(1)ပုဂ္ဂိုလ်ရေးအချက်အလက်၏ အဓိပ္ပါယ်
ပုဂ္ဂိုလ်ရေးအချက်အလက်ဆိုသည်မှာ အသက်ရှင်သန်နေသော တစ်ဦးချင်း၏ အချက်အလက်များဖြစ်သော အမည်၊ မှတ်ပုံတင်နံပါတ်၊ ပတ်စ်ပို့နံပါတ်၊ နိုင်ငံခြားသားမှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ်ကဲ့သို့သော အချက်အလက်များရှိရုံဖြင့် တစ်စုံတစ်ယောက်အား သိရှိနိုင်ခြင်း သို့မဟုတ် အခြားသော အချက်အလက်များနှင့် ပေါင်းစပ်ပြီး သိရှိနိုင်သော အချက်အလက်များသည်လည်း ပုဂ္ဂိုလ်ရေးအချက်အလက်ထဲတွင် ပါဝင်ပါသည်။
(2)ပုဂ္ဂိုလ်ရေးအချက်အလက် အမျိုးအစားနှင့် အဓိပ္ပါယ်
- 1 ကိုယ်ရေးအချက်အလက်
- ရိုးရိုးအချက်အလက် : အမည်၊ မှတ်ပုံတင်နံပါတ်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ မွေးသက္ကရာဇ်၊ မွေးရပ်ဇာတိ၊ လိင်အမျိုးအစား စသည်
- မိသားစုအချက်အလက် : မိသားစုတော်စပ်မှုနှင့် မိသားစုဝင်တို့၏ အချက်အလက်များ စသည်
- 2 ရုပ်ပိုင်းဆိုင်ရာအချက်အလက်
- ရုပ်ပိုင်းဆိုင်ရာအချက်အလက် : မျက်နှာ၊ မျက်လုံး၊ အသံ၊ DNAအချက်အလက်၊ လက်ဗွေ၊ အရပ်၊ ကိုယ်အလေးချိန် စသည်
- ဆေးဘက်ဆိုင်ရာ၊ ကျန်းမာရေးအချက်အလက် : ကျန်းမာရေးအခြေအနေ၊ ဆေးကုသမှု မှတ်တမ်း၊ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှု၊ မသန်စွမ်းမှုအဆင့်၊ နာမကျန်းမှုဆိုင်ရာ ရာဇဝင်၊ သွေးအမျိုးအစား၊ IQ၊ ဆေးဝါးစစ်ဆေးမှု စသည့် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုဆိုင်ရာ အချက်အလက် စသည့်
- 3စိတ်ပိုင်းဆိုင်ရာ အချက်အလက်
အတွေးအခေါ်၊ ယုံကြည်ကိုးကွယ်မှု၊ တန်ဖိုးထားမှု၊ ပါတီ သို့မဟုတ် လုပ်သားအဖွဲ့ ဝင်ထားမှု ရှိမရှိနှင့် လှုပ်ရှားမှု အကြောင်းအရာများ စသည် - 4လူမှုရေးအချက်အလက်
ပညာအရည်အချင်း၊ အမှတ်စာရင်း၊ နေထိုင်မှုဆိုင်ရာ မှတ်တမ်း၊ စစ်မှုထမ်းဆောင်မှု ရှိမရှိ၊ တပ်သားနံပါတ်နှင့် ရာထူး၊ စစ်မှုထမ်းဆောင်မှု အမျိုးအစား၊ တာဝန်ထမ်းခဲ့သည့် တပ်၊ အလုပ်အကိုင်၊ အလုပ်ရှင်၊ အလုပ်နေရာ၊ အလုပ်နှင့် ပတ်သက်သော အကဲဖြတ်မှုမှတ်တမ်း၊ ပြစ်မှုကျူးလွန်ဖူးခြင်း ရှိမရှိ မှတ်တမ်း၊ တရားရင်ဆိုင်မှုဆိုင်ရာ မှတ်တမ်း၊ ဒဏ်ကြေး ပေးဆောင်မှုဆိုင်ရာ အကြောင်းအရာများ စသည် - 5ပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်
လစာ၊ အတိုးဝင်ငွေ၊ လုပ်ငန်းဝင်ငွေ၊ အကြွေးဝယ်ကတ်နံပါတ်၊ ဘဏ်အကောင့်နံပါတ်၊ ခရက်ဒစ်အကဲဖြတ်မှု အချက်အလက်၊ အိမ်ပိုင်ဆိုင်မှု၊ မြေ၊ ကား၊ စျေးဆိုင်နှင့် အဆောက်အအုံ စသည် - 6အခြားအချက်အလက်
အီးမေးလ်လိပ်စာ၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်း၊ ဂျီပီအက်စ်နှင့် မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် လူတစ်ဦး၏ တည်နေရာအချက်အလက် အစရှိသည်
(3)ပုဂ္ဂိုလ်ရေးအချက်အလက် ကာကွယ်ထိန်းသိမ်းနည်း လမ်းညွှန်
- 1လျှို့ဝှက်နံပါတ်ကို အခြားသူ မသိနိုင်အောင် သတ်မှတ်ပြီး ပုံမှန် မကြာခဏ ကြီးကြပ်ထိန်းသိမ်းရန်
- မန်ဘာဝင်အကောင့်ဖွင့်သည့်အခါ လျှို့ဝှက်နံပါတ်ကို အခြားသူ မသိနိုင်သော စာလုံး၊ ဂဏန်း၊ အထူးသင်္ကတ စသည်တို့ကို 3မျိုးနှင့် အထက် ပေါင်းစပ်ပြီး 8လုံးနှင့်အထက် သတ်မှတ်ပါ။
- လျှို့ဝှက်နံပါတ်ကို အနည်းဆုံး 3လ တစ်ကြိမ် ပုံမှန် ပြောင်းပေးရမည် ဖြစ်ပြီး ဝက်ဘ်ဆိုက် အမျိုးမျိုးတွင် တူညီသော လျှို့ဝှက်နံပါတ်များ အသုံးပြုခြင်းအား ရှောင်ကြဉ်ပါ။
- 2မိမိ၏ အချက်အလက်ကို အခြားသူထံ ပေးသိခြင်း သို့မဟုတ် SNS စသည်တို့တွင် လွန်ကဲစွာ ဖော်ပြခြင်းများ မပြုရန်။
- မိမိ၏ အိုင်ဒီနှင့် လျှို့ဝှက်နံပါတ်၊ မှတ်ပုံတင်နံပါတ် စသည့် ပုဂ္ဂိုလ်ရေးအချက်အလက်များ မပေါက်ကြားစေရန် သတိထားထိန်းသိမ်းကာ မိတ်ဆွေသူငယ်ချင်း သို့မဟုတ် အခြားသူများထံ အသိပေးခြင်း မပြုပါနှင့်။
- မိမိ၏ SNSပေါ်တွင် ဖုန်းနံပါတ်၊ တည်နေရာအချက်အလက်၊ လိပ်စာ စသည့် ပုဂ္ဂိုလ်ရေး အချက်အလက်များကို လိုအပ်သည်ထက် ပိုပြီး ဖော်ပြခြင်းမျိုးကို ရှောင်ကြဉ်ပါ။
- အကယ်၍ အကောင့်ဖွင့်၍ လက်ဆောင်ပစ္စည်း ရယူလိုခြင်း စသည့် အကြောင်းပြချက်ဖြင့် ပုဂ္ဂိုလ်ရေးအချက်အလက်များ ပေးသည့်အခါမျိုးတွင် ပုဂ္ဂိုလ်ရေးအချက်အလက် ကောက်ခံခြင်း၊ ပုဂ္ဂိုလ်ရေး အချက်အလက် အသုံးပြုမည့် နေရာ၊ ကာလ၊ ရည်ရွယ်ချက် စသည့် အချက်များကို သတိကြီးစွာထား၍ ဖတ်ကြည့်ပါ။
- 3ဇာစ်မြစ် မသိနိုင်သော စာတိုမက်ဆေ့များ သို့မဟုတ် မေးလ်များ၏ အင်တာနက် လိပ်စာ(URL)များကို ကလစ်မနှိပ်ပါနှင့်။
- စာတိုမက်ဆေ့ သို့မဟုတ် မေးလ်တွင် ပူးတွဲပါ ပရိုဂရမ်မှတစ်ဆင့် ပုဂ္ဂိုလ်ရေး အချက်အလက်များ ခိုးယူပြီး ရာဇဝတ်မှုများတွင် အသုံးပြုခြင်း ခံရနိုင်ပါသည်။ ဇာစ်မြစ် မသိရသော စာတိုမက်ဆေ့များ သို့မဟုတ် မေးလ်များ လက်ခံရရှိပါက လက်လွတ်စပယ် ပူးတွဲပါ ဖိုင်များကို ဒေါင်းလုတ်ဆွဲခြင်း သို့မဟုတ် URLကို ကလစ်နှိပ်ခြင်းအား ရှောင်ကြဉ်ပါ။
- သံသယရှိသော စာတိုမက်ဆေ့များ သို့မဟုတ် မေးလ်များကို လုံးဝ ဝင်မကြည့်ဘဲ ချက်ချင်း ဖျက်ပစ်ပါ။
- 4ငွေကြေးလွှဲပြောင်းသည့်အခါ ပုဂ္ဂိုလ်ရေး အချက်အလက် ကာကွယ်ထိန်းသိမ်းမှုနှင့် ပတ်သက်ပြီး အထူး သတိထားရန်
- ငွေကြေးလွှဲပြောင်းသည့်အခါ အင်တာနက်ဘဏ်ကင်း အကောင့်၊ ဒီဂျစ်တယ်ဆာတီဖီကိတ် စသည်တို့ အဟက်ခံရပြီး ငွေကြေးဆိုင်ရာ ဆုံးရှုံးနစ်နာမှုများ ကြုံရသော သာဓကများစွာ ရှိပါသည်။ ငွေရေးကြေးရေးဆိုင်ရာ ပုဂ္ဂိုလ်ရေး အချက်အလက်များ ပေးခြင်းနှင့် အသုံးပြုခြင်းများ လုပ်သည့်အခါ ပိုပြီး သတိထားရန် လိုအပ်ပါသည်။
- ငွေကြေးလွှဲပြောင်းသည့်အခါ အကြွေးဝယ်ကတ်နံပါတ်ကဲ့သို့သော ငွေကြေးဆိုင်ရာ အချက်အလက်များ စသည်ကို သိမ်းဆည်းသည့်အခါ လျှို့ဝှက်နံပါတ် ထားပြီး၊ ဖြစ်နိုင်လျှင် PC ဆိင် စသည့် အများသုံး PCများကို အသုံးပြုခြင်းအား ရှောင်ကြဉ်ပါ။
- 5သားသမီး၏ ပုဂ္ဂိုလ်ရေး အချက်အလက်များကို ကာကွယ်ထိန်းသိမ်းရန်အတွက် အခြေခံအချက်များကို စစ်ဆေးရန်
ကိုရီးယားနိုင်ငံ၏ ဥပဒေတွင် အသက် 14နှစ်အောက် ကလေး၏ ပုဂ္ဂိုလ်ရေး အချက်အလက်ကို အုပ်ထိန်းသူ၏ သဘောတူညီချက် ရှိမှသာလျှင် တောင်းခံနိုင်ပါသည်။ သားသမီး၏ ပုဂ္ဂိုလ်ရေး အချက်အလက်များ ပေးရသော ဝန်ဆောင်မှု၏ အကြောင်းအရာနှင့် ပုဂ္ဂိုလ်ရေး အချက်အလက်များ အသုံးပြုမည့် နေရာကို သေချာစွာ စစ်ဆေးကြည့်ရှုရမည် ဖြစ်ပါသည်။ - 6ပုဂ္ဂိုလ်ရေး အချက်အလက်ဆိုင်ရာများ စုံစမ်းရန် ☎ 118 ဆွေးနွေးမှုစင်တာအား အသုံးပြုရန်
ဟက်ကင်း၊ ပုဂ္ဂိုလ်ရေး အချက်အလက်၊ spam စသည့် ဆိုက်ဘာ ပြဿနာ ဆွေးနွေးမှုများကို ကုဒ်နံပါတ် မလိုဘဲ ☎118သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။(365ရက် 24နာရီ)
(4)ပုဂ္ဂိုလ်ရေး အချက်အလက် ကာကွယ်ထိန်းသိမ်းမှုအကြောင်း သင်တန်းလမ်းညွှန်
- ကိုယ်ရေးအချက်အလက် အယူအဆနှင့် ၎င်းကိုကာကွယ်ပုံအကြောင်း ပညာပေးမှုကို လိုအပ်ပါက ကိုယ်ရေးအချက်အလက် သင်ယူမှုစင်တာ (Personal Information Learning Center) (edu.privacy.go.kr) ရှိ အွန်လိုင်းပညာပေးမှုတွင် ပါဝင်ပေးပါ။
အဆိုပါ လမ်းညွှန်စာအုပ်သည် “ဂုံးဂုံးနူရီ ပုံစံ 4 : အရင်းအမြစ်ဖော်ပြရန်+ကိုယ်ကျိုးအတွက် အသုံးပြုခြင်း မပြုရ+ပြောင်းလဲဖော်ပြခြင်း မပြုရ” သတ်မှတ်ချက်များပေါ် မူတည်ပြီး အသုံးပြုနိုင်ပါသည်။