01ဘတ်စ်ကား
ဘတ်စ်ကားတွင် မြို့တွင်းဘတ်စ်ကား၊ မြို့ပြင်ဘတ်စ်ကားနှင့် အဝေးပြေးဘတ်စ်ကားဟူ၍ ရှိပါသည်။ မြို့ပြင်ဘတ်စ်ကားနှင့် အဝေးပြေးဘတ်စ်ကားကို အသုံးပြုသည့်အခါ ဘတ်စ်ကားလက်မှတ်ကို ကြိုတင်ဝယ်ယူရမည် ဖြစ်ပါသည်။ ဘတ်စ်ကားပေါ် မတက်မီ ထွက်ခွာမည့်အချိန်နှင့် သွားမည့်နေရာကို စစ်ဆေးပါ။
(1)မြို့တွင်းဘတ်စ်ကား
မြို့တွင်းဘတ်စ်ကား အသုံးပြုနည်း
- ဘတ်စ်ကားခကို ကားပေါ်တက်သည့်အခါ ငွေသား ပေး၍ သို့မဟုတ်၊ ယာဉ်စီးကတ်ဖြင့် အသုံးပြုနိုင်ပါသည်။
- ယာဉ်စီးကတ်ကို မှတ်တိုင် အနီးအနားရှိအရောင်းဆိုင်များတွင် ဝယ်ယူနိုင်ပါသည်။
ယာဉ်စီးခကို အများဆုံး သတ်မှတ်ပမာဏ ဝမ် 50,000 အထိ ဝမ် 1,000မှစ၍ ထည့်သွင်း အသုံးပြုနိုင်ပါသည်။ - အခုနောက်ပိုင်းတွင်မူ အကြွေးဝယ်ကတ်မှ နောက်မှဖြတ်တောက်သောပုံစံ ယာဉ်စီးကတ်အဖြစ် သုံးနိုင်အောင် လုပ်ပြီး အသုံးပြုနေကြပါသည်။
- ယာဉ်စီးကတ် အသုံးပြုပါက ယာဉ်စီးခ ဒစ်စကောင့် ရပါသည်။ ထို့အပြင် ဘတ်စ်ကားမှ မြေအောက်ရထား ပြောင်းစီးသည့်အခါ ပြောင်းစီးခ အကျုံးဝင်သည့်အတွက် ကုန်ကျစရိတ် သက်သာပါသည်။
မြို့တွင်းဘတ်စ်ကားခနှင့် ထူးခြားချက်(ရိုးရိုးယာဉ်စီးခ)
시내버스 요금 표 : 구분, 교통카드 요금, 현금 요금을 포함한 표입니다. အမျိုးအစား | ယာဉ်စီးကတ် | ငွေသား |
ရိုးရိုး မြို့တွင်းဘတ်စ်ကား | ဝမ် 1,500 | ဝမ် 1,500 |
မြို့ပြင်ပြေးဆွဲ အနီရောင် ဘတ်စ်ကား | ဝမ် 3,000 | ဝမ် 3,000 |
မြို့တွင်းလိုင်းတို ဘတ်စ်ကား(မာအူးလ်ဘတ်စ်) | ဝမ် 1,200 | ဝမ် 1,200 |
- အထက်ပါ ဇယားသည် ဆိုးလ်မြို့ စံနှုန်းများဖြစ်ပြီး အသုံးပြုနည်းနှင့် ယာဉ်စီးခမှာ ဒေသအလိုက် ကွာခြားနိုင်သည့်အတွက် ဒေသဆိုင်ရာ မြို့၊ မြို့နယ်များ၏ သယ်ယူပို့ဆောင်ရေးယာဉ်ဆိုင်ရာ အချက်အလက် site များတွင် ကိုးကားနိုင်ပါသည်။
သိရှိထားရန်!
ဆိုးလ်မြို့ရှိ မြို့တွင်းဘတ်စ်ကားများ
-
- အပြာရောင် ဘတ်စ်ကား
- ဘတ်စ်ကားအလယ်လမ်းကြောကို အသုံးပြုမောင်းနှင်ပြီး မြို့ပြင် ဒေသများမှ ဆိုးလ်မြို့တွင်းသို့ လှည့်ပတ် ပြေးဆွဲပါသည်။
-
- အစိမ်းရောင် ဘတ်စ်ကား
- ဆိုးလ်မြို့တွင်းရှိ အဓိက မြေအောက်ရထားဘူတာများ၊ ဘတ်စ်ကားကွင်းများသို့ ဆက်သွယ်ပြေးဆွဲပါသည်။
-
- မြို့ပြင်ပြေးဆွဲ အနီရောင် ဘတ်စ်ကား
- ဆိုးလ်မြို့လယ်နှင့် အနီးအနားပတ်လည်ရှိ မြို့နေပြည်သူများ အလုပ်အသွားအပြန် အဆင်ပြေစေရန် အထူးစီစဉ်ပေးထားသော အဆင့်မြင့် ဘတ်စ်ကားဖြစ်ပါသည်။
-
- မြို့ပတ်ဘတ်စ်ကား
- ဆိုးလ်မြို့တွင်းကို ပတ်ပြီး အဓိက ရထားဘူတာများအပြင် ကူးသန်းသွားလာရေး၊ ခရီးသွားခြင်းနှင့် ရှော့ပင်း နေရာများတွင် ကားရပ်နားပါသည်။
-
- မြို့တွင်းလိုင်းတို ဘတ်စ်ကား(မာအူးလ်ဘတ်စ်)
- ရထားဘူတာ သို့မဟုတ် မြို့ပြင်ပြေးဆွဲ အနီရောင် ဘတ်စ်ကား ပြောင်းစီးရန် နေရာများ၊ တိုက်ခန်းအိမ်ရာများကဲ့သို့သော အခြားနေရာဒေသများကို ဆက်ထားသည့် အသေးစား ဘတ်စ်ကားဖြစ်ပါသည်။
-
- Mဘတ်စ်ကား(မြို့ပြင်အမြန် ဘတ်စ်ကား)
- မြို့ပြ မြို့လယ်ခေါင်၏ ယာဉ်ကြော ပိတ်ဆို့မှုကို သက်သာစေပြီး အလုပ်သွားအလုပ်ပြန်ချိန် မြန်ဆန်စေရန်အတွက် ဂိတ်စနှင့် ဂိတ်ဆုံးမှ 5km အကွာအဝေးအတွင်းရှိသော အများဆုံး မှတ်တိုင် 4ခုခန့်တွင်သာ ရပ်နားပါသည်။
ပြောင်းစီးစနစ်(အတက်၊ အဆင်း လုပ်သည့်အခါ ယာဉ်စီးကတ်ကို ယာဉ်စီးခဖြတ်စက်တွင် ထိကပ်ပေးရပါသည်။)
မြေအောက်ရထားနှင့် ရထားများ ပြေးဆွဲနေသည့် ဒေသတိုင်းတွင် ကျင့်သုံးလျက် ရှိသော စနစ်ဖြစ်ပါသည်။ ဘတ်စ်ကား ပြောင်းစီးသည့်အခါ သို့မဟုတ် ဘတ်စ်ကားမှ မြေအောက်ရထားသို့ ပြောင်းစီးသည့်အခါ ယာဉ်စီးခကို အကွာအဝေးပေါ် မူတည်ပြီး ဖြတ်တောက်သော ဒစ်စကောင့်စနစ်ဖြစ်ပါသည်။
ဥပမာအားဖြင့် ပြောင်းစီးခြင်းစနစ်ကို အသုံးမပြုဘဲ ငွေသားဖြင့် ဘတ်စ်ကား ပြောင်းစီးပါက ဘတ်စ်ကားပေါ် တက်သည့်အခါတိုင်း ယာဉ်စီးခကို ပေးရမည် ဖြစ်ပါသည်။ ယာဉ်စီးကတ်ကို သုံးပြီး ပြောင်းစီးခြင်းစနစ်ကို အသုံးချပါက ဘတ်စ်ကားများ၊ မြေအောက်ရထားများ ပြောင်းစီးသော်လည်း စုစုပေါင်း ခရီးအကွာအဝေး 10km အတွင်းဆိုပါက ပိုက်ဆံ ထပ်ပေးရန် မလိုပါ။ သို့သော် 10kmကျော်လျှင် 5km သွားပြီးတိုင်း ယာဉ်စီးခ ဝမ် 100စီ ထပ်ထပ်တိုးပြီး ပေးရမည် ဖြစ်ပါသည်။ ဒေသအလိုက် ယာဉ်စီးခ ဒစ်စကောင့်ပေးသည့် နည်းလမ်းများ ကွာခြားနိုင်ပါသည်။ ယာဥ်ပေါ်မှဆင်းပြီး မိနစ် 30အတွင်း ပြောင်းစီးမှသာလျှင် ပြောင်းစီးခြင်းစနစ်မှာ အကျုံးဝင်ပါသည်။ (ည 9နာရီမှစပြီး နောက်နေ့ မနက် 7နာရီအထိ ပြောင်းစီးချိန်ကိုမူ 1နာရီပေးထားပြီး ထိုအချိန်အတွင်း၌ ပြောင်းစီးနိုင်ပါသည်)။
(2)မြို့ပြင်ဘတ်စ်ကားနှင့် အဝေးပြေး ဘတ်စ်ကား
မြို့ပြင်ဘတ်စ်ကား၊ အဝေးပြေး ဘတ်စ်ကား အသုံးပြုနည်း
- ယာဥ်ရပ်နားစခန်းမှ စထွက်ပြီး၊ ဝေးလံသည့် ဒေသရှိ မြို့များသို့ သွားရောက်သည့်အခါ အသုံးပြုနိုင်ပါသည်။
- မြို့ပြင်ဘတ်စ်ကားများသည် မြို့များစွာကို ပြေးဆွဲရသည့်အတွက် ကြာချိန်သည် အဝေးပြေး ဘတ်စ်ကားနှင့် ယှဉ်လျှင် အချိန်ပိုကြာသည်ဟု ဆိုနိုင်ပါသည်။
- အဝေးပြေး ဘတ်စ်ကားမှာမူ မြို့တစ်မြို့တည်းကိုသာ ဦးတည်သွားပြီး၊ ရိုးရိုး အဝေးပြေးဘတ်စ်ကားနှင့် အဆင့်မြင့် အဝေးပြေးဘတ်စ်ကား၊ ပရီမီယမ် အဝေးပြေးဘတ်စ်ကားများ ရှိပါသည်။ အဆင့်မြင့် အဝေးပြေးဘတ်စ်ကားသည် ထိုင်ခုံတစ်ခုနှင့် တစ်ခု ဝေးသည့်အတွက် သက်တောင်သက်သာရှိစွာ အသုံးပြုနိုင်ပြီး၊ ပရီမီယမ် အဝေးပြေးဘတ်စ်ကားသည် ထိုင်ခုံနေရာကျယ်ဝန်းပြီး စားပွဲပါရှိကာ၊ သီးသန့် မော်နီတာများကို ရှေ့ထိုင်ခုံတိုင်းတွင် တပ်ဆင်ပေးထားသည့်အတွက် ရုပ်ရှင်၊ TV စသည့် content အမျိုးမျိုးကို နှစ်ခြိုက်စွာ ကြည့်ရှုနိုင်ပါသည်။ စျေးနှုန်းများအနေဖြင့် ပရီမီယမ်၊ အဆင့်မြင့်၊ ရိုးရိုး အဝေးပြေးဘတ်စ်ကား အစဉ်အတိုင်း စျေးကြီးကြပါသည်။
မြို့အလိုက် အဓိကယာဥ်ရပ်နားစခန်းများ
မြို့ပြင်ဘတ်စ်ကား သို့မဟုတ် အဝေးပြေးဘတ်စ်ကား စီးသည့်အခါ ဒေသအသီးသီးတွင် ရှိသည့် ယာဥ်ရပ်နားစခန်းသို့ သွားစီးရမည် ဖြစ်ပါသည်။ KoBus(www.kobus.co.kr)သို့မဟုတ် မြို့ပြင်ဘတ်စ်ကားလက်မှတ် ကြိုတင်ဝယ်ယူခြင်း(txbus.t-money.co.kr)တွင် ပြေးဆွဲမှုဆိုင်ရာ အချက်အလက်များ၊ ဘတ်စ်ကားလက်မှတ်များ ဘိုကင်တင်ခြင်း စသည့် အချက်အလက်များကို ရယူနိုင်ပါသည်။
주요도시 버스 터미널 표 : 터미널 이름, 전화번호를 포함한 표입니다. ယာဥ်ရပ်နားစခန်းများ | ဖုန်းနံပါတ် | ယာဥ်ရပ်နားစခန်းများ | ဖုန်းနံပါတ် |
ဆိုးလ်ဂယောင်းဘူအဝေးပြေးယာဥ်ရပ်နားစခန်း | 1688-4700 | ဆော(အနောက်)ဒယ်ဂူအဝေးပြေးယာဥ်ရပ်နားစခန်း | 1666-2600 |
ဒုန်း(အရှေ့)ဆိုးလ် အထွေထွေယာဥ်ရပ်နားစခန်း | 1688-5979 | အူးလ်ဆန် အဝေးပြေးယာဥ်ရပ်နားစခန်း | 1688-7797 |
ဟိုနမ်း ဆန်ထရယ်စီးတီးယာဥ်ရပ်နားစခန်း | 02-6282-0114 | ဂန်းနွန်း အဝေးပြေးယာဥ်ရပ်နားစခန်း | 033-641-3184 |
ဆန်းဘုန်းယာဥ်ရပ်နားစခန်း | 02-323-5885 | ဆို့ချိုအဝေးပြေးယာဥ်ရပ်နားစခန်း | 033-631-3181 |
ဆိုးလ်နမ်းဘူယာဥ်ရပ်နားစခန်း | 1688-0540 | ချွန်းချောင်းအဝေးပြေးယာဥ်ရပ်နားစခန်း | 033-256-1571 |
ဆူဝန်အထွေထွေယာဥ်ရပ်နားစခန်း | 1688-5455 | ချောင်းဂျူယာဥ်ရပ်နားစခန်း | 1688-4321 |
အင်ချွန်းအထွေထွေယာဥ်ရပ်နားစခန်း | 1666-7114 | မို့ဖိုအထွေထွေယာဥ်ရပ်နားစခန်း | 1544-6886 |
အန်ဆန်းယာဥ်ရပ်နားစခန်း | 1666-1837 | ဂျောင်းဂျူအဝေးပြေးယာဥ်ရပ်နားစခန်း | 063-277-1572 |
အွီဂျောင်းဘူယာဥ်ရပ်နားစခန်း | 1688-0314 | ဂွမ်းဂျူအထွေထွေယာဥ်ရပ်နားစခန်း | 062-360-8114 |
ဒယ်ဂျောင်းယာဥ်ရပ်နားစခန်း | 1577-2259 | ယောဆူယာဥ်ရပ်နားစခန်း | 1666-6977 |
ချောနန်းအထွေထွေယာဥ်ရပ်နားစခန်း | 041-640-6400 | ဘူဆန်အထွေထွေယာဥ်ရပ်နားစခန်း | 1577-9956 |
ဒုန်းဒယ်ဂူယာဥ်ရပ်နားစခန်း | 1666-3700 | မာဆန် အဝေးပြေးယာဥ်ရပ်နားစခန်း | 1688-3110 |
02မြေအောက်ရထား
ဆိုးလ်အပါအဝင် မြို့ပြဧရိယာများ၊ ဘူဆန်၊ ဒယ်ဂူ၊ ဂွမ်းဂျူ၊ ဒယ်ဂျောင်းတို့တွင် မြေအောက်ရထားများ ပြေးဆွဲလျက် ရှိပါသည်။ မြို့ပြဧရိယာများတွင် မြေအောက်ရထား လိုင်း 9လိုင်းနှင့် အင်ချွန်း 1·2လိုင်း၊ ဘွန်းဒန်းလိုင်း၊ ရှင်းဘွန်းဒန်းလိုင်း၊ ဂယောင်းအွီဂျွန်းအန်းလိုင်း၊ လေဆိပ်ရထားလိုင်း စသည့် လိုင်းများအား ပြေးဆွဲလျက် ရှိပါသည်။ ရထားလိုင်းနံပါတ်အလိုက် အရောင်ခွဲထားသော ဆိုးလ်မြို့ မြေအောက်ရထားကတော့ ဆိုးလ်မြို့စွန်နေရာများ၊ အနီးအနားပတ်လည်ရှိ မြို့များနှင့်နေရာ အများအပြားကို ဖြတ်သန်းသွားသည့် ရထားပြောင်းစီးရမည့်ဘူတာများကို သင်္ကေတများဖြင့် ဖော်ပြထားပါသည်။
ပုံမှန်အားဖြင့် မြေအောက်ရထားသည် မနက်နှင့် ညနေ ယာဉ်အသုံးပြုမှု များသည့် အချိန်များတွင် 2~3မိနစ်ခြားစီ၊ အခြား အချိန်များတွင်မူ 4~6မိနစ်ခြားစီ ပြေးဆွဲပေးနေပါသည်။
(1)ယာဉ်စီးလက်မှတ်နှင့် ယာဉ်စီးခများ
승차권과 요금 표 : 구분, 교통카드 요금, 1회용 교통카드 요금을 포함한 표입니다. အမျိုးအစား | ယာဉ်စီးကတ် | 1ခါသုံး ယာဉ်စီးကတ် |
လူကြီး | ဝမ် 1,550 | ယာဉ်စီးကတ် နှုန်းထားထက် ဝမ် 100 ပိုပေးရပါသည်။ |
ဆယ်ကျော်သက် | ဝမ် 900 | ရိုးရိုး 1ခါစီးနင်းခွင့် ပေးထားပါသည်။ |
ကလေး | ဝမ် 550 | ယာဉ်စီးကတ် နှုန်းထားနှင့် တူညီပါသည်။ |
- အထက်ပါ ဇယားသည် မြို့ပြဒေသ 10kmအတွင်း စံနှုန်းဖြစ်ပြီး အသုံးပြုနည်းလမ်းနှင့် ယာဉ်စီးခမှာ ဒေသအလိုက် ကွာခြားနိုင်သည့်အတွက် မြေအောက်ရထား ပြေးဆွဲမှုဆိုင်ရာဌာနအသီးသီး၏ ဟုမ်းပေ့ချ်ကို ကိုးကားနိုင်ပါသည်။
(2)အသုံးပြုနည်း
- 1ကြိမ် အခြေခံ အကွာအဝေးဖြစ်ပါက ဝမ် 1,550ဖြစ်ပြီး(10kmအတွင်း ယာဉ်စီးကတ် အသုံးပြုမှု)၊ အကွာအဝေးပေါ်မူတည်ကာ ယာဉ်စီးခ တိုးလာပါသည်။
- ပြေးဆွဲ ချိန်များမှာ ပုံမှန်အားဖြင့် မနက် 5နာရီ မိနစ် 30မှ စတင်ပြီး ညသန်းခေါင်ထိ ပြေးဆွဲပါသည်။
- မြေအောက်ရထား လိုင်းပြမြေပုံကို မြေအောက်ရထားဘူတာ နေရာများစွာတွင် ကပ်ထားပေးပါသည်။ သယ်ဆောင်ရ လွယ်ကူအဆင်ပြေသော အိတ်ဆောင် ရထားလိုင်းပြမြေပုံကို မြေအောက်ရထား အထွေထွေလမ်းညွှန်မှုစင်တာ အသီးသီးတွင် သို့မဟုတ် ဘူတာအတွင်းရှိ ရုံးခန်းတွင် အခမဲ့ ရယူနိုင်ပါသည်။
- မြေအောက်ရထား ပြေးဆွဲနေသည့် ဒေသတိုင်း၌ ယာဉ်စီးကတ်ကို အသုံးပြုပြီး ဘတ်စ်ကားနှင့် မြေအောက်ရထားများ ပြောင်းစီးသည့်အခါ ပြောင်းစီးခြင်းစနစ် အကျုံးဝင်ပြီး ဒစ်စကောင့် ရယူနိုင်ပါသည်။ ဒစ်စကောင့်လျှော့ပေးသည့် နည်းလမ်းများမှာ ဒေသအလိုက် အနည်းငယ် ကွာခြားမှု ရှိနိုင်သည့်အတွက် ယာဉ်စီးခသည်လည်း ကွာခြားနိုင်ပါသည်။
- ယာဉ်စီးခကို ငွေသားဖြင့် ပေး၍လည်း ပြဿနာမရှိပါ။ သို့ရာတွင် ဒစ်စကောင့် သို့မဟုတ် ပြောင်းစီးခြင်းစနစ်၏ အကျိုးကို ခံစားခွင့်မရှိပါ။ ထို့အတွက်ကြောင့် ယာဉ်စီးကတ် အသုံးပြုခြင်းသည့် မိမိအတွက် အကျိုးရှိပါသည်။ ယာဉ်စီးကတ်ထဲတွင် အမြဲတမ်း အနည်းဆုံး 1ကြိမ် အသုံးပြုခ ကျန်ရှိရမည် ဖြစ်ပါသည်။ လက်ကျန်ငွေ မလုံလောက်ပါက ဘတ်စ်ကားမှတ်တိုင်ရှိ လက်မှတ်အရောင်းနေရာ သို့မဟုတ် ရထားဘူတာအတွင်းရှိ ယာဉ်စီးကတ် ငွေဖြည့်စက်တွင် ဆန္ဒရှိသလောက် ငွေသားထည့်ပြီး ဖြည့်တင်းနိုင်ပါသည်။
သိရှိထားရန်!
ရောင်းသူမဲ့ ယာဉ်စီးကတ်အရောင်းစက် အချက်အလက်
- 1ယာဉ်စီးကတ် ငွေဖြည့်ခြင်း၊ 1ခါသုံး ယာဉ်စီးလက်မှတ် ထုတ်ခြင်း၊ အခမဲ့ ယာဉ်စီးကတ်များထဲမှ ဆန္ဒရှိရာ ဝန်ဆောင်မှုကို ရွေးပါ။
- 2ဦးတည်ရာနေရာ ရွေးရန်(စီးနင်းခ)ကို နှိပ်ပါ။
- 3ဝယ်ယူသည့်အခါ လိုအပ်သော အစောင်ရေကို နှိပ်ပါ။
- 4ပိုက်ဆံ ထည့်ပါ။
- 1ခါသုံး ယာဉ်စီးလက်မှတ် ဝယ်သည့်အခါ စီးနင်းခအပြင် အပေါင်ငွေ လိုအပ်ပြီး၊ အပေါင်ငွေကို ယာဥ်မှဆင်းပြီးသည့်အခါ အပေါင်ငွေ ပြန်အမ်းစက်တွင် ပြန်လည်ထုတ်ယူနိုင်ပါသည်။ ဒေသအလိုက် 1ခါသုံး ယာဉ်စီးလက်မှတ်၏ အပေါင်ငွေနှင့် ပုံစံမှာ ကွာခြားမှု ရှိနိုင်ပါသည်။
- < ရောင်းသူမဲ့လက်မှတ်အရောင်းစက် >
ကလေးနို့တိုက်ခန်း
ဆိုးလ်၊ ဘူဆန်၊ ဒယ်ဂူ၊ အင်ချွန်း၊ ဂွမ်းဂျူ၊ ဒယ်ဂျောင်း စသည့် အဓိက မြေအောက်ရထားဘူတာများ၊ မီးရထားဘူတာများ၌ ‘ရင်သွေးငယ်မေတ္တာပေးခန်း’၊ ‘ရင်သွေးနှင့် မိခင် ပျော်ရွှင်စရာရင်ခွင်’ စသည့် အမည်များဖြင့် ကလေးနို့တိုက်ခန်းများ ဖွင့်လှစ်ထားရှိပါသည်။
- အသေးစိတ်အချက်များကို ဒေသအသီးသီးရှိ မြေအောက်ရထားမောင်းနှင်ပြေးဆွဲမှုဌာန၊ korail စသည့် ဟုမ်းပေ့ချ်များကို ကိုးကားနိုင်ပါသည်။
(3)မြေအောက်ရထားလိုင်းပြမြေပုံ
ပထမဆုံးရထားချိန်နှင့် နောက်ဆုံးရထားချိန်၊ ဘူတာအချက်အလက်များ၊ ပြေးဆွဲမှုအချိန်ဇယား၊ ပိုမြန်သော လမ်းကြောင်းရှာခြင်း စသည့် အချက်အလက်များကို နောက်စာမျက်နှာရှိ ဒေသအလိုက် မြေအောက်ရထား မောင်းနှင်ပြေးဆွဲမှုဌာနများ၏ ဟုမ်းပေ့ချ်တွင် ကြည့်ရှုနိုင်ပါသည်။
03တက္ကစီ
တက္ကစီများသည် 24နာရီ ပြေးဆွဲပါသည်။ ကား ခေါင်မိုးပေါ်တွင် မတူကွဲပြားသော အရောင်များရှိသည့် သင်္ကေတမီးများ တပ်ထားသည့်အတွက် အိမ်စီးကားနှင့် အလွယ်တကူ ခွဲခြားနိုင်ပါသည်။ တက္ကစီ စီးလိုပါက တက္ကစီ မှတ်တိုင်တွင် စောင့်စီးနိုင်သကဲ့သို့ လမ်းဘေးရပ်ကာ ဖြတ်သွားသည့် တက္ကစီကို တားပြီး စီးနိုင်ပါသည်။ ဖုန်းဖြင့် ခေါ်ရသော ကောလ်တက္ကစီကို အသုံးပြုလိုပါက တက္ကစီခအပြင် ဝန်ဆောင်ခ(ပုံမှန်အားဖြင့် ဝမ် 1,000) ပေးရနိုင်ပါသည်။ ကိုရီးယားနိုင်ငံတွင် ဒေသအလိုက် ကောလ်တက္ကစီ ကုမ္ပဏီများမှ ဝန်ဆောင်မှု ပေးလျက် ရှိပါသည်။
(1)ရိုးရိုးတက္ကစီ
3~4ယောက်အထိ စီးနင်းလိုက်ပါနိုင်ပြီး တက္ကစီခတွက်သည့် မီတာတပ်ဆင် ပါရှိပါသည်။ အခြေခံ တက္ကစီခမှာ ဒေသအလိုက် ကွာခြားမှု ရှိပြီး၊ ဝမ်4,800(ဆိုးလ်မြို့ နှုန်းထား 1.6kmအထိ) ခန့် ရှိပါသည်။ 00:00~04:00နာရီအထိသည် ညပိုင်း အပိုကြေးရှိပြီး၊ စုစုပေါင်း တက္ကစီခအနက် 20%မှာ ထပ်ပေါင်း ကောက်ခံထားခြင်းဖြစ်ပါသည်။ (2025 ခုနှစ်၊ ဇူလိုင်လ နှုန်းထားအရ)
(2)စံပြတက္ကစီ
ဤတက္ကစီများသည် အင်ဂျင်အား 2,000 cc နှင့်အထက်ရှိသည့် ခရီးသည်တင် ဇိမ်ခံယာဉ်များ ဖြစ်ပါသည်။ ၎င်းတို့သည် အများအားဖြင့် အနက်ရောင်ဖြစ်ပြီး ဆိုးလ်မြို့၏ မြို့ပြဧရိယာတွင် အဓိက ရှိနေကြပါသည်။ အခြေခံ ယာဉ်စီးခမှာ KRW 7,000 (ဆိုးလ်မြို့တွင်း 3 km အထိ) ဖြစ်ပြီး ပုံမှန်တက္ကစီတစ်စီးထက် များစွာပို၍ စျေးကြီးပါသည်။
(3)အကြီးစား တက္ကစီ(call vanအပါအဝင်)
အများဆုံး 9ယောက်အထိ စီးနင်းနိုင်သော တက္ကစီအကြီးစား ဖြစ်သည့်အတွက် အထုပ်အပိုး များပြီး၊ လူဦးရေ များသည့်အခါ အသုံးပြုရန် သင့်လျော်ပါသည်။ ကားအားလုံးတွင် ကောလ်စနစ် တပ်ဆင်ထားသည့်အတွက် အချိန်မရွေး၊ နေရာမရွေး ဖုန်းခေါ်၍ အသုံးပြုနိုင်ပါသည်။ အခြေခံ တက္ကစီခသည် စံပြတက္ကစီနှင့် တူညီသော နှုန်းထား ဝမ်7,000ဖြစ်သော်လည်း ကားဆရာနှင့် ခရီးသည်တို့အကြား စျေးညှိပြီး တက္ကစီခကို သတ်မှတ်သည့်အခါလည်း ရှိပါသည်။
04အိမ်စီးကား
ပုံမှန်အားဖြင့် မိသားစုအတွက် ဝယ်ပြီး အသုံးပြုသော ကားကို အိမ်စီးကားဟု ခေါ်ပါသည်။ အိမ်စီးကား အမျိုးအစားများသည် အရွယ်အစားသေးငယ်သော ကားသေးမှစပြီး အမျိုးစုံရှိပြီး၊ စျေးနှုန်းများမှာလည်း သိန်း ဆယ်ဂဏန်းမှ စပြီး ရာဂဏန်းအထိ ရှိပါသည်။
ယာဉ်မောင်းလိုင်စင် ရယူခြင်း
ယာဉ်မောင်းလိုင်စင် ရယူရန် ဆောင်ရွက်ရမည့် အဆင့်ဆင့်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- 1ယာဉ်စည်းကမ်း လမ်းစည်းကမ်းသင်တန်း : ယာဉ်စည်းကမ်း လမ်းစည်းကမ်းသင်တန်းသည် ရေးဖြေစာမေးပွဲ မဖြေခင်အထိ လိုင်စင်စာမေးပွဲ ကျင်းပသည့် နေရာရှိ ယာဉ်စည်းကမ်း လမ်းစည်းကမ်း သင်တန်းနေရာများ သို့မဟုတ် ယာဉ်စည်းကမ်း လမ်းစည်းကမ်းသင်တန်းဌာနအဖြစ် သတ်မှတ်ထားသည့် နေရာ(မော်တော်ကား ကျွမ်းကျင်သင်တန်းကျောင်း)တွင် သင်တန်းပေးပါသည်။
- 2ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှု(စစ်ဆေးခ သီးခြား)
- 3ရေးဖြေစာမေးပွဲ လျှောက်လွှာတင်ခြင်း
학과점수 표 : 필요한 서류, 수수료를 포함한 표입니다. လိုအပ်သော စာရွက်စာတမ်းများ | ဝန်ဆောင်ခ |
စာမေးပွဲလျှောက်လွှာ (6လအတွင်း ရိုက်ထားသော ပတ်စ်ပို့ဓာတ်ပုံအရွယ် ကာလာဓာတ်ပုံ 3ပုံ)၊ နိုင်ငံသားမှတ်ပုံတင်ကတ်(ID ကတ် စသည်) | ဝမ် 10,000 (အသေးစားယာဉ် ဝမ် 8,000) |
- 4ရေးဖြေစာမေးပွဲ(※ စာမေးပွဲ လျှောက်လွှာမတင်မီ ယာဉ်စည်းကမ်း လမ်းစည်းကမ်းသင်တန်း တက်ရောက်ပြီးစီးထားရမည် ဖြစ်သည်) : မေးခွန်း အပုဒ် 40 ဖြေရပါသည်။
- ဖြေဆိုနိုင်သော ဘာသာစကားများ : ကိုရီးယားအပြင် အခြားဘာသာစကား 3မျိုး(အင်္ဂလိပ်၊ တရုတ်၊ ဗီယက်နမ်)
- 5လက်တွေ့(မောင်းဖြေ)စာမေးပွဲ လျှောက်ခြင်း : ရေးဖြေစာမေးပွဲ အောင်မြင်သူများ၊ လက်တွေ့(မောင်းဖြေ)စာမေးပွဲ ကျရှုံးထားသူများသည် လက်တွေ့(မောင်းဖြေ)စာမေးပွဲ ဖြေနိုင်ပါသည်။
기능접수 표 : 필요한 서류, 수수료를 포함한 표입니다. လိုအပ်သော စာရွက်စာတမ်းများ | ဝန်ဆောင်ခ |
စာမေးပွဲလျှောက်လွှာ၊ နိုင်ငံသားမှတ်ပုံတင်ကတ်(IDကတ် စသည်) ※ကိုယ်စားလျှောက်လွှာတင်သည့်အခါ ကိုယ်စားတင်ပေးမည့် သူ၏ အိုင်ဒီကတ်နှင့် ကာယကံရှင်(ကိုယ်စားလှယ်လွှဲသူ)၏ အိုင်ဒီကတ်၊ ကိုယ်စားလှယ်လွှဲစာ ပူးတွဲပါရှိရမည်။ | - 1, 2 အဆင့် ပုံမှန် ဝမ် 25,000
- 1အဆင့် အကြီးစား၊ အထူး ဝမ် 25,000
- အသေးစားယာဉ် ဝမ် 10,000
- 2 အဆင့် အသေးစား ဝမ် 14,000
|
- 6လက်တွေ့(မောင်းဖြေ)စာမေးပွဲ : ကားကို ကိုယ်တိုင် မောင်းပြီး ကွင်းပတ်မောင်းခြင်း စာမေးပွဲကို ဖြေဆိုရပါသည်။
- 7သင်မောင်းလိုင်စင်ထုတ်ပေးခြင်း : 1အဆင့် ရိုးရိုး သို့မဟုတ် 2အဆင့် ရိုးရိုး ယာဉ်မောင်းလိုင်စင်ကို ရယူရန် လက်တွေ့(မောင်းဖြေ)စာမေးပွဲတွင် အောင်မြင်လျှင် လမ်းပေါ် အမောင်းလေ့ကျင့်နိုင်စေရန် သင်မောင်းလိုင်စင် ထုတ်ပေးပါသည်။
- 8လမ်းပေါ်မောင်းနှင်ခြင်းစာမေးပွဲ လျှောက်ခြင်း : သင်မောင်းလိုင်စင် ရရှိထားသူအနေနှင့် လမ်းပေါ် အမောင်းလေ့ကျင့်ခြင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့်ပြီးနောက် လမ်းပေါ်မောင်းနှင်ခြင်းစာမေးပွဲ လျှောက်လွှာတင်ပြီး စာမေးပွဲ ဖြေဆိုရပါသည်။
- 9လမ်းပေါ်မောင်းနှင်ခြင်းစာမေးပွဲ : လမ်းပေါ်မောင်းနှင်ခြင်းစာမေးပွဲ လျှောက်လွှာတင်သည့်အခါ သတ်မှတ်ထားသော နေ့ရက်၌ လိုင်စင်စာမေးပွဲ ကျင်းပရာနေရာတွင် လမ်းပေါ်မောင်းနှင်ခြင်းစာမေးပွဲကို ဖြေဆိုရပါသည်။
- 10ယာဉ်မောင်းလိုင်စင်ထုတ်ပေးခြင်း : ယာဉ်မောင်းလိုင်စင် နောက်ဆုံးစာမေးပွဲတွင် အောင်မြင်ပါက ဖြေဆိုခဲ့သည့် ယာဉ်အဆင့်အလိုက် (1အဆင့် အကြီးစားယာဉ်၊ 1အဆင့် ရိုးရိုး၊ 1အဆင့် အထူး၊ 2အဆင့် ရိုးရိုး၊ 2အဆင့် အသေးစား၊ 2အဆင့် အသေးစားယာဉ်/စကူတာ)ယာဉ်မောင်းလိုင်စင်များ ထုတ်ပေးပါသည်။
ပြည်ပလိုင်စင်အား ပြည်တွင်းလိုင်စင်ဖြင့် လဲခြင်း
ပြည်ပနိုင်ငံ တာဝန်ရှိဌာနများမှ ထုတ်ပေးထားသည့် ယာဉ်မောင်းလိုင်စင် လက်ဝယ်ရှိသူများမှာ သံရုံးအတည်ပြုလွှာ စသည့် တင်ပြလာသည့် စာရွက်စာတမ်းများမှတစ်ဆင့် ယာဉ်မောင်းလိုင်စင် အတု၊ အစစ် စစ်ဆေးအတည်ပြုပြီးလျှင်၊ ယာဉ်မောင်းရန် သင့်တော်မှု ရှိမရှိ စစ်ဆေးမှု၊ သို့မဟုတ် ရေးဖြေစာမေးပွဲ ဖြေဆိုပြီး ပြည်တွင်းယာဉ်မောင်းလိုင်စင်နှင့် လဲနိုင်ပါသည်။ ပြည်ပယာဉ်မောင်းလိုင်စင်သည် သက်တမ်းကျန်ရှိနေသေးသော တရားဝင်လိုင်စင်(full license) ဖြစ်မှသာ ၎င်းကို အသိအမှတ်ပြုမည် ဖြစ်ပြီး၊ ယာယီယာဉ်မောင်းလိုင်စင်(temporary), သင်မောင်းလိုင်စင်(learner, provisional, probationary)၊ ယာဉ်မောင်းရန်ခွင့်ပြုချက်(permit, certificate) စသည်တို့ကို ပြည်တွင်းလိုင်စင်နှင့် လဲခွင့် မရှိပါ။
- လျှောက်ထားရမည့် နေရာ : တစ်နိုင်ငံလုံးရှိသည့် ယာဉ်မောင်းလိုင်စင် စာမေးပွဲကျင်းပရာ နေရာများ
- ပြည်တွင်းလိုင်စင် အသိအမှတ်ပြုနိုင်ငံ : 2023. 11. 22. ကိုရီးယားနိုင်ငံ ရဲတပ်ဖွဲ့ချုပ် ကြေညာချက်
- ပြည်တွင်းလိုင်စင် အသိအမှတ်ပြု နိုင်ငံဆိုသည်မှာ?
သီးသန့် စာမေးပွဲဖြေရန် မလိုဘဲ ကိုရီးယားလိုင်စင်ကို အမိနိုင်ငံလိုင်စင်ဖြင့် လဲပြီး ထုတ်ယူနိုင်သော နိုင်ငံများကို ဆိုလိုပါသည်။ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဂူအမ် စသည့် သီးသန့် လိုင်စင်စနစ် ရှိသည့် ဒေသများကို နိုင်ငံအဖြစ် ထည့်သွင်းသတ်မှတ်ပါသည်။၊ သတ်မှတ်ချက် ပြုလုပ်ပြီးနောက် ကိုရီးယားလိုင်စင်ပြောင်းခွင့် အသိအမှတ်ပြုမှုဆိုင်ရာ မူဝါဒများ ပြောင်းလဲသွားသည့်အတွက် ၎င်းအား ကြေညာပြီးသည့်အခါတွင်မူ ပြောင်းသွားသည့် စနစ်အတိုင်း ကျင့်သုံးပါမည်။ - ကိုရီးယားလိုင်စင် အသိအမှတ်ပြုနိုင်ငံများမှ ရထားသော လိုင်စင် : ယာဉ်မောင်းနှင်ရန် သင့်တော်မှု ရှိမရှိ စစ်ဆေးခြင်း(ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှု)သာ ပြုလုပ်ပါသည်။
- ကိုရီးယားလိုင်စင် အသိအမှတ်မပြုသော နိုင်ငံများမှ ရထားသော လိုင်စင် : ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှု နှင့် ရေးဖြေစာမေးပွဲ(ဓမ္မဒိဋ္ဌာန်မေးခွန်း အပုဒ် 40) ကိုရီးယား၊ အင်္ဂလိပ်၊ တရုတ်၊ ဗီယက်နမ် ဘာသာစကားများထဲမှ ရွေးချယ်ရန်
- အမေရိကန် အိုရီဂွန်ပြည်နယ်၊ အိုင်ဒါဟိုပြည်နယ်များမှာ အပြန်အလှန် အသိအမှတ်ပြု နိုင်ငံများဖြစ်သော်လည်း ရေးဖြေစာမေးပွဲ ဖြေဆိုရပါမည်။
- လိုအပ်သည့် စာရွက်စာတမ်းများ
구비서류 표 : 구분, 인정국가, 불인정국가를 포함한 표입니다. အမျိုးအစား | အသိအမှတ်ပြု နိုင်ငံ | အသိအမှတ်မပြုသော နိုင်ငံ |
နိုင်ငံခြားသားနှင့် ပြည်ပနိုင်ငံသား ခံယူထားသူ | - ပြည်ပလိုင်စင် မူရင်း
- ပတ်စ်ပို့မူရင်း : ပြည်ပထွက်ခွာစဉ်မှ ပြည်တွင်းဝင်ရောက်ချိန်အထိ ပြည်ဝင်ပြည်ထွက် မှတ်တမ်းများ စစ်ဆေးအတည်ပြုနိုင်သော ပတ်စ်ပို့
- နိုင်ငံခြားသားမှတ်ပုံတင်ကတ် မူရင်း
(ပြည်ပနိုင်ငံသားကိုရီးယားသွေးချင်းများ ပြည်တွင်းနေထိုင်မှုမှတ်ပုံတင် မူရင်း) - 6လအတွင်း ရိုက်ထားသော ကာလာဓာတ်ပုံ 3ပုံ
(ဓာတ်ပုံ အရွယ်အစား) - လိုင်စင်နှင့် ပတ်သက်သည့် သံရုံး အတည်ပြုလွှာ သို့မဟုတ် Apostille အတည်ပြုလွှာ
- ပြည်ဝင်ပြည်ထွက် မှတ်တမ်းလွှာ
(မွေးဖွားသည့် နှစ်မှ လက်ရှိ အချိန်အထိ) - ဝန်ဆောင်ခ ဝမ် 8,000(ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခ သီးခြား)
| - ပြည်ပလိုင်စင် မူရင်း
- ပတ်စ်ပို့မူရင်း : ပြည်ပထွက်ခွာစဉ်မှ ပြည်တွင်းဝင်ရောက်ချိန်အထိ ပြည်ဝင်ပြည်ထွက် မှတ်တမ်းများ စစ်ဆေးအတည်ပြုနိုင်သော ပတ်စ်ပို့
- နိုင်ငံခြားသားမှတ်ပုံတင်ကတ် မူရင်း
(ပြည်ပနိုင်ငံသားကိုရီးယားသွေးချင်းများ ပြည်တွင်းနေထိုင်မှုမှတ်ပုံတင် မူရင်း) - 6လအတွင်း ရိုက်ထားသော ကာလာဓာတ်ပုံ 3ပုံ
(ဓာတ်ပုံ အရွယ်အစား) - လိုင်စင်နှင့် ပတ်သက်သည့် သံရုံး အတည်ပြုလွှာ သို့မဟုတ် Apostille အတည်ပြုလွှာ
- ပြည်ဝင်ပြည်ထွက် မှတ်တမ်းလွှာ
(မွေးဖွားသည့် နှစ်မှ လက်ရှိအချိန်အထိ) - ဝန်ဆောင်ခ ဝမ် 18,000(ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခ သီးခြား)
|
구비서류 표 : 구분, 인정국가, 불인정국가를 포함한 표입니다. အမျိုးအစား | အသိအမှတ်ပြု နိုင်ငံ | အသိအမှတ်မပြုသော နိုင်ငံ |
ကိုရီးယားနိုင်ငံသား၊ ရာသက်ပန်နေထိုင်ခွင့်ရထားသူ | - ပြည်ပလိုင်စင် မူရင်း
- ပတ်စ်ပို့မူရင်း : ပတ်စ်ပို့ထဲတွင် ရိုက်နှိပ်ထားသည့် ပြည်ဝင်ပြည်ထွက် တံဆိပ်တုံး စသည်တို့ဖြင့် လိုင်စင်ထုတ်ပေးသည့် နိုင်ငံတွင် ရက်90နှင့်အထက် နေထိုင်ခဲ့သူအဖြစ် အတည်ပြုနိုင်ရပါမည်။
- နိုင်ငံသားမှတ်ပုံတင်ကတ် မူရင်း
(ပြည်ပအခြေချ ကိုရီးယားနိုင်ငံသား နိုင်ငံသားမှတ်ပုံတင် အပါအဝင်) - 6လအတွင်း ရိုက်ထားသော ကာလာဓာတ်ပုံ 3ပုံ
- လိုင်စင်နှင့် ပတ်သက်သည့် သံရုံး အတည်ပြုလွှာ သို့မဟုတ် Apostille အတည်ပြုလွှာ
- ပြည်ဝင်ပြည်ထွက် မှတ်တမ်းလွှာ
(မွေးဖွားသည့် နှစ်မှ လက်ရှိအချိန်အထိ) - ဝန်ဆောင်ခ ဝမ် 8,000(ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခ သီးခြား)
| - ပြည်ပလိုင်စင် မူရင်း
- ပတ်စ်ပို့မူရင်း : ပတ်စ်ပို့ထဲတွင် ရိုက်နှိပ်ထားသည့် ပြည်ဝင်ပြည်ထွက် တံဆိပ်တုံး စသည်တို့ဖြင့် လိုင်စင်ထုတ်ပေးသည့် နိုင်ငံတွင် ရက်90နှင့်အထက် နေထိုင်ခဲ့သူအဖြစ် အတည်ပြုနိုင်ရပါမည်။
- နိုင်ငံသားမှတ်ပုံတင်ကတ် မူရင်း
(ပြည်ပအခြေချ ကိုရီးယားနိုင်ငံသား နိုင်ငံသားမှတ်ပုံတင် အပါအဝင်) - 6လအတွင်း ရိုက်ထားသော ကာလာဓာတ်ပုံ 3ပုံ
- လိုင်စင်နှင့် ပတ်သက်သည့် သံရုံး အတည်ပြုလွှာ သို့မဟုတ် Apostille အတည်ပြုလွှာ
- ပြည်ဝင်ပြည်ထွက် မှတ်တမ်းလွှာ
(မွေးဖွားသည့် နှစ်မှ လက်ရှိအချိန်အထိ) - ဝန်ဆောင်ခ ဝမ် 18,000(ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခ သီးခြား)
|
- လိုင်စင်နှင့် ပတ်သက်သည့် သံရုံး အတည်ပြုလွှာ သို့မဟုတ် Apostille အတည်ပြုလွှာ: ပြည်ပလိုင်စင် အတု၊ အစစ် စစ်ဆေးရန်အတွက် ကိုရီးယားနိုင်ငံဆိုင်ရာ ပြည်ပနိုင်ငံသံရုံး သို့မဟုတ် ပြည်ပနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံသံရုံးများမှ ကိုရီးယားဘာသာဖြင့် သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပေးသည့် အတည်ပြုလွှာ၊ Apostille မန်ဘာဝင်နိုင်ငံ(၎င်းနိုင်ငံ)မှ ကိုရီးယားဘာသာဖြင့် သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပေးသည့် အတည်ပြုလွှာ
- လိုင်စင်နှင့် ပတ်သက်သည့် သံရုံး အတည်ပြုလွှာ သို့မဟုတ် Apostille အတည်ပြုလွှာ၏ သက်တမ်းသည် ထုတ်ပေးသည့် ရက်စွဲမှစပြီး 1နှစ်ဖြစ်ပြီး၊ အတည်ပြုလွှာတွင် ဖော်ပြထားသည့် သက်တမ်းကာလသည် 1နှစ်အောက် ဖြစ်ပါက ဖော်ပြပါ သက်တမ်းကာလအတိုင်း အတည်ယူပါသည်။
- လိုင်စင်နှင့် ပတ်သက်သည့် သံရုံး အတည်ပြုလွှာတွင် ‘အတု၊ အစစ်နှင့် ပတ်သက်သော အတည်ပြုလွှာ မဟုတ်ဟု ဖော်ပြထားပါက’ လိုင်စင် လဲပြီး ထုတ်ယူ၍ မရနိုင်ပါ။
- ကနေဒါလိုင်စင် လဲသည့်အခါ ‘ကနေဒါမှ ထုတ်ပေးထားသည့် ယာဉ်မောင်းအတွေ့အကြုံ အသိအမှတ်ပြုလက်မှတ်’နှင့် ‘သံရုံး အတည်ပြုလွှာ’ကို တစ်ပါတည်း ပူးတွဲတင်ပြရမည် ဖြစ်ပါသည်။
- ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး /ဗြိတိန်သံရုံး/ဟောင်ကောင်ဆိုင်ရာ ကိုရီးယားကောင်စစ်ဝန်ရုံး/ဖင်လန်သံရုံး/သြစတြီးယားနိုင်ငံဆိုင်ရာ သံရုံးများမှာ လိုင်စင်နှင့် ပတ်သက်သော သံရုံးအတည်ပြုလွှာ ထုတ်ပေးသည့် လုပ်ငန်းတာဝန်များကို ရပ်ဆိုင်းထားသည့်အတွက် လိုင်စင်နှင့် ပတ်သက်သည့် Apostille အတည်ပြုလွှာကို တင်ပြပေးရမည် ဖြစ်ပါသည်။
- ယာဉ်မောင်းလိုင်စင် သို့မဟုတ် အတည်ပြုလွှာတွင် ထုတ်ပေးသည့်ရက်နှင့် သက်တမ်း မပါဝင်ပါက ၎င်း လိုင်စင်အား ထုတ်ပေးထားသည့် အုပ်ချုပ်ရေးဌာန၏ ‘ယာဉ်မောင်းအတွေ့အကြုံ အသိအမှတ်ပြုလက်မှတ်’စသည့် ထုတ်ပေးထားသည့် ရက်နှင့် သက်တမ်းအား နိုင်သော စာရွက်စာတမ်းများကို တင်ပြပေးရမည် ဖြစ်ပါသည်။
- ပြည်ဝင်ပြည်ထွက် မှတ်တမ်းလွှာနှင့် ပတ်စ်ပို့ : ပြည်ဝင်ပြည်ထွက် မှတ်တမ်းလွှာနှင့် ပတ်စ်ပို့ထဲရှိ ပြည်ဝင်ပြည်ထွက် တံဆိပ်တုံးမှတစ်ဆင့် လိုင်စင်ရရှိခဲ့သည့် နိုင်ငံတွင် ရက်90နှင့်အထက် အမှန်တကယ် နေထိုင်ခဲ့ကြောင်းနှင့် ပြည်ပလိုင်စင်ရရှိသည့် ရက်စွဲတွင် အမှန်တကယ် နေထိုင်ခဲ့ကြောင်းကို အတည်ပြု၍ ရရပါမည်။
- ပတ်စ်ပို့ သို့မဟုတ် ပြည်ဝင်ပြည်ထွက် မှတ်တမ်းလွှာဖြင့် ရက် 90နှင့်အထက် နေထိုင်ခဲ့ကြောင်း အတည်ပြုရန် မဖြစ်နိုင်ပါက၊ ရက် 90နှင့်အထက် နေထိုင်ခဲ့ကြောင်း အတည်ပြုနိုင်သော ကျောင်းသား(အလုပ်သမား)အတည်ပြုလက်မှတ်၊ အခွန်ပြေစာ စသည်တို့ဖြင့် စစ်ဆေးကြည့်နိုင်ပြီး၊ တခြားသူ၏ စာရွက်စာတမ်းများဖြင့် သက်သေပြခြင်းအား အသိအမှတ်ပြုမည် မဟုတ်ပါ။
- နိုင်ငံခြားသားမှတ်ပုံတင်ခြင်း မလုပ်ထားသော ရက် 90အောက်၊ ကာလတို နေထိုင်သူများသည် ပြည်ပလိုင်စင်ကို ကိုရီးယားပြည်တွင်းလိုင်စင်ဖြင့် လဲ၍ မရနိုင်ပါ။(နိုင်ငံခြားသား မှတ်ပုံတင်ရန် ကင်းလွတ်ခွင့် ရထားသော သူများ မပါဝင်ပါ။)
- ကိုရီးယားနိုင်ငံသားများသည် နိုင်ငံသားမှတ်ပုံတင်ဥပဒေ ပုဒ်မ 6 စည်းမျဉ်းအရ နိုင်ငံသား မှတ်ပုံတင်ထားသော သူကို ဆိုလိုပါသည်။
- လဲလှယ်ရယူထားသော လိုင်စင်
- ပြည်ပလိုင်စင် လဲထားသော ပြည်တွင်းလိုင်စင် 2အဆင့် ရိုးရိုးပဲသာ လဲပေးရန် ကန့်သတ်ထားပါသည်။
- အပြန်အလှန် အသိအမှတ်ပြု သဘောတူညီချက်ဖြင့် သီးခြား သတ်မှတ်ထားသော နိုင်ငံ(ဘယ်လ်ဂျီယမ်နိုင်ငံ၊ ပိုလန်နိုင်ငံ၊ စပိန်နိုင်ငံ၊ အီတလီနိုင်ငံ)မှ ထုတ်ပေးထာသည့် လိုင်စင်များသည် သက်ဆိုင်ရာ လိုင်စင် အဆင့်အလိုက် လိုင်စင်လဲပြီး ထုတ်ယူနိုင်ပါသည်။
- အခြား : ကိုယ်စား လျှောက်ထားခွင့် မရှိပါ(ဟောင်ကောင်၊ ထိုင်ဝမ်၊ ဂူအမ် စသည့် သီးသန့် လိုင်စင်စနစ် ရှိသည့် ဒေသများကိုတော့ နိုင်ငံအဖြစ် ထည့်သွင်းသတ်မှတ်ပါသည်။)
- သတိထားရမည့်အချက် : ယခင်က ကိုရီးယားလိုင်စင် ပယ်ဖျက်ခံရဖူးပါက လိုင်စင်ဖျက်သိမ်းခံရသူများအတွက် အထူးယာဉ်စည်းကမ်းလမ်းစည်းကမ်းသင်တန်းကို 6နာရီ တက်ရမည်ဖြစ်သည်။ (သို့သော်၊ ယာဉ်မောင်းရန် သင့်တော်မှုရှိမရှိ စစ်ဆေးရန် ကာလ ကျော်လွန်သွားပြီး ပယ်ဖျက်ခံရသည့် အခြေအနေတွင် ၎င်းသင်တန်းကို တက်ရန် မလိုအပ်ပါ။
နိုင်ငံတကာသုံးလိုင်စင်
국제면허증 표 : 항목, 내용을 포함한 표입니다. ကဏ္ဍ | အကြောင်းအရာ |
ပြင်ဆင်ရန်များ | - ကိုယ်တိုင် လျှောက်သည့်အခါ : ကာယကံရှင် ပတ်စ်ပို့(မိတ္တူ ရပါသည်)၊ ယာဉ်မောင်းလိုင်စင်၊ 6လအတွင်း ရိုက်ထားသော ပတ်စ်ပို့ ဓာတ်ပုံ 1ပုံ(3.5*4.5cm၊ ပတ်စ်ပို့ဓာတ်ပုံ မဟုတ်ပါက မရပါ)
- ကိုယ်စား လျှောက်သည့်အခါ : ကာယကံရှင် IDကတ်(မူရင်း)၊ 6လအတွင်း ရိုက်ထားသော ပတ်စ်ပို့ ဓာတ်ပုံ 1ပုံ(3.5*4.5cm၊ ပတ်စ်ပို့ဓာတ်ပုံ မဟုတ်ပါက မရပါ)၊ ကိုယ်စားလှယ်၏ IDကတ်(မူရင်း)၊ ကိုယ်စားလှယ်လွှဲစာ
- ကိုယ်စားလှယ်သည် ပြည်ပတွင် နေထိုင်ပါက ပြည်ဝင်ပြည်ထွက် မှတ်တမ်းလွှာကို ထပ်ပေါင်း တင်ပြရန်
- ကိုရီးယား ပတ်စ်ပို့ ကိုင်ဆောင်ထားသော ကိုရီးယားနိုင်ငံသားဖြစ်ပါက ရုံးသုံး အချက်အလက်များအား အသုံးပြုရန် ခွင့်ပြုထားပါက ပတ်စ်ပို့(မိတ္တူ) မတင်ပြလျှင်လည်း ရပါသည်။
- ပြည်ပနိုင်ငံသားခံယူထားသော ပြည်တွင်းလိုင်စင်ရှိသူများအတွက် နိုင်ငံတကာသုံးလိုင်စင် လျှောက်ထားမှု လမ်းညွှန်
- ပြင်ဆင်ရန်များ: ကာယကံရှင် ပတ်စ်ပို့၊ ယာဉ်မောင်းလိုင်စင်ကတ်၊ နိုင်ငံခြားသားမှတ်ပုံတင်ကတ် သို့မဟုတ် ပြည်တွင်းနေထိုင်မှု မှတ်ပုံတင်ကတ်၊ 6လအတွင်း ရိုက်ထားသော ပတ်စ်ပို့ ဓာတ်ပုံ (3.5*4.5cm၊ ပတ်စ်ပို့ဓာတ်ပုံ မဟုတ်ပါက မရပါ) 1ပုံ
|
လျှောက်ထားရမည့်နေရာ | တစ်နိုင်ငံလုံးရှိ ယာဉ်မောင်းလိုင်စင်စာမေးပွဲ ကျင်းပရာ နေရာများနှင့် ရဲစခန်းများ |
သက်တမ်းကာလ | ထုတ်ပေးသည့်နေ့မှ စ၍ 1နှစ် |
ဝန်ဆောင်ခ | ဝမ် 9,000 |
သတိထားရမည့် အချက်များ | - နိုင်ငံတကာသုံး ယာဉ်မောင်းလိုင်စင် သက်တမ်းရှိနေသေးသော်လည်း နိုင်ငံတကာ သဘောတူညီချက် အကြောင်းအရာနှင့် သက်ဆိုင်ရာနိုင်ငံ ဥပဒေအရ ၎င်း နိုင်ငံသို့ ဝင်ရောက်ပြီး 1နှစ် ကျော်သွားပါက တရားဝင်မှုအား အသိအမှတ်မပြုခြင်းများ ရှိနိုင်ပြီး၊ နိုင်ငံတကာသုံး ယာဉ်မောင်းလိုင်စင်ဖြင့် ကားမောင်းသည့်အချိန်တွင် မဖြစ်မနေ ကိုရီးယားနိုင်ငံ လိုင်စင်နှင့် ပတ်စ်ပို့ကို အတူတကွ ဆောင်ထားရမည် ဖြစ်ပါသည်။
- အမေရိကန် အစရှိသည့် ပြည်ပနိုင်ငံ အများစုတွင် နိုင်ငံတကာသုံး ယာဉ်မောင်းလိုင်စင်ဖြင့် ယာဉ်မောင်းသည့်အခါ ကိုရီးယားလိုင်စင်နှင့် ပတ်စ်ပို့ကို တစ်ပါတည်း မဆောင်ထားပါက လိုင်စင်မဲ့ မောင်းနှင်မှုဖြင့် ပြစ်ဒဏ် ချမှတ်ခံရနိုင်သည့်အတွက် မဖြစ်မနေ နိုင်ငံတကာသုံး ယာဉ်မောင်းလိုင်စင်၊ ကိုရီးယားလိုင်စင်၊ ပတ်စ်ပို့ 3မျိုးလုံး ကိုင်ဆောင်ပြီး ယာဉ်မောင်းရမည် ဖြစ်ပါသည်။
- ထို့အပြင် အမေရိကန်၊ ကနေဒါ စသည့် နိုင်ငံများတွင်မူ သက်ဆိုင်ရာ ပြည်နယ်များ၏ လမ်းပန်းဆက်သွယ်ရေးဥပဒေအရ နိုင်ငံတကာသုံး ယာဉ်မောင်းလိုင်စင်အား အသိအမှတ်ပြုမှု ဘောင်သည် ကွာခြားနိုင်သည့်အတွက် သံရုံးမှတစ်ဆင့် သွားရောက်မည့် ပြည်နယ်တွင် နိုင်ငံတကာသုံး ယာဉ်မောင်းလိုင်စင်ဖြင့် ကားမောင်း၍ ရမရအား သေချာစွာ မေးမြန်းအတည်ပြုပါရန် မေတ္တာရပ်ခံပါသည်။
- ပြည်တွင်းလိုင်စင် ဆိုင်းငံ့ကာလအတွင်းတွင် ပြည်ပမှ ထုတ်ပေးထားသည့် နိုင်ငံတကာသုံး ယာဉ်မောင်းလိုင်စင်ဖြင့် ပြည်တွင်း၌ ကားမောင်းခွင့်မရှိပါ။(ဆက်စပ်သက်သေ : လမ်းပန်းဆက်သွယ်ရေးဥပဒေပုဒ်မ 96 အပိုဒ် 3)
- ပြည်တွင်းတွင် အသိအမှတ်ပြုထားသော နိုင်ငံတကာသုံး ယာဉ်မောင်းလိုင်စင် ပုံစံမှာ ‘International Driving Permit’ ဖြစ်သည့်အတွက် ‘International Driving License’ကိုမူ ပြည်တွင်း၌ အသုံးပြုခွင့် မရှိပါ။
- ကိုရီးယားနိုင်ငံသည် ဂျနီဗာကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံဖြစ်သည့်အတွက် အခြေခံစည်းမျဥ်းများနှင့်အညီ ဂျနီဗာကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံများမှ ထုတ်ပေးထားသော သက်တမ်းရှိ နိုင်ငံတကာသုံးလိုင်စင်ဖြင့် ကိုရီးယားနိုင်ငံသို့ ဝင်ရောက်သည့်နေ့မှစပြီး 1နှစ်တာ ယာဉ်မောင်းနိုင်ပါသည်။ သို့ရာတွင် 2002ခုနှစ် 1လပိုင်း 1ရက်မှစပြီး ဗီယင်နာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများမှ ထုတ်ပေးထားသော သက်တမ်းရှိ နိုင်ငံတကာလိုင်စင်ဖြင့်လည်း ပြည်တွင်း၌ ကားမောင်းခြင်းကို ခွင့်ပြုပေးထားကာ ကာလမှာ အလားတူ ပြည်ဝင်ရောက်သည့်နေ့မှစပြီး 1နှစ်တာ ကာလဖြစ်ပါသည်။
- ကိုရီးယားနိုင်ငံမှ ထုတ်ပေးထားသော နိုင်ငံတကာသုံး ယာဉ်မောင်းလိုင်စင်ဖြင့် ဂျနီဗာကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံများတွင် ကားမောင်းနိုင်ပါသည်။(သို့သော်၊ ဗီယက်နမ်နိုင်ငံတွင်မူ မောင်းနှင်ခွင့် မရှိပါ။)
- ဂျနီဗာနှင့်ဗီယင်နာကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများမှ ထုတ်ပေးထားသော နိုင်ငံတကာသုံး ယာဉ်မောင်းလိုင်စင်ဖြင့် ပြည်တွင်းမှာ ကားမောင်းနိုင်ပါသည်။
- တရုတ်နိုင်ငံဖြစ်ပါက ဂျနီဗာနှင့် ဗီယင်နာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံထဲ မပါသော်လည်း၊ တရုတ်နိုင်ငံ၏ 1နိုင်ငံ 2စနစ် ကျင့်သုံးမှုအရ အင်္ဂလန်နိုင်ငံမှ ပြန်လွှဲပေးခဲ့သည့် ဟောင်ကောင်(1997ခုနှစ် 7လပိုင်း 1ရက်)နှင့် ပေါ်တူဂီနိုင်ငံမှ ပြန်လွှဲပေးခဲ့သည့် မကာအို (1999ခုနှစ် 12လပိုင်း 20ရက်)တို့မှ ထုတ်ပေးသည့် နိုင်ငံတကာသုံးလိုင်စင်၏ တရားဝင်မှုသည် နဂိုမူလအတိုင်း အသိအမှတ်ပြုထားပြီး ကိုရီးယားနိုင်ငံတွင် ကားမောင်းခွင့်ရှိပါသည်။
- သီးသန့် သဘောတူညီမှုများအရ ဗီယက်နမ်၊ ထိုင်ဝမ်တို့သည်လည်း နိုင်ငံတကာသုံး ယာဉ်မောင်းလိုင်စင်ဖြင့် ကားမောင်းနိုင်သော်လည်း၊ အသုံးပြုနည်းနှင့် မောင်းနှင်ခွင့်ရှိသည့် ကားအမျိုးအစား စသည်တို့ကို သံရုံး သို့မဟုတ် ဘေးကင်းစွာမောင်းနှင်ရေး ဘက်စုံပြည်သူ့ဝန်ဆောင်မှု နိုင်ငံတကာလိုင်စင်လမ်းညွှန်ချက်ကို သေချာစွာ ဖတ်ရှုကိုးကားရန်လိုအပ်ပါသည်။
|
ICယာဉ်မောင်းလိုင်စင်
ICယာဉ်မောင်းလိုင်စင်ဆိုသည်မှာ
- မိုဘိုင်း ယာဉ်မောင်းလိုင်စင်စနစ် ထည့်သွင်းထားသော ယာဉ်မောင်းလိုင်စင်ကတ်ဖြစ်ပါသည်။
- လိုင်စင်ဓာတ်ပုံ အောက်ခြေရှိ မိုဘိုင်း ID iconဖြင့်
နဂိုမူလ ယာဉ်မောင်းလိုင်စင်နှင့် ခွဲခြားနိုင်ပါသည်။
IC운전면허증 : 항목, 내용을 포함한 표입니다. ကဏ္ဍ | အကြောင်းအရာ |
လျှောက်ထားရမည့်နေရာ | - တစ်နိုင်ငံလုံးမှာ ရှိသည့် ယာဉ်မောင်းလိုင်စင်စာမေးပွဲ ကျင်းပရာနေရာများနှင့် ရဲစခန်းများတွင် လျှောက်ထားနိုင်ပါသည်။
- ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေး ဘေးကင်းစွာမောင်းနှင်ရေး ဘက်စုံပြည်သူ့ဝန်ဆောင်မှုမှတဆင့် လျှောက်ထားနိုင်ပါသည်။(သို့သော်၊ အထက်ပါ စာမေးပွဲကျင်းပရာနေရာများနှင့် ရဲစခန်းများကို မျှော်မှန်းထားသော ထုတ်ယူရန်နေရာအဖြစ် သတ်မှတ်ထားမှသာ)
|
ပြင်ဆင်ရန်များ | - ယာဉ်မောင်းလိုင်စင်(ပျောက်ရှပါက IDကတ်)
- မိုဘိုင်း ယာဉ်မောင်းလိုင်စင်ကိုမူ ကာယကံရှင်ကိုယ်တိုင်သာ လျှောက်ခွင့်ရှိပါသည်။
- သို့သော်၊ လာရောက်ထုတ်ယူရန် သီးသန့်လျှောက်ထားသည့်အခါ လိုင်စင်ဓာတ်ပုံသည် မိုဘိုင်း လိုင်စင်သုံးအနေနှင့် မသင့်လျော်သည့်အတွက် ပြန်လျှောက်ရန် လိုအပ်လာ နိုင်ပြီး ၎င်းအခြေအနေမျိုးတွင် 6လအတွင်း ရိုက်ထားသော ပတ်စ်ပို့ ဓာတ်ပုံ(3.5*4.5cm) 1ပုံ တင်ပြရန်(ယာဉ်မောင်းရန် သင့်တော်မှုရှိမရှိ စစ်ဆေးခြင်း၊ သက်တမ်းတိုးသည့်အခါ 2ပုံ)။
|
ဝန်ဆောင်ခ | ယာဉ်မောင်းရန် သင့်တော်မှုရှိမရှိ စစ်ဆေးခြင်း လျှောက်ထားသည့်အခါ ဝမ် 21,000 / သက်တမ်းတိုး၊ ပြန်လျှောက်၊ အသစ်လျှောက်ခြင်းများအတွက် ဝမ် 15,000 |
အခြား | - မိုဘိုင်းယာဉ်မောင်းလိုင်စင်သည် 2ခု အထက် ရွေ့လျားဆက်သွယ်ရေးစက်တွင် တစ်ပြိုင်တည်း အသုံးပြု၍ မရပါ။
- စမတ်ဖုန်း လဲခြင်း၊ မိုဘိုင်း ID အက်ပလီကေးရှင်း ဖျက်ခြင်း၊ ယာဉ်မောင်းလိုင်စင်ကတ် ပြောင်းလဲခြင်း၊ မိုဘိုင်း ယာဉ်မောင်းလိုင်စင် သက်တမ်းကာလ(3နှစ်) ကျော်လွန်သွားပါက မိုဘိုင်း ယာဉ်မောင်းလိုင်စင်ကို ဆက်လက် အသုံးပြုရန်အတွက်မှာ ICယာဉ်မောင်းလိုင်စင်ကို သုံးပြီးထုတ်ခြင်း သို့မဟုတ် လာရောက်ထုတ်ယူရန် လျှောက်ထားခြင်းများကို အသစ်ပြန်လည် လုပ်ဆောင်ရပါမည်။
|
မိုဘိုင်းယာဉ်မောင်းလိုင်စင်
မိုဘိုင်းယာဉ်မောင်းလိုင်စင် လာရောက်ထုတ်ယူခြင်းဆိုသည်မှာ?
- ယာဉ်မောင်းလိုင်စင်ကတ်တွင် အပြောင်းအလဲမရှိဘဲ မိုဘိုင်းယာဉ်မောင်းလိုင်စင်ကို ရယူနိုင်သော နည်းလမ်းဖြစ်ပါသည်။
- လိုင်စင်စာမေးပွဲကျင်းပရာနေရာသို့ သွားရောက်လျှောက်ထားပြီး၊ စမတ်ဖုန်းထဲတွင် မိုဘိုင်းယာဉ်မောင်းလိုင်စင်ကို ထည့်သွင်းရယူနိုင်ပါသည်။
모바일면허증 : 항목, 내용을 포함한 표입니다. ကဏ္ဍ | အကြောင်းအရာ |
လျှောက်ထားရမည့်နေရာ | - ဆိုးလ်အနောက်ပိုင်းစာမေးပွဲကျင်းပရာနေရာနှင့် ဒယ်ဂျောင်းစာမေးပွဲကျင်းပရာနေရာ
|
ပြင်ဆင်ရန်များ | - ယာဉ်မောင်းလိုင်စင်(ပျောက်ရှပါက IDကတ်)
- မိုဘိုင်း ယာဉ်မောင်းလိုင်စင်ကိုမူ ကာယကံရှင်ကိုယ်တိုင်သာ လျှောက်ခွင့်ရှိပါသည်။
- သို့သော် လာရောက်ထုတ်ယူရန် သီးသန့်လျှောက်ထားသည့်အခါ လိုင်စင်ဓာတ်ပုံသည် မိုဘိုင်း လိုင်စင်သုံးအနေနှင့် မသင့်လျော်သည့်အတွက် ပြန်လျှောက်ရန် လိုအပ်လာ နိုင်ပြီး ၎င်းအခြေအနေမျိုးတွင် 6လအတွင်း ရိုက်ထားသော ပတ်စ်ပို့ ဓာတ်ပုံ (3.5*4.5cm)1ပုံ တင်ပြရန်(ယာဉ်မောင်းရန် သင့်တော်မှုရှိမရှိ စစ်ဆေးခြင်း၊ သက်တမ်းတိုးသည့်အခါ 2ပုံ)။
|
ဝန်ဆောင်ခ | ဝမ် 1,000 - သို့သော် လာရောက်ထုတ်ယူရန် သီးသန့်လျှောက်ထားသည့်အခါ လိုင်စင်ဓာတ်ပုံသည် မိုဘိုင်း လိုင်စင်သုံးအနေနှင့် မသင့်လျော်သည့်အတွက် ပြန်လျှောက်ရန် လိုအပ်လာ နိုင်ပြီး ၎င်းအခြေအနေမျိုးတွင် လုပ်ငန်းဆောင်တာများအတွက် ဝန်ဆောင်ခ ရှိပါသည်။
|
အခြား | - မိုဘိုင်းယာဉ်မောင်းလိုင်စင်သည် 2ခု အထက် ရွေ့လျားဆက်သွယ်ရေးစက်တွင် တစ်ပြိုင်တည်း အသုံးပြု၍ မရပါ။
- စမတ်ဖုန်း လဲခြင်း၊ မိုဘိုင်း ID အက်ပလီကေးရှင်း ဖျက်ခြင်း၊ ယာဉ်မောင်းလိုင်စင်ကတ် ပြောင်းလဲခြင်း၊ မိုဘိုင်း ယာဉ်မောင်းလိုင်စင် သက်တမ်းကာလ(3နှစ်) ကျော်လွန်သွားပါက မိုဘိုင်း ယာဉ်မောင်းလိုင်စင်ကို ဆက်လက် အသုံးပြုရန်အတွက်မှာ ICယာဉ်မောင်းလိုင်စင်ကို သုံးပြီးထုတ်ခြင်း သို့မဟုတ် လာရောက်ထုတ်ယူရန် လျှောက်ထားခြင်းများကို အသစ်ပြန်လည် လုပ်ဆောင်ရပါမည်။
|
ကိုရီးယားသမ္မတနိုင်ငံ လိုင်စင် နမူနာ
နိုင်ငံတကာသုံးလိုင်စင် နမူနာ
အသေးစိတ် အချက်အလက်များကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့(www.koroad.or.kr) သို့မဟုတ် ဖုန်းဖြင့်(☎1577-1120)သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
05မီးရထား
ရထားသည် လေယာဉ်ပျံမှ လွဲ၍ အမြန်ဆုံးသော လမ်းပန်းဆက်သွယ်ရေးနည်းလမ်း ဖြစ်ပါသည်။ အဓိကမြို့ကြီး အများစုတွင် ရထားဘူတာများ ရှိပြီး၊ ဘတ်စ်ကားနှင့် မြေအောက်ရထား ဆက်ထားသည့်အတွက် အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ပါသည်။ အမြန်ရထား(KTX·SRT)၊ ဆယ်မာအူးလ်ရထား၊ မူဂွန်းဟွာရထား စသဖြင့် ရှိပါသည်။
(1)ရထားလက်မှတ် ဝယ်ယူနည်း
လက်မှတ်ကို အင်တာနက်(www.letskorail.com)နှင့် korailtalk အက်ပလီကေးရှင်းမှတစ်ဆင့် အလွယ်တကူ ဝယ်ယူနိုင်ပါသည်။ ထို့အပြင် ဘူတာရှိ လက်မှတ်ရုံများ၊ အလိုအလျောက် လက်မှတ်အရောင်းစက် စသည်တို့ကို အသုံးပြုပြီးလည်း ဝယ်ယူနိုင်ပါသည်။ ကြိုတင်မှာယူခြင်းသည် 24နာရီ လုပ်နိုင်(အင်တာနက်)ပြီး စီးနင်းလိုက်ပါလိုသည့် ရထားထွက်ခွာရက် 1လ အလိုကတည်းက ကြိုတင်ဝယ်ယူနိုင်ပါသည်။ ရထား လိုက်ပါစီးနင်းသည့်အခါ ရထားလက်မှတ်ကို ကိုယ်နှင့်မကွာ ဆောင်ထားရမည် ဖြစ်ပါသည်။(SRTအတွက် etk.srail.co.krတွင် ကြိုတင် ဝယ်ယူနိုင်ပါသည်။)
(2)အမြန်ရထား(KTX·SRT) အသုံးပြုမှု လမ်းညွှန်
အမြန်ရထား(KTX·SRT)သည် မြန်ဆန်သော အရှိန်ဖြင့် တစ်နိုင်ငံလုံးကို 2နာရီကျော်ကျော် နေထိုင်ရာဒေသများသို့ ပြေးဆွဲပေးနေသော လုံခြုံပြီး သက်တောင့်သက်သာရှိသော eco-friendly ဖြစ်သည့် ပို့ဆောင်ဆက်သွယ်ရေးနည်းလမ်း ဖြစ်ပါသည်။ ရိုးရိုးခန်းနှင့် အထူးခန်းဟူ၍ ထိုင်ခုံများကို ခွဲထားပြီး သန့်စင်ခန်း၊ ကလေးနို့တိုက်ခန်း၊ မုန့် အလိုအလျောက်အရောင်းစက် စသည်တို့လည်း ပါရှိပါသည်။ ထို့အပြင် ကြိုးမဲ့အင်တာနက်၊ အားသွင်းရန် ပလပ်ပေါက်များ စသည့် ကောင်းမွန်သော ဝန်ဆောင်မှုများကို အသုံးပြုနိုင်ပါသည်။
သိရှိထားရန်!
- KTXလိုင်း(ဂယောင်းဘူလိုင်း၊ ဟိုနမ်းလိုင်း၊ ဂယောင်းဂျောင်းလိုင်း၊ ဂျောလာလိုင်း၊ ဂန်းနွန်းလိုင်း)များသည် ‘letskorail(www.letskorail.com)’ ဟုမ်းပေ့ချ်ရှိ ‘ရထားဘူတာ အချက်အလက်များ’ menu, သို့မဟုတ် ‘korailtalk’ အက်ပလီကေးရှင်းကို ဒေါင်းလုတ်ဆွဲပြီး ကြည့်ရှုနိုင်ပါသည်။
- SRTလိုင်း(ဂယောင်းဘူအမြန်ရထားလိုင်း၊ ဟိုနမ်းအမြန်ရထားလိုင်း)ကို ‘SR(etk.srail.co.kr)’ ဟုမ်းပေ့ချ်ရှိ ‘အသုံးပြုနည်း လမ်းညွှန်> ရထားဘူတာ အချက်အလက်များ > ရထားလိုင်းအချက်အလက်များ လမ်းညွှန်’တွင် ကြည့်ရှုနိုင်ပါသည်။
06လေကြောင်း
ခရီးဝေးသွားသည့်အခါ လေကြောင်းကို အသုံးပြုလျှင် အချိန်ကုန် သက်သာပါသည်။ သို့ရာတွင် ကုန်ကျစရိတ်သည် အခြားသော ပို့ဆောင်ဆက်သွယ်ရေးများနှင့် ယှဉ်လျှင် စျေးကြီးပါသည်။ ပြည်တွင်း၌ အဓိကအားဖြင့် ဆိုးလ်-ဘူဆန်၊ ဆိုးလ်-ဂျယ်ဂျူ၊ ဆိုးလ်-အူးလ်ဆန်၊ ဆိုးလ်-ဂွမ်းဂျူ၊ ဆိုးလ်-ဆာချောင်း၊ ဆိုးလ်-ယောဆူ စသဖြင့် ပြေးဆွဲနေပါသည်။ လေယာဉ်လက်မှတ်ကို ပုံမှန်အားဖြင့် ဖုန်း သို့မဟုတ် အင်တာနက် စသည်တို့ဖြင့် လေကြောင်းလိုင်းကုမ္ပဏီ သို့မဟုတ် ခရီးသွားအေဂျင်စီများထံမှ ဝယ်ယူကြပါသည်။
(1)အပြည်ပြည်ဆိုင်ရာလေဆိပ်
(2)ပြည်တွင်းလိုင်းလေဆိပ်
(3)အဓိက လေကြောင်းလိုင်းကုမ္ပဏီ ဖုန်းနံပါတ်များ
주요 항공사 연락처 표 : 나라명, 항공사명, 전화번호를 포함한 표입니다. နိုင်ငံအမည် | လေကြောင်းလိုင်းကုမ္ပဏီအမည် | ဖုန်းနံပါတ် | နိုင်ငံအမည် | လေကြောင်းလိုင်းကုမ္ပဏီအမည် | ဖုန်းနံပါတ် |
ထိုင်ဝမ် | China Airlines | 02-317-8888 | ဂျပန် | Japan Airlines | 02-757-1711 |
ကိုရီးယားသမ္မတနိုင်ငံ | Korean Air | 1588-2001 | ဂျပန် | ANA Airlines | 02-2096-5500 |
ကိုရီးယားသမ္မတနိုင်ငံ | Asiana Airlines | 1588-8000 | တရုတ် | Juneyao Airlines | 051-463-0093 |
ကိုရီးယားသမ္မတနိုင်ငံ | Air Busan | 1666-3060 | တရုတ်(ဟောင်ကောင်) | Cathay Dragon Air | 1644-8003 |
ကိုရီးယားသမ္မတနိုင်ငံ | Eastarjet | 1544-0080 | တရုတ် | Air China | 02-774-6886 |
ကိုရီးယားသမ္မတနိုင်ငံ | Jeju Air | 1599-1500 | တရုတ် | China Southern Airlines | 1899-5539 |
ကိုရီးယားသမ္မတနိုင်ငံ | Jin Air | 1600-6200 | တရုတ် | China Eastern | 1661-2600 |
ကိုရီးယားသမ္မတနိုင်ငံ | T'way Air | 1688-8686 | တရုတ် | Shanghai Airlines | 1661-2600 |
လာအို | Lao Airlines | 02-6357-0808 | ကမ္ဘောဒီးယား | Sky Angkor Airlines | 02-752-2633 |
ရုရှား | Yakutia Airlines | 02-335-6944 | ထိုင်း | Thai Airlines | 02-3707-0114 |
မွန်ဂို | MIAT Mongolian Airlines | 02-756-9761 | ဖိလစ်ပိုင် | Cebu Pacific Air | 02-6105-2037 |
ဗီယက်နမ် | Vietnam Airlines | 02-757-8920 | ဖိလစ်ပိုင် | Philippine Airlines | 1544-1717 |
ဂျပန် | Peach Airlines | 02-2023-6764 | ဗီယက်နမ် | VietJet Air | 02-319-4560 |