01ရွှေ့ပြောင်းနေထိုင်သူများ နေသားကျမြန်ဆန်ရေးပရိုဂရမ်
နိုင်ငံခြားသားများ ကိုရီးယားနိုင်ငံသို့ ရောက်ရှိပြီး အခြေခံအဆင့်မှစပြီး ကိုရီးယားလူ့ဘောင်အဖွဲ့အစည်းထဲတွင် အတည်တကျ အခြေချနေထိုင်နိုင်စေရန် ကိုရီးယားသမ္မတနိုင်ငံ၏ အခြေခံ ဥပဒေ၊စနစ်၊ လူ့အဖွဲ့အစည်းထဲ နေသားကျရေး အချက်အလက်များ စသည်ကို ကိုရီးယားဘာသာအပါအဝင် ဘာသာစကား 18မျိုးဖြင့် ဝန်ဆောင်မှုပေးနေသော ‘ရွှေ့ပြောင်းနေထိုင်သူများ နေသားကျမြန်ဆန်ရေးပရိုဂရမ်’ကို တစ်နိုင်ငံလုံးရှိ လဝက၊ နိုင်ငံခြားသားရေးရာဌာနနှင့် နေသားကျမြန်ဆန်ရေး အထောက်အကူပြုစင်တာများတွင် ဖွင့်လှစ်ပေးထားပါသည်။ လူမှုပေါင်းစည်းရေး အချက်အလက်ကွန်ယက်(soci-net) ဟုမ်းပေ့ချ်(www.socinet.go.kr) တွင် လျှောက်ထားနိုင်ပါသည်။
အမျိုးအစားအလိုက် အဓိက သင်တန်းအကြောင်းအရာများ
유형별 주요 교육내용 : 참여대상, 특수과목, 공통과목 및 교육시간을 포함한 표입니다. ပါဝင်နိုင်သူများ | အထူးဘာသာရပ်များ | ဘုံတူညီသည့် ဘာသာရပ်များ | သင်တန်းအချိန်များ |
နိုင်ငံခြားသား ပညာတော်သင်များ | - ပညာတော်သင်ဘဝအား အောင်မြင်စွာ ဖြတ်သန်းနိုင်စေရန် အကြုံပြုချက်များ
- အနာဂတ်လမ်း ရှာဖွေခြင်းနှင့် အလုပ်အကိုင် ရွေးချယ်ခြင်း
| - မဖြစ်မနေ သိရှိထားရမည့် လူနေမှုဆိုင်ရာအချက်အလက်များ
- အခြေခံ ဥပဒေ၊ စည်းမျဉ်းများနှင့် ယဉ်ကျေးမှု
- လဝကနှင့် နေထိုင်မှုဆိုင်ရာ စနစ်များ
- လုပ်ငန်းခွင် ဘေးကင်းရေးသင်တန်း
- ရာဇဝတ်မှု ကာကွယ်ရေး ပညာပေးခြင်း
| 5 နာရီ (ကျောင်းနေအရွယ် အရွယ်ရောက်စ ရွှေ့ပြောင်းနေထိုင်သူများအတွက် 4 နာရီ) |
လူထူထပ်သော ဒေသရှိ နိုင်ငံခြားသား | - ဘုံတူညီသည့် ဘာသာရပ်များကိုသာ သင်ကြားခြင်း
|
နိုင်ငံခြားသား အနုပညာရှင်များ | - လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိပါက ဖြေရှင်းနည်းနှင့် ဆောင်ရွက်မှုအဆင့်ဆင့်
|
ကိုရီးယားလူမျိုးနှင့် လက်ထပ်ထားသူ | - လင်မယားကြား၊ မိသားစုကြား အပြန်အလှန် နားလည်မှု
- ကိုရီးယားလူမျိုးနှင့် လက်ထပ်ထားသူ စီနီယာများ၏ အကြုံပြုချက်များ
|
ပြည်ပမှ ပြန်လာသည့် ဆယ်ကျော်သက်များ | - ကျောင်းပညာရေးစနစ် မိတ်ဆက်ခြင်း
- ဆယ်ကျော်သက် ယဉ်ကျေးမှု၊ ဖူလုံရေး နေရာများ လမ်းညွှန်ခြင်း
|
ပြည်ပနိုင်ငံသား ကိုရီးယားသွေးချင်းများ(တရုတ်, CIS) | - ဥပဒေအလေးထားလိုက်နာမှု၊ လူနေမှုဆိုင်ရာ စည်းမျဉ်းများ
- နေထိုင်ခွင့်၊ ရာသက်ပန်နေထိုင်ခွင့် စနစ်များ၊ နိုင်ငံသားခံယူခြင်း
|
ရာသီချိန်လုပ်သားများ | - တာဝန်ကျ လယ်ယာလုပ်ငန်း တာဝန်များ၊ လယ်ယာလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းများ စသည်
- ဒေသလူ့အဖွဲ့အစည်း အချက်အလက်များ၊ အရေးပေါ်အခြေအနေ ဖြစ်လာပါက ဖြေရှင်းနည်းနှင့် ဆက်သွယ်ရန်များ၊ လူ့အခွင့်အရေး ကာကွယ်ရေး စသည်
|
နိုင်ငံခြားသား အလုပ်သမားများ | - ဘေးအန္တရာယ် ကင်းရှင်းရေးစည်းမျဉ်းများနှင့် အလုပ်သမားဥပဒေ စသည်
- လုပ်ခလစာ ကြွေးကျန်များနှင့် အကြမ်းဖက်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကြုံရပါက ဆောင်ရွက်ပုံအဆင့်ဆင့်နှင့် တုံ့ပြန်နည်းများ
|
ပြောင်းရွှေ့အခြေချ ဒုက္ခသည်များ | - ဒုက္ခသည်များ နေထိုင်မှု အဆင့်၊ ရပိုင်ခွင့်၊ ကျင့်ဝတ်များနှင့် ဆက်ဆံမှုများ
- ရာသက်ပန်နေထိုင်ခွင့်နှင့် နိုင်ငံသားခံယူခွင့်ဆိုင်ရာ အချက်များ
|
ရွှေ့ပြောင်းနေထိုင်သူများ နေသားကျမြန်ဆန်ရေးပရိုဂရမ် ပြီးမြောက်အောင်မြင်ပြီးနောက် အကျိုးခံစားခွင့်များ
- ကိုရီးယားလူမျိုးနှင့် လက်ထပ်ထားသူမှ နိုင်ငံခြားသားမှတ်ပုံတင်သည့်အခါ နေထိုင်ခွင့်ကာလကို 2နှစ် ပေးသည်(ပြည်ဝင်ခွင့် ကန့်သတ်ခံရသူ စသည်တို့ မပါဝင်)
- KIIP ပရိုဂရမ်တွင် ပါဝင်လျှင် အတန်းနားထောင်ချိန်* 2နာရီ အသိအမှတ်ပြုသည်။(ဘုံတူညီမှု)
- ပထမဆုံး ခွဲတမ်းချပေးသည့် အဆင့်(သို့သော်၊ 0အဆင့် မပါ)ကို အတန်း 2နာရီ နားထောင်ပြီးဟု သတ်မှတ်ပေးသည်။
02Korea Immigration & Integration Program(KIIP)
KIIP ပရိုဂရမ်သည် ပြည်တွင်းရှိ ရွှေ့ပြောင်းနေထိုင်သူများ ကိုရီးယားလူ့အဖွဲ့အစည်း၏ ကောင်းမွန်သော အဖွဲ့ဝင်အဖြစ် နေသားကျပြီး၊ ကောင်းမွန်စွာ ရပ်တည်နိုင်ရေး အထောက်အကူပေးရန် တရားရေးဝန်ကြီးဌာန ဝန်ကြီးမှ အသိအမှတ်ပြုထားသော သင်တန်း(ကိုရီးယားဘာသာစကားနှင့် ကိုရီးယားလူ့အဖွဲ့အစည်းအကြောင်း)ကို တက်ရောက်ပြီးသော သူများအတွက် နိုင်ငံသားခံယူခွင့်နှင့် နေထိုင်ခွင့် စသည်ကို ရွှေ့ပြောင်းနေထိုင်သူတို့ မူဝါဒလမ်းစဉ်များနှင့်အညီ စီစဉ်ပေးထားသော စနစ်တစ်ခုဖြစ်သည်။
စီစဉ်ရသည့် ရည်ရွယ်ချက် : ရွှေ့ပြောင်းနေထိုင်သူများ ကိုရီးယားလူ့အဖွဲ့အစည်းထဲတွင် နေသားကျမြန်ဆန်စေရန်နှင့် အတည်တကျ အခြေချနေထိုင်နိုင်စေရန်။
သင်တန်းဘာသာရပ်များ
- 1ကိုရီးယားဘာသာစကားနှင့် ကိုရီးယား ယဉ်ကျေးမှု
- 2ကိုရီးယားလူ့အဖွဲ့အစည်းအကြောင်း သိကောင်းစရာ
အကြောင်းအရာ
사회통합프로그램 내용 : 구분에 의한 단계, 한국어와 한국문화의 0단계부터 4단계, 한국사회 이해에 관한 5단계를 포함한 표입니다. အမျိုးအစား | ကိုရီးယားဘာသာစကားနှင့် ကိုရီးယား ယဉ်ကျေးမှု | ကိုရီးယားလူ့အဖွဲ့အစည်းအကြောင်း သိကောင်းစရာ |
အဆင့် | အဆင့် 0 | အဆင့် 1 | အဆင့် 2 | အဆင့် 3 | အဆင့် 4 | အဆင့် 5 |
သင်တန်းများ | မူလအခြေခံ | အခြေခံအဆင့် 1 | အခြေခံအဆင့် 2 | အလယ်အလတ်အဆင့် 1 | အလယ်အလတ်အဆင့် 2 | ပင်မ အခြေခံ | အဆင့်မြင့် |
စုစုပေါင်း သင်တန်းကြာချိန် | 15နာရီ | 100နာရီ | 100နာရီ | 100နာရီ | 100နာရီ | 70နာရီ | 30နာရီ |
စာမေးပွဲ | မရှိပါ | အဆင့် 1 စာမေးပွဲ | အဆင့် 2 စာမေးပွဲ | အဆင့် 3 စာမေးပွဲ | ကြားဖြတ်စာမေးပွဲ | ရာသက်ပန်နေထိုင်ခွင့်လျှောက်ရန် အရည်အချင်းစစ်စာမေးပွဲ | နိုင်ငံသားခံယူခွင့် လျှောက်ရန် အရည်အချင်းစစ်စာမေးပွဲ |
ကိုးကားရန် | 5 အဆင့် အဆင့်မြင့်တန်းကိုမူ ပင်မအခြေခံအတန်း တက်မြောက်ပြီးစီးပြီး(သတ်မှတ် အတန်းတက်ချိန် ပြည့်မှီအောင် အတန်း နားထောင်ရမည်)ပြီးနောက် တက်ရောက်နိုင်ပါသည်။ - ရာသက်ပန်နေထိုင်ခွင့်လျှောက်ရန် အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်သူသည် ပင်မအခြေခံအတန်းကို မတက်ဘဲ အဆင့်မြင့်တန်းကို တက်နိုင်သည်။
|
သင်တန်းစီစဉ်မှု: ဦးစီးသည့်ဌာနမှ အလျင်းသင့်သလို သင်တန်းများ စီစဉ်ပေးခြင်း
ဆောင်ရွက်ပေးသည့် အဖွဲ့အစည်းများ - ဆောင်ရွက်ပေးသည့် အဖွဲ့အစည်းပေါင်း 384 ခု (2025 ခုနှစ်၊ ဇန်နဝါရီလ စာရင်းအရ)
စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးသူများအတွက် အကျိုးခံစားခွင့်များ
- နိုင်ငံသားခံယူခွင့် လျှောက်သည့်အခါ အကျိုးခံစားခွင့်
- နိုင်ငံသားခံယူခွင့် လျှောက်ထားသူများအတွက် နိုင်ငံသားခံယူခွင့် လျှောက်ရန် အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်ကြောင်း အသိအမှတ်ပြုခြင်း(KINAT စာမေးပွဲ အောင်မြင်လျှင် ပေးသည်။)
- နိုင်ငံသားဖြစ်ခွင့် အင်တာဗျူး ကင်းလွတ်ခွင့် (အဆင့် 5 ၏ အခြေခံနှင့် အဆင့်မြင့် အဆင့်နှစ်မျိုးစလုံးကို ပြီးစီးထားပြီး ကိုရီးယား လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားဖြစ်ခွင့် သိရှိနားလည်မှု စစ်ဆေးခြင်း (Korea Immigration and Naturalization Aptitude Test) ကို အောင်မြင်ထားသူများအတွက်)
- ရာသက်ပန်နေထိုင်ခွင့်ဗီဇာ လျှောက်သည့်အခါ အကျိုးခံစားခွင့်
- အခြေခံဗဟုသုတဆိုင်ရာ အချက်များ ပြည့်စုံသူဟု အသိအမှတ်ပြုခြင်း
- ၎င်းအပြင် အခြားသော နေထိုင်ခွင့်ဗီဇာများ လျှောက်ထားစဉ် အကျိုးခံစားခွင့်များ
- ချီးမြှင့်ထားသော အပိုဆောင်း ရမှတ်များ (D-8-4 နည်းပညာနှင့် လုပ်ငန်းစတင်တည်ထောင်မှု ရမှတ်များစနစ်၊ D-9-1 အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ရမှတ်များစနစ်၊ D-10-1 အလုပ်ရှာဖွေသူ ရမှတ်များစနစ်၊ E-7-4 အရည်အချင်းရှိလုပ်သား ရမှတ်များစနစ်နှင့် F-2-7 ရမှတ်အခြေပြု ပညာရှင်လုပ်သားများ)
- ကိုရီးယားဘာသာစကား အရည်အချင်း စသည် ကင်းလွတ်ခွင့်
- ဗီဇာ(VISA) လျှောက်သည့်အခါ အကျိုးခံစားခွင့်
- ကိုရီးယားဘာသာစကားအရည်အချင်း စသည် ကင်းလွတ်ခွင့်
KIIP ပရိုဂရမ် လုပ်ဆောင်ပုံ အဆင့်ဆင့်
KIIP ပရိုဂရမ် ဦးစီးသည့်ဌာနများကို လူမှုပေါင်းစည်းရေးအချက်အလက်ကွန်ယက်(soci-net)(www.socinet.go.kr) ▶ KIIP ▶ ဦးစီးဌာန လတ်တလော အခြေအနေများတွင် ကြည့်ရှုနိုင်သည်။
’19ခုနှစ် နောက်ပိုင်း သင်တန်းများနှင့် စာမေးပွဲဆိုင်ရာ ဟုမ်းပေ့ချ်ကို ခွဲခြားထားကြောင်း ကြေညာခြင်း
သင်တန်းလျှောက်ခြင်း : လူမှုပေါင်းစည်းရေးအချက်အလက်ကွန်ယက်(soci-net) (www.socinet.go.kr) တွင် အကောင့်ဖွင့်ပြီးနောက် အသုံးပြုရန်
တရားရေးဝန်ကြီးဌာနမှ ဦးစီးသော စာမေးပွဲဖြေရန် လျှောက်ခြင်း : စာမေးပွဲ ဟုမ်းပေ့ချ်「 KIIP ပရိုဂရမ်စာမေးပွဲ 」(www.kiiptest.org) အကောင့်ဖွင့်ပြီးနောက် အသုံးပြုရန်
- သို့သော်၊ စာမေးပွဲ ဟုမ်းပေ့ချ်ကို လူမှုပေါင်းစည်းရေးအချက်အလက်ကွန်ယက်(soci-net) အိုင်ဒီ သုံးပြီး မန်ဘာဝင်နိုင်သည့်အတွက် လူမှုပေါင်းစည်းရေးအချက်အလက်ကွန်ယက်(soci-net) မန်ဘာဝင်အကောင့်ဖွင့်ပြီးနောက် စာမေးပွဲ ဟုမ်းပေ့ချ်တွင် မန်ဘာဝင်ရမည် ဖြစ်ပါသည်။
-
လူမှုပေါင်းစည်းရေးအချက်အလက်ကွန်ယက်(soci-net) (www.socinet.go.kr) နှင့် KIIP ပရိုဂရမ် စာမေးပွဲ (www.kiiptest.org)
-
2အဆင့် သတ်မှတ်ခြင်း(အဆင့်ခွဲ စာမေးပွဲ စသည်)
ခွဲတမ်းကျ အဆင့် စစ်ဆေးခြင်း (အဆင့် ခွဲတမ်းကျပြီးနောက် သက်တမ်း : အဆင့် သတ်မှတ်ပြီးနောက် 2နှစ်)
-
လူမှုပေါင်းစည်းရေးအချက်အလက်ကွန်ယက်(soci-net) 「သင်တန်းလျှောက်ခြင်း」
-
4သင်တန်းလျှောက်ခြင်းနှင့် အတန်းခွဲခြင်း
လူမှုပေါင်းစည်းရေးအချက်အလက်ကွန်ယက်(soci-net) 「သင်တန်းလျှောက်ခြင်း」
-
5ကိုရီးယားဘာသာစကားနှင့် ကိုရီးယားယဉ်ကျေးမှု
(0~3) အဆင့် သင်တန်း
(1~3)အဆင့် စာမေးပွဲ (ဦးစီးသည့်ဌာနမှ ဦးစီးကျင်းပသည်။)
-
6ကိုရီးယားဘာသာစကားနှင့် ကိုရီးယားယဉ်ကျေးမှု
အဆင့် 4 သင်တန်း
ကြားဖြတ်စာမေးပွဲ(တရားရေးဝန်ကြီးဌာနမှ ဦးစီးကျင်းပသည်)◀ (ချိတ်ဆက်သင်တန်း တက်ရောက်ထားသူများ ဖြေဆိုနိုင်သည်။)
-
7ကိုရီးယားလူ့အဖွဲ့အစည်းအကြောင်း သိကောင်းစရာ
အဆင့် 5 အခြေခံ သင်တန်း
ရာသက်ပန်နေထိုင်ခွင့်လျှောက်ရန် အရည်အချင်းစစ်စာမေးပွဲ
(တရားရေးဝန်ကြီးဌာနမှ ဦးစီးကျင်းပသည်။)
-
8ကိုရီးယားလူ့အဖွဲ့အစည်းအကြောင်း သိကောင်းစရာ
အဆင့် 5 အဆင့်မြင့် သင်တန်း
နိုင်ငံသားခံယူခွင့် လျှောက်ရန် အရည်အချင်းစစ်စာမေးပွဲ
(တရားရေးဝန်ကြီးဌာနမှ ဦးစီးကျင်းပသည်။)
- အဆင့်ခွဲ စာမေးပွဲ၊ ကြားဖြတ်စာမေးပွဲ၊ ရာသက်ပန်နေထိုင်ခွင့်လျှောက်ရန် အရည်အချင်းစစ်စာမေးပွဲ၊ နိုင်ငံသားခံယူခွင့်လျှောက်ရန် အရည်အချင်းစစ်စာမေးပွဲများကို လူမှုပေါင်းစည်းရေးအချက်အလက်ကွန်ယက်(soci-net)တွင် အကောင့်ဖွင့်ပြီးနောက် စာမေးပွဲ ဟုမ်းပေ့ချ်တွင် လျှောက်ထားရမည် ဖြစ်သည်။
သိရှိထားရန်!
နိုင်ငံခြားသားများအတွက် e-government ဟုမ်းပေ့ချ် ‘ဟိုင်းကိုရီးယား(Hi Korea)’
ကိုရီးယား၊ အင်္ဂလိပ်၊ တရုတ် စသည့် ဘာသာစကား 3မျိုးဖြင့် အသုံးပြုနိုင်သော ‘Hi Korea’ ဟုမ်းပေ့ချ်မှတစ်ဆင့် ဗီဇာသက်တမ်းတိုးခြင်း၊ နေထိုင်ရာလိပ်စာပြောင်းလဲမှု အကြောင်းကြားခြင်း စသည့် နေထိုင်ခွင့် ဆိုင်ရာများကို အင်တာနက်မှ လျှောက်ထားခြင်း၊ သို့မဟုတ် လဝက၊ နိုင်ငံခြားသားရေးရာရုံးဌာန(ရုံး)သို့ သွားရန် ရက်ချိန်း ဘိုကင်တင်ခြင်းအား လုပ်နိုင်ပါသည်။
- အသုံးပြုနည်းလမ်းညွှန်
ဟုမ်းပေ့ချ်ထဲ ဝင်ပြီး(www.hikorea.go.kr) → အကောင့်ဖွင့်ရန် → အင်တာနက်ဖြင့် လျှောက်ထားခြင်း၊ ဘိုကင်တင်ခြင်း၊ မိုင်ပေ့ချ် စသည့် ဝန်ဆောင်မှုများ အသုံးပြုနိုင်ပါသည်။
နိုင်ငံခြားသား အထွေထွေလမ်းညွှန်မှုစင်တာ : ကုဒ်နံပါတ် မလို ☎1345
ကိုရီးယားနိုင်ငံတွင်နေထိုင်သော နိုင်ငံခြားသားများ နေသားတကျဖြစ်စေရန် လိုအပ်သော ဆွေးနွေးမှုများနှင့် အချက်အလက်များကို ဘာသာစကားမျိုးစုံဖြင့် ဆွေးနွေးမှု လုပ်ပေးနေသော corner တစ်ခုဖြစ်ပြီး ကိုရီးယားဘာသာစကားအပါအဝင် နိုင်ငံခြားဘာသာစကား 20တို့ဖြင့် ဆွေးနွေးမှုများ လုပ်နိုင်ပါသည်။
- အသုံးပြုနိုင်သော အချိန် ကြားရက် 09:00~22:00(18:00 နောက်ပိုင်းတွင်မူ ကိုရီးယား၊ အင်္ဂလိပ်၊ တရုတ် ဘာသာစကားများဖြင့် ဖြေကြားပေးပါသည်။)
- ဟုမ်းပေ့ချ် www.hikorea.go.kr
လူမှုပေါင်းစည်းရေးအချက်အလက်ကွန်ယက်(soci-net) ဟုမ်းပေ့ချ်
KIIP ပရိုဂရမ်၊ နိုင်ငံခြားသားနှင့်လက်ထပ်ခြင်း လမ်းညွှန်မှုပရိုဂရမ်၊ လက်ထပ်ရွှေ့ပြောင်းနေထိုင်သူများ နေသားကျမြန်ဆန်ရေးပရိုဂရမ်၊ ရာသက်ပန်နေထိုင်ခွင့်(နေထိုင်မှု)၊ နိုင်ငံသားခံယူထားသူများနှင့် ကိုက်ညီသော ပေါင်းစည်းပြည်သူ့ပညာပေးသင်တန်းများ စသည်တို့ကို အသေးစိတ် ညွှန်ကြားပေးနေပြီး၊ ဟုမ်းပေ့ချ်မှ တစ်ဆင့် ဆန္ဒရှိသော ပရိုဂရမ်များကို တိုက်ရိုက် လျှောက်ထားနိုင်ပါသည်။
- အသုံးပြုမှုလမ်းညွှန်
ဟုမ်းပေ့ချ်ထဲ ဝင်ပြီး(www.socinet.go.kr) → အကောင့်ဖွင့်ရန် → အမျိုးမျိုးသော လူမှုပေါင်းစည်းရေးသင်တန်းများ တက်ရောက်ရန် လျှောက်ထားခြင်း၊ ရလဒ်များ စစ်ကြည့်ခြင်း စသည့် ဝန်ဆောင်မှုများကို အသုံးပြုနိုင်ပါသည်။
အဆိုပါ လမ်းညွှန်စာအုပ်သည် “ဂုံးဂုံးနူရီ ပုံစံ 4 : အရင်းအမြစ်ဖော်ပြရန်+ကိုယ်ကျိုးအတွက် အသုံးပြုခြင်း မပြုရ+ပြောင်းလဲဖော်ပြခြင်း မပြုရ” သတ်မှတ်ချက်များပေါ် မူတည်ပြီး အသုံးပြုနိုင်ပါသည်။