ဒါနူရီကောလ်စင်တာ : 1577-1366
가족상담전화 : 1644-6621
ဆိုးလ် ဂျွန်းဂူ ထွယ်ဂရဲရို 173၊ 21လွှာ၊ 24လွှာ(ချွန်းမူရို 3ဂါ၊ NAMSAN SQUARE building)
Copyright ⓒ KOREA INSTITUTE FOR HEALTHY FAMILY. All Rights Reserved
ကိုရီးယားလူမျိုးများသည် ပုံမှန်အချိန်များတွင် အနောက်တိုင်းပုံစံ အဝတ်များ ဝတ်ဆင်ကြပါသည်။ ရာသီဥတု အပြောင်းအလဲပေါ် မူတည်ပြီး နွေဦးနှင့် ဆောင်းဦးတွင် လက်ရှည်အင်္ကျီများ ဝတ်ဆင်ကြပြီး၊ ပူပြင်းသော နွေရာသီတွင်မူ လက်တိုအင်္ကျီများ ဝတ်ဆင်ကြပါသည်။ ရာသီဥတု ချမ်းအေးသည့် ဆောင်းရာသီတွင်မူ ကုတ်အင်္ကျီများ၊ jumper စသည်တို့ကို အပေါ်က ထပ်ဝတ်ကြပါသည်။ ကုမ္ပဏီသို့ အလုပ်သွားသည့်အခါ၊ အရေးကြီးသည့် မိသားစုတွေ့ဆုံပွဲများ ရှိသည့်အခါ၌ ပုံမှန်အားဖြင့် အနောက်တိုင်းဝတ်စုံကို ဝတ်စုံပြည့် ဝတ်ဆင်ကြပါသည်။
ကိုရီးယား ရိုးရာဝတ်စုံကို ‘ဟန်းဘို့’ဟု ခေါ်ပါသည်။ မျဉ်းဖြောင့်နှင့် မျဉ်းကွေးတို့ လိုက်ဖက်ညီပြီး ရိုးရှင်းလှပသော အလှကို ပိုင်ဆိုင်ထားပါသည်။ ရိုးရာဝတ်စုံ အမျိုးအစားများမှာ ပွဲဝတ်စုံနှင့် ရိုးရိုးဝတ်စုံ၊ အမျိုးသား၊ အမျိုးသမီး၊ အသက်အရွယ်အလိုက်၊ ရာသီဥတုအလိုက် အမျိုးအစားများ ခွဲထားပါသည်။ အခြေခံအားဖြင့် အမျိုးသား ရိုးရာဝတ်စုံသည် ဘောင်းဘီနှင့် ရင်ဖုံးလက်ရှည်အင်္ကျီ၊ အမျိုးသမီး ရိုးရာဝတ်စုံသည် စကတ်နှင့် ရင်ဖုံးလက်ရှည်အင်္ကျီတို့ ဖြစ်ပါသည်။ အပေါ်မှ လက်ပြတ်အင်္ကျီ၊ အပေါ်ဖုံးလက်ရှည်၊ အပေါ်ဝတ်ဒူးဖုံးလက်ရှည် စသည်တို့ ထပ်ဝတ်ကြပါသည်။
ဘောင်းဘီနှင့် ဂျော်ဂိုရီကို အစဉ်အတိုင်း ဝတ်ရပါသည်။ ဘောင်းဘီ ဝတ်ဆင်သည့်အခါ ခါးပတ်ကြိုးကို ညာဘက်မှ ဘယ်ဘက်သို့ ပတ်ရပါမည်။ ဘောင်းဘီအောက်ခြေကို ကြိုးဖြင့် ချည်ပါသည်။ ဂျော်ဂိုရီ ဝတ်ပြီးနောက် ကြိုးချည်ပြီး အပေါ်က အပေါ်ဖုံးလက်ပြတ်နှင့် အပေါ်ဖုံးလက်ရှည်ကို ထပ်ဝတ်ပါသည်။ အပေါ်ဖုံးဒူးအုပ်လက်ရှည်အင်္ကျီကို ကန်တော့သည့်အခါများနှင့် အပြင်ထွက်သည့်အခါတွင် ထပ်ဝတ်ကြပါသည်။
အတွင်းခံဘောင်းဘီ၊ ခြေအိတ်၊ အတွင်းခံစကတ်တို့ကို အစဉ်အတိုင်း ဝတ်ဆင်ပြီး၊ အပေါ်မှ အလှစကတ်ကို ထပ်ဝတ်ပါသည်။ အလှစကတ်စကို ဘယ်ဘက်သို့ ရောက်အောင် ပတ်မှသာ မှန်ကန်ပါသည်။ အတွင်းဝတ် ရင်ဖုံးလက်ရှည်နှင့် အပြင်ဝတ် ရင်ဖုံးလက်ရှည်တို့ကို ဝတ်ဆင်ပြီးနောက် နောက်သို့ လန်မသွားအောင် ရှေ့မှ ဆွဲချပြီး သေသပ်အောင် နေရာချပါသည်။ အင်္ကျီကြိုးကို ချည်ပြီးနောက် ကြိုး 2ခု အရှည် ညီအောင် ထားရပါသည်။