ဒါနူရီကောလ်စင်တာ
1577-1366
မိသားစုဆွေးနွေးမှုဖုန်းနံပါတ်
1644-6621
한국생활안내 정보더하기 사이트로 이동

ဆေးရုံဆေးခန်း

  • ပင်မစာမျက်နှာ
  • ကျန်းမာရေးနှင့် ဆေးဝါးကုသမှု
  • ဆေးရုံဆေးခန်း

ဆေးရုံဆေးခန်း

01ဆေးရုံဆေးခန်း အမျိုးအစား

ဆေးရုံဆေးခန်းများသည် အရွယ်အစားနှင့် အသုံးပြုမှု အစဉ်အလိုက်၊ ဝန်ဆောင်မှု အကြောင်းအရာနှင့် နယ်ပယ်ပေါ် မူတည်ပြီး ခွဲထားပါသည်။ ဖျားနာခြင်း သို့မဟုတ် အစာခြေစနစ် ပြဿနာ စသည့် မပြင်းထန်သော ရောဂါများဖြစ်ပါက ဆေးခန်းသို့ သွားရောက် ဆေးကုသမှုခံယူပြီး၊ ရောဂါ မသက်သာခြင်း သို့မဟုတ် ပိုမို အသေးစိတ်ကျသော ဆေးစစ်မှုများ လိုအပ်ပါက ဆေးရုံ သို့မဟုတ် အထွေထွေရောဂါကုဆေးရုံ၊ တတိယအဆင့်အထွေထွေရောဂါကု အဆင့်မြင့်ဆေးရုံသို့ သွားပြီး ဆေးကုသမှု ခံယူနိုင်ပါသည်။

의료기관 유형 표 : 요양급여 단계, 1단계, 2단계를 포함한 표입니다.
ကာလရှည်ဆေးကုသစရိတ်ခံစားခွင့် အဆင့်များ အဆင့် 1 အဆင့် 2
သက်ဆိုင်ရာ ကာလရှည်ဆေးကုသစောင့်ရှောက်မှုဌာန ဆေးခန်း၊ ဒေသန္တရကျန်းမာရေးဌာန ဆေးရုံ၊ အထွေထွေရောဂါကုဆေးရုံ အထွေထွေရောဂါကု အဆင့်မြင့်ဆေးရုံ
ကုသမှု အကြောင်းအရာ ပြင်ပလူနာစမ်းသပ်ကုသခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း၊ ကျန်းမာရေးစောင့်ရှောက်ခြင်း အထွေထွေစစ်ဆေးခြင်း၊ ဆေးရုံတက်၍ကုသခြင်း အသေးစိတ်စစ်ဆေးခြင်း၊ မသန်စွမ်းခြင်း သို့မဟုတ် ရောဂါ ကုသခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း
သက်ဆိုင်ရာ ဆေးရုံဆေးခန်း ဒေသန္တရကျန်းမာရေးဌာန၊ တိုင်းရင်းဆေးခန်း၊ အထွေထွေရောဂါအထူးကုဌာန၊ ကလေးအထူးကုဌာန၊ မိသားစုဆေးပညာဌာန၊ ကျန်းမာရေးစစ်ဆေးသည့်စင်တာ စသည် အထူးကုဌာန ပေါင်းစုံ ရှိသော အထွေထွေရောဂါကုဆေးရုံ တက္ကသိုလ်ဆေးရုံ စသည်
  • အထွေထွေရောဂါကုအဆင့်မြင့်ဆေးရုံကို အသုံးပြုလိုသည့်အခါ စည်းမျဥ်းအရ အဆင့်1 ဆေးကုသမှု တာဝန်ခံဆရာဝန်၏ ဆေးစစ်ချက် ထောက်ခံစာပါမှသာ ကျန်းမာရေးအာမခံ အကျိုးခံစားခွင့်ကို ရနိုင်မည်ဖြစ်ပြီး၊ ဆေးစစ်ချက်ထောက်ခံစာ မရှိဘဲ အထွေထွေရောဂါကုအဆင့်မြင့်ဆေးရုံတွင် အဆင့်1 ကျန်းမာရေးအာမခံ အကျိုးခံစားခွင့် ရနိုင်သော အခြေအနေများမှာ အရေးပေါ်လူနာ၊ မီးဖွားခြင်း၊ သွားနှင့်ခံတွင်းအထူးကုဌာန၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးအထူးကုဌာန၊ မိသားစုဆေးပညာဌာနနှင့် သွေးမတိတ်ရောဂါ(ဟီမိုဖေးလီးယား) လူနာများ ဆေးကုသမှု ခံယူသည့်အခြေအနေများတွင်သာ ဖြစ်ပါသည်။
  • ကိုရီးယားနိုင်ငံတွင် အနောက်တိုင်းဆေးပညာအပြင် တိုင်းရင်းဆေးပညာသည်လည်း တိုးတက်ကောင်းမွန်သည့်အတွက် ဒေသတိုင်းတွင် တိုင်းရင်းဆေးခန်းများရှိပါသည်။ တိုင်းရင်းဆေးခန်းများတွင် အပ်စိုက်ကုထုံး၊ အပူပေးကုထုံး၊ စုပ်ခွက်ကုထုံးများ သို့မဟုတ် ဆေးဖက်ဝင် အပင်များကို ပြုတ်ပြီး ထုတ်လုပ်ထားသော တိုင်းရင်းဆေးများကိုလည်း စပ်ခိုင်းနိုင်ပါသည်။

02ဆေးကုသမှု နယ်ပယ်နှင့် ဌာနများ

ဆေးရုံ သို့မဟုတ် ဆေးခန်း
병원 또는 의원 표 : 진료 과목, 주요 진료 분야를 포함한 표입니다.
ကုသပေးသည့်ဌာနများ အဓိက ကုသပေးသည့် နယ်ပယ်များ
အထွေထွေရောဂါအထူးကုဌာန ကိုယ်တွင်းအင်္ဂါအသီးသီးကို ခွဲစိတ်မှု မပြုဘဲ ကုသနခြင်း၊
အစာမျိုပြွန်၊ အစာအိမ် စသည့် အစာခြေစနစ်ဆိုင်ရာ ရောဂါများ၊ အဆုပ်ကင်ဆာ၊ နှလုံး၊ သွေးကြော၊ ဆီးချိုသွေးချို စသည်တို့နှင့် ဆက်စပ်သော ရောဂါများ ကုသခြင်း
ကလေးအထူးကုဌာန အသက် 18နှစ်အောက် ကလေးငယ်များနှင့် ဆယ်ကျော်သက်ကလေးများ၏ ရောဂါများကို ကုသခြင်း၊
လမစေ့ဘဲမွေးသောကလေးများနှင့်မွေးကင်းစကလေးများအား ကုသခြင်း၊ ကလေးငယ်များ၏ ကျောက်ကပ်၊ အာရုံကြော၊ အသက်ရှူလမ်းကြောင်း၊ ဓာတ်မတည့်မှု စသည်တို့ကို ကုသခြင်း
သားဖွားမီးယပ်ဌာန ကိုယ်ဝန်ဆောင်ခြင်းနှင့် မီးဖွားခြင်း၊ အမျိုးသမီး မျိုးပွားအင်္ဂါနှင့် ဆက်စပ်သော ရောဂါများကို ကုသခြင်း
စိတ်ကျန်းမာရေးအထူးကုဌာန စိတ်ရောဂါ လက္ခဏာများ ဖြစ်ပေါ်နေသော ရောဂါများကုသခြင်း
အာရုံကြောအထူးကုဌာန လေဖြတ်ခြင်း၊ ဝက်ရူးပြန်ရောဂါ၊ သူငယ်ပြန်ရောဂါ၊ အာရုံကြောကိုက်ခဲခြင်း စသည့် အာရုံကြောနှင့် သက်ဆိုင်သော ရောဂါများကို ကုသခြင်း
မိသားစုဆေးပညာဌာန အသက်အရွယ်၊ လိင်အမျိုးအစား၊ ရောဂါ အမျိုးအစားကို မခွဲခြားဘဲ မိသားစုများအား အဓိကထားကာ အဆက်မပြတ် ရောဂါကာကွယ်ခြင်း၊ စစ်ဆေးခြင်းနှင့် ကုသခြင်း စသည့် ဘက်ပေါင်းစုံ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း
အရေပြားအထူးကုဌာန ဝက်ခြံ၊ ဆံပင်ကျွတ်ခြင်း၊ အဖုအပိန့်ထွက်ခြင်း စသည့် အရေပြားနှင့် သက်ဆိုင်သော ရောဂါများကို ကုသခြင်း
ရိုးရိုးခွဲစိတ်အထူးကုဌာန အူအတက်ရောင်ခြင်း၊ ကူးစက်ရောဂါများ၊ အစာခြေစနစ်ပိုင်း စသည့် ခွဲစိတ်မှု လိုအပ်သည့် ရောဂါများကို ကုသခြင်း
အရိုးအကြောအဆစ် ခွဲစိတ်အထူးကုဌာန အရိုး၊ ကြွက်သားနှင့် ဆိုင်သော ရောဂါများကို ခွဲစိတ်ခြင်းနှင့် မခွဲစိတ်ခြင်းမဟုတ်သော နည်းလမ်းများဖြင့် ကုသခြင်း
ပလပ်စတစ်ဆာဂျူရီအထူးကုဌာန မျက်ရစ်ဖော်ခြင်း၊ မီးလောင်ဒဏ်ရာနှင့် နောက်ဆက်တွဲရောဂါများ ကုသခြင်း စသည့် ခန္ဓာကိုယ်ပုံသဏ္ဍာန်နှင့် လုပ်ဆောင်ချက်များကို ပြင်ဆင်ပေးသော ကုသခြင်း
အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး အထူးကုဌာန ပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်သည် ကိုယ်ကာယလေ့ကျင့်ခန်းကုထုံးပညာရှင်နှင့်အတူ ကြွက်သား၊ အရိုး၊ အာရုံကြောဆိုင်ရာ ရောဂါများကို ကုသခြင်း
ဆီးနှင့်ကျောက်ကပ်ရောဂါဌာန ကျောက်ကပ်၊ ဆီးအိမ်စသည့် ဆီးလမ်းကြောင်းဆိုင်ရာ အင်္ဂါများနှင့် လိင်တံ၊ ဝှေးစေ့ စသည့် မျိုးပွားအင်္ဂါစနစ်တွင် ဖြစ်ပေါ်သော ရောဂါများကို ကုသခြင်း
မျက်စိအထူးကုဌာန အတွင်းတိမ်၊ ရေတိမ်၊ အဝေးမှုန်တို့ကို ပြင်ဆင်ခွဲစိတ်ခြင်းကဲ့သို့သော မျက်လုံးနှင့် မျက်လုံးအာရုံကြောနှင့် သက်ဆိုင်သော ရောဂါများကို ကုသခြင်း
နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဌာန နား၊ နှာခေါင်း၊ လည်ချောင်း စသည်တို့နှင့် ပတ်သက်သော ရောဂါများကို ကုသခြင်း
သွားနှင့်ခံတွင်းအထူးကုဌာန သွားပြင်ခြင်း၊ သွားအစားထိုးစိုက်ခြင်း၊ သွားချေးခြစ်ခြင်း၊ သွားအကြောထုတ်ကုသခြင်း စသည်
အရေးပေါ်ဌာန အရေးပေါ်လူနာနှင့် ပတ်သက်ပြီး လျင်မြန်သော စမ်းသပ်မှုနှင့် ကုသခြင်း
တိုင်းရင်းဆေးရုံ သို့မဟုတ် တိုင်းရင်းဆေးခန်း
한방병원 또는 한의원 표 : 진료 과목, 주요 진료 분야를 포함한 표입니다.
ကုသပေးသည့် ဌာနများ အဓိက ကုသပေးသည့် နယ်ပယ်များ
တိုင်းရင်းဆေးအထွေထွေရောဂါအထူးကုဌာန၊ တိုင်းရင်းဆေးမီးယပ်ဌာန၊ တိုင်းရင်းဆေးကလေးအထူးကုဌာန စသဖြင့် ဆေးကုသပေးသည့် ဌာန 8ခု အရှေ့တိုင်းမှ တိုးတက်လာသော ဆေးပညာဖြစ်ပြီး၊ ကဏ္ဍအားလုံး၏ ရောဂါများကို ကုသသော်လည်း ကုသနည်း သို့မဟုတ် ဆေးစပ်သည့် နည်းလမ်းများသည် ရိုးရိုးဆေးရုံများနှင့် မတူကွဲပြားပါသည်။

03ဆေးရုံဆေးခန်း အသုံးပြုပုံ အဆင့်ဆင့်

(1)အဆင့်1 ဆေးရုံဆေးခန်း အသုံးပြုပုံအဆင့်ဆင့်

  • စာရင်းပေး/ငွေရှင်း ကောင်တာတွင် ကျန်းမာရေးအာမခံကတ် သို့မဟုတ် မှတ်ပုံတင်ပြပြီး စောင့်ပါ။

  • အမည် ခေါ်လျှင် စမ်းသပ်ခန်းသို့ ဝင်သွားပြီး ဆရာဝန်ထံ နာမကျန်းမှု အခြေအနေကို အသေးစိတ် ပြောပြပါ။

  • ဆရာဝန်၏ ညွှန်ကြားချက်နှင့် ပတ်သက်ပြီး သိလိုသည့် အချက်များကို မေးပါ။

  • စမ်းသပ်မှု ခံယူပြီးနောက် ဆေးကုသစရိတ်အား ပေးချေပြီး ဆေးစာကို ယူပါ။

  • ဆေးရုံ အနီးရှိ ဆေးဆိုင်သို့ သွားပြီး ဆေးစာဖြင့် ဆေးဝယ်ပါ။

(2)အဆင့်2 ဆေးရုံဆေးခန်း အသုံးပြုသည့်အခါ မတူသော အချက်

  • အဆင့်1 ဆေးရုံဆေးခန်းမှ ဆေးစစ်ချက်ထောက်ခံစာကို ယူပါ။

  • သတ်မှတ်ထားသည့် အချိန်ထက် နည်းနည်း ပိုစော၍ သွားပြီး ကျန်းမာရေးအာမခံကတ်နှင့် အဆင့်1 ဆေးရုံဆေးခန်းမှ ပေးလိုက်သည့် ဆေးစစ်ချက်ဆိုင်ရာထောက်ခံစာအား တင်ပြပါ။

  • သက်ဆိုင်ရာ ကုသမှုဌာနသို့ သွားရောက်ကာ ဆေးကုသမှု ခံယူပါ။

  • ဆေးစယူပြီး လိုအပ်ပါက နောကထပ် ပြန်လာရမည့် ရက်ချိန်းကို ယူပါ။

  • ငွေရှင်းကောင်တာတွင် ဆေးကုသစရိတ်အား ပေးချေပါ။

04အရေးပေါ်အခြေအနေ ဖြေရှင်းနည်း

  • ပုံမှန်အချိန်များတွင် ဆေးဆိုင်မှ အအေးမိပျောက်ဆေး၊ အစာကြေဆေး၊ အကိုက်အခဲပျောက်ဆေး စသည်တို့ကို ဝယ်ပြီး အိမ်၌ ဆောင်ထားပါ။
  • အရေးပေါ်ဖုန်းနံပါတ် ☎119သို့ ဖုန်းဆက်ပါက အရေးပေါ်လူနာတင်ယာဉ် လာရောက်ပြီး နီးစပ်ရာ ဆေးရုံ အရေးပေါ်ခန်းသို့ ပို့ပေးပါလိမ့်မည်။ အရေးပေါ်ခန်းတွင် အခြေခံ ကုသမှုများ ခံယူပြီးနောက် ခွဲစိတ်ခြင်း သို့မဟုတ် စစ်ဆေးရန်အတွက် ဆေးရုံတက်ရန် လိုအပ်ပါက လူနာဆောင် နေရာသတ်မှတ်ပေးသည့်အချိန်အထိ စောင့်ပါ။
  • လူနာဆောင် နေရာသတ်မှတ်ပေးပြီးလျှင် ဆေးရုံတက်ရန် စီစဉ်ပါ။
သိရှိထားရန်!
ဆေးရုံဆေးခန်းနှင့် ဆေးဆိုင်သို့ သွားသည့်အခါ ကျန်းမာရေးအာမခံကတ်နှင့် မှတ်ပုံတင်အား ယူဆောင်သွားပါ။
  • အရေးပေါ်ဖုန်းနံပါတ် ☎119
  • ကျန်းမာရေးနှင့် လူမှုဖူလုံရေးဆွေးနွေးမှုစင်တာ ☎129(လက်ကိုင်ဖုန်းဖြင့် ဆက်သည့်အခါ ဒေသကုဒ်နံပါတ် +129)

05ဆေးဆိုင်နှင့် ဆေးဝါးများ

ဆေးဝါးများသည် ဆေးရုံမှ ဆရာဝန်၏ စမ်းသပ်ကုသမှု ခံယူပြီးနောက် ဆေးစာဖြင့်သာ ဆေးဆိုင်တွင် ဝယ်ခွင့်ပြုသော ဆေးဝါးများနှင့် ဆရာဝန် ဆေးစာမပါဘဲ ဝယ်ယူနိုင်သော ဆေးဝါးများဟူ၍ ရှိပါသည်။ ရိုးရိုးသာမန်ဆေးဝါးများမှာ အဖျားပျောက်ဆေး၊ အစာကြေဆေး၊ ကိုယ်အပူကျဆေး၊ အကိုက်အခဲပျောက်ဆေး ဒဏ်ရာလိမ်းဆေးအမျိုးမျိုး၊ ဝမ်းလျှောခြင်းအတွက် ဝမ်းပိတ်ဆေး စသဖြင့် အမျိုးအစားများ စုံလင်ပါသည်။
ထို့အပြင် ဆေးဝါး မဟုတ်သည့် ပိုးသတ်ဆေး၊ အမျိုးသမီး လစဉ်သုံးပစ္စည်း၊ ကျန်းမာရေးဖြည့်စွ အချိုရည်များ၊ ကွန်ဒုံး စသည်တို့ကို ရိုးရိုး24နာရီစတိုးဆိုင်များကဲ့သို့သော လက်လီဆိုင်များတွင်လည်း ဝယ်ယူနိုင်ပြီး၊ မဆိုးရွားသော ရောဂါလက္ခဏာများကို ကိုယ်တိုင် ဆုံးဖြတ်ပြီး အရေးတကြီး အသုံးပြုနိုင်စေရန် အခြေခံအားဖြင့် ကိုယ်ပူကျအကိုက်အခဲပျောက်ဆေး၊ အအေးမိပျောက်ဆေး၊ အစာကြေဆေး၊ အနာကပ်ပလာစတာတို့အထဲမှ ပစ္စည်း 13မျိုးကို 24နာရီစတိုးဆိုင်များတွင်လည်း ဝယ်ယူနိုင်ပါသည်။

သိရှိထားရန်!
အရေးပေါ်ဆေးဝါးများ

ရုတ်တရက် နေမကောင်းဖြစ်ခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရသည့်အခါ လျင်မြန်စွာ ဖြေရှင်းနိုင်ရန် အိမ်တွင် အရေးပေါ်ဆေးဝါးများ အဆင်သင့် ထားရှိရပါမည်။ အချို့သော ဆေးဝါးများသည် 24နာရီစတိုးဆိုင်များတွင် အမြဲတမ်း ဝယ်ယူနိုင်သော်လည်း ဆေးဆိုင်များ ပိတ်သွားချိန်တွင် မမျှော်လင့်ထားသော အရေးပေါ်အခြေအနေများအတွက် လိုအပ်သော ဆေးဝါးများကို ကြိုတင်ပြင်ဆင်ထားခြင်းသည် ကောင်းပါသည်။ အထူးသဖြင့် ဆေးရုံနှင့် အရမ်းဝေးသော ဒေသတွင် နေထိုင်သော သူများသည် မဖြစ်မနေ အရေးပေါ်ဆေးဝါးများကို ဆောင်ထားရမည် ဖြစ်ပါသည်။ အောက်ပါတို့သည် အိမ်တွင် မရှိမဖြစ် လိုအပ်သော အခြေခံ ဆေးဝါးများ ဖြစ်ပါသည်။

  • ကိုယ်အပူကျဆေး : ကိုယ် အရမ်းပူသည့်အခါ သောက်ရသော ဆေး
  • အကိုက်အခဲပျောက်ဆေး : နာကျင်ကိုက်ခဲမှုကို လျှော့ချရန် သောက်ရသော ဆေး
  • အစာကြေဆေး : ဗိုက်နာသည့်အခါ အစာကြေစေရန် ကူညီသော ဆေး
  • ဝမ်းပိတ်ဆေး : ဝမ်းသွားခြင်းကို ရပ်တန့်စေသော ဆေး
  • မျက်စဉ်းဆေး : မျက်လုံး ညောင်းခြင်း သို့မဟုတ် မျက်စိနာသည့်အခါ ထည့်သော ဆေး
  • ပိုးသတ်ဆေး : ဓား သို့မဟုတ် ချွန်ထက်သောအရာနှင့် ထိရှထားသော ဒဏ်ရာတွင် ထပ်မံ ဒဏ်ရာမဖြစ်အောင် လိမ်းရသော ဆေး
  • Vaseline : မပြင်းထန်သော မီးလောင်ဒဏ်ရာ ရသည့်အခါ လိမ်းရသော ဆေး
  • အရေပြားလိမ်းဆေး : နှင်းခူ သို့မဟုတ် ယားယံခြင်းကို သက်သာစေရန် လိမ်းသော ဆေး
  • လိမ်းဆေးအရည် : ပိုးမွှား ကိုက်သွားသည့် နေရာ သို့မဟုတ် ယားယံသည့်နေရာ လိမ်းသည့် ဆေး
  • အနာကပ်ပလာစတာ : ကြွက်သားနာကျင်သည့်အခါ ကပ်သည့် ဆေး
  • ပိုးသတ်ပလာစတာ : ဒဏ်ရာကို ကာကွယ်ရန် ကပ်သော ပလာစတာ
  • အရေးပေါ်ဆေးသေတ္တာ : ပတ်တီးစအပါး၊ ဂွမ်းလုံး၊ ကတ်ကြေး၊ သာမိုမီတာ၊ ပိုးသတ်ပလာစတာ၊ ပတ်တီး၊ အနာကပ်ပလာစတာ စသည့် အရေးပေါ်အခြေအနေတွင် မဖြစ်မနေ လိုအပ်သော ပစ္စည်းများကို သိမ်းထားရန်အတွက် သေတ္တာ
အရင်းအမြစ်
အဆိုပါ လမ်းညွှန်စာအုပ်သည် “ဂုံးဂုံးနူရီ ပုံစံ 4 : အရင်းအမြစ်ဖော်ပြရန်+ကိုယ်ကျိုးအတွက် အသုံးပြုခြင်း မပြုရ+ပြောင်းလဲဖော်ပြခြင်း မပြုရ” သတ်မှတ်ချက်များပေါ် မူတည်ပြီး အသုံးပြုနိုင်ပါသည်။