးနွေးမှုဖုန်းနံပါတ်(☎1577-0199)သို့ ဆက်သွယ်ပြီး စိတ်ကျန်းမာရေးဖူလုံရေးစင်တာ အသုံးပြုမှုနှင့် ပတ်သက်သော လမ်းညွှန်မှုများကို ရယူနိုင်ပြီး စိတ်ကျန်းမာရေးပြဿနာ ဆွေးနွေးမှုများ လုပ်နိုင်ပါသည်။
အသုံးပြုခ :
အခမဲ့(ကုန်ကျစရိတ်များသည့် အထူးပရိုဂရမ်များကိုမူ ကုန်ကျစရိတ် အနည်းငယ် ကျခံရနိုင်ပါသည်။)
အရင်းအမြစ်
အဆိုပါ လမ်းညွှန်စာအုပ်သည် “ဂုံးဂုံးနူရီ ပုံစံ 4 : အရင်းအမြစ်ဖော်ပြရန်+ကိုယ်ကျိုးအတွက် အသုံးပြုခြင်း မပြုရ+ပြောင်းလဲဖော်ပြခြင်း မပြုရ” သတ်မှတ်ချက်များပေါ် မူတည်ပြီး အသုံးပြုနိုင်ပါသည်။