01သာမန်ကျန်းမာရေးစစ်ဆေးခြင်း
သွေးတိုး၊ ဆီးချိုသွေးချိုရောဂါ စသည့် နှလုံးနှင့် ဦးနှောက်သွေးကြောရောဂါများအား စောစီးစွာ သိရှိခြင်းနှင့် နေထိုင်သည့် အမူအကျင့်များကို ပြင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါသည်။
- (စစ်ဆေးနိုင်သည့်သူများနှင့် စစ်ရမည့် အချိန်) အလုပ်မှတစ်ဆင့် ကျန်းမာရေးအာမခံသွင်းနေသူများ၊ အိမ်ထောင်ဦးစီး ဒေသခံစာရင်းသွင်းသူ၊ အသက် 20နှင့်အထက် ဒေသခံစာရင်းသွင်းသူ၏ အိမ်ထောင်စုဝင်နှင့် မှီခိုသူ(2နှစ်လျှင် 1ကြိမ်၊ သို့သော် အလုပ်မှတစ်ဆင့် ကျန်းမာရေးအာမခံသွင်းနေသူများထဲမှ ရုံးလုပ်ငန်းဆိုင်ရာ ဝန်ထမ်းများ မဟုတ်ပါက နှစ်စဉ် စစ်ဆေးနိုင်ပါသည်။)
- ဆေးကုသစရိတ်ခံစားခွင့် ရယူနေသူ: အသက် 20~64နှစ် (အသက် 66နှစ်နှင့် အထက်ဖြစ်ပါက ဆေးကုသစရိတ်ခံစားခွင့်ဆိုင်ရာ အသက်အပိုင်းအခြား အပြောင်းအလဲကာလအတွက် ကျန်းမာရေးစစ်ဆေးခြင်းများ လုပ်ပေးပါသည်။)
- (စစ်ဆေးခြင်းတွင် ပါဝင်သည့်အချက်များ) ဘုံပါဝင်သည့် အချက်များနှင့် လိင်အမျိုးအစားနှင့် အသက်အရွယ်အလိုက် ပါဝင်သည့်အချက်များ
- (ဘုံပါဝင်သည့်အချက်များ) စမ်းသပ်ခြင်းနှင့် ဆွေးနွေးခြင်း၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု တိုင်းတာခြင်း၊ အမြင်အာရုံ၊ အကြားအာရုံစစ်ဆေးခြင်း၊ X-ray ရိုက်ခြင်း၊ သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ ခံတွင်း စစ်ဆေးခြင်း
- (လိင်အမျိုးအစားနှင့် အသက်အလိုက် အချက်များ) စစ်ဆေးမှု/စမ်းသပ်မှု အချက်တစ်ခုစီအတွက် သတ်မှတ်ချက်နှင့်ညီသော လိင်အမျိုးအစားနှင့် အသက်တို့ ကွဲပြားပါသည်။ အချက်များမှာ အဆီဓာတ်မူမမှန်ခြင်း၊ အသည်းရောင်အသားဝါဘီ ပဋိဇာတ်များ/ပဋိပစ္စည်းများ၊ အသည်းရောင်အသားဝါစီ ပဋိပစ္စည်းများ၊ အရိုးသတ္ထုဓာတ် သိပ်သည်းဆ စစ်ဆေးခြင်း၊ သိမှတ်မှု ချို့ယွင်းခြင်း၊ စိတ်ကျန်းမာရေး စစ်ဆေးမှု၊ လူနေမှုပုံစံ အမူအကျင့် စစ်ဆေးခြင်း၊ သက်ကြီးရွယ်အို ကာယလုပ်ဆောင်မှု စမ်းသပ်ခြင်းနှင့် သွားဘက်ဆိုင်ရာ ကျောက်ချိုးစစ်ဆေးခြင်းတို့ ဖြစ်ပါသည်။
- (ရောဂါရှာဖွေစစ်ဆေးခြင်း) ကျန်းမာရေးစစ်ဆေးခြင်းရလဒ်အရ သွေးတိုး၊ ဆီးချိုသွေးချိုရောဂါ၊ အဆုပ်ရောဂါတီဘီ သံသယရှိသူသည် နောက်နှစ် 1လပိုင်းကုန်အထိ ကာယကံရှင် ကျခံရန် မလိုဘဲ နီးစပ်ရာ ဆေးရုံ၊ဆေးခန်းများတွင် စမ်းသပ် စစ်ဆေးခြင်းများ လုပ်နိုင်ပါသည်။(သွေးတိုး၊ ဆီးချိုသွေးချိုရောဂါ စစ်ဆေးခြင်းသည် အထွေထွေဆေးရုံ၊ တတိယအဆင့်အထွေထွေဆေးရုံများ မပါဝင်ပါ။)
02ကင်ဆာစစ်ဆေးခြင်း
ဖြစ်နိုင်ချေ မြင့်မားပြီး စောစီးစွာ ရောဂါရှာတွေ့ပါက ကုသနိုင်သော ကင်ဆာရောဂါကြီး 6 မျိုးအား စစ်ဆေးခြင်း
- စစ်ဆေးနိုင်သည့် သူများနှင့် စစ်ရမည့် အချိန် : အစာအိမ်ကင်ဆာ(အသက် 40နှင့်အထက်၊ 2နှစ် ပြည့်သည့်အခါ)၊ အူမကြီးကင်ဆာ(အသက် 50နှင့်အထက်၊ 1နှစ် ပြည့်သည့်အခါ)၊ ရင်သားကင်ဆာ(အသက် 40နှင့်အထက်၊ 2နှစ် ပြည့်သည့်အခါ), သားအိမ်ခေါင်းကင်ဆာ(အသက် 20နှင့်အထက်၊ 2နှစ် ပြည့်သည့်အခါ), အသည်းကင်ဆာ(အသက် 40နှင့်အထက် အန္တရာယ်များသည့်အုပ်စု၊ 6လ ပြည့်သည့်အခါ)၊ အဆုပ်ကင်ဆာ(အသက် 54~74နှစ် အန္တရာယ်များသည့်အုပ်စု၊ 2နှစ် ပြည့်သည့်အခါ)
- နိုင်ငံတော် ကင်ဆာစစ်ဆေးခြင်းပရိုဂရမ်တွင် အူမကြီးကင်ဆာ အဆင့် 2စစ်ဆေးခြင်း(အူမကြီး မှန်ပြောင်းကြည့်ခြင်း)လုပ်ခဲ့သူနှင့် ကင်ဆာကြီး 6မျိုး ကုသမှုဆိုင်ရာ အထူးခံစားခွင့် ယူခဲ့ပြီးသူများသည် ကင်ဆာစစ်ဆေးခြင်းအား 5နှစ်တာအတွင်း ထပ်မံ လုပ်ရန် မလိုပါ(သီးခြား လျှောက်ထားပါက စစ်ဆေးခြင်း လုပ်နိုင်ပါသည်။)။
03နို့စို့ကလေးနှင့် ကလေးငယ်များ ကျန်းမာရေးစစ်ဆေးခြင်း
နို့စို့ကလေးနှင့် ကလေးငယ်များ အားလုံး ကျန်းမာစွာ ကြီးပြင်းနိုင်စေရန် မစစ်မနေရ စစ်ဆေးခြင်းများနှင့် အုပ်ထိန်းသူ ပညာပေးခြင်းများ ဆောင်ရွက်ခြင်း
- သတ်မှတ်ချက်နှင့်ညီမှု - အသက်ခြောက်နှစ်အောက် မွေးကင်းစကလေးများနှင့် လမ်းလျှောက်တတ်စ ကလေးများ (14 ရက်သားမှ 71 လသားအထိ) သည် စစ်ဆေးသည့် အသက်အပိုင်းအခြား တစ်ခုစီအတွက် ကျန်းမာရေး စစ်ဆေးမှုကို ရရှိပါသည် (စုစုပေါင်း စစ်ဆေးမှု ရှစ်ခု)။
- မွေးပြီး 14~35ရက် ကျန်းမာရေးစစ်ဆေးခြင်း အသစ် … 2021.1.1နေ့ စတင်ကျင့်သုံးပါသည်။
- စစ်ဆေးခြင်းတွင် ပါဝင်သည့်အချက်များ : စမ်းသပ်ခြင်းနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုတိုင်းတာခြင်း၊ ကြီးထွားဖွံ့ဖြိုးမှု အကဲဖြတ်ခြင်းနှင့် ဆွေးနွေးမှုလုပ်ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ ခံတွင်းစစ်ဆေးခြင်း
04ကျောင်းပြင်ပ လူငယ်များ ကျန်းမာရေးစစ်ဆေးခြင်း
ကျောင်းပြင်ပ လူငယ်များအား ပုံမှန် ကျန်းမာရေးစစ်ဆေးခြင်းများ လုပ်ပေးပြီး ကျန်းမာစွာ ကြီးပြင်းလာစေရန် အထောက်အကူပေးခြင်း
- စစ်ဆေးနိုင်သည့် သူများ : အသက် 9နှစ်~18နှစ် ကျောင်းပြင်ပ လူငယ်များ
- နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှုနှင့် ထပ်တူကျမနေပါက အသက် 19 နှစ်အရွယ် ကျောင်းမနေသော လူငယ်များသည် ဤကျန်းမာရေး စစ်ဆေးမှုကို ရရှိနိုင်ပါသည်။
- စစ်ဆေးခြင်းတွင် ပါဝင်သည့် အချက်များ : ဆွေးနွေးမှုနှင့် စမ်းသပ်ခြင်း၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုတိုင်းတာခြင်း၊ သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ ခံတွင်း စစ်ဆေးခြင်း စသဖြင့် အခြေခံ စစ်ဆေးခြင်းနှင့် ရွေးချယ် စစ်ဆေးခြင်း
- စစ်ဆေးခြင်းရလဒ်အရ သွေးတိုး၊ ဆီးချိုသွေးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွေးတွင်းအဆီဓာတ်မမျှတခြင်း၊ အသည်းရောင်အသားဝါ Cပိုး၊ ဆစ်ဖလစ် ရောဂါသံသယရှိသူသည် ရောဂါရှာဖွေစစ်ဆေးခြင်း လုပ်ရပါမည်။
05ကျန်းမာရေးစစ်ဆေးခြင်း ခံယူရမည့်ကာလ
- လက်ရှိရောက်နေသောနှစ် 12လပိုင်း 31ရက်နေ့အထိ
- သို့ရာတွင် အတည်ပြုရန် စစ်ဆေးမှုကို လာမည့်နှစ် ဇန်နဝါရီလ 31 ရက် နောက်ဆုံးထား၍ ပြီးအောင်လုပ်ရပါမည်။
- နို့စို့ကလေးနှင့် ကလေးငယ်များ စစ်ဆေးခြင်းမှာ စုစုပေါင်း 8ကြိမ်ဖြစ်ပြီး အကြိမ်အလိုက်(လဖြင့် အသက် သတ်မှတ်စံနှုန်း) စစ်ဆေးရမည့်ကာလအတွင်း စစ်ဆေးရပါမည်။
- ကျောင်းပြင်ပ လူငယ်များ ရောဂါရှာဖွေစစ်ဆေးခြင်းကိုမူ နောက်နှစ် 3လပိုင်း 31ရက်အထိဆောင်ရွက်နိုင်ပါသည်။
06ကုန်ကျစရိတ်ကျခံပုံ
- သာမန်ကျန်းမာရေးစစ်ဆေးခြင်း၊ ရောဂါရှာဖွေစစ်ဆေးခြင်း၊ နို့စို့ကလေးနှင့် ကလေးငယ်များ ကျန်းမာရေးစစ်ဆေးခြင်း > ကာယကံရှင်ကျခံရမည့် စရိတ် မရှိပါ။
- ကျောင်းပြင်ပ လူငယ်များ ကျန်းမာရေးစစ်ဆေးခြင်း > ကာယကံရှင်ကျခံရမည့် စရိတ် မရှိပါ(အလုံးစုံ နိုင်ငံ့ဘဏ္ဍာထဲမှ ထောက်ပံ့ခြင်း)
- ကင်ဆာစစ်ဆေးခြင်း > ကာယကံရှင် ကျခံမှု 10%(သို့သော် ကင်ဆာစစ်ဆေးခြင်း ကုန်ကျစရိတ် ထောက်ပံ့မှု ရနိုင်သည့်သူ(နိုင်ငံတော်ကင်ဆာစစ်ဆေးခြင်းပရိုဂရမ်)၊ ဆေးကုသစရိတ်ခံစားခွင့် ရယူနေသောသူနှင့် သားအိမ်ခေါင်းကင်ဆာ၊ အူမကြီးကင်ဆာ စစ်ဆေးခြင်းများသည် 100ရာခိုင်နှုန်း အမျိုးသားကျန်းမာရေးအာမခံဌာနမှ ကျခံခြင်းဖြစ်သည့်အတွက် ကာယကံရှင် ကျခံရမည့် စရိတ် မရှိပါ။)
ကျန်းမာရေးစစ်ဆေးခြင်း အဆင့်ဆင့်
- ကျန်းမာရေးစစ်ဆေးခြင်း ခံယူရမည့်သူ အတည်ပြုခြင်း
- အမျိုးသားကျန်းမာရေးအာမခံဌာနမှ စစ်ဆေးခြင်း ခံယူရမည့်သူထံ ပို့ပေးသည့် စစ်ဆေးခြင်းဇယား သို့မဟုတ် အမျိုးသားကျန်းမာရေးအာမခံဌာန ဟုမ်းပေ့ချ်နှင့် မိုဘိုင်းအက်ပလီကေးရှင်း(The건강보험<ကျန်းမာရေးအာမခံ>)မှတစ်ဆင့် လက်ရှိရောက်ရှိနေသည့်နှစ် ကျန်းမာရေးစစ်ဆေးခြင်း ခံယူခွင့် ရှိမရှိနှင့် စစ်ဆေးမည့် အချက်များကို စစ်ဆေးကြည့်နိုင်ပါသည်။
- ကျန်းမာရေးစစ်ဆေးသည့်ဌာန ကြိုတင်ဘိုကင်ယူရန်နှင့် သွားရောက်စစ်ဆေးရန်
- နေထိုင်ရာဒေသ ကြည့်ရန်မလိုဘဲ သတ်မှတ်ထားသည့် ကျန်းမာရေးစစ်ဆေးသည့်ဌာနဖြစ်ပါက နေရာမရွေး စစ်ဆေးခြင်း ခံယူနိုင်ပြီး စစ်ဆေးသည့်ဌာနသို့ မှတ်ပုံတင် ယူဆောင်သွားကာ စစ်ဆေးခြင်းခံယူနိုင်ပါသည်။
- စစ်ဆေးထားသည့် ရလဒ် အကြောင်းကြားခြင်း
- ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့သော ဌာနမှ ကာယကံရှင်ထံ ဆေးစစ်ချက်အဖြေများ ပို့ပေးပါသည်။
- နှစ်ကုန်ပိုင်းတွင် ကျန်းမာရေးစစ်ဆေးသူများ စုပြုံပြီး စစ်ဆေးကြသည့်အတွက် ဘိုကင်ယူရန် ခက်ခဲနိုင်သဖြင့် ကြိုတင်၍ ကျန်းမာရေးစစ်ဆေးမှု ခံယူကြရန် မေတ္တာရပ်ခံပါသည်။
စုံစမ်းရန် : အမျိုးသားကျန်းမာရေးအာမခံဌာန ကာစတန်မာစင်တာ ☎ 1577-1000
အဆိုပါ လမ်းညွှန်စာအုပ်သည် “ဂုံးဂုံးနူရီ ပုံစံ 4 : အရင်းအမြစ်ဖော်ပြရန်+ကိုယ်ကျိုးအတွက် အသုံးပြုခြင်း မပြုရ+ပြောင်းလဲဖော်ပြခြင်း မပြုရ” သတ်မှတ်ချက်များပေါ် မူတည်ပြီး အသုံးပြုနိုင်ပါသည်။