ဒါနူရီကောလ်စင်တာ
1577-1366
မိသားစုဆွေးနွေးမှုဖုန်းနံပါတ်
1644-6621
한국생활안내 정보더하기 사이트로 이동

အစိုးရရုံးဌာနများ အသုံးပြုခြင်း

  • ပင်မစာမျက်နှာ
  • ကိုရီးယားယဉ်ကျေးမှုနှင့် လူနေမှုဘဝ
  • အစိုးရရုံးဌာနများ အသုံးပြုခြင်း

အစိုးရရုံးဌာနများ အသုံးပြုခြင်း

01အုပ်ချုပ်ရေးဌာနများ

နေ့စဉ်ဘဝတွင် သွားဖြစ်သည့် အုပ်ချုပ်ရေးဌာန အများစုမှာ မြို့နယ်၊ ရပ်ကွက်ရုံး နှင့် ပြည်သူ့စင်တာ၊ မြို့၊ ခရိုင်၊ မြို့နယ်ရုံးများ ဖြစ်ပါသည်။ မြို့နယ်၊ ရပ်ကွက်ရုံး နှင့် ပြည်သူ့စင်တာ၊ မြို့၊ ခရိုင်၊ မြို့နယ်ရုံးများသည် ပြည်သူများ၏ ကျန်းမာရေးနှင့် ဖူလုံရေး၊ အများပိုင်အဆောက်အဦများ ထိန်းသိမ်းခြင်း၊ အမျိုးမျိုးသော ထောက်ခံစာများ ထုတ်ပေးခြင်းနှင့် အကြောင်းကြားခြင်း စသည့် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ပေးပါသည်။ မြို့နယ်၊ ရပ်ကွက်ရုံး နှင့် ပြည်သူ့စင်တာမှ ယဉ်ကျေးမှုလက်ချာများ စသည့် ပြည်သူများအတွက် အမျိုးမျိုးသော ပရိုဂရမ်များကို စီမံဖွင့်လှစ်ပေးခြင်းများလည်း လုပ်ဆောင်ပေးပါသည်။
ယခု‌‌နောက်ပိုင်းတွင်မူ ရုံးဌာနများသို့ ကိုယ်တိုင် မသွားလည်း အဓိကမြေအောက်ရထားဘူတာကြီးများရှိ အလိုအလျောက်ပြည်သူ့ထောက်ခံစာ ထုတ်စက် သို့မဟုတ် အစိုးရပြည်သူ့ဝန်ဆောင်မှု siteဖြစ်သည့် minwon24 အင်တာနက် ဟုမ်းပေ့ချ်(www.minwon.go.kr)မှတဆင့် လိုအပ်သည့် စာရွက်စာတမ်းများကို ထုတ်ယူနိုင်ပါသည်။ သို့သော် စာရွက်စာတမ်း အားလုံးကို အလိုအလျောက်ပြည်သူ့ထောက်ခံစာ ထုတ်စက် သို့မဟုတ် အင်တာနက်မှတဆင့် ထုတ်၍ရခြင်းမျိုး မဟုတ်ပါ။ အင်တာနက်မှတဆင့် ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းများကို ထုတ်လိုပါက စာရွက်ထုတ်ရန် ပရင့်တာ မဖြစ်မနေ ရှိရမည်ဖြစ်ပြီး မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးအတည်ပြုရန် ဒီဂျစ်တယ်ဆာတီဖီကိတ် လိုအပ်သည့် အခါမျိုးလည်း ရှိပါသည်။ အရေးကြီး စာရွက်စာတမ်းများကို ထုတ်မည့်အခါမျိုးတွင်မူ စစ်ဆေးမှုများကို အရင်လုပ်ပါသည်။

02ရဲစခန်း (☎112)

လိမ်လည်ခြင်း၊ အကြမ်းဖက်ခြင်း၊ ဓားပြတိုက်ခြင်းကဲ့သို့သော ရာဇဝတ်မှုများ ကြုံရသည့်အခါနှင့် ယာဉ်မတော်တဆမှု ဖြစ်သည့်အခါ၊ သို့မဟုတ် ထိုကိစ္စများကို မျက်မြင်တွေ့သည့်အခါတွင် ☎112သို့ ဖုန်းဆက် တိုင်ကြားခြင်း သို့မဟုတ် လူကိုယ်တိုင် ရဲစခန်းသို့ သွားပြီး တိုင်ကြားနိုင်ပါသည်။ အများပြည်သူသုံး တယ်လီဖုန်းဖြင့် တိုင်ကြားသည့်အခါ၌ အနီရောင် အရေးပေါ်ဖုန်းခေါ်ဆိုမှု ခလုတ်ကို နှိပ်ပြီးနောက် ☎112ကို နှိပ်နိုင်ပြီး၊ ရိုးရိုးဖုန်း သို့မဟုတ် လက်ကိုင်ဖုန်းများဖြင့် တိုင်းကြားပါက ကုဒ်နံပါတ် မလိုဘဲ ☎112ကို နှိပ်ပြီး ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
ရာဇဝတ်မှုကြုံရပြီး တိုင်ကြားသည့်အခါတွင် တိုင်ကြားသူ၏ နေရပ်လိပ်စာ၊ အမည်၊ ဖုန်းနံပါတ်နှင့်တကွ မည်သည့်အချိန်၊ မည်သည့်နေရာတွင်၊ မည်သည့် ကိစ္စမျိုး ကြုံခဲ့ရသည်ကို တိကျသေချာစွာ ရှင်းပြပြီး၊ တရားခံ၏ ပုံစံနှင့် ဝတ်စားဆင်ယင်မှု သို့မဟုတ် ထူးခြားချက်၊ ထွက်ပြေးသွားသည့် ဦးတည်ဘက်နှင့် မည်သို့ ထွက်ပြေးသွားခဲ့သည်ကို ပြောပြပေးပါက များစွာ အထောက်အကူဖြစ်စေပါသည်။

03မီးသတ်ဌာန (☎119)

မီးလောင်သည့်အခါ၊ တစ်စုံတစ်ယောက်ကို ဆေးရုံသို့ အမြန် ပို့ဆောင်ရမည့် အခါ၊ သို့မဟုတ် ထို့ကဲ့သို့သော အခြေအနေကို မျက်မြင်တွေ့သည့်အခါမျိုးတွင် ☎119သို့ အကြောင်းကြားနိုင်ပါသည်။ အများပြည်သူသုံး တယ်လီဖုန်းဖြင့် အကြောင်းကြားသည့်အခါ အနီရောင် အရေးပေါ်ဖုန်းခေါ်ဆိုမှု ခလုတ်ကို နှိပ်ပြီးနောက်☎119ကို နှိပ်နိုင်ပြီး၊ ရိုးရိုးဖုန်း သို့မဟုတ် လက်ကိုင်ဖုန်းဖြင့် အကြောင်းကြားပါက ကုဒ်နံပါတ်မလိုဘဲ ☎119ကို တန်းနှိပ်ပြီး အကြောင်းကြားနိုင်ပါသည်။
မီးလောင်မှု တိုင်ကြားသည့်အခါမျိုးတွင် အိမ်၏ တည်နေရာနှင့် အထပ်၊ အမျိုးအစားနှင့်တကွ အနီးနားရှိ သိသာထင်ရှားသော အဆောက်အအုံများကို ပြောပြပြီး၊ တစ်စုံတစ်ယောက်အား ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ရမည့် အခြေအနေမျိုးတွင်မူ နေမကောင်းဖြစ်သူ၏ အခြေခံအချက်အလက်များကို တိကျစွာ ပြောပြပေးကာ 119 ကယ်ဆယ်ရေးအဖွဲ့များ ရောက်သည့် အချိန်အထိ ဆွေးနွေးပေးသူနှင့် ဆက်တိုက် ဖုန်းပြော၍ ရုတ်တရက် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို ဖြေရှင်းနိုင်အောင် ဆောင်ရွက်ရပါမည်။

04စာတိုက်

ချောစာများ၊ ပါဆယ်ထုပ်များကို ပို့သည့်အခါ၌ အိမ် အနီးနားရှိ စာတိုက်ကို အသုံးပြုနိုင်ပါသည်။ စာတိုက်မှ ပြည်တွင်းစာပို့လုပ်ငန်းနှင့် အပြည်ပြည်ဆိုင်ရာစာပို့လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေပြီး၊ ဘဏ်ကဲ့သို့ ငွေကြေးဌာနတစ်ခု၏ လုပ်ငန်းဆောင်တာများလည်း လုပ်ပေးလျက်ရှိပါသည်။ အပြည်ပြည်ဆိုင်ရာစာပို့လုပ်ငန်း ဝန်ဆောင်မှုအား အသုံးပြုသည့်အခါတွင် ပြည်ပသို့ ပစ္စည်းများ အမြန်ပို့နိုင်သော အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့လုပ်ငန်း(EMS)ကို အသုံးပြုနိုင်ပါသည်။

  • စာပို့လုပ်ငန်းကာစတန်မာကျေနပ်မှုစင်တာ : ☎1588-1300, ☎82-42-609-4295(အင်္ဂလိပ်ဘာသာဖြင့် သုံးနိုင်ပါသည်။)
  • ငွေကြေးလုပ်ငန်းကာစတန်မာစင်တာ : ☎1588-1900
  • ကိုရီးယားစာတိုက်လုပ်ငန်းဌာနချုပ် : www.koreapost.go.kr
  • အင်တာနက်စာတိုက် : www.epost.go.kr

(1)ပြည်တွင်းစာပို့လုပ်ငန်း

ပုံမှန်အားဖြင့် စာတိုက်ချောပို့ပစ္စည်းများကို အပ်နှံပြီး 3ရက်အတွင်း ပို့ဆောင်ပေးပါသည်။ ကျွန်းဒေသများ၊ တောင်တန်းဒေသများသို့ ပစ္စည်းများရောက်ရှိရန် အချိန် အနည်းငယ် ပိုကြာမြင့်နိုင်ပါသည်။ ပို့ခသည် ပို့ဆောင်သည့် ဒေသအပေါ် မူတည်ပြီး ကွာခြားပါသည်။ အခြေခံ အလေးချိန်ထက် ကျော်လွန်ခြင်း သို့မဟုတ် အရွယ်အစား ကြီးမားသော ပစ္စည်းများ ပို့သည့်အခါများတွင် ၎င်းနှင့် ညီမျှသော ပို့ခကို ပေးဆောင်ရမည် ဖြစ်ပါသည်။

  • ပုံမှန် စာတိုက်ချောပို့ပစ္စည်းများ ပို့ဆောင်မှု နှုန်းထားများ
통상우편물요금표 : 구분, 중량, 우편요금을 포함한 표입니다.
အမျိုးအစား အလေးချိန် ပို့ဆောင်ခ
ချောစာနှင့် စာရွက်စာတမ်းများ 3g အထက် 5gအထိ
(ပို့စကတ် 2gမှ 5gအထိ)
ဝမ် 400
5g ကျော်လွန်ပါက 25gအထိ ဝမ် 430
25g ကျော်လွန်ပါက 50gအထိ ဝမ် 450
ချောစာနှင့် စာရွက်စာတမ်းမဟုတ်သည့် ပစ္စည်းများ 50gအထိ ဝမ် 520
50g ကျော်လွန်ပါက 1kgအထိ 50g တိုးသွားတိုင်း ဝမ် 120 တိုးကောက်
1kg ကျော် လွန်ပါက 2kgအထိ 200g တိုးသွားတိုင်း ဝမ် 120 တိုးကောက်
2kg ကျော် လွန်ပါက 6kgအထိ 1kg တိုးသွားတိုင်း ဝမ် 400 တိုးကောက်

(2)ချောထုပ်များ

ချောထုပ်များကို စာတိုက်ကောင်တာတွင် တိုက်ရိုက် သွားရောက် အပ်နှံပို့ဆောင်ခြင်းနှင့် လျှောက်ထားပါက အလုပ်ခွင် သို့မဟုတ် အိမ်သို့အရောက် သယ်ဆောင်ပေးသည့် ဝန်ဆောင်မှုများ ရှိပါသည်။

  • မိုဘိုင်း၊ အင်တာနက်ဖြင့် လျှောက်ထားခြင်း : စာတိုက် အက်ပလီကေးရှင်း သို့မဟုတ် www.epost.go.kr(24နာရီ တစ်နှစ်ပတ်လုံး လျှောက်ထားနိုင်ပါသည်။)
  • ဖုန်းဖြင့်လျှောက်ထားခြင်း : ☎1588-1300
    (ကြားရက် 09:00~18:00, စနေနေ့၊ တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်များတွင် အသုံးပြု၍ မရပါ။)
  • ပို့ခလမ်းညွှန်(မှတ်ပုံတင်တင်ထားသည့် ပါဆယ်များကို ကောင်တာတွင် စာရင်းသွင်းအပ်နှံခြင်း)
ကောင်တာတွင် စာရင်းသွင်းအပ်နှံခြင်း(မှတ်ပုံတင်ထားသည့် ပါဆယ်များ) : စာတိုက်တွင် ကာစတန်မာ ကိုယ်တိုင် အပ်နှံရန်
요금안내 표 : 구분, 중량별 익일배달, 제주 익일배달, 제주 D+2일 배달 요금을 포함한 표입니다.
အမျိုးအစား ∼3kg
(80㎝)
∼5kg
(100㎝)
∼7kg
(100㎝)
∼10kg
(120㎝)
∼15kg
(120㎝)
∼20kg
(120㎝)
∼25kg
(120㎝)
∼30kg
(160㎝)
နောက်နေ့ထွက်ခွာပို့ဆောင် 4,000 4,500 5,000 6,000 7,000 8,000 10,000 12,000
ဂျယ်ဂျူ နောက်နေ့ထွက်ခွာပို့ဆောင် 6,500 7,000 7,500 8,500 9,500 10,500 12,500 14,500
D+2ရက်
ထွက်ခွာပို့ဆောင်
4,000 4,500 5,000 6,000 7,000 8,000 10,000 12,000
အိမ်အရောက် လာယူခြင်း : ကာစတန်မာ(ပို့သူ)မှ လျှောက်ထားပါက အလုပ်ခွင် သို့မဟုတ် အိမ်သို့ စာတိုက်ဝန်ထမ်းမှ လာယူပေးခြင်း
요금안내 표 : 구분, 중량별 익일배달, 제주 익일배달, 제주 D+2일 배달 요금을 포함한 표입니다.
အမျိုးအစား ∼5kg
(80㎝)
∼10kg
(100㎝)
∼20kg
(120㎝)
∼30kg
(160㎝)
နောက်နေ့ထွက်ခွာပို့ဆောင် 5,000 8,000 10,000 13,000
ဂျယ်ဂျူ နောက်နေ့ထွက်ခွာပို့ဆောင် 7,500 10,500 12,500 15,500
D+2ရက်
ထွက်ခွာပို့ဆောင်
5,000 8,000 10,000 13,000
  • ချောထုပ်များကို စာတိုက်တွင် အပ်နှံပြီးနောက်နေ့အထိ နောက်ဆုံးထား ပို့ဆောင်ပြီး၊ ဂျယ်ဂျူ(D+2)ကတော့ အပ်ပြီး နောက် 2ရက် အကြာထိ ပို့ဆောင်ပေးပါသည်(ကျွန်းဒေသများ စသည့် အထူးသတ်မှတ်ဒေသများ ဖြစ်ပါက ကွာခြားမှု ရှိနိုင်ပါသည်)

(3)အပြည်ပြည်ဆိုင်ရာ စာပို့လုပ်ငန်း

အပြည်ပြည်ဆိုင်ရာ စာပို့လုပ်ငန်းသည် လေကြောင်းပါဆယ်နှင့် ရေကြောင်းပါဆယ်၊ အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့လုပ်ငန်းEMS၊ EMS ပရီမီယမ်တို့ ရှိပါသည်။ EMS ဆိုသည်မှာ ချောစာများ၊ စာရွက်စာတမ်းများ၊ ကုန်ပစ္စည်း စသည်တို့ကို တစ်ကမ္ဘာလုံးရှိ နိုင်ငံ 143 နိုင်ငံသို့ မြန်ဆန်တိကျစွာ ပို့ဆောင်ပေးနေသော ဝန်ဆောင်မှုတစ်ခုဖြစ်ကာ အများဆုံး 30kgအထိ ပို့ဆောင်နိုင်ပါသည်။ ပို့ဆောင်နိုင်သည့် ပစ္စည်းများကတော့ ချောစာ၊ စာရွက်စာတမ်း၊ letter of credit, စာအုပ်စာပေများ၊ ငွေကြေးဌာနများ၏ လဲလှယ်ချက်လက်မှတ်များ၊ ကုန်ပစ္စည်းနမူနာများ၊ ပစ္စည်း အမျိုးမျိုး စသည်တို့ ဖြစ်ပါသည်။ အာဂျင်တီးနား၊ ဘင်္ဂလားဒေ့ချ် စသည့် နိုင်ငံ အချို့ကိုတော့ ပို့ဆောင်နိုင်သည့် အလေးချိန်ကို 20kgအောက် သတ်မှတ်ထားပါသည်။ နောက်ပြီး နိုင်ငံအလိုက် တားမြစ်ထားသော ပစ္စည်းများလည်း ရှိသည့်အတွက် ကြိုပြီး စုံစမ်းမေးမြန်းရန် လိုအပ်ပါသည်။

စာရင်းသွင်းခြင်း၊ အကောက်ခွန်ဖြတ်ခြင်း၊ ချောစာ/ထုပ် အခြေအနေစစ်ဆေးခြင်း၊ နိုင်ငံအလိုက် ပို့ဆောင်မှုဆိုင်ရာ အခြေအနေများ၊ ပို့ဆောင်မှုဆိုင်ရာ လမ်းညွှန်ချက်များ စသည့် အသေးစိတ်အကြောင်းအရာများကို ☎1588-1300 သို့ ဆက်သွယ်မေးမြန်းခြင်း၊ သို့မဟုတ် စာတိုက် EMSဟုမ်းပေ့ချ်(ems.epost.go.kr)၊ EMSပရီမီယမ် (www.emspremium.com)တို့တွင် စစ်းဆေးလေ့လာနိုင်ပါသည်။

  • နိုင်ငံခြားသွေးနှော မိသားစုများအတွက် EMS လျှော့စျေးစနစ်
    နိုင်ငံခြားသွေးနှော မိသားစုထဲတွင် နိုင်ငံခြားသားနှင့် နိုင်ငံသားခံယူထားသူများ ကိုရီးယားနိုင်ငံအတွင်း လျင်မြန်စွာ အခြေချနေထိုင်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့လုပ်ငန်း(EMS) ပို့ခအား ထောက်ပံ့ပေးသော စနစ်အဖြစ်၊ မိခင်နိုင်ငံရှိ မိသားစုထံ ပို့သော ပစ္စည်းကို အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့လုပ်ငန်း(EMS) ပစ္စည်းစာရင်းသွင်းအပ်နှံသည့်အခါ နိုင်ငံခြားသွေးနှောမိသားစုဝင် ဖြစ်ကြောင်းကို အထောက်အထားပြနိုင်လျှင် စာတိုက်အသုံးပြုခအား လျှော့စျေးဖြင့် အသုံးပြုနိုင်ပါသည်။
    • လျှော့စျေးရနိုင်သောသူများ
    1. 1နိုင်ငံခြားသားမှတ်ပုံတင်ကတ်တွင် “ကိုရီးယားနိုင်ငံသား၏ အိမ်ထောင်ဖက်” သို့မဟုတ် ဗီဇာ F-6-1, F-6-2, F-6-3ဟု ဖော်ပြထားသူများ
    2. 2နိုင်ငံခြားသွေးနှောမိသားစု အထောက်အကူပြုဥပဒေ ပုဒ်မ2 အပိုဒ်2အရ ကိုရီးယားနိုင်ငံသား၏ အိမ်ထောင်ဖက်၊ နိုင်ငံသားခံယူထားသူဖြစ်ကြောင်း အထောက်အထားပြနိုင်သောသူ
    3. 3နိုင်ငံသားခံယူထားသူဖြစ်ပါက နိုင်ငံသားမှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း စသည်တို့ဖြင့် စစ်ဆေးအတည်ပြုနိုင်သောသူ

(4)ငွေကြေး ဝန်ဆောင်မှု

금융서비스 표 : 구분, 이용가능일, 이용시간, 비고를 포함한 표입니다.
အမျိုးအစား အသုံးပြုနိုင်သော ရက် အသုံးပြုနိုင်သော အချိန် မှတ်ချက်
စာတိုက် ကောင်တာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ကြားရက်(တနင်္လာ~သောကြာ) 09:00~16:30 အစိုးရရုံးပိတ်ရက် အသုံးပြု၍ မရပါ။
CD/ATM* ကြားရက်(တနင်္လာ~သောကြာ) 09:00~18:00 အစိုးရရုံးပိတ်ရက် အသုံးပြု၍ မရပါ။
365 ကော်နာ တစ်နှစ်ပတ်လုံးပိတ်ရက်မရှိ(တနင်္လာ~တနင်္ဂနွေ) (အခြေခံ)
07:00~23:30
အချို့သော နေရာများတွင် 05:00~နောက်နေ့ 04:00(23နာရီ)
  • စာတိုက်အတွင်း ထားရှိသော အလိုအလျောက်စက်

05စာကြည့်တိုက်

စာကြည့်တိုက်တွင် စာအုပ်စာပေများ၊ ရုပ်မြင်သံကြား အချက်အလက်များ စသဖြင့် အမျိုးမျိုးသော အချက်အလက်များကို စုဆောင်း၊ သိမ်းဆည်းထားပြီး ဒေသနေပြည်သူများအတွက် စာပေလေ့လာခြင်း၊ ယဉ်ကျေးမှုဆိုင်ရာများ၊ သက်မွေးဝမ်းကျောင်း ပညာရေးများတွင် အထောက်အကူပြုနေသော ဌာနဖြစ်ပါသည်။ အများစုသော မြို့၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် ဒေသများမှာ စာကြည့်တိုက်များ ဖွင့်လှစ်ထားပါသည်။ စာကြည့်တိုက်မှာ အခမဲ့ အချက်အလက်များ ဖတ်ရှုခြင်း၊ ငှားရမ်းခြင်းများ လုပ်နိုင်ပြီး၊ အမျိုးမျိုးသော ရုပ်မြင်သံကြား အချက်အလက်များကိုလည်း အသုံးပြုနိုင်ပါသည်။ အိမ်နှင့် နီးသော စာကြည့်တိုက်များကို မြို့၊ ခရိုင်၊ မြို့နယ်ရုံးများတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

သိရှိထားရန်!
နိုင်ငံတော်မှ တိုက်ရိုက် ဦးစီးဖွင့်လှစ်ထားသော စာကြည့်တိုက်အနေနှင့် အမျိုးသားဗဟိုစာကြည့်တိုက်(☎02-535-4142) ရှိပါသည်။
  • အသုံးပြုချိန် : အချက်အလက်အခန်း : တနင်္လာ~တနင်္ဂနွေ 09:00~18:00(ညပိုင်း စာကြည့်တိုက် 18:00~22:00)
  • ပိတ်ရက် : လစဉ် ဒုတိယအပတ်နှင့် စတုတ္ထအပတ် တနင်္လာနေ့၊ တနင်္ဂနွေနေ့မှ လွဲပြီး အစိုးရရုံးပိတ်ရက်များ၊ စာတိုက်မှူးမှ ပိတ်ရန် လိုအပ်သည်ဟု သတ်မှတ်သော အခြားသော နေ့များ
  • စာရေးကိရိယာမှလွဲ၍ ကိုယ်ပိုင်ပစ္စည်းများအား လော့ကာထဲ ထည့်ပြီး သိမ်းရန်
  • အသုံးပြုသူ စာရင်းသွင်းခြင်း(ဟုမ်းပေ့ချ်တွင် အမည်ရင်း အတည်ပြုပြီးနောက် မန်ဘာဝင်ရန်) → အသုံးပြုခွင့်ကတ်လျှောက်ရန် → အသုံးပြုခွင့်ကတ် ထုတ်ယူရန် → ဝင်ထွက်ဂိတ် ဖြတ်ရန် → အချက်အလက်အခန်း အသုံးပြုရန် → အချက်အလက်များ အသုံးပြုမှု ပြီးဆုံးခြင်း → အသုံးပြုခွင့်ကတ် ပြန်အပ်ရန်
  • လမ်းညွှန် : ဆိုးလ် မြေအောက်ရထား လိုင်းနံပါတ် 2 ဆောချိုဘူတာ ထွက်ပေါက်နံပါတ် 6 ခြေလျင်ဖြင့် 10မိနစ်၊ လိုင်းနံပါတ် 3·7·9 Express Bus Terminal ဘူတာ ထွက်ပေါက်နံပါတ် 5 ခြေလျင်ဖြင့် 15မိနစ်
အရင်းအမြစ်
အဆိုပါ လမ်းညွှန်စာအုပ်သည် “ဂုံးဂုံးနူရီ ပုံစံ 4 : အရင်းအမြစ်ဖော်ပြရန်+ကိုယ်ကျိုးအတွက် အသုံးပြုခြင်း မပြုရ+ပြောင်းလဲဖော်ပြခြင်း မပြုရ” သတ်မှတ်ချက်များပေါ် မူတည်ပြီး အသုံးပြုနိုင်ပါသည်။