အောက်ဖော်ပြပါ စာရင်းဝင်သူများ ဖြစ်ပါက နေထိုင်ခွင့်ဗီဇာ အမျိုးအစားအလိုက် စာရွက်စာတမ်းများကို ပြင်ဆင်ကာ နေထိုင်ရာဒေသဆိုင်ရာ လဝက၊နိုင်ငံခြားသားရေးရာရုံး(ရုံး-ရုံးခွဲ)တွင် ရာသက်ပန်နေထိုင်ခွင့်(F-5)ဗီဇာ လျှောက်ထားနိုင်ပါသည်။
01လျှောက်ထားခွင့်ရှိသူများ
- 1ကိုရီးယားသမ္မတနိုင်ငံ 「တရားမဥပေဒ」အရ အရွယ်ရောက်ပြီးသူ တစ်ယောက်အနေနှင့် *ပူးတွဲပါ ဇယား 1၏ 2 ထဲမှ 10. စေလွှတ်ဝန်ထမ်း(D-7)မှ 20. အထူးလှုပ်ရှားလုပ်ကိုင်ခွင့်(E-7)အထိ နေထိုင်ခွင့်ဗီဇာများ၊ ပူးတွဲပါ ဇယား 1၏ 2 ထဲမှ 24. ရိုးရိုးနေထိုင်ခွင့်(F-2) ဗီဇာဖြင့် 5နှစ်အထက် ကိုရီးယားသမ္မတနိုင်ငံတွင် နေထိုင်လျက် ရှိသောသူ
- 2ပြည်သူ သို့မဟုတ် ရာသက်ပန်နေထိုင်ခွင့်ဗီဇာ(F-5) ရရှိထားသူ၏ အိမ်ထောင်ဖက် သို့မဟုတ် အရွယ်မရောက်သေးသော သားသမီးအနေနှင့် ကိုရီးယားသမ္မတနိုင်ငံတွင် 2နှစ်အထက် နေထိုင်လျက် ရှိသော သူ၊ကိုရီးယားသမ္မတနိုင်ငံတွင် မွေးဖွားသည့် အကြောင်းပြချက်ဖြင့် ဥပဒေ ပုဒ်မ 23 အရ နေထိုင်ခွင့် လျှောက်ထားသူအနေနှင့် မွေးဖွားစဉ်က ၎င်း၏ ဖခင် သို့မဟုတ် မိခင်သည် ရာသက်ပန်နေထိုင်ခွင့်ဗီဇာ(F-5)ဖြင့် ကိုရီးယားသမ္မတနိုင်ငံတွင် နေထိုင်လျက် ရှိသောသူများထဲမှ တရားရေးဝန်ကြီးဌာန ဝန်ကြီးမှ အသိအမှတ်ပြုထားသောသူ
- 3「နိုင်ငံခြားသားရင်းနှီးမြှပ်နှံမှု မြှင့်တင်ရေးဥပဒေ」အရ အမေရိကန်ဒေါ်လာ 5သိန်း ရင်းနှီးမြှပ်နှံထားသော နိုင်ငံခြားသားရင်းနှီးမြှပ်နှံသူအနေနှင့် 5ယောက်နှင့်အထက် ကိုရီးယားလူမျိုး ဝန်ထမ်း 5ယောက်ကို အလုပ်ခန့်ထားသောသူ
- 4ပူးတွဲပါ ဇယား 1၏ 2 ထဲမှ 26. ပြည်ပရောက်ကိုရီးယား(F-4) နေထိုင်ခွင့်ဗီဇာဖြင့် ကိုရီးယားသမ္မတနိုင်ငံတွင် 2နှစ်အထက် ဆက်တိုက် နေထိုင်လျက် ရှိသောသူအနေနှင့် ကိုရီးယားသမ္မတနိုင်ငံတွင် ဆက်လက်နေထိုင်ရန် လိုအပ်သည်ဟု တရားရေးဝန်ကြီးဌာန ဝန်ကြီးမှ အသိအမှတ်ပြုထားသောသူ
- 5「ပြည်ပရောက်ကိုရီးယားလူမျိုးများ၏ ပြည်ဝင်ပြည်ထွက်နှင့် ဥပဒေအရ အဆင့်နေရာနှင့် သက်ဆိုင်သော ဥပဒေ」 ပုဒ်မ 2 အပိုဒ် 2ရှိ ပြည်ပနိုင်ငံသားကိုရီးယားသွေးချင်းများအနေနှင့် 「နိုင်ငံသားဥပဒေ」အရ နိုင်ငံသားခံယူခွင့် အချက်(တူညီသော ဥပဒေ ပုဒ်မ 5 အပိုဒ် 1ရှိ 2 အရ လိုအပ်သောအချက်များမပါဝင်)များနှင့် ပြည့်စုံသောသူ
- 6ယခင် 「လူဝင်မှုကြီးကြပ်ရေးဥပဒေပြဌာန်းချက်」(သမ္မတအမိန့် အမှတ် 17579 ဖြင့် တစ်စိတ်တစ်ဒေသ ပြင်ဆင်ထားပြီး 2002. 4. 18. ထုတ်ပြန်ကြေညာ၊ ပြဌာန်းချက် မတိုင်မီက အကြောင်းအရာကို ဆိုလိုသည်) ပူးတွဲပါ ဇယား 1 နံပါတ် 27 အကွက်၏ ရိုးရိုးနေထိုင်ခွင့်(F-2)ဗီဇာ (၎င်းတွင် ပါဝင်သော ယခင်က နေထိုင်ခွင့်ဗီဇာ ရှိပြီးသူများ ပါဝင်သည်) ရှိခဲ့ဖူးသည့် သူများအနေနှင့် ကိုရီးယားသမ္မတနိုင်ငံတွင် ဆက်လက်နေထိုင်ရန် လိုအပ်သည်ဟု တရားရေးဝန်ကြီးဌာန ဝန်ကြီးမှ အသိအမှတ်ပြုထားသောသူ
- 7အောက်ပါ အချက်အသီးသီးထဲမှ တစ်ခုခုတွင် အကျုံးဝင်သော သူအနေနှင့် တရားရေးဝန်ကြီးဌာန ဝန်ကြီးမှ အသိအမှတ်ပြုထားသောသူ
- (က).ပြည်ပ၌ နယ်ပယ်တစ်ခုခုတွင် ပါရဂူဘွဲ့ ရရှိထားသောသူအနေနှင့် ရာသက်ပန်နေထိုင်ခွင့်ဗီဇာ(F-5) လျှောက်ထားသည့်အခါ ပြည်တွင်း ကုမ္ပဏီစသည်တို့တွင် အလုပ်ခန့်ထားခြင်း ခံရသူ
- (ခ).ပြည်တွင်း တက္ကသိုလ် ဘွဲ့လွန်တန်းတွင် ပါရဂူဘွဲ့ ရရှိထားသောသူ
- 8တရားရေးဝန်ကြီးဌာန ဝန်ကြီးမှ သတ်မှတ်ထားသော နယ်ပယ်၏ တက္ကသိုလ်ဘွဲ့နှင့်အထက် ဘွဲ့လက်မှတ် သို့မဟုတ် တရားရေးဝန်ကြီးဌာန ဝန်ကြီးမှ သတ်မှတ်ထားသော နည်းပညာပိုင်းဆိုင်ရာ ဆာတီဖီကိတ် ရရှိထားသော သူအနေနှင့် ပြည်တွင်း နေထိုင်ခွင့်ကာလ 3နှစ် အထက်ရှိကာ ရာသက်ပန်နေထိုင်ခွင့်ဗီဇာ(F-5) လျှောက်ထားသည့်အခါ ပြည်တွင်း ကုမ္ပဏီမှ အလုပ်ခန့်ထားခြင်း ခံရပြီး တရားရေးဝန်ကြီးဌာန ဝန်ကြီးမှ သတ်မှတ်ထားသော ငွေကြေးပမာဏ အထက် လစာ ရရှိနေသောသူ
- 9သိပ္ပံပညာ၊ စီမံခန့်ခွဲ့ရေး၊ ပညာရေး၊ ယဉ်ကျေးမှုအနုပညာနှင့် အားကစား စသည့် အထူး နယ်ပယ်များတွင် ထူးချွန်သည့် အရည်အချင်းရှိသော သူများထဲမှ တရားရေးဝန်ကြီးဌာန ဝန်ကြီးမှ အသိအမှတ်ပြုထားသောသူ
- 10ကိုရီးယားသမ္မတနိုင်ငံအတွက် ထူးခြားသော ပေးဆပ်မှုရှိသည်ဟု တရားရေးဝန်ကြီးဌာန ဝန်ကြီးမှ အသိအမှတ်ပြုထားသောသူ
- 11အသက် 60အထက်ရှိပြီး တရားရေးဝန်ကြီးဌာန ဝန်ကြီးမှ သတ်မှတ်ထားသော ငွေကြေးပမာဏနှင့်အထက် ပင်စင်ကို ပြည်ပမှ ရရှိနေသောသူ
- 12ပူးတွဲပါ ဇယား 1၏ 2ထဲမှ 29. လာရောက်အလုပ်လုပ်ကိုင်(H-2)ဗီဇာဖြင့် အလုပ်လုပ်နေသော သူအနေနှင့် ဆက်တိုက် အလုပ်လုပ်နေသော ကာလ၊ အလုပ်လုပ်ရာဒေသ၊ လုပ်ငန်းနယ်ပယ်၏ ထူးခြားချက်၊ လုပ်သားအင်အား မလုံလောက်သော အနေအထားများနှင့် ပြည်သူများ၏ အလုပ်ဝင်လိုစိတ် စသည်တို့ကို ထည့်သွင်းစဉ်းစားပြီး တရားရေးဝန်ကြီးဌာန ဝန်ကြီးမှ အသိအမှတ်ပြုထားသောသူ
- 13ပူးတွဲပါ ဇယား 1၏ 2 ထဲမှ 24. ရိုးရိုးနေထိုင်ခွင့်(F-2) 'ဂျာ'အချက်တွင် အကျုံးဝင်သော နေထိုင်ခွင့်ဗီဇာဖြင့် ကိုရီးယားသမ္မတနိုင်ငံတွင် 3နှစ်အထက် နေထိုင်လျက် ရှိသော သူအနေနှင့် ကိုရီးယားသမ္မတနိုင်ငံတွင် ဆက်လက်နေထိုင်ရန် လိုအပ်သည်ဟု တရားရေးဝန်ကြီးဌာန ဝန်ကြီးမှ အသိအမှတ်ပြုထားသောသူ
- 14ပူးတွဲပါ ဇယား 1၏ 2ထဲမှ 24. ရိုးရိုးနေထိုင်ခွင့်ဗီဇာ(F-2) 'ချာ'အချက်တွင် အကျုံးဝင်သော နေထိုင်ခွင့်ဗီဇာ ရပြီးနောက် 5နှစ်အထက် ဆက်တိုက် ရင်းနှီးမြှုပ်နှံမှု ဆက်လုပ်နေသော သူအနေနှင့် ကိုရီးယားသမ္မတနိုင်ငံတွင် ဆက်လက် နေထိုင်ရန် လိုအပ်သည်ဟု တရားရေးဝန်ကြီးဌာန ဝန်ကြီးမှ အသိအမှတ်ပြုထားသောသူနှင့် ၎င်း၏ အိမ်ထောင်ဖက်နှင့် သားသမီးများ (တရားရေးဝန်ကြီးဌာန ဝန်ကြီးမှ သတ်မှတ်ထားသော အချက်များနှင့် ပြည့်စုံသော သားသမီးသာလျှင် အကျုံးဝင်သည်။)
- 15ပူးတွဲပါ ဇယား 1၏ 2ထဲမှ 11. လုပ်ငန်းရင်းနှီးမြှုပ်နှံမှု(D-8) 'ဒါ'အချက်တွင် အကျုံးဝင်သော နေထိုင်ခွင့်ဗီဇာဖြင့် ကိုရီးယားသမ္မတနိုင်ငံတွင် 3နှစ်အထက် ဆက်တိုက် နေထိုင်လျက် ရှိသော သူအနေနှင့် ရင်းနှီးမြှုပ်နှံသူအား ဝမ် သိန်း 3ထောင်နှင့်အထက် ရင်းနှီးမြှုပ်နှံစေပြီး ကိုရီးယားနိုင်ငံသား ဝန်ထမ်း 2ဦးနှင့်အထက်အား ခန့်အပ်ထားခြင်း စသည့် တရားရေးဝန်ကြီးဌာန ဝန်ကြီးမှ သတ်မှတ်ထားသော အချက်များနှင့် ပြည့်စုံသောသူ
- 165နှစ်အထက် ရင်းနှီးမြှုပ်နှံမှုကို ဆက်လက်ထိန်းထားရမည့် သတ်မှတ်ချက်ဖြင့် တရားရေးဝန်ကြီးဌာန ဝန်ကြီးမှ သတ်မှတ်ပြီး ကြေညာချက်ထုတ်ထားသော ငွေကြေးပမာဏနှင့် အထက် ရင်းနှီးမြှုပ်နှံထားသော သူတစ်ယောက်အနေနှင့် တရားရေးဝန်ကြီးဌာန ဝန်ကြီးမှ သတ်မှတ်ထားသော အချက်များနှင့် ပြည့်စုံသောသူ
- 17ပူးတွဲပါ ဇယား 1၏ 2ထဲမှ 11. လုပ်ငန်းရင်းနှီးမြှုပ်နှံမှု (D-8) 'ဂါ'အချက်တွင် အကျုံးဝင်သော နေထိုင်ခွင့်ဗီဇာ ရရှိထားပြီး 「နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဥပဒေပြဌာန်းချက်」 ပုဒ်မ 25 အပိုဒ် 1 နံပါတ် 4 အရ R&Dအတွက် မဖြစ်မနေ လိုအပ်သော ကျွမ်းကျင်လုပ်သားအနေနှင့် ကိုရီးယားသမ္မတနိုင်ငံတွင် 3နှစ်အထက် ဆက်တိုက် နေထိုင်လျက် ရှိသော သူအဖြစ် တရားရေးဝန်ကြီးဌာန ဝန်ကြီးမှ အသိအမှတ်ပြုထားသောသူ
- 18ပူးတွဲပါ ဇယား 1 ၏ 2 ထဲမှ 24. ရိုးရိုးနေထိုင်ခွင့်ဗီဇာ(F-2) 'ဒါ'အချက်တွင် အကျုံးဝင်သော နေထိုင်ခွင့်ဗီဇာဖြင့် 2နှစ်အထက် ကိုရီးယားသမ္မတနိုင်ငံတွင် နေထိုင်လျက် ရှိသောသူ
- ပူးတွဲပါ ဇယား 1၏ 2 : လူဝင်မှုကြီးကြပ်ရေးဥပဒေပြဌာန်းချက်
- 19ပူးတွဲပါ ဇယား 1၏ 2 ထဲမှ 24. ရိုးရိုးနေထိုင်ခွင့်ဗီဇာ(F-2) 'ခါ'အချက်တွင် အကျုံးဝင်သော နေထိုင်ခွင့်ဗီဇာဖြင့် 2နှစ်အထက် ကိုရီးယားသမ္မတနိုင်ငံတွင် နေထိုင်လျက် ရှိသောသူ
02ရာသက်ပန်နေထိုင်ခွင့်ဗီဇာ လျှောက်ထားသည့်အခါ တင်ပြရမည့် စာရွက်စာတမ်းများ
တရားရေးဝန်ကြီးဌာန ဟိုင်းကိုရီးယား(www.hikorea.go.kr) – information sharing corner – immigration/ stay guide – immigration/ stay guide– ရာသက်ပန်နေထိုင်ခွင့်(F-5)တွင် ကြည့်ရန်
နေရပ်လိပ်စာ အထောက်အထားစာရွက်စာတမ်း
ဝန်ဆောင်ခ ဝမ် 200,000(နိုင်ငံခြားသားမှတ်ပုံတင်ကတ်ဖိုး ဝမ် 35,000သီးခြား)
- လက်ရှိ ပေါင်းသင်းနေထိုင်မှု မရှိတော့ပါက၊ ပြည်ပနိုင်ငံသား ကိုရီးယားသွေးချင်းအနေနှင့် အိမ်ထောင်ဖက်သည် ကိုရီးယားနိုင်ငံသား(ပြည်ပနိုင်ငံသား ကိုရီးယားသွေးချင်းအနေနှင့် ကိုရီးယားနိုင်ငံသားခံယူခွင့် အချက်များနှင့် ပြည့်စုံသောသူ)ဖြစ်ပါက တင်ပြရမည့် စာရွက်စာတမ်းများနှင့် လျှောက်ထားခွင့်ဆိုင်ရာ အချက်များ မတူညီသည့်အတွက် နိုင်ငံခြားသား အထွေထွေလမ်းညွှန်မှုစင်တာ(☎1345)သို့ ဆက်သွယ် မေးမြန်းစုံစမ်းရပါမည်။
03ရာသက်ပန်နေထိုင်ခွင့်ဗီဇာ ပယ်ဖျက်ခြင်း (လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ 89၏ အပိုဒ်2)
ရာသက်ပန်နေထိုင်ခွင့်ဗီဇာ ရထားသော်ြငား အောက်ဖော်ပြပါ ကိစ္စရပ်များ ဖြစ်ပေါ်ပါက ရာသက်ပန်နေထိုင်ခွင့်ဗီဇာ ပယ်ဖျက်ခံရနိုင်ပါသည်။
- လိမ်လည်ပြီးဖြစ်စေ အခြား မမှန်ကန်သော နည်းလမ်းဖြင့် ရာသက်ပန်နေထိုင်ခွင့်ဗီဇာ ရရှိထားသည့်အခါ
- 「ပြစ်မှုဆိုင်ရာဥပဒေ」၊ 「လိင်အကြမ်းဖက်မှု ပြစ်ဒဏ် စသည်တို့နှင့် စပ်လျဉ်းသော အထူးဥပဒေ」 စသည့် တရားရေးဝန်ကြီးဌာနအမိန့်ဖြင့် ချမှတ်ထားသော ဥပဒေတွင် ပြဌာန်းထားသော ပြစ်မှုအား ကျူးလွန်ပြီး 2နှစ်နှင့်အထက် အလုပ်ကြမ်းနှင့်ထောင်ဒဏ် သို့မဟုတ် ထောင်ဒဏ် ကျခံရသည့်အခါ
- လတ်တလော 5နှစ်အတွင်း ၎င်း ဥပဒေ သို့မဟုတ် အခြားသော ဥပဒေများကို ချိုးဖောက်ပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် သို့မဟုတ် ထောင်ဒဏ် ချမှတ်ခံရပြီး အမှန်တကယ် ကျခံရသည့် ပြစ်ဒဏ်ကာလ စုစုပေါင်း 3နှစ်နှင့် အထက်ဖြစ်သည့်အခါ
- ကိုရီးယားသမ္မတနိုင်ငံတွင် သတ်မှတ်ပမာဏနှင့်အထက် ရင်းနှီးမြှုပ်နှံမှုအနေအထားကို ထိန်းထားရမည့် သတ်မှတ်ချက်ဖြင့် ရာသက်ပန်နေထိုင်ခွင့်ဗီဇာ ရထားသောသူ စသည့် သမ္မတအမိန့်ဖြင့် သတ်မှတ်ထားသော သူသည် ၎င်း ကန့်သတ်ချက်များကို ဖောက်ဖျက်ခဲ့သည့်အခါ
- နိုင်ငံတော်လုံခြုံရေး၊ သံတမန်ဆက်ဆံရေးနှင့် ပြည်သူ့စီးပွားရေး စသည့် ကဏ္ဍများတွင် ကိုရီးယားသမ္မတနိုင်ငံ၏ အကျိုးအား ဆုတ်ယုတ်စေသော အပြုအမူများ လုပ်မိသည့်အခါ
ရာသက်ပန်နေထိုင်ခွင့်ဗီဇာ၏ အားသာချက်များ
- ကိုရီးယား နိုင်ငံသားတစ်ဦးနှင့် လက်ထပ်ထားစဉ်အတွင်း ကိုရီးယားသမ္မတနိုင်ငံတွင် နှစ်နှစ်ဆက်တိုက်နှင့်အထက် နေထိုင်သော နိုင်ငံခြားသားများ
- သုံးနှစ်ကျော်ကြာအောင် ကိုရီးယား နိုင်ငံသားတစ်ဦးနှင့် လက်ထပ်ထားပြီး လက်ထပ်ထားစဉ်အတွင်း ကိုရီးယားသမ္မတနိုင်ငံတွင် တစ်နှစ်နှင့်အထက် နေထိုင်သော နိုင်ငံခြားသားများ
- ပြည်ပထွက်ခွာသည့် နေ့မှစပြီး 2နှစ်အတွင်း ပြန်လာရန် ရည်ရွယ်ထားပါက ပြည်ပြန်ဝင်ခွင့် လျှောက်ထားရန် မလိုပါ။
- အလုပ်လုပ်ခွင့်နှင့် နေထိုင်ခွင့်ကာလ အကန့်အသတ် မရှိပါ။
အဆိုပါ လမ်းညွှန်စာအုပ်သည် “ဂုံးဂုံးနူရီ ပုံစံ 4 : အရင်းအမြစ်ဖော်ပြရန်+ကိုယ်ကျိုးအတွက် အသုံးပြုခြင်း မပြုရ+ပြောင်းလဲဖော်ပြခြင်း မပြုရ” သတ်မှတ်ချက်များပေါ် မူတည်ပြီး အသုံးပြုနိုင်ပါသည်။