ဒါနူရီကောလ်စင်တာ
1577-1366
မိသားစုဆွေးနွေးမှုဖုန်းနံပါတ်
1644-6621
한국생활안내 정보더하기 사이트로 이동

အလုပ်အကိုင်အာမခံ

  • ပင်မစာမျက်နှာ
  • လုပ်ငန်းခွင်ဝင်ခြင်းနှင့် အလုပ်လုပ်ခြင်း
  • အလုပ်အကိုင်အာမခံ

အလုပ်အကိုင်အာမခံ

အလုပ်အကိုင်အာမခံသည် အလုပ်လက်မဲ့ဖြစ်မှုအား ကာကွယ်ခြင်း၊ အလုပ်ခန့်ထားမှု တိုးမြှင့်ခြင်းနှင့် လုပ်သား၏ အလုပ်အကိုင်အရည်အသွေး ဖွံ့ဖြိုးတိုးတက်စေခြင်း၊ အလုပ်လက်မဲ့ ဖြစ်သွားသူ၏ နေထိုင်မှုဘဝ တည်ငြိမ်မှု ရှိစေရန်နှင့် လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်နိုင်စေရန် ကူညီပေးသော လူမှုရေးအာမခံစနစ်ဖြစ်ပါသည်။ လုပ်ငန်းရှင်နှင့် အလုပ်သမားမှ လစဉ် လစာ၏ သတ်မှတ်ပမာဏကို အလုပ်အကိုင်အာမခံကြေးအဖြစ် သွင်းရပါသည်။ အလုပ်သမားသည် အသက်မွေးဝမ်းကျောင်းသင်တန်းများ တက်ရောက်နိုင်ပြီး၊ မိမိဆန္ဒမပါဘဲ အလုပ်လက်မဲ့ဖြစ်သွားသည့်အခါ အလုပ်လက်မဲ့ခံစားခွင့် ရရှိခံစားနိုင်ပါသည်။ လုပ်ငန်းရှင်များသည် အလုပ်သမားရေရှည်ခန့်ထားနိုင်ရေး အထောက်အပံ့နှင့် သင်တန်း ကုန်ကျစရိတ်များကို ရရှိခံစားနိုင်ပါသည်။

01လူမှုရေးအာမခံ

  • ကိုရီးယားနိုင်ငံသားမှ လုပ်ငန်းခွင်ဝင်သည့်အခါ သက်ဆိုင်ရာဥပဒေတွင် အကျုံးဝင်သူဖြစ်ပါက လူမှုရေးအာမခံ(နိုင်ငံသားပင်စင်၊ ကျန်းမာရေးအာမခံ၊ အလုပ်အကိုင်အာမခံ)များ ထားရှိရပါသည်။
  • ကိုရီးယားနိုင်ငံသားမဟုတ်သော နိုင်ငံခြားသားများမှာ နေထိုင်ခွင့်ဗီဇာပေါ် မူတည်ပြီး လူမှုရေးအာမခံ ဝင်မဝင်ကို ရွေးချယ်ခွင့် ရှိပါသည်။

02အလုပ်လက်မဲ့ခံစားခွင့်

လုပ်သားမှ အလုပ်မရှိတော့သည့်အခါ သတ်မှတ်ကာလအတွင်း လစာခံစားခွင့် ပေးခြင်းဖြင့် အလုပ်လက်မဲ့ဖြစ်သွားခြင်းကြောင့် နေထိုင်စားသောက်မှုဆိုင်ရာ စိတ်ပူပန်မှုကို ကျော်လွှားနိုင်ပြီး တည်ငြိမ်သည့် ဘဝနေထိုင်မှုအတွက် အကူအညီပေးကာ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်နိုင်ရန် အခွင့်အရေးပေးသော စနစ်ဖြစ်ပါသည်။

  • အလုပ်လက်မဲ့ခံစားခွင့်သည် အလုပ်နေရာ ဆုံးရှုံးသွားခြင်းအတွက် နှစ်သိမ့်ငွေ သို့မဟုတ် အလုပ်အကိုင်အာမခံကြေး သွင်းထားသည့် အကျိုးကို ပြန်လည်ခံစားခွင့် ပေးခြင်းမျိုး မဟုတ်ပါ။
  • အလုပ်လက်မဲ့ခံစားခွင့်သည် လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ရန် တက်တက်ကြွကြွ လှုပ်ရှားမှုများ လုပ်နိုင်စေရန်အတွက် ပေးသော လှုပ်ရှားမှုထောက်ပံ့ကြေးဖြစ်ပါသည်။
  • အလုပ်လက်မဲ့ခံစားခွင့်သည် အလုပ်ထွက်ပြီး နောက်နေ့မှစပြီး 12လ ကျော်သွားလျှင် ခံစားခွင့် မရနိုင်တော့ပါ။

(1)ခံစားခွင့်ရှိသူများ

အောက်ပါ အချက်များ အားလုံးနှင့် ကိုက်ညီလျှင် အလုပ်လက်မဲ့ခံစားခွင့် ရရှိနိုင်ပါသည်။

  • အလုပ်အကိုင်အာမခံ သက်ရောက်မှုရှိသော လုပ်ငန်းခွင်တွင် အလုပ်မထွက်မီ 18လကြာ အာမခံကြေးသွင်းထားသည့်ကာလ(လစာ စတင်ရရှိသည့်နေ့)အတွင်း ရက် 180နှင့် အထက် အလုပ်ဆင်းထားသည့် အခြေအနေ
  • ကာယကံရှင်၏ ဆန္ဒမပါဘဲ အလုပ်မှ ထွက်ရသည့် အခြေအနေ
  • အလုပ် မရသေးသော အနေအထား၌ အလုပ်ပြန်လည် ဝင်ရောက်နိုင်ရေး တက်တက်ကြွကြွ ကြိုးစားနေသည့် အခြေအနေ(သို့သော်၊ အလုပ်ကို မိမိသဘောဖြင့် ထွက်ခဲ့ခြင်း၊ သို့မဟုတ် အလုပ်ခွင်ထဲတွင် ကြီးမားသော ဆုံးရှုံးနစ်နာမှုကို ဖြစ်စေသည့်အတွက် အလုပ်ထုတ်ခံရသည့် အခြေအနေမျိုးတွင်မူ အလုပ်လက်မဲ့ခံစားခွင့် မရနိုင်ပါ။)
သိရှိထားရန်!
အလုပ်အကိုင်အာမခံ ဝင်ခွင့်သတ်မှတ်ချက်

နေထိုင်ခွင့်ဗီဇာအလိုက် အလုပ်အကိုင်အာမခံ ဝင်ခွင့်သည် ကွဲပြားသွားပါသည်။

  • အလုပ်အကိုင်အာမခံတွင် အကျုံးမဝင်သည့် နေထိုင်ခွင့်ဗီဇာများ: A1~A3, B1~B2, C1~C3, D1~6, D10, F1, F3, G1, H1
  • အလုပ်အကိုင်အာမခံအား မဖြစ်မနေ ဝင်ရမည့် နေထိုင်ခွင့်ဗီဇာများ : E9, F2, F5, F6, H2
  • အပြန်အလှန်သဘောတူညီမှုအရ အကျုံးဝင်မဝင် ကွဲပြားသည့် နေထိုင်ခွင့်ဗီဇာများ : D7~D9
  • အာမခံဝင်လိုသည့် အခြေအနေတွင်သာ အကျုံးဝင်သည့် နေထိုင်ခွင့်ဗီဇာများ: C4, E1~E8, E10, F4

(2)အလုပ်လက်မဲ့ခံစားခွင့် အကျိုးကျေးဇူး

  • အလုပ်လက်မဲ့ခံစားခွင့်ပမာဏ = အလုပ်မထွက်မီ ပျမ်းမျှလုပ်ခလစာ၏ 60% × ခံစားခွင့်ရက် အရေအတွက်(1ရက်လျှင် အများဆုံး ဝမ် 66,000၊ အနည်းဆုံးပမာဏမှာ အနိမ့်ဆုံး လုပ်ခလစာ၏ 80%)
  • အလုပ်လက်မဲ့ခံစားခွင့်ရက် အရေအတွက် : အလုပ်လက်မဲ့ခံစားခွင့်သည် အလုပ်ထွက်သည့်အချိန် အသက်နှင့် အလုပ်အကိုင်အာမခံ သွင်းထားသည့် ကာလအပေါ် မူတည်ပြီး အနည်းဆုံး ရက် 120မှ အများဆုံး ရက် 270အထိ ရနိုင်ပါသည်။
အလုပ်လက်မဲ့ခံစားခွင့်ရက် အရေအတွက် (စုစုပေါင်း ခံစားခွင့်ရက် အရေအတွက်)
실업급여 지급일수 : 연령 및 가입기간, 1년 미만, 1년 이상~3년 미만, 3년 이상~5년 미만, 5년 이상~10년 미만 및 10년 이상을 포함한 표입니다.
အမျိုးအစား အာမခံ သွင်းထားသည့် ကာလ
1နှစ်အောက် 1နှစ်အထက်~3နှစ်အောက် 3နှစ်အထက်~5နှစ်အောက် 5နှစ်အထက်~10နှစ်အောက် 10နှစ်အထက်
အလုပ်ရွှေ့ပြောင်းသည့်ရက် လက်ရှိ အသက် အသက် 50အောက် 120ရက် 150ရက် 180ရက် 210ရက် 240ရက်
အသက် 50အထက် 120ရက် 180ရက် 210ရက် 240ရက် 270ရက်
  • မှတ်ချက်: 「မသန်စွမ်း အလုပ်ခန့်ထားမှု မြှင့်တင်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်ရေးဥပဒေ」ပုဒ်မ 2 အပိုဒ်1အရ မသန်စွမ်းများကို အသက် 50ကျော်ဟု သတ်မှတ်ပြီး အထက်ပါ ဇယားအတိုင်း ကျင့်သုံးပါသည်။

(3)လျှောက်ထားပုံအဆင့်ဆင့်

  • အလုပ်မရှိတော့ပါက အင်တာနက်ဖြင့် ဂိုယုံး24မှတစ်ဆင့် အလုပ်ရှာနေကြောင်း စာရင်းသွင်းပြီး ချက်ချင်း မှတ်ပုံတင် ကိုင်ဆောင်ကာ သက်ဆိုင်ရာ ဂိုယုံးစင်တာတွင် အလုပ်လက်မဲ့ဖြစ်ကြောင်း အကြောင်းကြားရပါမည်။
  • အလုပ်လက်မဲ့ခံစားခွင့် ရှိသူအဖြစ် အသိအမှတ်ပြုလျှောက်လွှာ ဖြည့်ပြီး ဂိုယုံးစင်တာသို့ တင်ရပါမည်။
  • 14ရက်အတွင်း အလုပ်လက်မဲ့ခံစားခွင့် ရှိမရှိ ဆုံးဖြတ်ချက်အား အကြောင်းကြားပေးပါသည်။(ခံစားခွင့်မရှိပါက အကြောင်းကြားစာ ပို့ပေးပါသည်။)
  • 1~4ပတ်ခြားစီ သတ်မှတ်ထားသည့် နေ့တွင် ဂိုယုံးစင်တာသို့ သွားရောက်ပြီး အလုပ်လက်မဲ့ဖြစ်ကြောင်း အသိအမှတ်ပြုခံရပါသည်။
  • အလုပ်လက်မဲ့ အသိအမှတ်ပြုကာလအတွင်း အလုပ်လုပ်မဲ့အနေအထားနှင့် လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်ရန် လှုပ်ရှားမှု(CV ဖောင်တင်ခြင်း၊ အင်တာဗျူးဖြေခြင်း စသည်)များကို ဂိုယုံးစင်တာသို့ အကြောင်းကြားရပါသည်။

03ကိုယ်ပိုင်လုပ်ငန်းရှင် အလုပ်အကိုင်အာမခံ

(1)အာမခံဝင်နည်း

မိမိဆန္ဒအလျောက် အာမခံဝင်ခြင်း(ကာယကံရှင်မှ ဆန္ဒရှိသည့်အတွက် ဝင်ခြင်း)

(2)အာမခံဝင်ခွင့် ရှိသူများ

မိမိ 1 ဦးတည်း ရှိသော ကိုယ်ပိုင်လုပ်ငန်းရှင် သို့မဟုတ် အလုပ်သမားအယောက် 50အောက် ခန့်ထားသော ကိုယ်ပိုင်လုပ်ငန်းရှင်များထဲမှ ①လုပ်ငန်းရှင်မှတ်ပုံတင် ရှိသောသူ သို့မဟုတ် ② ကိုယ်ပိုင်နံပါတ်လက်မှတ် ရှိသော အိမ်တွင်းကလေးထိန်းကျောင်း၊ ပုဂ္ဂလိက ကလေးထိန်းကျောင်း၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဌာန ဖွင့်ထားသောသူများ

  • အလုပ်အကိုင်အာမခံဥပဒေအရ အကျုံးမဝင်သော လုပ်ငန်းများ (ကော်ပိုရေးရှင်း မဟုတ်သော 5 ဦးအောက် စိုက်ပျိုးရေးလုပ်ငန်း၊ သစ်တောလုပ်ငန်း၊ ရေ(ငါးဖမ်း)လုပ်ငန်း၊ အသေးစားဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်မှုကိစ္စဝန်ဆောင်မှုလုပ်ငန်း)နှင့် အိမ်ခြံမြေအငှားလုပ်ငန်းရှင်များကိုမူ အာမခံ ဝင်ခွင့်တွင် ချန်လှပ်ထားပါသည်။
  • အသက် 65နှစ် ပြည့်ပြီးနောက် ကိုယ်ပိုင်လုပ်ငန်း လုပ်သည့်သူများမှာ အလုပ်ခန့်ထားမှုတည်ငြိမ်ရေးနှင့် အလုပ်အကိုင်အရည်အသွေး မြှင့်တင်ရေးလုပ်ငန်းအရ အာမခံဝင်နိုင်ပါသည်။

(3)သတ်မှတ်စံနှုန်းလစာနှင့် အာမခံကြေး

  • သတ်မှတ်စံနှုန်း လစာ : အာမခံကြေးနှင့် အလုပ်ရှာစဉ်ကာလခံစားခွင့်၏ တွက်ချက်မှုစံနှုန်းဖြင့် အဆင့် 7ဆင့်ထဲမှ ရွေးချယ်နိုင်ခြင်း(တစ်နှစ်လျှင် 1ကြိမ် အကန့်အသတ်ဖြင့် ပြောင်းလဲနိုင်ခြင်း)
  • အာမခံကြေး : အာမခံဝင်ထားသူမှ ရွေးချယ်ထားသည့် သတ်မှတ်စံနှုန်း လစာ၏ 2.25%
သတ်မှတ်စံနှုန်းလစာအပေါ် မူတည်ပြီး လစဉ် အာမခံကြေးနှင့် အလုပ်ရှာစဉ်ကာလခံစားခွင့်
(unit : ဝမ်)
기준보수에 따른 월 보험료 및 월 구직급여 : 구분, 1등급, 2등급, 3등급, 4등급, 5등급, 6등급 및 7등급을 포함한 표입니다.
အမျိုးအစား အဆင့် 1 အဆင့် 2 အဆင့် 3 အဆင့် 4 အဆင့် 5 အဆင့် 6 အဆင့် 7
သတ်မှတ်စံနှုန်းလစာ 1,820,000 2,080,000 2,340,000 2,600,000 2,860,000 3,120,000 3,380,000
လစဉ် အာမခံကြေး 40,950 46,850 52,650 58,500 64,350 70,200 76,050
အလုပ်ရှာစဉ်ကာလ ခံစားခွင့် 1,092,000 1,248,000 1,404,000 1,560,000 1,716,000 1,872,000 2,028,000

(4)အကျိုးကျေးဇူး

  • (အလုပ်လက်မဲ့ခံစားခွင့်) မိမိဆန္ဒမပါဘဲ လုပ်ငန်းပိတ်သိမ်းရပြီး၊ လုပ်ငန်းမပိတ်သိမ်းခင် 24လတာအတွင်း 1နှစ်အထက် အာမခံကြေးသွင်းထားပါက မိမိ ရွေးချယ်ထားသော သတ်မှတ်စံနှုန်းလစာ၏ 60%နှင့် ညီမျှသော ပမာဏ(တစ်လလျှင် ဝမ် 1,092,000~2,028,000)ကို ရက်ပေါင်း 120~210အတွင်း ရရှိပါမည်။
혜택 : 구분, 가입 기간(피보험기간)안에서 1~3년, 3~5년, 5~10년 및 10년이상을 포함한 표입니다.
အမျိုးအစား အာမခံကာလ(အာမခံဝင်ထားသည့် ကာလ)
1~3နှစ် 3~5နှစ် 5~10နှစ် 10နှစ်အထက်
ခံစားခွင့်ရက် အရေအတွက် ရက် 120 ရက် 150 ရက် 180 ရက် 210
  • (အလုပ်အကိုင်အရည်အသွေး မြှင့်တင်ရေး) နယ်အီးလ်ဘယ်အွန်းမ်ကတ်စနစ်*ဖြင့် သင်တန်းကြေး ထောက်ပံ့ခြင်း
    • နယ်အီးလ်ဘယ်အွန်းမ်ကတ်စနစ် : ဘဏ်အကောင့်ဖွင့်သည့်နေ့မှစပြီး 5နှစ်တာကာလတွင် အများဆုံး ဝမ် သိန်း 50အထိ သင်တန်းကြေး၏ တစ်စိတ်တစ်ဒေသအား ထောက်ပံ့ပေးခြင်း
အရင်းအမြစ်
အဆိုပါ လမ်းညွှန်စာအုပ်သည် “ဂုံးဂုံးနူရီ ပုံစံ 4 : အရင်းအမြစ်ဖော်ပြရန်+ကိုယ်ကျိုးအတွက် အသုံးပြုခြင်း မပြုရ+ပြောင်းလဲဖော်ပြခြင်း မပြုရ” သတ်မှတ်ချက်များပေါ် မူတည်ပြီး အသုံးပြုနိုင်ပါသည်။