ကိုရီးယားနိုင်ငံ၏ တက္ကသိုလ်များသည် 4နှစ် သင်ယူရသော တက္ကသိုလ်နှင့် 2~3နှစ် သင်ယူရသော အသက်မွေးဝမ်းကြောင်းတက္ကသိုလ်ဟူ၍ ရှိပါသည်။ များသောအားဖြင့် 4နှစ် တက်ရသည့် တက္ကသိုလ်များတွင် အလုပ်အကိုင်ထက် အထူးပြုဘာသာရပ်ကို သင်ယူလေ့လာခြင်းဖြစ်ပြီး၊ 2နှစ် တက်ရသည့် အသက်မွေးဝမ်းကြောင်း တက္ကသိုလ်များတွင်မူ အလုပ်အကိုင်နှင့် သက်ဆိုင်သော နည်းပညာများကို သင်ယူရပါသည်။ တက္ကသိုလ် ဆက်တက်လိုသည့် အခါတွင် ကျောင်းသားမှတ်တမ်းကို အဓိကထား ခေါ်ယူသည့် ကျောင်းဝင်ခွင့်နှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲရလဒ်ကို အဓိကထား ခေါ်ယူသည့် ကျောင်းဝင်ခွင့်များကို လျှောက်ထားနိုင်ပါသည်။။ ကျောင်း၊ ကျောင်းဝင်ခွင့်ပုံစံ၊ ခေါ်ယူသည့်ဌာနများအလိုက် ကျောင်းသား ရွေးချယ်သည့် နည်းလမ်းများသည် အနည်းငယ် ကွာခြားသည့်အတွက် ကျောင်းသားများအနေဖြင့် တက္ကသိုလ်အလိုက် ဖော်ပြထားသည့် ကျောင်းသားခေါ်ယူမှုလမ်းညွှန်များကို သေချာကြည့်ရှုပြီး လျှောက်ထားရမည် ဖြစ်ပါသည်။။ အချို့ တက္ကသိုလ်များတွင်မူ ‘နိုင်ငံခြားသွေးနှောမိသားစုမှ သားသမီးများ’ကို လျှောက်ထားခွင့်တစ်ခုအနေနှင့် သတ်မှတ်ပေးသော ဝင်ခွင့်ပုံစံတစ်ခု ထားပေးသော ကျောင်းများလည်း ရှိပြီး၊ ‘မိဘ နှစ်ဦးလုံး နိုင်ငံခြားသားဖြစ်သည့် နိုင်ငံခြားသား’နှင့် ‘နိုင်ငံခြားမှ ကိုရီးယားနိုင်ငံ မူလတန်း၊ အလယ်တန်းကျောင်းပညာရေးနှင့် တူညီသော ကျောင်းသင်ရိုး(12နှစ်) အပြီးအစီး တက်ရောက်ခဲ့သည့် ပြည်ပရောက် ကိုရီးယားနိုင်ငံသား၊ နိုင်ငံခြားသား၊ ကိုရီးယားနိုင်ငံသားခံယူထားသူ’ ဖြစ်ပါက ‘ပြည်ပရောက်ကိုရီးယားနိုင်ငံသားနှင့် နိုင်ငံခြားသား အထူးဝင်ခွင့်ပုံစံ’ တွင် ဝင်ရောက်ဖြေဆိုနိုင်ပါသည်။
တက္ကသိုလ်ကတော့ 4နှစ် တက်ရသည့် တက္ကသိုလ်၊ စက်မှုလုပ်ငန်းဆိုင်ရာ တက္ကသိုလ်၊ ပညာရေးတက္ကသိုလ်(ဆရာဖြစ်တက္ကသိုလ်)၊ ရုပ်သံလွှင့်သင်ကြားရေးတက္ကသိုလ်နှင့် ဆိုက်ဘာတက္ကသိုလ်၊ 2~3နှစ် တက်ရသည့် အသက်မွေးဝမ်းကြောင်းတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် စသည်တို့ ရှိပါသည်။
အမျိုးအစား | အကြောင်းအရာ |
---|---|
တက္ကသိုလ် | ကဏ္ဍမျိုးစုံ မေဂျာစုံရှိပြီး၊ အထက်တန်းကျောင်း ပြီးစီးထားသူများ တက်ရောက်မှု များသည့် တက္ကသိုလ် |
စက်မှုလုပ်ငန်းဆိုင်ရာတက္ကသိုလ် | အဓိကအားဖြင့် စက်မှုလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားကို တိုးမြှင့်ပေးသော တက္ကသိုလ် |
ပညာရေးတက္ကသိုလ်(ဆရာဖြစ်တက္ကသိုလ်) | မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်း ဆရာ၊ ဆရာမများကို ပျိုးထောင်ပေးသော တက္ကသိုလ် |
အသက်မွေးဝမ်းကြောင်းတက္ကသိုလ် | ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေးသော တက္ကသိုလ် |
ရုပ်သံလွှင့်သင်ကြားရေးတက္ကသိုလ်နှင့် ဆိုက်ဘာတက္ကသိုလ် | တီဗွီ၊ ကွန်ပျူတာ စသည့် ဆက်သွယ်ရေး မီဒီယာများမှတစ်ဆင့် နေရာမရွေး စာလေ့လာနိုင်သော အဝေးသင်ပညာရေးတက္ကသိုလ် |
နည်းပညာတက္ကသိုလ် | စက်မှုလုပ်ငန်းဆိုင်ရာ အလုပ်သမားများမှ စက်မှုလုပ်ငန်းခွင်ထဲတွင် ပရော်ဖက်ရှင်နယ်ဆန်သော အသိပညာ၊ နည်းပညာများကို သင်ယူနိုင်သော တက္ကသိုလ် |
တက္ကသိုလ်ကျူရှင်ခများသည် နိုင်ငံလုံးဆိုင်ရာ၊ အများပြည်သူ သို့မဟုတ် ပုဂ္ဂလိက တက္ကသိုလ်ဖြစ်ခြင်းအပေါ် မူတည်၍ ကွဲပြားပြီး ကျောင်းသားကျောင်းသူ တစ်ဦးချင်းစီသည် ယေဘုယျအားဖြင့် ကိုယ်တိုင်ပေးချေရပါမည်။ ငွေရေးကြေးရေး အခက်အခဲရှိသော ကျောင်းသားကျောင်းသူများကို ပံ့ပိုးပေးရန်အတွက် အစိုးရနှင့် တက္ကသိုလ်များသည် ပညာသင်ဆု ပရိုဂရမ် အမျိုးမျိုးကို ပေးပါသည်။ အစိုးရက ပံ့ပိုးပေးသော အဓိက ပညာသင်ဆုများတွင် နိုင်ငံလုံးဆိုင်ရာ ပညာသင်ဆု (National Scholarship) နှင့် တက္ကသိုလ်ကျောင်းသားကျောင်းသူ အလုပ်-စာသင် ပညာသင်ဆု (University Student Work-Study Scholarship) တို့ ပါဝင်ပါသည်။ သတ်မှတ်ချက်နှင့်ညီသော ရရှိနိုင်သူများမှာ ပြည်တွင်းတက္ကသိုလ်များတွင် ကျောင်းအပ်ထားသည့် ကိုရီးယား နိုင်ငံသားများ ဖြစ်ပါသည်။ အသေးစိတ် အချက်အလက်ကို ကိုရီးယား ကျောင်းသားကျောင်းသူ အကူအညီ ဖောင်ဒေးရှင်း (Korea Student Aid Foundation) ဝဘ်ဆိုက် (www.kosaf.go.kr) တွင် တွေ့နိုင်ပါသည်။တက္ကသိုလ်တွင်းနှင့် ပြင်ပတို့တွင် ကမ်းလှမ်းသော အခြားပညာသင်ဆုများကို ရရှိရန်အတွက် ပညာသင်ဆု အမျိုးအစားများနှင့် လျှောက်ထားမှုနည်းလမ်းများအကြောင်း အချက်အလက် အမျိုးမျိုးကို ရရှိနိုင်ရန် ကျောင်းသားကျောင်းသူများသည် ၎င်းတို့၏ လက်ရှိတက္ကသိုလ်ရှိ ပညာသင်ဆု ပံ့ပိုးရေးဌာနတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
အမျိုးအစား | အခြေခံအလွှာ၊ သတ်မှတ်ပျမ်းမျှဝင်ငွေ 50%အောက် | အပိုင်း 1 | အပိုင်း 2 | အပိုင်း 3 | အပိုင်း 4 | အပိုင်း 5 | အပိုင်း 6 | အပိုင်း 7 | အပိုင်း 8 | အပိုင်း 9 | |
---|---|---|---|---|---|---|---|---|---|---|---|
Ⅰ ပုံစံ | ကျူရှင် အပြည့်အစုံ | 570 | 420 | 350 | 100 | ||||||
သားသမီးများသည့် မိသားစု | ပထမကလေး၊ ဒုတိယကလေး | 570 | 480 | 450 | 135 | ||||||
တတိယကလေးနှင့်အထက် | ကျူရှင် အပြည့်အစုံ | 200 |